မေ – ၂
The Kaladan Post
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆီမီးခုံမြို့အတွင်း ကင်းပတ်လှည့်လည်နေသော အကြမ်းဖက် စစ်ကောင် စီတပ်သားများအား (၃၀.၄.၂၀၂၅) ရက်နေ့ ည (၈:၀၀) နာရီအချိန်တွင် Myingyan Black Tiger (MBT) တပ်ဖွဲ့မှ ပျောက်ကျားနည်းဗျူဟာကို အသုံးပြု၍ အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီဘက်မှ ဗိုလ်တစ်ဦးအပါအဝင် ပြည်သူ့စစ် (ပျူ) နှစ်ဦး သေဆုံးကာ G3 သေနတ် (၂) လက် နှင့် ကျည် (၁၈) တောင့် ရရှိခဲ့ကြောင်း Myingyan Black Tiger (MBT) တပ်ဖွဲ့မှ ထုတ်ပြန်ထားပါသည်။ ထို့အပြင် Myingyan Black Tiger (MBT) တပ်ဖွဲ့အနေဖြင့် ယခုကဲ့သို့ မြို့တွင်းစစ်ဆင်ရေးများအား အချိန်နှင့် တပြေးညီ ဖော်ဆောင်မည်ဖြစ်သည့်အတွက်ကြောင့် မိဘပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ၏ ဖြတ်သန်းသွားလာရာ နေရာများနှင့် နီးကပ်စွာသွားလာခြင်း မပြုကြရန် Myingyan Black Tiger (MBT) မှ သတိပေးထုတ်ပြန်ထားသည်ဟု ယမန်နေ့ ဧပြီလ (၁)ရက်နေ့တွင် The Kaladan Post မှ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး The Kaladan Post မှ Myingyan Black Tiger (MBT) တပ်ဖွဲ့ တာဝန်ရှိသူထံ ဆီမီးခုံမြို့အတွင်း အထိတိုက်ပွဲဖော်ဆောင်နေပြီဆိုတော့ မြို့သိမ်း တိုက်ပွဲ အစီအစဥ်ကို မေးကြည့်ရာမှာ “ မြို့သိမ်းတိုက်ပွဲဆိုတာ ကျွန်တော်တို့ တော်လှန်ရေး သမားများအတွက် အဓိကရည်ရွယ်ချက်ဖြစ်ပါတယ်။ အခုချိန်မှာ မိမိတို့အနေနဲ့ လုပ်နိုင်ခြင်း၊ မလုပ်နိုင်ခြင်းဆိုတာထက် တချိန်ချိန်မှာ ညီနောင်မဟာမိတ်တွေနဲ့ ကျွန်တို့ ကြိုးစားသွားမှာ ဖြစ်တဲ့အတွက် ဆက်လက်ပြီး ရန်သူစစ်အုပ်စုရှိတဲ့နေရာတွေ၊ ရန်သူ စစ်ကောင်စီသွားလာရာ လမ်းကြောင်းတွေနဲ့ မိဘပြည်သူများအနေဖြင့် အနီးကပ် သွားလာလှုပ်ရှား သွားလာခြင်း များမပြုလုပ်ကြရန် The Kaladan Post မှတဆင့် မိဘပြည်သူတွေကို မေတ္တာရပ်ခံ ပါတယ်”ဟု ပြောဆိုသွားပါသည်။