Category: Daily News

အပစ်ရပ်စဲရေး သက်တမ်းကုန်ချိန် တိုက်ခိုက်မှုများ တိုးမြှင့်မည်ဟု အီရန် သတိပေး

ဩဂုတ် ၁၈၊ ၂၀၂၆ The Kaladan Post အမေရိကန်နှင့် စစ်ပွဲ အမြဲတမ်း အဆုံးသတ်ရေး ဆွေးနွေးပွဲများ လမ်းစပျောက်နေသဖြင့် မိမိတို့၏ စစ်ရေး ရပ်တည်ချက်ကို “အပြည့်အဝ ထိုးစစ်ဆင်သည့်” (fully offensive) ပုံစံသို့ ပြောင်းလဲတော့မည်ဟု အီရန်က သတိပေးလိုက်ပြီး အမေရိကန် သမ္မတ ထရမ့် ကလည်း ယာယီ အပစ်ရပ်စဲရေးကို သက်တမ်းတိုးရန် ငြင်းဆန်လိုက်ပါတယ်။ ဇွန်လ ၁၇ ရက်က လက်မှတ်ရေးထိုးခဲ့သည့် အပစ်အခတ် ရပ်စဲရေး နားလည်မှု စာချွန်လွှာ၏ ရက် ၆၀ သက်တမ်းမှာ တနက်လာနေ့ (ဩဂုတ်လ ၁၇ ရက်) တွင် ကုန်ဆုံးခဲ့ခြင်း ဖြစ်ပါတယ်။ အီရန် အထက်တန်းအရာရှိတစ်ဦးက “အီရန် အဖွဲ့အစည်းတွေအနေနဲ့ ဟော်မုဇ်ရေလက်ကြားနဲ့ ပိုမိုကျယ်ပြန့်တဲ့ ဒေသတွင်း တင်းမာမှုတွေကို တိုးမြှင့်ဖို့ ပြင်ဆင်ထားကြရပါမယ်” ဟု ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။ သမ္မတ ထရမ့်က အီရန်နှင့် ဟော်မုဇ်ရေလက်ကြားအရေး ဆွေးနွေးနေသည့် ဩမန်နိုင်ငံအား “အကယ်၍ ဩမန်က ကြားက ပိတ်ဆို့လာရင် သူတို့ကို ဗုံးကြဲ ပစ်လိုက်မယ်” ဟု သတိပေးခဲ့ပါတယ်။ သို့သော် အမေရိကန်နှင့် အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) တို့ကြား နောက်ကွယ်မှ သံတမန် ဆွေးနွေးမှုများ ရှိနေကြောင်း သတင်းများက ဖော်ပြကြပါတယ်။ စစ်ပွဲ ငြိမ်းအေးရေး မရေရာမှုများကြောင့် ဘရန့် (Brent) ရေနံစိမ်း စျေးနှုန်းမှာ ၁...

