မေးမြန်းသူ- ဆလိုင်း ဒိုခါရ်, အယ်ဒီတာချုပ်၊ The Kaladan Post
ဖြေဆိုသူ- ရဲဘော် နီနီကျော်, အထွေထွေအတွင်းရေးမှူး၊ PLA
ဆလိုင်း ဒိုခါရ်– ကျွန်တော်တို့ ဒီ The Kaladan post ကို အခုလို အချိန်ပေးပြီးတော့မှ ပါဝင် interview ဖြေပေးတဲ့အတွက် အထူးကျေးဇူးတင်ကြောင်း ဦးစွာပြောကြားလိုပါတယ်
ရဲဘော် နီနီကျော် – ကျမတို့လဲ ဒီလိုအင်တာဗျူးကို ဖိတ်ကြားပေးတဲ့အတွက် The Kaladan post အယ်ဒီတာချုပ်ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်
ဆလိုင်း ဒိုခါရ် – ဆရာမကျွန်တော်ပထမဆုံးအနေနဲ့ မေးချင်တာက ပြည်သူ့လွတ်မြောက်ရေးတပ်တော် ထဲမှာ ဒီအမျိုးသမီးပြောရေးဆိုခွင့်ရှိသူ တစ်ဦးအနေနဲ့လည်း ပါဝင်တယ်လို့ဆိုတော့ PLAရဲ့နိုင်ငံရေး ရပ်တည်ချက်နဲ့ဆရာမအနေနဲ့ ဘယ်လိုခံယူချက်နဲ့ ဒီတော်လှန်ရေးထဲမှာ ပါဝင်သလဲဆိုတဲ့ဟာကို ပထမဆုံးအနေနဲ့ ဆွေးနွေးမိတ်ဆက်ပေးပါဦးခင်ဗျာ
ရဲဘော် နီနီကျော် – ကျွန်မကတော့ PLA ပေါ့နော် people liberation Armyက အထွေထွေအတွင်းရေးမှူးပါ ဟုတ်ကဲ့ ရဲဘော်နီနီကျော်လို့ခေါ်ပါတယ် ကျွန်မတို့ဒီတပ်ထဲမှာတော့ အမျိုးသမီး အမျိုးသား အကုန်လုံးကိုပဲ ရဲဘော်ပဲနာမည်တပ်တယ်ပေါ့နော် ဒါကတော့ ရာထူးကြီးသည်ငယ်သည် ဖြစ်စေပေါ့နော် ရဲဘော်ဆိုတဲ့နာမည်ကို ဒီချစ်မြတ်နိုးစွာပေါ့ရဲဘော်ရဲဘက် သေဖော်သေဘက် ဆိုတဲ့ အဓိပ္ပာယ်နဲ့သုံးတာဖြစ်တဲ့အတွက်ကြောင့် ရဲဘော်နီနီကျော် လို့သုံးလို့ရတယ် ဟုတ်ကဲ့ အခုအချိန်မှာတော့ ဒီပြန်ကြားရေးမှာပေါ့နော် တာဝန်ခံအနေနဲ့ပေါ့နော် တာဝန်လည်း တွဲပြီးတော့ယူထားပါတယ် အမျိုးသမီးရဲဘော်တစ်ယောက်အနေနဲ့ ကျမက တော်လှန်ရေး တော့ဘာဖြစ်လို့ပါလဲဆိုတော့ ဒီပြည်သူ့လွတ်မြောက်ရေး တပ်မတော်ဖွဲ့စည်း တာလေးနှစ် ပြည့်ပြီပေါ့နော် စဖွဲ့စည်းတဲ့အချိန်ကပေါ့နော် ဖောင်တော အနေနဲ့လည်း ပါလာတယ်ပေါ့နော် တောက်လျှောက်လည်းသင်တန်းတွေ အပတ်စဉ်တိုင်းမှာလဲ တူတူ သူတို့တွေနဲ့ အနီးဆုံး နားမှာပဲနေပြီးတော့ကို လေ့ကျင့်တာတွေနဲ့ အကုန်လုံးကို ကြီးကြပ်ပေးပေးတယ် ပေါ့နော် နောက် 1027 စစ်ဆင်ရေး ပထမလှိုင်း ဒုတိယလှိုင်းပေါ့နော် အခုလက်ရှိအချိန်အထိ အမ်ကျွန်မ တို့ တွင်းငယ်ဘက်တွေ ဒီဟိုဟာ၇မိုင်ဘက်တွေ မတ္တရာဘက်တွေမှာလည်း တိုက်ပွဲဝင် နေတယ် ဟိုဘက်မကွေးဘက်တွေမှာရောပေါ့နော် တနင်္သာရီတိုင်းဖက်မှာလည်း တိုက်ပွဲ ဝင်နေတာတွေရှိပါတယ် တော်လှန်ရေးဘက် ဘာဖြစ်လို့ဝင်လာလဲဆိုတော့ ကျွန်တော်တို့ ဗမာပြည်မှာ ပေါ့နော် လူမျိုးပေါင်းစုံဘာသာပေါင်းစုံ လူမျိုးပေါင်းစုံပြည်သူ့တွေက သူတို့ရဲ့ လွတ်လပ်တဲ့အခွင့်အရေးတွေ မရဘူးပေါ့နော် နိုင်ငံရေးလူမှုရေးဘာသာရေး ဘယ်ဟာမှ အခွင့်အရေးတွေမရဘူး စစ်ကောင်စီကစစ်တပ်အုပ်ချုပ်မှုအောက်မှာ နှစ်ရှည်လများ ခံစားနေရတယ်ပေါ့နော် အဲ့ဒါကိုသိတယ်အဲဒါတွေကို လွတ်မြောက်ဖို့ဆိုရင် ကျမတို့က ဒီနိုင်ငံရေးလမ်းတခုတည်းနဲ့ တွေ့ဆုံဆွေးနွေးတာတစ်ခုထဲနဲ့သွားလို့မရဘူး သူတို့ကို အမြစ် ကနေ လှန်ပြီးနှုတ်ဖို့ဆိုရင်တော့ လက်နက်ကိုင်တော်လှန်ရေးက ပူးတွဲပါမှရမယ်ပေါ့နော် အဓိကလုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ ပါမှရမယ်လို့ ယုံကြည်လို့ ပေါ့နော် ဒီပြည်သူ့လွတ်မြောက် ရေးတပ်မတော် တည်ထောင်ခဲ့တာပေါ့နော် ကျွန်မတို့ရဲ့ရပ်တည်ချက်ကတော့ ဒီအခုနွေဦး တော်လှန်ရေးမှာပါလာတဲ့ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေ အကုန်လုံးနဲ့ပေါ့နော် EOA တွေအကုန်လုံးနဲ့ရော လက်တွဲညီညီချိတ်ဆက်ပြီးတော့ စစ်ကောင်စီပေါ့နော် ဖက်ဆစ် တပ်လုံးဝကို ဖုံးဖုံးလဲပြိုကျသွားသည်ထိ တိုက်ပွဲဝင်သွားမယ် ဗမာပြည်မှာတပြည်လုံးမှာရှိတဲ့ အဖိနှိပ်ခံပြည်သူတစ်ရပ်လုံး လူမျိုးဘာသာမရွေးပေါ့နော် အလုပ်သမားလယ်သမားတွေ ကျောင်းသားတွေ အကုန်လုံးပေါ့နော်မြို့နယ် လူတန်းစားတွေ အားလုံးလွတ်မြောက်သည် အထိ တိုက်ပွဲဝင်သွားမှာပါလို့ အဲဒါကြောင့်ဒီတပ်ကိုထောက်ပြီးတော့ ဒီနေရာမှာပေါ့နော် ကျွန်မလည်း အမျိုးသမီး ခေါင်းဆောင် တယောက်အနေနဲ့ပါဝင်ပြီးတော့ တာဝန်ထမ်း ဆောင်နေတာပါ
