———————————————————————–
စက်တင် ၈
The Kaladan Post
ယနေ့ နံနက် ၆:၃၀ အချိန်ခန့်တွင် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ဝက်တိုးကျေးရွာမှ ကာဘိုး ကျေးရွာသို့ လှည့်ကင်းထွက်လာသော စခန်းသားနှင့် ပျူစောထီး (၁၇) ဦးခန့်ပါ အုပ်စုအား ဝက်တိုး ရွာနှင့် ကာဘိုးရွာအကြားတွင် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ရေးဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးက“ ယခုတိုက်ခိုက်မှု ဟာဆိုရင် ကျွန်တော်တို့ဖက်ကကြိုတင်သတင်းရရှိတာမို့ စောင့်ပီး ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ် ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၇ကောင်သေဆုံးခဲ့ပြီး နောက်ထပ်နယ်မြေ ရှင်းလင်းရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နောက်ထပ်တစ်ကောင် အလောင်းရရှိပြီး စုစုပေါင်း (၈)ကောင်သေဆုံးသွားတယ်လို့ “ တပ်ဖွဲ့ရဲ့တာဝန်ရှိသူက The Kaladan Post သို့ပြောဆိုသည်။ ကျန်တဲ့ ပျူတွေက တိုက်ပွဲစဖြစ်ချိန်မှာ ဝက်တိုးရွာဘက်ကို ပြ်လည်ဆုတ်ခွါသွားကြသည်။ နောက်ထပ်တွေ့တဲ့အလောင်းသည် ပျူစောထီးဖြစ်ပြီး ၎င်းအလောင်းတွင် လက်နက်ခဲယမ်း မတွေ့ရှိပါ။ ၎င်းတိုက်ပွဲဖြစ်ပွားသည့် နေရာသည် စစ်ကောင်စီ အထိုင်ချစခန်းနှင့်နှစ်မိုင်ခန့်သာ ကွာဝေးပြီး တိုက်ပွဲ့ဖြစ်ပွားချိန်အတွင်း စစ်ကောင်စီဖက်မှ ပစ်ကူပေးတာမျိုးမရှိ ကြောင်းသိရသည်။ ထို့အပြင် တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဖက်မှ ကာဘိုင်သေနတ် (၂) လက်၊ MA-1 သေနတ် (၁) လက်၊ G3 သေနတ် (၁) လက်နှင့် ပြောင်းချောသေနတ် (၁) လက်တို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ ၎င်းတိုက်ပွဲကို ကန့်ဘလူလှုပ်ရှားအဖွဲ့ (ပကဖ)၊ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) နှင့် တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။