——————————————————————————-
မေ ၂၄
The Kaladan Post
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ခါချဥ်တောင်အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၀၀ ကျော်နှင့် သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ တို့ မေလ ၂၂ ရက်မှ ၂၄ ရက်အတွင်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ မေလ ၂၂ ရက်တွင် တရုတ်ပေါက်ကျောက်ကုန်းအနီး ကြိုတင်စောင့်ဆိုင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ မျက်မြင် ခလရ ၁ က အာရာပီဆာဂျင် တပ်ကြပ်ကြီး ဝင်းဦး အပါအဝင် ၁၀ ဦးသေဆုံးပြီး ၁၀ ကောင်ကျော်ဒဏ်ရာရရှိကာ ဘန့်ဘွေးကုန်း ရွာဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ တာဝန်ရှိသူက The Kaladan Post သို့ပြောဆိုသည်။ အဆိုပါ တိုက်ပွဲဖြစ်တဲ့ညက မိုးတော်တော်ရွာ နေလို့ မိုင်းတွေဆွဲ မရတာနဲ့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ဆော်တာ ကြတာဖြစ်တယ်လို့ ၎င်းကဆိုသည်။ ထိုပြင် မေလ ၂၃ ရက်တွင် အလောင်းများလာ ရောက်ကောက်ယူသော စစ်ကောင်စီတပ်နှင့် ၁၅ မိနစ်ခန့် ထပ်မံထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်။
မေလ ၂၄ ရက် တွင် နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၄ လောင်းနှင့် သွေးအိုင်ကွက်များ တွေ့ရှိကာ အလောင်းများကို မြေမြုပ်သဂြိုလ် ပေးခဲ့ကြောင်း၊ မိမိတို့ရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။