ဆလိုင်း ဒိုခါရ်– ဆိုတော့ ဒီဆရာမတို့အနေနဲ့ နိုင်ငံရေးရလဒ်အပေါ် ဘယ်လိုပုံစံမျှော်မှန်းထားသလဲပေါ့ ဘာဖြစ်လို့ ဒီဟာကိုမေးတာလဲဆို ဆရာမတို့အဖွဲ့က statement အချို့မှာ ကွန်မြူနစ်ပါတီ ဆိုတဲ့ဟာလည်းပါဝင်တဲ့အခါကျတော့ တစ်ဖက်မှာအဖွဲ့အနေနဲ့ ဒီနိုင်ငံရေး ရပ်တည်ချက် ပိုင်းမှာ ကွန်မြူနစ်ပါတီဆိုတဲ့ ဒီနာမည်ကိုအသုံးပြုပြီးမှုတွေနဲ့ အခုနိုင်ငံရေးရလာဒ်အပိုင်းမှာ ဆိုရင်ရော အမ်တခြားတော်လှန်ရေးအင်အားစုတွေရဲ့ ယုံကြည်မှု တွေနဲ့ကွဲလွဲမှုရှိလား အဲ့ဒီပိုင်းမိတ်ဆက်ပေးရင်းနဲ့ ဆရာမတို့အဖွဲ့ရဲ့ နိုင်ငံရေးမျှော်မှန်းချက် ရလဒ်ကဘယ်လိုပုံစံ ဖြစ်မလဲဆိုတဲ့ဟာတွေ ဆွေးနွေးပေးပါဦးခင်ဗျား
ရဲဘော် နီနီကျော် – ကိုကျမတို့ ဒီပြည်သူ့လွတ်မြောက်ရေးတပ်မတော်က အရင်တုန်းကတော့ ပြည်သူ့ တပ်မတော်ဆိုတဲ့ တပ်နာမည်နဲ့ပေါ့နော် ဒီစစ်ကောင်စီကိုပေါ့ တိုက်ခိုက်ခဲ့တယ် ဒါပေမဲ့ ၁၉၈၉ မှာပေါ့နော် ဒီနယ်စပ်မှာပေါ့နော်ရှမ်းမြောက်မှာ ကျွန်တော်တို့တပ်ဖွဲ့တွေက အကုန်လုံး ငြိမ်းချမ်းရေးတွေယူသွားတဲ့အခါမှာ ကျမတို့ တပ်တေပြိုကွဲသွားတယ်ပေါ့နော် ပါတီအနေနဲ့ပဲ ကျန်ခဲ့တော့လေ နိုင်ငံရေးနဲ့ပေါ့နော်မြေအောက်ယူဂျီနဲ့ပဲ စိုက်နိုင်တယ်ပေါ့နော် အစ်မလည်း ကျရာတာဝန်ထမ်းဆောင်ခဲ့တယ် ဆန္ဒပြပွဲတွေကအစ အကုန်လုံးပေါ့နော် လူမသိသူမသိ စင်အောက်မှာပေါ့နော် ဒီလိုဘဲတာဝန်ထမ်းဆောင်ခဲ့တယ် ခုချိန်မှာကျတော့ ဒီနွေဦး တော်လှန်ရေးမှာပေါ့နော် ဒီလက်နက်ကိုင်တိုက်ပွဲမပါဘဲနဲ့ မအောင်မြင်ဘူးဆိုတာ သိထား တယ်ပေါ့နော် အစတည်းကိုက ဒီလူထုတွေဆန္ဒပြတာ ဘယ်လောက်အောင်မြင် နေပါတယ် တစ်ချိန်ကျရင်သူတို့ ဖိနှိပ်မယ် လက်နက်နဲ့ဖြိုခွဲမယ် အဲ့တော့လက်နက်ကိုင် တော်လှန်မှ ရမယ်ဆိုတာ ရှစ်လေးလုံးမှလည်းနမူနာပြခဲ့ပြီပေါ့နော် ခေတ်အဆက်ဆက်မှာ နမူနာပြခဲ့တော့ ကျွန်မတို့က တပ်ထောင်မယ်ဆိုပြီးတော့ ဟိုဖြစ်လာတာပေါ့နော် ဒီကွန်မြူနစ်ပါတီရဲ့ အဓိက ရည်မှန်းချက်ကကျတော့ အဲ့နိုင်ငံမှာအဆင်းရဲဆုံးသည့် လုပ်အားကို ချွေးနဲ့သွေးနဲ့ရင်းပြီးတော့ လုပ်ပြီးတော့မှ ဘာအကျိုးအမြတ်မှခံစားခွင့်မရှိတဲ့ လူတန်းစား တွေပေါ့ သူတို့တွေကို လွတ်မြောက်စေချင်တာပေါ့နော် ဥပမာကချင်မို့လို့ ခွဲခြားပြီးဖိနှိပ်ထားမယ် ချင်းမလို့ ခွဲထားမယ် အဲ့ဟို ရိုဟင်ဂျာမလို့ ခွဲထားမယ် အဲ့လိုပုံစံမျိုး မဟုတ်ဘဲ အားလုံးတန်းတူ အခွင့်အရေးတွေရတဲ့အထိနော် ဘာသာမရွေးလူမျိုးမရွေး တန်းတူ အခွင့်အရေးရ အောင်တိုက်ပေးချင်တဲ့စိတ်ဆန္ဒရှိတာ ကွန်မြူနစ်တွေရဲ့ စိတ်ဆန္ဒက အဲ့ဒါပါပဲ ကျွန်မတို့က ကွန်မြူနစ်ပါတီကလို့ ပြောတဲ့အခါမှာ တချို့ကျတော့ ကွန်မြူနစ်ကိုပုံဖြတ်ထားတာတွေ အများကြီးရှိတဲ့အခါမှာလန့်ကြတယ်ပေါ့နော် လူထုတွေကလည်းတချို့တွဲရမှာ ဟိုထောက်ခံ ရမှာ ကြောက်တာတွေအဖွဲ့အစည်းတွေထဲမှာလည်း ရှိတယ် ဒါပေမယ့် အခုတဖြည်းဖြည်း ကျတော့ သူတို့ကလည်းပိုပြီးတော့ လက်ခံတယ် ဖက်ဆစ်စစ်တပ်ကိုဖျောက်ကြဖို့ဆိုရင် ကွန်မြူနစ်ပဲ ဖြစ်ဖြစ်လည်း ဘယ်အဖွဲ့ပဲဖြစ်ဖြစ်ပြုတ်ကျအောင်တိုက်နိုင်တဲ့ လူအားလုံး အားလုံးကို ဝိုင်းပေါ့နော် လက်တွဲမယ်ပေါ့ ထောက်ခံမည်ဆိုတဲ့ အသိပေါ့နော် လူထုမှာလည်းသိလာတဲ့နိုင်ငံရေးချိန်ကို ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေ အကုန်လုံးက EAO တွေအပါဝင်ပေါ့နော် အခုမှပေါ်တယ် နွေဦးတော်လှန်ရေးမှာ ပါတဲ့အဖွဲ့တွေကလည်း ဒါကိုလက်တွဲပြီးဆောင်ရွက်မှသာ ဒီဘုံရန်သူကို တိုက်နိုင်တယ်ဆိုတာကို အသိဝင်လာတဲ့ အခါမှာကျတော့ သိပ်တော့ပြဿနာတွေ အရင်လောက်မကြီးတော့ဘူးပေါ့နော်
