စက်တင် ၂၇
The Kaladan Post
ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနား လမ်းမကြီးပေါ်ရှိ ငှက်ပျောတိုင်းရွာတွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်များကို စက်တင်ဘာ ၂၅ ရက်နေ့က drop bomb ချ တိုက်ခိုက်ခဲ့ကြောင်း Air Force One တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါသည်။
အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး Air Force One တပ်ဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့တိုက်ခိုက်ခဲ့တဲ့ ငှက်ပျောတိုင်းရွာရှိ စစ်ကောင်စီစခန်းမှာ တပ်အင်အား ၁၀၀နီးပါရှိပါတယ်ဗျ ဒီစခန်းကိုတိုက်ခိုက်ရာ ကျွန်တော်တို့က ဒရုန်း နှစ်စီးအသုံးပြုခဲပြီး ထိုထဲမှာ ပျက်ကျသွားတဲ့အစီးက ကျွန်တော်တို့ စလွှတ်တဲ့နေရာနဲ့ မီတာ ၅၀၀လောက်မှာဖြစ်တာ ဗုံးသီး နဲ့အတူကျပြီး ဗုံးသီးကွဲသွားတော ဒရုန်းက တစစီဖြစ်သွားတာပေါ့ဗျ မော်တာလေး တလုံးဘဲပြန်ရတာ အဲ့ဒါကြောင့် ပျက်စီးဆုံးသွားတဲ့နေရာမှာ အစားထိုးထပ်ဖြည့်ဖို့ ငွေကြေးလိုနေတာ “ ဟု The Kaladan Post သို့ ပြောဆိုသည်။ အဆိုပါ ဒရုန်းသည် စစ်ကောင်စီဘက်မှာ အားကောင်းတဲ့ Jammer က မိပြီး ပျက်ကျသွားခြင်းဖြစ်ကြောင်း သိရသည်။ အခုချိန်မှာ စစ်ကောင်စီတပ်များသည် ကန့်ဘလူနယ်မှာ ရေကြည်ဦး-ကျည်ကျင်း-ဘူကုန်းလမ်းဆုံ-မလည်လမ်းဆုံ- ယမနေ-ကွင်း ၉-ပေကြီး-ငှက်ပျောတိုင်း-စံပါယ်နံ့သာပေါ့ တလျှောက် တပ်စွဲထားကြောင်း Air Force One တပ်ဖွဲ့ရဲ့တာဝန်ရှိ သူတစ်ဦးက ဆက်လက်ပြောဆိုသည်။ ၎င်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှု မသိရသေး ကြောင်းနှင့် ခရီးသွားပြည်သူများအနေဖြင့်စစ်ကောင်စီတပ်များနှင့် ကင်းလွှတ်ရာ၌သာ နေထိုင်သွားလာ ကြပါရန် တိုက်တွန်းထားပါသည်။ ထို့အပြင် အသိရှိသူများနှင့် ငွေကြေးတတ်နိုင်သူများ အနေဖြင့် စစ်တပ်ကို အမြစ်ပြတ်အောင်တိုက်မဲ့ အဖွဲ့အစည်းတခု ငွေကြေးခက်ခဲပီး မိမိတို့အရင် အမြစ်ပြတ် သွားမှာလဲ စိုးရိမ်ရပါကြောင်း ၎င်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။ အလားတူ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဆားလင်းကြီးမြို့မ ရဲစခန်းနှင့် အကြမ်းဖက် စစ်တပ် အထိုင်ချ တပ်စွဲထားသော နေရာကို တော်လှန်ရေး ရဲဘော်များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိ သေးကြောင်း၊ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။