Read More

ပြည်ပနိုင်ငံများ၏ အမေရိကန် ကြေးတိုက်စာချုပ် ပိုင်ဆိုင်မှု ဇွန်လတွင် လျော့ကျသွား

ဩဂုတ် ၁၈၊ ၂၀၂၆ The Kaladan Post ဂျပန်၊ ဗြိတိန်နှင့် တရုတ်နိုင်ငံတို့၏ လျှော့ချလိုက်မှုများကြောင့် ပြည်ပနိုင်ငံများ၏ အမေရိကန် အစိုးရ ကြေးတိုက်စာချုပ် (Treasuries) ပိုင်ဆိုင်မှု ပမာဏသည် ဇွန်လအတွင်း လျော့ကျသွားခဲ့ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက တနင်္လာနေ့ (ဩဂုတ်လ ၁၇ ရက်) တွင် ထုတ်ပြန်လိုက်ပါတယ်။ ပြည်ပနိုင်ငံများ၏ စုစုပေါင်း အမေရိကန် ကြေးတိုက်စာချုပ် ပိုင်ဆိုင်မှုမှာ မေလတွင် ဒေါ်လာ ၉.၃၇၁ တရီလီယံ ရှိခဲ့ရာမှ ဇွန်လတွင် ၉.၂၉၉ တရီလီယံသို့ လျော့ကျသွားခဲ့ပါတယ်။ အများဆုံး ပိုင်ဆိုင်ထားသည့် ဂျပန်နိုင်ငံ၏ ပိုင်ဆိုင်မှုမှာ ဒေါ်လာ ၁.၁၁၆ တရီလီယံသို့ ၂.၃ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး ဒုတိယ အများဆုံး ပိုင်ဆိုင်သည့် ဗြိတိန်နိုင်ငံ၏ ပိုင်ဆိုင်မှုမှာ ၁ ရာခိုင်နှုန်း ကျဆင်းကာ ဒေါ်လာ ၉၃၉.၉ ဘီလီယံ ရှိခဲ့ပါတယ်။ တတိယ အများဆုံး ပိုင်ဆိုင်သည့် တရုတ်နိုင်ငံ၏ အမေရိကန် ကြေးတိုက်စာချုပ် ပိုင်ဆိုင်မှုမှာ ၄ ရာခိုင်နှုန်း လျော့ကျကာ ဒေါ်လာ ၆၃၃.၄ ဘီလီယံ ဖြစ်လာခဲ့ပြီး ယင်းသည် ၂၀၀၈ ခုနှစ် စက်တင်ဘာလနောက်ပိုင်း အနိမ့်ဆုံး ပမာဏ ဖြစ်ပါတယ်။ သို့သော်လည်း ဇွန်လအတွင်း အမေရိကန် စတော့စျေးကွက်နှင့် စီးပွားရေးဆိုင်ရာ အသားတင် အရင်းအနှီး စီးဝင်မှု စုစုပေါင်းမှာ ဒေါ်လာ ၁၃၃.၅ ဘီလီယံ ရှိခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ...

Read More

အနောက်ဘက်ကမ်းရှိ ပိတ်ဆို့ခံ အိမ်သို့ ပါလက်စတိုင်းနွယ်ဖွား အမေရိကန်နိုင်ငံသား ပြန်လည်ရောက်ရှိ

ဩဂုတ် ၁၈၊ ၂၀၂၆ The Kaladan Post အနောက်ဘက်ကမ်းရှိ မိသားစုပိုင် အိမ်အား အစ္စရေး အခြေစိုက်သူများက တစ်ပတ်နီးပါး ဝိုင်းရံ ပိတ်ဆို့ထားသဖြင့် အမေရိကန်ပြည်ထောင်စု အိုဟိုင်းယိုးပြည်နယ်တွင် နေထိုင်သည့် ပါလက်စတိုင်းနွယ်ဖွား လူဝီ ရီဒီ (Loui Ridi) သည် တနင်္လာနေ့ (ဩဂုတ်လ ၁၇ ရက်) တွင် အဆိုပါ နေအိမ်သို့ ပြန်လည် ရောက်ရှိခဲ့ပါတယ်။ အသက် ၄၆ နှစ်အရွယ် ရီဒီသည် ဒီထရိုက်မြို့မှတစ်ဆင့် တဲလ်အဗစ်သို့ ပျံသန်းလာခဲ့ခြင်းဖြစ်ပြီး လေဆိပ်သို့ ရောက်ရှိစဉ် “ကျွန်တော် စောင့်ကြည့်နေတုန်း အိမ်အသိမ်းခံရတာမျိုး မဖြစ်စေချင်ပါဘူး” ဟု ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။ ၎င်းသည် စစ်တပ်၏ လိုက်ပါစောင့်ရှောက်မှုဖြင့် ခူဆရာ (Qusra) ကျေးရွာရှိ နေအိမ်သို့ ဝင်ရောက်ကာ ခေါင်မိုးပေါ်တွင် အမေရိကန် အလံကို လွှင့်ထူခဲ့ပါတယ်။ အခြေစိုက်သူများက ရေနှင့် လျှပ်စစ်မီး ဖြတ်တောက်ထားသဖြင့် ရီဒီ၏ ညီဖြစ်သူ ကူဆေး (Qusay) နှင့် တူဖြစ်သူတို့မှာ ရေနှင့် မီးမရှိဘဲ နေအိမ်ကို စောင့်ရှောက်နေခဲ့ကြရတာ ဖြစ်ပါတယ်။ ခူဆရာကျေးရွာတွင် ရီဒီ၏ နေအိမ်အပါအဝင် ပါလက်စတိုင်း ၁၅ ဦးခန့်မှာ အခြေစိုက်သူများ၏ ပိတ်ဆို့မှုကြောင့် ရေနှင့် မီးမရှိဘဲ နေအိမ်များအတွင်း ပိတ်မိနေကြကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ ဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟု ၏ လက်ယာဝါဒီ အစိုးရအောက်တွင် အနောက်ဘက်ကမ်းရှိ ဂျူး အခြေစိုက်သူများ၏...