ဆလိုင်း ဒိုခါရ်- ဒါဆိုရင်တော့ ကျွန်တော်တို့ ဒီအခုလောလောဆယ် တော်လှန်ရေး အင်အားစု တော်တော်များများ ဖက်ဒရယ်ဒီမိုကရေစီအတွက် တိုက်ပွဲဝင်တယ် ဆိုတဲ့နိုင်ငံရေး စုဖွဲ့မှုပိုင်းဆိုင်ရာပေါ့နော် အထူးသဖြင့်ကျွန်တော်တို့ တိုင်းပြည်ကိုပုံဖော် ချင်တယ် ပိုင်းဆိုင်ရာ ကတော့ အခုလက်ရှိကျန်တဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ အာတထပ်တည်းကျတဲ့ ဘာမှသီးခြားပုံစံမျိုးနိုင်ငံရေး မြန်မာနိုင်ငံကို ပုံဖော်ချင်တဲ့ဟာ မရှိဘူးဆိုတဲ့ ပုံစံမျိုးဖြစ်မှာပေါ့ ဒါအဓိကအားဖြင့် ဆရာမပြောဆွေးနွေးသွားသလို စီးပွားရေးကဏ္ဍမှာပဲ ဒီကွန်မြူနစ် idea ဆိုတဲ့ ဒီတန်းတူအခွင့်အရေးရရှိရေးဆိုတဲ့ဟာ ပိုဖြစ်မှာပေါ့နော် အဲ့ဒီဟာနဲ့ဆက်စပ်ပြီးတော့ ဟိုပြည်သူတွေ ပိုရှင်းအောင်ဆွေးနွေးပေးပါအုံး
ရဲဘော် နီနီကျော် – ဟုတ်ကဲ့ပါ ကျွန်မတို့က လူထုအဖြစ်ချင်ဆုံးအများစု လူထုဖြစ်စေချင်ဆုံးဆန္ဒကိုပဲ ကျွန်မတို့ကလိုက်ပါပြီး ဆောင်ရွက်မှာ ရှစ်ဆယ့်ရှစ်တုန်းကလည်း ဒီအတိုင်းပဲ ဆောင်ရွက် တယ် ရှစ်ဆယ့်ရှစ်မတိုင်ခင်တုန်းကလည်း ဒီတိုင်းပဲ လူထုကပဲ ဘယ်စနစ်ကို လိုချင်တယ် ဆိုရင် အဲ့စနစ်ကိုပဲသွားဖို့ ကျမတို့က အဓိက ဖက်ဆစ်စနစ်ပြုတ်ကျသွားဖို့က နံပါတ်တစ် အရေးကြီးဆုံးပေါ့နော် အဲကျန်တာတွေကတော့ ကိုယ်ယုံကြည်တဲ့နိုင်ငံရေး အတွေးအခေါ် ကတော့ လက်ကိုင်ထားလို့ရတယ် ဒါကတော့ အဲ့လို ဒီမိုကရေစီနိုင်ငံတွေမှာလည်း ဒီအတိုင်းပါပဲယုံကြည်တာကိုးကွယ်လို့ရတယ် ကိုယ်ယုံကြည်တဲ့ အယူဝါဒကို ဆက်ပြီး ကိုင်စွဲလို့ရတယ်လေ အဲဒါကတော့ လူထုကတကယ်လက်ခံလာတယ်ဆိုရင်တော့လည်း ထောက်ခံတဲ့လူများလာတော့လည်း အဲ့စနစ်အတိုင်းပဲ သွားတာပေါ့နော် လူထုကမဟုတ်ဘူး ဖက်ဒရယ်ဒီမိုကရေစီပဲ ကျွန်တော်တို့ဒီတိုင်းနဲ့ပဲသွားတော့မယ် အဲဒီလိုပဲဆိုရင်လည်း ကျွန်မတို့က ဘာမှကန့်ကွက်စရာမရှိပါဘူး အဓိကလူထုဖြစ်စေချင်ဆုံး ဆန္ဒကိုပဲ ကျွန်မတို့ ဦးတည်ပြီးသွားမှာ လုပ်မှာပေါ့နော်
ဆလိုင်း ဒိုခါရ်- ဟုတ်ကဲ့ ဪ ဒီဆရာမ ဒီဆွေးနွေးပေးတဲ့အပေါ်မှာ အာတော်တော်လေး ရှင်းရှင်းလင်းလင်းဖြစ်ပါတယ်ဆိုတော့ ဒီနောက်ထပ်မေးခွန်းအနေနဲ့ ကျွန်တော်သိလို့လားက ဆရာမတို့ဒီအနေနဲ့ တော်လှန်ရေး အတွေ့အကြုံအရသော်လည်းကောင်း၊ ကျွန်တော်တို့ ဒီတော်လှန်ရေးအင်အားစုပေါင်းစုံနဲ့ လက်တွဲလာပြီးတော့ ဒီ တော်လှန်ရေး အာလုပ်ဆောင်နေ ကြတဲ့အချိန်မှာ နိုင်ငံတကာက မြန်မာနိုင်ငံတော်လှန်ရေး အင်အားစု တွေပေါ် အမျိုးမျိုး တုံ့ပြန်မှုရှိတယ် နောက်ဆုံးမှာ ဥပမာအနေနဲ့ ဆိုရင်တော့ဒါစည်းလုံးညီညွှတ်မှု အားနည်းတယ်ဆိုတဲ့ ထောက်ပြချက်တွေလည်းပေါ်လာတယ်ပေါ့နော် နောက်ဆုံးအနေနဲ့ သည်လွန်ခဲ့တဲ့လ ဒီ ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ညီလာခံမှာအစည်းအဝေးတက်လာတဲ့သူတွေ တော်တော်များများက မြန်မာပြည်မှာဖြစ်ပွားခဲ့တဲ့ ငလျင်ကိုအကြောင်းပြပြီးတော့မှ စစ်ကောင်စီကို လက်ခံတွေ့ဆုံ ပြီးတော့မှ နိုင်ငံတော်ကိုယ်စားပြုအစိုးရသဖွယ် ဆက်ဆံ လာတဲ့ ဟာတွေနဲ့ ကျွန်တော်တို့တွေ့ မြင်နေရတာဆိုတော့ အခုလက်ရှိကျနော်တို့ တော်လှန်ရေး အင်အားစုတွေပေါ်မှာ ဆရာမအနေနဲ့ ဘယ်လိုမြင်နေလဲ ကိုယ့်ကိုယ်ကို အားရကျေနပ်မှုပိုင်းမှာ ဘယ်လိုမြင်သလဲပေါ့နော် အဲဒီပေါ်နိုင်ငံတကာရဲ့ တုံ့ပြန်မှုကျေနပ် အားရမှုရှိမှာပေါ့နော်
