—————————————————————————-
ဇူလိုင်၁၉
The Kaladan Post
အင်းတော်မြို့အခြေစိုက်၊ကသာခရိုင်၊ အမှတ်-၂တပ်ရင်း -K2အတွက် ” ဂုဏ်ပြုကူညီ ရှေ့သို့ချီ”ဆိုတဲ့ ခေါင်းစဉ်လေးနဲ့အတူ အင်းတော်မြို့သိမ်းတိုက်ပွဲနဲ့ အင်းတော်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကိုယ်၊ လက်အင်္ဂါ ဆုံးရှုံးခဲ့ရတဲ့ ရဲဘော်တွေအတွက် ခြေတု၊လက်တုတွေ ဝယ်ယူနိုင်ရန်နဲ့ ကျဆုံးသွားတဲ့ ရဲဘော်တွေကို ကူညီထောက်ပံ့ပေးနိုင်ဖို့ရန် မဲကမ်ပိန်းလေး လုပ်ပေးနေကြောင်း IR က ယမန်နေံ ဇူလိုင် ၁၈ရက်နေ့က ထုတ်ပြန်ထားပါသည်။

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး Indaw Revolution – IR တပ်ဖွဲ့ရဲ့ တာဝန်ခံ ကိုမေတ္တာက “ကျွန်တော်တို့ ကမ်ပိန်းကာလက ၂၀၂၅ခုနှစ်၊ ဇူလိုင် ၁၅ရက်နေ့မှ အောက်တိုဘာ ၁၅ရက်နေ့အထိ ၃လ သတ်မှတ်ထားပါတယ်ဗျ ကမ်ပိန်းTargetကတော့ သိန်းနှစ် ထောင် (၂၀၀၀) ဖြစ်ပါတယ် ယခုလက်ရှိမှာ ကျွန်တော်တို့ဆီမှာ ကိုယ်လက်အင်္ဂါဆုံးရှုံးထားတဲ့ ရဲဘော်၂၀လောက်ရှိပါပြီး ၎င်းတို့ဟာဆိုရင် ခါးအောက်ပိုင်း သေတာတွေ၊ အမြင်အာရုံထိခိုက်တဲ့ သူတွေရောပေါ့လေ နောက်ပြီး ကျဆုံးတာတွေလည်း ရှိပါတယ်။ မြို့နယ်ကနေလည်း ထောက်ပံ့မှု အနည်းငယ်ရှိပေမဲ့ လုံလောက်တဲ့ထောက်ပံ့မှုမရတော့ သူတို့အတွက် ကူညီထောက်ပံ့ဖို့နဲ့ ခြေတု၊ လက်တုတွေ ဝယ်ယူပေးဖို့ ရည်ရွယ်ပြီး ပြုလုပ်ပေးတာဖြစ်ပါတယ်”ဟု The Kaladan Post သို့ ပြောဆိုသည်။ ဒီကမ်ပိန်းမှ ရရှိငွေဖြင့် ဝယ်ယူဖို့အဆက်စပ်တွေထံကနေ မေးကြည့်ရသလောက် ဆိုရင် ခြေတုလက်တုတွေက ဒူးအောက်ပိုင်းကနေ ပေါင်ရင်းထိက ဈေးအဆင့်ဆင့်ရှိပြီး တစ်ခုကို ဒေါ်လာ ၉၀၀ကနေ ၁၅၀၀ထိ ရှိပါတယ် အဲ့ဒါကြောင့် ဒီကမ်ပိန်း Target ပြည့်မှီခဲ့ရင် ကျဆုံးရဲ့ဘော် များနှင့် ကိုယ်အင်္ဂါဆုံးရှုံးသူတွေကို ထောက်ပံ့ပေးနိုင်ဖို့ လုံလောက်ပါတယ်ဟု ကိုမေတ္တာက ဆက် လက်ပြောဆိုသည်။ ဂုဏ်ပြုကူညီ ရှေ့သို့ချီ” ကမ်ပိန်းကို IndawRevolution-IRနဲ့ K2 တပ်ရင်းက ရဲဘော်တွေနဲ့ ကော်မတီတစ်ရပ်ဖွဲ့ပြီး လုပ်ဆောင်နေပြီး မဲဖွင့်တဲ့ နေ့ကိုလည်း သက်ဆိုင်ရာတာ ဝန်ခံ ရပ်မိရပ်ဖတွေရှေ့မှာပဲ ပွင့်လင်းမြင်သာမှုရှိရှိ လုပ်သွားမှာဖြစ်ကြောင်း သိရသည်။ ကမ်ပိန်းနဲ့ ပတ်သက်ပြီး Indaw Revolution-IRပေ့တစ်ခုကနေပဲ တင်ပြီး ရောင်းချသွားမှာဖြစ်ပြီး ပေါက်မဲ နံပါတ်တွေကို Pageကနေ ထုတ်ပြန်ကြေငြာပေးသွားမှာ ဖြစ်ကြောင်းသိရပါသည်။ ကမ်စမ်းမဲ လက်မှတ်တစ်စောင်ကိုတော့ ၁သောင်းကျပ်သတ်မှတ်ပြီး မဲစာအုပ် တစ်အုပ်ကို မဲအစောင်ရေ ရွက် (၅၀)သတ်မှတ်ထားပါသည်။
ဆုကြေးအနေနဲ့ကတော့
ပထမဆု-၇၅သိန်းကျပ်
ဒုတိယဆု-Iphone16
တတိယဆု-၁၀သိန်းဆု (၃)ဆု
စတုတ္ထဆု -၅သိန်းကျပ်(၅)ဆု
ပဉ္စမဆု-၁သိန်းကျပ်(၂၀)ဆု
နှစ်သိမ့်ဆု-၅သောင်းဆု (၅၀)ဆု တို့ သတ်မှတ်ထားပါတယ်။