Read More

ရေနံစျေး မြင့်တက်လာသဖြင့် အိန္ဒိယ စတော့စျေးကွက် သတိထား စောင့်ကြည့်ဖွင့်လှစ်မည်

ဩဂုတ် ၁၈၊ ၂၀၂၆ The Kaladan Post အမေရိကန်နှင့် အီရန်တို့အကြား ရက်ပေါင်း ၆၀ ယာယီ အပစ်အခတ် ရပ်စဲရေး သက်တမ်း ကုန်ဆုံးသွားခဲ့ပြီး ရေနံစိမ်းစျေးနှုန်းများ ၁ ဘာရယ်လျှင် ၉၁ ဒေါ်လာအထိ မြင့်တက်လာသဖြင့် အိန္ဒိယ စတော့စျေးကွက်သည် အင်္ဂါနေ့ (ဩဂုတ်လ ၁၈ ရက်) တွင် ကြီးမားသည့် အပြောင်းအလဲမရှိဘဲ ငြိမ်သက်စွာ ဖွင့်လှစ်ဖွယ် ရှိနေပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်က အပစ်ရပ်စဲရေး သက်တမ်းတိုးရန် ငြင်းဆန်ခဲ့သလို အီရန်ဘက်ကလည်း ပိုမို တိုက်ခိုက်မည့် သဘောထားမျိုး ပြသခဲ့သဖြင့် စွမ်းအင် ထောက်ပံ့ရေး ပရမ်းပတာ ဖြစ်လာနိုင်သည်ဟူသော စိုးရိမ်ချက်များ မြင့်တက်လာပါတယ်။ ကမ္ဘာ့ တတိယမြောက် ရေနံ တင်သွင်းမှု အများဆုံးဖြစ်သည့် အိန္ဒိယနိုင်ငံအတွက် ရေနံစျေး ဆက်လက် မြင့်တက်နေခြင်းက ငွေကြေးဖောင်းပွမှု စိုးရိမ်ချက်များကို ပြန်လည် နိုးကြားစေခဲ့ပါတယ်။ Enrich Money မှ CEO ပွန်မူဒီ အာရ် (Ponmudi R) က “အမေရိကန်-အီရန် ပဋိပက္ခကို ဖြေရှင်းရာမှာ ထိရောက်တဲ့ တိုးတက်မှု မရှိတာနဲ့ သမ္မတ ထရမ့်က ရက် ၆၀ ယာယီ အပစ်ရပ်စဲရေးကို သက်တမ်းမတိုးဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ပြည်တွင်း စျေးကွက်တွေဟာ သတိထား စောင့်ကြည့်တဲ့ ပုံစံနဲ့ အရောင်းအဝယ် ဖြစ်ကြရမှာပါ” ဟု ပြောကြားခဲ့ပါတယ်။ စံချိန်တင် Nifty 50 အညွှန်းကိန်းသည် ၅...