ရဲဘော် နီနီကျော် – နိုင်ငံတကာ အရမ်းတုံ့ပြန်မှုကကျတော့ အနောက်နိုင်ငံတွေကလည်း ဒီမိုကရေစီဒီမိုကရက်တစ်နိုင်ငံဖြစ်စေချင်တယ်ပေါ့နော် ဗမာပြည်ကို တောက်လျှောက်လည်း သူတို့အားပေးတိုက်တွန်းတာတွေ ထောက်ခံတာအများကြီးရှိတယ် ပေါ့နော်ဒါပေမဲ့ တကယ့် တကယ် ကျတော့ လုံးဝကြီးပြောင်းလဲသွားတဲ့ အဆင့်ထိကို ကူညီပေးတာမတွေ့ရဘူးပေါ့နော် အဓိကအိမ်နီးချင်း တရုတ်ဆိုလို့ရှိရင်လည်း သူတို့အကျိုးစီးပွားအဓိကပေါ့နော် အခု အိန္ဒိယဆိုရင်လည်း လုံးဝမကူးတော့ဘူးပေါ့နော် အိန္ဒိယဆိုရင်လုံးဝ ကူတာကို မတွေ့ဘူး ပေါ့နော် ထိုင်းတို့ဘာတို့ဆိုရင် အတိုက်အခံပါတီတွေဘာတွေကတော့ ကူချင်တယ်လိုလား တယ်ပေါ့ ဒီဒီဘက်ကိုဒီမိုကရက်တစ်အင်အားစုတေ ဒီမိုကရေစီနိုင်ငံဖြစ်အောင် တွန်းအားပေး ချင်တယ် ဒါပေမယ့်အခုတက်နေတဲ့ အစိုးရဆိုရင်သူတို့က သိပ်မကူချင်ဘူးအဓိကကတော့ သူတို့အကျိုးစီးပွားတွေပေါ့နော် လက်ရှိကအာဏာကိုကိုင်ထားတာက ဟိုဘက်က ဘယ်လောက်ပဲ (၉၅)မြို့လောက်နိုင်တယ်ပဲပြောပြောပေါ့နော် တကယ်လည်းရှိအသက်သွေး ကြောတွေ တိုင်းပြည်ရဲ့ဒီလက်နက်ခဲယမ်းတွေ အသက်သွေးကြောတွေ ပိုက်ဆံတွေက စစ်တပ်ထဲမှာပဲရှိတဲ့အခါကျတော့ သယံဇာတတွေကစစ်တပ်ကပဲ အဓိကကိုင်နေတဲ့အခါ ကျတော့ အဲစစ်တပ်နဲ့ပဲ တည့်အောင် ပေါင်းမှ သူတို့အကျိုးစီးပွားတွေ ရှာလို့ရမှာဆိုတော့ နိုင်ငံတကာကလည်း ဟိုဒီမင်းအောင်လှိုင်နဲ့ မျက်နှာမပျက်ချင်ဘူးပေါ့နော် ဒီဘက်က အင်အားကို ကူချင်လဲ သူတို့တိုးတိုးတိတ်တိတ်တော့ ထိထိရောက်ရောက်မဟုတ်ဘူး ဟိုဘက် ကို မျက်နှာမပျက်အောင် သံတမန်ဆက်ဆံရေး နိုင်ငံတကာဆက်ဆံရေးပုံစံမျိုးနဲ့ တရားဝင် နေလို့ ဖွင့်ပြီးဆက်ဆံနေတဲ့အခါကျတော့ တော်လှန်ရေးကလည်း ကြန့်ကြာသွားနိုင် တာပေါ့နော် ဒါပေမဲ့ကျမတို့ကတော့ ပြည်တွင်းက အားကိုပဲ ယူပြီးတော့ ကိုယ်ထူ ကိုယ်ထ တော့လုပ်ရမှာပေါ့နော် စိတ်တပ်ကတော့ ကိုယ်ထူကိုယ်ထားသွားရမယ် ဒါပေမယ့် နိုင်ငံတကာက တစ်နိုင်ငံလွတ်မြောက်ဖို့ဆိုတာ ဘေးပတ်ဝန်းကျင်အကူအညီပံ့ပိုးမှုကလည်း အများကြီးလိုတယ်ပေါ့နော် အခုအိန္ဒိယဆိုရင် ဒီနွေဦးတော်လှန်ရေးမှာ သူဘာမှဖြစ်ဖြစ် မြောက်မြောက်ကူတာမတွေ့ဘူးပေါ့နော် အဲထိုင်းဆိုလည်းအဲ့တိုင်းပဲအခုသူတို့ business ညီလာခံမှာလာတတ်တဲ့ နိုင်ငံတွေကြည့်လိုက်ရင်ဘင်္ဂလားဒေ့ရှ်တို့ကို အိန္ဒိယတို့နော် သီရိလင်္ကာအကုန်ပါတယ် အဲ့ဒီနိုင်ငံတွေကလည်း အခုဒီမှာဒီဒီမိုကရက်တစ်အင်အားစုတွေ တော်လှန်ရေးအင်အားစုတွေကို ဘာမှ ထိထိရောက်ရောက်မကူးပေါ့နော် အားရစရာမရှိဘူး ပေါ့နော် ပြောမယ်ဆိုရင်တော့ဒါပေမယ့် နိုင်ငံတကာကလည်းသူတို့အတွေးအခေါ်တွေ ပြောင်းဖို့တော့လိုတာပေါ့နော် တစ်ချိန်လုံးကိုယ့်အကျိုးပဲကိုကြည့်နေတာမျိုးတွေ မလုပ်ဘဲနဲ့ တကယ့်အဲ့အိမ်နီးချင်းနိုင်ငံရဲ့ ဒုက္ခတွေရောက်နေတဲ့ပြည်သူတွေရဲ့ မျက်နှာကိုကြည့်ပြီးတော့ ရေရှည်လည်းဆက်ဆံရမယ် ပြည်သူရင်းကဆက်ဆံနေရမှာပဲပေါ့နော်. အဲဒါကိုကြည့်ပြီးတော့ အမ်ဟို.အလုပ်လုပ်မယ့်ကူညီမယ်ဆိုရင်တော့ ဗမာပြည်ကတော့ မကြာခင်လွတ်မြောက် လာမှာပေါ့နော် အဲ့လိုအဲ့လိုမျိုးယုံကြည်တယ်
ဆလိုင်း ဒိုခါရ်- ဆရာမပြောသားပဲဟာထဲမှာလည်း နည်းနည်းထစ်ပြီးတော့မှ ပြောတော့ပြောထား ပါတယ် ကျွန်တော်ဒီ အခုလက်ရှိနိုင်ငံတိုင်းလိုလိုက ကျွန်တော်မြန်မာ့ရေချဉ်းကပ်တဲ့အချိန်မှာ ကိုယ်ကြိုးကိုပဲရှေးရှုပြီးတော့မှ ကြည့်ကြတာပေါ့နော် သို့သော်လည်း ကိုယ်ကျိုးလို့ပြောတဲ့ အချိန်မှာ အခုကျနော်တို့တော်လှန်ရေး အင်အားစုတွေလိုလားတာကလည်း ဒီမိုကရေစီ ဖြစ်တယ် နောက်တခုအနေနဲ့ ဒီမြန်မာနိုင်ငံအရေးပေါ် တရုတ်ရဲ့လွှမ်းမိုးနေမှုတွေကို လျှော့ချချင်တဲ့ ဆန္ဒတွေရှိကြတယ် Indiaနဲ့ တော်လှန်ရေး လက်ရှိတော်လှန်ရေး အင်အားစုတွေထဲက ဟိုရပ်တည်ချက်ကဒီ၂ခုနဲ့ တောင်အကျိုးစီးပွားတူတဲ့ပုံစံမျိုး ဖြစ်နေတယ် သို့သော်လက်ရှိအိန္ဒိယရဲ့ ရပ်တည်ချက်က စကစ ဘက်နည်းနည်းယိုင်သလိုမျိုး ဆိုတဲ့ ဟာမျိုးတွေလည်း ပြောတဲ့ဆရာမကိုယ်တိုင်ဆွေးနွေးထဲမှာလည်း ဒါကိုယ်ကျိုးကြည့်ပြီး တော့မှ စစ်ကောင်စီနဲ့ ပူးပေါင်းဖို့များနေတဲ့ပေါ်မှာ လက်ရှိအိန္ဒိယရဲ့လုပ်ဆောင်ချက်က သူ့နိုင်ငံအတွက်တကယ်အကျိုးရှိတဲ့လား သူ့အနေနဲ့စကစနဲ့ပူးပေါင်းနေတဲ့ဟာ ဒီအပေါ် သုံးသပ်ပေးပါဦးခင်ဗျာ
ရဲဘော် နီနီကျော် – အိန္ဒိယပဲဖြစ်စေ တရုတ်ပဲဖြစ်စေပေါ့နော် ဒီလိုဟိုဒီလို မင်းဆိုးမင်းညစ်ပေါ့နော် ဟို တကမ္ဘာလုံးကနေ အော်ကျောလန်ပြီး ဒီတိုင်းပြည်ကလူတွေကလည်း ဒီဟာကိုကလေးက အစတစ်ယောက်မှ မကျန်ပေါ့နော် သူတို့ကိုမလိုလားတဲ့ ဒီစစ်ကောင်စီဖက်ဆစ်စစ်တပ်ကို ဘယ်လိုပဲဖြစ်ဖြစ် အကျိုးစီးပွားကြောင့်ဖြစ်စေ နိုင်ငံရေးအကျိုးဆိုးရွားပေါ့နော် လူမှုရေး အကျိုးစီးပွားစီးပွားရေးအကျိုးစီးပွားတွေ ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် အဲပတ်သက်နေတာ ကိုယ်က သူတို့နိုင်ငံတွေရဲ့ဂုဏ်သိက္ခာတွေကျဆင်းစေတယ် အဲဒါကိုသူတို့ ရှင်းရှင်းလင်းလင်း သိရမယ် အခုအဲအိန္ဒိယကဒီမိုကရေစီ နိုင်ငံကြီးလို့ပြောတယ် ဒါပေမဲ့တကယ်ကျတော့ အခု ဒီမိုကရစ်တစ်အင်အားစုတွေကို အရင်ကတော့ ကူတယ်၊ အခုမကူဘူး ခုချိန်မှာ အရေးကြီးအကူအညီလိုနေတဲ့အချိန်မှာ သူမကုန်အဲ့ဒါသူတို့နိုင်ငံရဲ့ imageကို အရမ်းထိခိုက် တယ် တရုတ်ပြည်ဆိုလည်း ဒီအတိုင်းပဲပေါ့နော် တကယ်လူထုကိုတကယ်စာနာတယ်ဆိုရင် ဒီစစ်ကောင်စီဘက်ကိုဘာမှကို ရပ်စရာအကြောင်းမရှိဘူး သူတို့အတွက်ဒါ ဂုဏ်သိက္ခာ တကယ် ထိခိုက်တဲ့. လိပ်စာကြီးပေါ့နော် ဒီမင်းအောင်လှိုင်ဖက်ဆစ်စစ်တပ်ကို သွားပြီးတော့ လူရာသွင်းပြီး ဆက်ဆံနေတဲ့ဥစ္စာ လုံးဝမလုပ်သင့်ဘူး တကယ်ဒီမိုကရက်တစ်အင်အားစုတွေ ဒီဖိနှိပ်ခံပြည်သူတွေတော်လှန်ရေးအဖွဲ့လို့ တတ်နိုင်သလောက်ဦးမ နည်းပညာပေါ့ ငွေရေး ကြေးရေးပိုင်းပေါ့နော် အကုန်ပေါ့ သူတို့ကူညီနိုင်တဲ့အပိုင်းကသံတမန်ရေးပိုင်းပေါ့နော် လမ်းလွဲနေတဲ့လူကိုဆွဲခေါ်တာတွေ ဖိအားပေးတာတွေမျိုးစုံလုပ်ပြီးတော့ ဒီဗမာပြည် လွတ်မြောက်တဲ့အထိပေါ့နော် ဝိုင်းပြီးတော့ လုပ်ပေးသင့်တယ်လို့အဲလိုမြင်တယ်
ဆလိုင်း ဒိုခါရ်- ဒီနေရာမှာ ဆရာမအနေနဲ့ အသေးစိတ်ပိုပြီးတော့ ဆွေးနွေးစေလိုတဲ့ ဟာက အခု ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ပြည်သူတွေရဲ့အကျိုးစီးပွားကို ကြည့်ပြီးတော့မှအိန္ဒိယကလည်း သူ့အကျိုးစီးပွား မထိခိုက်တရုတ်ကလည်း သူ့အကျိုးရှိသောမထိခိုက်ဘဲနဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားအပေါ်မှာ ရှေးရှုပြီးတော့မှ မြန်မာနိုင်ငံအရေးကို အဖြေရှာလို့ရမလား ဆိုတဲ့ ဟာပေါ့နော် အခုတရုတ်ဖယ်ရဲ့ပါဝင်မှုတွေဟာမျိုးကား လောလောဆယ် လားရှိုးကိစ္စ ဟာမျိုးပြဿနာ ဖြေရှင်းပုံပေါ်မှာတော့ ပြည်သူတွေကကျေနပ်အားရမှုသိပ်မရှိဘူး အိန္ဒိယ ဘက်ကလည်းအစိတ်အပိုင်း တချို့အနေနဲ့ သူပါဝင်တဲ့ဟာတွေပေါ်မှာ ဝေဖန်မှု ခံနေရ တာတွေ ရှိတယ်ဆိုတော့ ဒီသူတို့ကိုယ်ကျိုးစီးပွားကိုရှေ့ရှုပြီးတော့မှ မြန်မာနိုင်ငံကို ချဉ်းကပ် သော်ငြားလည်း မြန်မာပြည်သူအကျိုးမထိခိုက်ဘဲနဲ့ ချဉ်းကပ်လို့မရဘူးလား ဒီအပေါ်မှာ နည်းနည်း အသေးစိတ်ကို ပြန်သုံးသပ်ပေးပါခင်ဗျား