Read More

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်ထံမှ တုံ့ပြန်မှု ရရှိခဲ့ဟု ထရမ့် ပြောကြား

ဩဂုတ် ၁၈၊ ၂၀၂၆ The Kaladan Post တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လျှော့ချရန် ညွှန်ကြားခဲ့ပြီးနောက် အမေရိကန်၏ သံတမန်ရေးအရ ချဉ်းကပ်မှုအပေါ် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် ထံမှ တုံ့ပြန်မှု ရရှိခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့ (ဩဂုတ်လ ၁၇ ရက်) တွင် ပြောကြားလိုက်ပါတယ်။ အိမ်ဖြူတော် ရုံးခန်းအတွင်း သတင်းထောက်တစ်ဦးက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ထံမှ တုံ့ပြန်မှု အဘယ်ကြောင့် မရရှိသေးသနည်းဟု မေးမြန်းခဲ့ရာ သမ္မတ ထရမ့်က “သူ တုံ့ပြန်ခဲ့ပါတယ်” ဟု ပြန်လည် ဖြေကြားခဲ့သော်လည်း အသေးစိတ် အချက်အလက်များကိုမူ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။ သမ္မတ ထရမ့်က “ကင်ဂျုံအွန်ဟာ ကျွန်တော့်ကို အမြဲတမ်း အလေးအနက် ရိုသေလေးစားမှုနဲ့ ဆက်ဆံခဲ့ပါတယ်” ဟု ပြောဆိုခဲ့ပြီး “ကျွန်တော် သူ့ကို နားလည်ပါတယ်၊ သူကလည်း ကျွန်တော့်ကို နားလည်ပါတယ်” ဟု ဖြည့်စွက် ပြောကြားခဲ့ပါတယ်။ ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များတွင် ခေါင်းဆောင်နှစ်ဦး ထိပ်သီးအစည်းအဝေးများ ကျင်းပခဲ့ဖူးသော်လည်း နျူကလီးယား ဖျက်သိမ်းရေး ဆွေးနွေးပွဲများမှာ လမ်းစပျောက်ခဲ့တာ ဖြစ်ပါတယ်။ ဝါရှင်တန်ရှိ စတီမဆင်ဗဟိုဌာနနှင့် CSIS မှ ကျွမ်းကျင်သူ ဗိတ္တာ ခြာ (Victor Cha) ကမူ မြောက်ကိုရီးယားဘက်မှ ချက်ချင်း တုံ့ပြန်မည် မဟုတ်ဘဲ “သူတို့ စောင့်ဆိုင်းကြည့်ရှုဦးမယ်လို့ ထင်ပါတယ်” ဟု သုံးသပ်ထားပါတယ်။ ဘရုကင်းစ် အင်စတီကျူးရှင်းမှ...

Read More

မလေးရှားတွင် တရားမဝင် မြန်မာ ၈ ဦး ဖမ်းဆီးခံရပြီး ၁၀၀ ဦး ပြည်နှင်ဒဏ်ပေးခံရ

ဩဂုတ် ၁၈၊ ၂၀၂၆ The Kaladan Post မလေးရှားနိုင်ငံ ကလန်တန်ပြည်နယ်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၈ ဦး ဖမ်းဆီးခံခဲ့ရသလို ဂျိုဟိုးပြည်နယ်တွင်လည်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသား ၁၀၀ ဦး ရန်ကုန်သို့ ပြန်လည် ပို့ဆောင်ခံခဲ့ရကြောင်း ဩဂုတ်လ ၁၇ ရက်နေ့တွင် သတင်းရရှိပါတယ်။ မလေးရှား ရေကြောင်းထိန်းသိမ်းရေးအဖွဲ့သည် ဩဂုတ်လ ၁၂ ရက်နှင့် ၁၄ ရက်နေ့များတွင် ကလန်တန်မြစ်အတွင်း မီးမှိတ်မောင်းနှင်လာသည့် အမြန်ရေယာဉ်များကို တားဆီး စစ်ဆေးခဲ့ရာမှ မြန်မာနိုင်ငံသား ၈ ဦး အပါအဝင် တရားမဝင် ရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၂၀ ဦးကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါတယ်။ အဆိုပါ ဖမ်းဆီးခံရသူများကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေဖြင့် အရေးယူဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။ အလားတူ ဂျိုဟိုးပြည်နယ် ပီကန်းနားနပ်စ် (Pekan Nenas) ထိန်းသိမ်းရေးစခန်းတွင် ပြစ်ဒဏ်ကျခံပြီးသည့် တရားမဝင် နိုင်ငံခြားသား ၁၁၃ ဦးကို နေရပ်ပြန်ပို့ခဲ့ရာ၌ မြန်မာနိုင်ငံသား ၁၀၀ ဦး ပါဝင်ခဲ့ကြောင်း ဂျိုဟိုးပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ပြည်နှင်ဒဏ်ပေးခံရသည့် မြန်မာနိုင်ငံသားများကို နာမည်ပျက်စာရင်း သွင်းထားပြီး မလေးရှားနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ကြောင်း အာဏာပိုင်များက ဆိုပါတယ်။...