ရဲဘော် နီနီကျော် – တကယ်သတ္တိရှိရှိလုပ်မယ်ဆိုရင် အိန္ဒိယဆိုတာလည်း တကယ့်နိုင်ငံကြီးပဲလေ ဒီမိုကရေ စီနိုင်ငံရေးပဲ တရုတ်ဆိုလည်း တကယ်နိုင်ငံကြီး တကယ်လည်းစီးပွားရေးအရချမ်းသာနေပြီး နည်းပညာရှေ့ရောက်နေပြီ ရပ်တယ် ဒီမိုကရက်တစ်အင်အားစုမှာဟုတ်ပြီ ဒီတိုင်းပြည်မှာပဲ အေးချမ်းသွားမယ် ဘယ်တော့မှလည်း ဆက်လက်မဖြစ်တော့ဘူး သူတို့လည်း စီးပွားရှာခြင်း အေးဆေးရှာရမယ်ဟုတ်လား တရုတ်ပြည်လမ်းပဲဖြစ်ဖြစ် အိန္ဒိယအလမ်းပဲဖြစ်ဖြစ် ကြိုက်သလို သွားကြိုက်သလိုသွား ကြိုက်သလိုသူတို့စီးပွားရှာလို့ရတယ် ဒီနိုင်ငံအေးချမ်းမှု ဆိုရင် ဒီလူထုတစ်ရပ်လုံးကြိုက်တဲ့ အစိုးရပေါ်ထွန်းအောင် လုပ်ပေးမှသာ. ဒီသူတို့ အကျိုးစီးပွားမထိခိုက်ဘူး ရေရှည်မှာပေါ့နော် သူတို့ရဲ့နိုင်ငံတွေရဲ့ဂုဏ်သိက္ခာလည်း မထိ ခိုက်ဘူးအဲ့လိုဖြစ်အောင် လုပ်လို့ရတယ်လေ အခုချိန်ကျတော့သူတို့က ဒီမင်းအောင်လှိုင် မျက်နှာကိုပျက်မှာ သူတို့ကစိုးနေတာ ဒီလူထုကိုကောင်းကောင်းမကူရဲဘူး လူထု ဘက်လိုက်တဲ့ လူ မကူရဲဘူး အဲ့မှာ ဒုက္ခတွေရောက်နေတာတွေကို လက်ပိုက်ကြည့်သလို ဖြစ်နေတာပေါ့နော် လူထုဘက်ကို လုံးဝပြတ်ပြတ်သားသား ရပ်ချလိုက်တယ်ဆိုရင် မင်းအောင်လှိုင်လည်း အဲ့လိုတောင်မခံနိုင်တော့ဘူးသူတို့ အခုလေကြောင်းတခုပဲရှိတာသူ့မှာ. အဲဒီလေကြောင်းကလည်း. ဘယ်သူမှ ကူမယ့်လူမရှိလို့ရှိရင် ဓာတ်ဆီတွေလည်း ဒီဇယ်ဆီ တွေပေါ့နော် လေယာဉ်ဆီတွေမရောင်းပေးတော့ဘူး နည်းပညာတွေမလုပ်တော့ဘူးဆိုရင် သူတို့ကပစတွေတောင်တချို့ရပ်တဲ့ဟာတွေ ရပ်နေဆိုတော့ လူထုဘက်ကို ပြတ်ပြတ် သားသား အကုန်တက်ညီလက်ညီရပ်လိုက်မယ်ဆိုရင်ပေါ့ အဲ့ဒါဆိုရေရှည်မှာလူထုလည်း အကျိုးရှိ သူတို့လည်းအကျိုးရှိဖြစ်မှာ အခုဆိုရင်အခု စစ်ကောင်စီဘက်ကို သွားရပ်လို့ အဲ့လိုမြွေမသေတုတ်မကျိုးပေါ့နော် စစ်ကောင်စီကလည်း အမြစ်ကပြုတ်လို့မရဘူး ဒီဘက် ကလည်းမနိုင်ဘူးအဲ့မှာ ကန့်လန့်ဖြစ်ရင်လူထုကလည်း ဒုက္ခရောက်မယ်သူတို့လည်း အဲဒီလိုပေါ့နော် ဟိုဘက်ဆက်ဆံရမှာ လို့ဒီဘက်ဆက်ဆံလို့သူတို့ရဲ့ အိမ်မက်ရင်လည်း အရမ်းထိခိုက်တယ် ဒီမိုကရေစီနိုင်ငံဆိုပြီးတော့လည်း ဟိုအဲ့လိုပေါ့ ဖက်ဆစ်တွေနဲ့ သွားပေါင်း နေတဲ့ဟုတ်ပြီနော် ဒီဘက်ကကွန်မြူနစ်နိုင်ငံဆိုလည်း ဒီဘက်စစ်တပ်တွေနဲ့ သွားမတ်တပ် ရပ်ပြီးတော့ လည်ပင်းချိတ်ပြီးတော့ ပေါင်းနေတယ်ဆိုရင် လက်ချင်းချိတ်ပေါင်းတယ်ဆို အဆင်မပြေဘူးလေ တခြားနည်းတွေနဲ့ သူတို့လုပ်ရမှာပေါ့နော် နည်းနာရှာမယ်ဆို ရှာလို့ရ ပါတယ် အများကြီးရှာလို့ရပါတယ်
ဆလိုင်း ဒိုခါရ်- တရုတ်ကတော့ သူ့နည်းသူ့ဟာနဲ့ ကိုယ်မူဝါဒတွေချမှတ်ပြီးမှ တော်လှန်ရေးအင်အားစု ဖက်ကိုရော စစ်ကောင်စီဘက်ကိုရော ဒီအပေါ်တင်နဲ့ပုံဖော်နေတယ် ဒါပေမဲ့ဒီပြည်သူတွေ ကြိုက်ခြင်းမကြိုက်ခြင်းကတော့ ခဏထားရသို့သော် အခုလက်ရှိအိန္ဒိယနေနေက ဒီမြန်မာ့အရေးအပေါ်မှာ ဘယ်လိုပုံဖော်သလဲဆိုတဲ့ဟာလည်း ဒီထင်သာမြင်သာမရှိဘူး ဒါပေမဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လာရင် ရလဒ်ကအိန္ဒိယကနေလည်း သူဖြစ်စေချင်တဲ့ နိုင်ငံရေးရလဒ်တချို့ ရှိကောင်းရှိလာနိုင်ခြေရှိတဲ့ အနေအထားဖြစ်တယ်ဆိုတော့ အိန္ဒိယအနေနဲ့ တရုတ်အကျိုးစီးပွားကိုလည်း မထိခိုက်ဘဲနဲ့ ပြည်သူ့အကျိုးစီးပွားကိုလည်း မထိခိုက်ဘဲနဲ့တော်လှန်ရေးအင်အားစုတွေပဲနဲ့ လက်တွဲလုပ်ရမယ့်နည်းလမ်းဟာမျိုးရှိလား အဲ့လိုဘယ်လိုဟာမျိုးမှာဆိုရင် အိန္ဒိယဖြစ်နေတဲ့ ကူညီသင့်တယ်ဆိုတဲ့ဟာမျိုးလေးတွေ နည်းနည်းဆွေးနွေးလိုတဲ့ဟာရှိတယ် အဲ့ဒါနဲ့ဆွေးနွေးပေးပါဦး
ရဲဘော် နီနီကျော် – ကျွန်မမြင်တာကတော့လေ ဒီတရုတ်ကိုပေါ့နော် နိုင်ငံရေးအရ ဖိအားပေးရမှာ တွေရှိတယ်ပေါ့နော် သူတို့သံတမန်ရေးအရ ဖိအားပေးရတာတွေပျော့ပျော့ပျောင်းပျောင်း ပြောရတာတွေရှိမယ် ဖိအားပေးရတာတွေရှိမယ် ဒါကနိုင်ငံရေးလိုင်းပေါ့နော် ဒီထဲမှာကျတော့ ဥပမာနည်းပညာပိုင်းတွေ ဒီဘက်ဒီမိုကရက်တစ် အင်အားစုနည်းပညာပိုင်းတွေ သူတို့ ကူရမှာတွေရှိတယ်ပေါ့နော် အဲ့မှာအခုဆို ရန်သူ့တပ်ကနေပြီးတော့ ဒရုန်းတွေ ဘာတွေ တအားသုံးပြီးတော့ တိုက်နေတယ်ပေါ့နော် အဲ့အခါကျတော့အဲလိုမျိုးတွေ နည်းပညာတွေ droneတွေ ဟိုရန်သူ့ထက်သာတဲ့ဟာတွေကို ပေးနိုင်ရင်တော့ ကောင်းတာပေါ့နော် အဲ့ဒါဆို