Read More

ရွေးတုသမ္မတ ရာထူးရယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ဦးမင်းအောင်လှိုင် ရုရှားသို့ သွားရောက်

ဩဂုတ် ၁၈၊ ၂၀၂၆ The Kaladan Post ဦးမင်းအောင်လှိုင်သည် ဧပြီလတွင် ရွေးတုသမ္မတရာထူး ရယူခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ရုရှားနိုင်ငံသို့ တရားဝင် ခရီးစဉ်အဖြစ် ဩဂုတ်လ ၁၇ ရက်နေ့တွင် ရောက်ရှိခဲ့ရာ မော်စကို လေဆိပ်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုခဲ့ကြပါတယ်။ ယခု ခရီးစဉ်သည် အိန္ဒိယ၊ တရုတ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့အပြီး ရွေးတုသမ္မတအဖြစ် သွားရောက်သည့် ပဉ္စမမြောက် ပြည်ပခရီးစဉ် ဖြစ်ပါတယ်။ ဦးမင်းအောင်လှိုင်သည် ယခင်က ရုရှားသို့ စစ်ကောင်စီခေါင်းဆောင်အဖြစ် လေးကြိမ် သွားရောက်ခဲ့ဖူးပြီး ၂၀၂၅ ခုနှစ် မတ်လ ခရီးစဉ်အတွင်း သမ္မတ ဗလာဒီမီယာ ပူတင် နှင့် မော်စကို၌ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ယခု ခရီးစဉ်အတွင်း မြန်မာ-ရုရှား စီးပွားရေးဖိုရမ်ကို ကျင်းပမည်ဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး ရွေးတုဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံ အာကာသအေဂျင်စီ အကြီးအကဲတို့လည်း ပါဝင်သွားခဲ့ကြပါတယ်။ ရုရှားသည် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် အသေးစား နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးနှင့် ထားဝယ် အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းများ၌ ရင်းနှီးမြှုပ်နှံရန် ဆွေးနွေးသွားမည် ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနှင့် ရုရှားကြား စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လျက်ရှိပြီး ရုရှားက စစ်ရေးလေ့ကျင့်မှုများနှင့် ပညာသင်ဆုများ ပေးအပ်နေသလို မြန်မာနိုင်ငံ၏ ပထမဆုံး အာကာသယာဉ်မှူး ဖြစ်လာမည့်သူကို လေ့ကျင့်ပေးရန် ကူညီသွားမည်ဟုလည်း ထုတ်ပြန်ထားပါတယ်။ Source – Reuters...

Read More

ဩဂုတ်လ (၁၇) ရက် သတင်းတိုပေါင်းချုပ်

ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်တန်းတူညီမျှရေးအတွက် ဆက်လက်ကြိုးပမ်းရန် KNPP တိုက်တွန်း ဩဂုတ် ၁၇ The Kaladan Post ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဗဟိုဌာနချုပ်က ဩဂုတ် ၁၇ ရက်မှာ ကျရောက်မယ့် ၇၈ နှစ်မြောက် ကရင်နီပြည်တပ်မတော်နေ့အတွက် သဝဏ်လွှာတစ်စောင် ပေးပို့ခဲ့ပြီး ၁၉၄၈ ခုနှစ် ဩဂုတ် ၁၇ ရက်က စတင်ဖွဲ့စည်းခဲ့တဲ့ ကရင်နီပြည်တပ်မတော်ဟာ ကရင်နီပြည်သူတွေရဲ့ အမျိုးသားရေး ရည်မှန်းချက်တွေနဲ့ အသက်အိုးအိမ်၊ အခြေခံအခွင့်အရေးတွေကို ကာကွယ်ပေးလာခဲ့တယ်လို့ ပြောဆိုထားပါတယ်။ ၇၈ နှစ်တာကာလအတွင်း အသက်၊ သွေးနဲ့ ခန္ဓာပေးဆပ်ခဲ့ကြတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ဒုက္ခတွေကို ကြံ့ကြံ့ခံ ခဲ့ကြတဲ့ မိသားစုဝင်တွေကိုလည်း KNPP က ဂုဏ်ပြုမှတ်တမ်းတင်ထားပါတယ်။ ၂၀၂၁ ခုနှစ်နောက် ပိုင်းမှာ ကရင်နီပြည်တပ်မတော်ဟာ လူထုတော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေ ပူးပေါင်းပြီး အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေးနဲ့ ပြည်သူတွေကို ကာကွယ်ရေး လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ အနာဂတ်ကရင်နီပြည်ကို ငြိမ်းချမ်းရေး၊ တရားမျှတမှု၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်တန်းတူညီမျှရေးတို့ အပေါ် အခြေခံတည်ဆောက်နိုင်ရေးအတွက် ပြည်သူတွေနဲ့အတူ ဆက်လက်တာဝန်ထမ်းဆောင်ကြဖို့ KNPP က တိုက်တွန်းထားပါတယ်။ #ကရင်နီပြည်တပ်မတော်နေ့ #KNPP #ကရင်နီပြည် #ဖက်ဒရယ်ဒီမိုကရေစီ #မြန်မာ့နိုင်ငံရေး ခေါင်းဆောင်နှင့် ရဲဘော်များ လုပ်ကြံသတ်ဖြတ်ခဲ့သူများကို ဖော်ထုတ်နိုင်ပြီဟု CDF-KKG ပြော ဩဂုတ် ၁၇ The Kaladan Post CDF-KKG ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဗဟိုကော်မတီဝင် ဖြိုးလွင်ဦး (ခ) ဘဖြိုး၊ တပ်ရင်း...

Read More

အင်ဒိုနီးရှားတွင် အားပြင်း ငလျင်လှုပ်ခတ်၍ လူ ၅၃ ဦး သေဆုံးပြီး လူထောင်ပေါင်းများစွာ ဘေးလွတ်ရာ ရွှေ့ပြောင်း

ဩဂုတ် ၁၇၊ ၂၀၂၆ The Kaladan Post အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းတွင် ပမာဏ ၇.၇ ရှိ အားပြင်း ငလျင် လှုပ်ခတ်ခဲ့သဖြင့် နည်းဆုံး လူ ၅၃ ဦး သေဆုံးခဲ့ပြီး ၁၃၀ ကျော် ဒဏ်ရာရကာ လူပေါင်း ၅,၀၀၀ ခန့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း တနင်္ဂနွေနေ့ (ဩဂုတ်လ ၁၆ ရက်) တွင် အာဏာပိုင်များက ထုတ်ပြန်လိုက်ပါတယ်။ စနေနေ့က လှုပ်ခတ်ခဲ့သည့် ယခု ငလျင်သည် ၂၀၂၂ ခုနှစ်နောက်ပိုင်း အင်ဒိုနီးရှား၏ အသေအပျောက် အများဆုံး ငလျင်ဖြစ်ပြီး စစ်ခါ (Sikka) ဒေသမှ လူပေါင်း ၃,၃၀၀ ကျော် ဘေးလွတ်ရာ စခန်းများသို့ ရွှေ့ပြောင်းခဲ့ရပါတယ်။ ငလျင်အပြီးတွင် နောက်ဆက်တွဲ ငလျင်ငယ် ပေါင်း ၁,၀၀၀ နီးပါး လှုပ်ခတ်ခဲ့ကြောင်း သဘာဝဘေးအန္တရာယ် ဆိုင်ရာ အေဂျင်စီ (BNPB) က ဆိုပါတယ်။ တပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် ၃,၅၀၀ ကျော်ကို ကယ်ဆယ်ရေးအတွက် စေလွှတ်ထားပြီး အရှေ့နူဆာတန်ဂါရာ ပြည်နယ်တွင် အရေးပေါ် အခြေအနေ ထုတ်ပြန်ထားပါတယ်။ ဒေသခံ အေဂျင်စီအကြီးအကဲ မာဂရီသာ က “ကျွန်မတို့ဆီမှာ ငလျင်ခကြာခဏ လှုပ်လေ့ရှိပေမဲ့ အခု ငလျင်ကတော့ ၁၉၉၂ ခုနှစ်တုန်းက စိတ်ဒဏ်ရာတွေကို အမှန်တကယ် ပြန်လည်အမှတ်ရစေပါတယ်” ဟု ပြောကြားခဲ့ပါတယ်။ အသက် ၆၇ နှစ်အရွယ် အသက်ရှင်ကျန်ရစ်သူ ယုဗီယန်တာ ဆင်းန်...

Read More

သုံးစွဲသူ အချက်အလက်များကို ရုရှားထံ ဘိုင်နန့်စ် လွှဲပြောင်းပေးခဲ့ကြောင်း စာရွက်စာတမ်းများ ဖော်ပြ

ဩဂုတ် ၁၇၊ ၂၀၂၆ The Kaladan Post ယူကရိန်းသို့ ခရစ်ပတိုငွေကြေး ထောက်ပံ့ခဲ့သည့် သုံးစွဲသူ၏ အချက်အလက်များကို ရုရှား အာဏာပိုင်များထံ ဘိုင်နန့်စ် (Binance) ကုမ္ပဏီက လွှဲပြောင်းပေးခဲ့ပြီး ယင်းအချက်အလက်များကို ရုရှား IT ကျွမ်းကျင်သူတစ်ဦးအား အကြမ်းဖက်မှု ငွေကြေးထောက်ပံ့မှုဖြင့် တရားစွဲဆိုရာတွင် သက်သေအဖြစ် အသုံးပြုခဲ့ကြောင်း တရားဥပဒေစိုးမိုးရေး စာရွက်စာတမ်းများအရ တနင်္လာနေ့ (ဩဂုတ်လ ၁၇ ရက်) တွင် သိရပါတယ်။ ၂၀၂၃ ခုနှစ်တွင် ရုရှားနိုင်ငံမှ လုံးဝ ထွက်ခွာခဲ့ပြီဟု ကြေညာထားသည့် ဘိုင်နန့်စ်သည် ၂၀၂၅ ခုနှစ် စက်တင်ဘာလက ဖမ်းဆီးခံခဲ့ရသူ ယူရီ ဘီလင်ကီး (Yuri Belenkiy) ၏ ခရစ်ပတိုငွေကြေး လွှဲပြောင်းမှု အချက်အလက်များကို ရုရှားထံ ပေးပို့ခဲ့ခြင်း ဖြစ်ပါတယ်။ ဘီလင်ကီးသည် ယူကရိန်း စစ်ဘက်သို့ အမေရိကန်ဒေါ်လာ ၇၀၀ ကျော် ထောက်ပံ့ခဲ့သဖြင့် အကြမ်းဖက်မှု ငွေကြေးထောက်ပံ့မှု စွပ်စွဲချက်ဖြင့် တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။ ဘိုင်နန့်စ် ပြောရေးဆိုခွင့်ရှိသူက “ဘိုင်နန့်စ်အနေနဲ့ မည်သည့် စီရင်ပိုင်ခွင့် ဥပဒေကိုမျှ ပြဋ္ဌာန်းခြင်း သို့မဟုတ် စိုးမိုးဆောင်ရွက်ခြင်း မရှိသလို အစိုးရတွေ တရားဥပဒေဆိုင်ရာ အမှုတွေမှာ အချက်အလက်တွေကို ဘယ်လိုသုံးမလဲဆိုတာ ဆုံးဖြတ်ပေးတာမျိုး မရှိပါဘူး” ဟု ထုတ်ပြန်ထားပါတယ်။ ၎င်းက ဆက်လက်ပြီး ကမ္ဘာတစ်ဝန်းရှိ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းများ၏ တရားဝင် တောင်းဆိုချက်များကို ဥပဒေနှင့်အညီ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဆိုပါတယ်။...

Read More
Loading
en_USEnglish