တရုတ်ကိုတော့မထိခိုက်နိုင်ပါဘူး သူကဝင်ပါလာရင်လည်း ဒီလိုပဲပြတ်ပြတ်သားသား လူထု သဘောထားကိုတော့ ထုတ်ဖော်ရမှာပေါ့နော် ဒါမျိုးတွေဝင်ပါတဲ့ ဥစ္စာတွေကရေရှည်မှာက လူထုအတွက် အကျိုးမဖြစ်ဘူးဆိုတဲ့ဟာကိုလေ အမ်တရုတ်ကဏ္ဍကိုခဏထားပြီးတော့ အိန္ဒိယဘက်ကအရင်လိုပဲ ရှစ်ဆယ့်ရှစ်တုန်းက ကူသလိုမျိုးပေါ့နော် ဆက်ကူပြီးတော့ အစွမ်းကုန်ရှိမယ်လို့ ကျမတို့ကအဲလိုမြင်တယ် ဘာလို့လဲဆိုတော့ သူကအိမ်နီးချင်း နိုင်ငံလည်းဖြစ်တယ် အကြီးဆုံးဒီမိုကရေစီနိုင်ငံလည်းဖြစ်နေတော့လေ ဒီတို့ကစံနမူနာ ပြအနေနဲ့သူက လုပ်ပြသင့်တာပေါ့နော် သူကမလုပ်ပြဘဲနဲ့ဆိုရင် ဒီမိုကရေစီနိုင်ငံကို သွားချင်တယ်ဆိုရင် လူထုကဘယ်သူ့ကိုစံနမူနာပြပြီးတော့ သွားပြီးတော့ အားကိုးရ မှန်းကိုမသိဘူးဖြစ်တော့မှာလေ သူ့ဘက်ကနေအဲ့လိုပေါ့နော် ဒီပရဟိတတွေအနေနဲ့ ကိုယ်တာမျိုးတို့ နည်းပညာပိုင်း ငွေရေးကြေးရေးပိုင်းတို့သူတို့ ကူနိုင်တဲ့အပိုင်းပေါ့ ဟိုသူတို့ တရုတ်နဲ့ကျတော့လည်း သူတို့ သံတမန်ရေးအရ ဖိအားပေးတာတွေ ညှိနှိုင်းဆွေးနွေးတာတွေ အဲ့ အချင်းချင်းထောက်ပြတာတော့ မလုပ်သင့်ဘူးတို့ကတော့ ဒီဘက်ကိုရပ်တော့မယ် ဒီလိုအခြေအနေပေါ့နော် တယောက်တစ်ယောက် ပွင့်ပွင့်လင်းလင်း ပြောပြီးတော့ အဲ့လို မျိုးတွေ သွားသင့်တယ်လို့မြင်တာပဲ
ဆလိုင်း ဒိုခါရ်- ဆိုတော့ ကျနော်တို့လက်ရှိ မြန်မာနိုင်ငံအရေးကို ကျွန်တော်တို့ အဖြေရှာ မယ်ဆိုရင်တော့ ဖြစ်နိုင်ခြေအလားလာနှစ်မျိုးရှိတယ်လို့ ကျွန်တော်တို့ ယုံကြည်မှုရှိ ကြတယ် ပေါ့နော် ပထမကတော့နိုင်ငံတကာဖိအားပေးမှုတွေကြားမှာ စစ်ကောင်စီဖက်နဲ့ တော်လှန်ရေး အင်အားစုတွေဘက်က ငြိမ်းချမ်းရေး စားပွဲဝိုင်းပေါ် ပြန်တွေ့တဲ့ဟာမျိုးလည်း ဖြစ်လာနိုင် သလို ဒုတိယနည်းလမ်းတစ်မျိုးကတော့ စစ်ကောင်စီကိုဖြုတ်ချပြီးတော့မှ တော်လှန်ရေး အင်အားစုတွေ သီးသန့်နေတဲ့ဆွေးနွေးဟာဖြစ်လာနိုင်တယ်လို့ ကျွန်တော်တို့ဟာ ယူဆလို့ ရတာပေါ့ ဆိုတော့ ဒီအပေါ်မှာ တရုတ်၊ ထိုင်းတို့ဆိုရင်တော့ တော်လှန်ရေးအင်အားစု ဖက်ကိုလည်း အားပေးထောက်ခံမှုပြတဲ့အနေနဲ့ တွေ့ဆုံဆွေးနွေးမှုဟာမျိုး တချို့ရှိတယ် ဒါပေမယ့် နိုင်ငံတော်တော်များများ အခုဒီအိန္ဒိယတို့အပါအဝင် အာဆီယံနိုင်ငံအဖွဲ့ဝင် တော်တော်များက စစ်ကောင်စစ်ဖက်ကိုပဲ ဆက်ဆံလာတဲ့အခါမှာ စောနကကျွန်တော်တို့ စဉ်းစားတဲ့ မြန်မာနိုင်ငံအတွင်းနိုင်ငံရေး အဖြေပြန်ရှာဖို့နည်းလမ်း၂မျိုး အဲ့လိုမျိုးထဲက တစ်မျိုးမျိုးဖြစ်လာလဲဆိုရင် ကျနော်တို့တော်လှန်ရေးအင်အားစုတွေ ဘက်က ကျွန်တော်တို့ အခက်ခဲဆုံးအချိန် ကာလမှာ လျစ်လျှူရှုတဲ့အုပ်စုတွေနဲ့လက်တွဲမှုခိုင်မာပါ့မလား အဲ့ဒီ အပေါ်မှာ ဖြစ်လာနိုင်ခြေအလားအလာ တွက်ချက်ပေးပြီးတော့မှ နိုင်ငံတကာအနေနဲ့ အခု တော်လှန်ရေးကာလမှာ မြန်မာ့အရေးပေါ်မှာ ဘယ်လိုချဉ်းကပ်သင့်သလဲဆိုတာလေးလည်း နည်းနည်း အကြံပြုပေးပါဦးခဗျာ
ရဲဘော် နီနီကျော် – အဓိကကတော့ သူတို့အခု ဆွေးနွေးပွဲလမ်းကြောင်းကို ဆွဲခေါ်နေကြတယ်ပေါ့နော် တချို့က ဒီပြည်တွင်းကလည်း ဒီလိုလက်နက်ကိုင်တိုက်တာကို နဂိုကတည်းက သိပ်ပြီးတော့သဘောမကျဘူး နိုင်ငံရေးသမားတွေလဲရှိတာကိုး ဟိုလူထုအရမ်းနစ်နာနေပြီ အဲ့တော့ ငြိမ်းချမ်းရေးစားပွဲဝိုင်းကို သွားမှာဖြစ်မယ်ဆိုတဲ့ ပြည်တွင်းကလည်းအုပ်စုကလည်းရှိတာကိုး ပြည်ပကလဲအဲ့လိုပေါ့ ဟိုဒီလက်နက်ကိုင်တော်လှန်ရေးစပြီး အရှိန်တက်ခါစအချိန်နဲ့ကွာ သူကငြိမ်းချမ်းရေးသွားဖို့ပဲ ပြောတာလေ အေးပြောတဲ့ ကိစ္စကလည်းအမေရိကန်လည်းပါတဲ့ အာဆီယံလည်းပါတယ် မှတ်မိသလောက်ပေါ့နော် ပြီးတော့ တရုတ်ကဆက်ပြောလာတယ်ပေါ့ အမ်းဆိုတော့သူတို့က ငြိမ်းချမ်းရေးကိုသွားစေချင်တယ် မှန်တယ်ကျမတို့ကလည်းသွားချင်တယ် ဘယ်သူမှသည် အကြမ်းဖက်ပြီးတိုက်ချင်လို့တိုက်နေတာ မဟုတ်ဘူး တစ်ယောက်မှ အသက်က ဘယ်သူမှပိုမပါဘူးလေနော် တိုက်ချင်လို့တိုက်နေတာမဟုတ်ဘူး လူထုတွေသေကြေပျက်စီးနေတာကို မခံနိုင်လို့ဒီလိုမဟုတ်တိုက်ရင်မရဘူးဆို ဘယ်လိုတိုက်နေတာလေငြိမ်းချမ်းရေးကို မလုပ်ချင်လို့မှမဟုတ်တာ ဒါပေမဲ့ကျမတို့က အခုချိန်မှာပေါ့နော်ရန်သူက တိုင်းစစ်ဌာနချုပ်ဥပမာ၁၄ခုရှိတယ် ၁၄ခုရှိတယ်ဆိုတော့ အခုနှစ်ခုတိုက်နိုင်ပြီပေါ့နော် အခုလားရှိုးပြန်ပေးလိုက်အနိမ့်ဆုံး၁၄ခုမှ လေးခုအနည်းဆုံးတစ်ဝက်လောက်၇ခု လောက်တိုက်နိုင်ပြီဆိုရင်ပေါ့နော် ကိုင်နိုင်ပြီဆိုတဲ့အချိန်မျိုးပြောတယ်ဆိုရင် ဒါတစ်မျိုးငြိမ်းချမ်းရေးဆွေးနွေးပွဲဟုတ်တယ်မှတ်လား အေးလိုမျိုးကိုယ်က မလုပ်နိုင်သေးဘဲနဲ့ပေါ့နော် အခုရခိုင်မှာတိုက်သလို အင်နဲ့အားနဲ့တိုက်သလိုမျိုး ကေအိုင်အေမှာတိုက်သလိုမျိုး ကျန်တဲ့အဖွဲ့တွေကမတိုက်နိုင်သေးဘူး PDFက မတိုက်နိုင်သေးဘူး အဲ့လိုမတိုက်နိုင်သေးတဲ့အချိန်မှာသွားပြီးတော့ ဆွေးနွေးလို့ရှိရင်တော့ ကိုယ်ကဘာမှရမှာမဟုတ်ဘူး အခုချိန်မှာအတင်းတွန်းတွန်းတာပဲ အဖတ်တင်မယ်စစ်ကောင်စီကလည်း သိတဲ့အတိုင်းပဲဟိုရွေးကောက်ပွဲလုပ်မယ် သိတယ်မှတ်လား လူဘယ်နှယောက်မှမရှိလည်း ဟိုအရင်ကလည်းလုပ်တာပဲ ကချင်တို့ဘာတို့ဆိုရွာလေးတစ်ရွာ၊ မြို့တစ်မြို့လို့သာ ပြောတာ လူက ဘယ်လောက်မှမရှိဘူး ထောင်ဂဏန်းလောက်ပဲရှိတဲ့နေရာမှာ လွှတ်တော်အမတ်တွေရွေးလုပ်သွားရတဲ့နည်းနဲ့ လုပ်မှာပေါ့နော်မဲတွေဆိုလည်း မသမာတဲ့မဲတွေဆာလာအိတ်နဲ့အပြည့်တေလုပ် ပေါင်းထည့် အဲ့လိုမျိုးလုပ်သွားတာတွေရှိတော့ သူတို့ကတော့ လုပ်မှာပဲလေ ရွေးကောက်ပွဲလမ်းဆိုရင်လည်း အတင်းတွန်းမှာပဲ ရဲကလည်း မြန်မာပြည်အရေး သိပ်မနားလည်တာရော မစာမနာနဲ့ ငြိမ်းချမ်းရင်ပြီးရော ဆိုပြီးတွန်းမှာပဲ အခုအတင်းတွန်းလို့ အခုသူမဲရွေးပွဲလုပ်လိုက်ရင်လည်း လူထုက မကြိုက်ရင် ပြန်တော်လှန်နေမှာပဲ ခဏငြိမ်းချမ်းပြီး ခဏပြန်တော်လှန်မှာပါပဲ သူတို့က အခြေခံရိုးသားမှုမရှိဘဲနဲ့ အခုချိန်မှာ ငြိမ်းချမ်းရေးစားပွဲမှာ တက်လုပ်ရတော့ တော်လှန်ရေးအင်အားစုတွေအတွက်လည်း ဘာမှ ကောင်းကျိုးမရှိဘူး လူထုအတွက်လည်း ဘာမှ ကောင်းကျိုးမရှိဘူး စစ်ကောင်စီအတွက်ပဲ ကောင်းကျိုးရှိသွားမှာ အဲ့ဒီလိုပဲမြင်တယ် စစ်ကောင်စီကို နိုင်အောင်တိုက်ပြီးတော့ လုံးဝကြီးပေါ့နော် 100% မနိုင်ရင်တောင် အနည်းဆုံး ၇၀ ရာခိုင်နှုန်းလောက် ၆၀ ရာခိုင်နှုန်းကျော်လောက် တိုက်နိုင်ပြီးတော့မှ ဆွေးနွေးတယ်ဆိုရင်မဆိုးဘူးပေါ့နော် အေး အဲ့လိုနိုင်အောင်မတိုက်နိုင်သေးဘဲနဲ့ သွားဆွေးနွေးရင်တော့ သူတို့ပြောချင်တာပြောနေမှာပဲ အခု ဒီတအာင်းကို ပြောသလိုပေ့ါ သိမ်းထားတဲ့မြို့ (၁၂)မြို့ကို အကုန်လုံးနီးပါးပြန်ပေး ဟိုဖက်ကိုလည်း ပြန်ပေး ဒီဖက်ကိုလည်း ပြန်ပေး လုပ်မှာပဲလေ အခု PDF နဲ့မဆွေးနွေးလို့ ဆွေးနွေးတာနဲ့ မင်းတို့သိမ်းထားတဲ့ ကိုးမြို့ကို ပြန်ပေးလို့ လုပ်မှာပဲလေ အဲ့ဒါဘယ်လိုမှ လုပ်လို့မရတဲ့ ကိစ္စလေ သူတို့လုပ်လာမှာ ဆိုတော့ ငြိမ်းချမ်းရေးစားပွဲက အခုချိန်မှာ စောသေးတယ်ပေါ့နော် ရန်သူ့အကြိုက်ပဲ ဖြစ်သွားမှာ ရန်သူပဲ အကျိုးမြတ်ရသွားမှာလေ ကိုယ့်အတွက်က ဘာမှတော့ရမှာမဟုတ်ဘူး လူဆိုးကတော့ တုန်ရင်းတုန်ရင်းဖြစ်ပြီးတော့ နာပြီးသာမှတ်တော့ အဲ့လိုပဲမြင်တယ်
ဆလိုင်း ဒိုခါရ်– ဆိုတော့ ဒီနောက်ဆုံးပိုင်းအနေနဲ့ ကျွန်တော်မေးချင်တာက ဆရာမအနေနဲ့ ကျွန်တော်တို့အခုချိန်မှာ မြန်မာနိုင်ငံ သံတမန်ရေးနှင့်ပတ်သက်ရင် ပြည်တွင်းရေးပါဆိုပြီးတော့မှ အိမ်နီးချင်းနိုင်ငံတေကလည်း မျက်ကွယ်ပြုကြတယ် အနောက်နိုင်ငံတေကလည်း လေလှိုင်းပေါ်တေက ဝမ်းနည်းကြောင်းတေကလွဲပြီးတော့ ကျန်တဲ့ထိရောက်တဲ့ ကူညီမှုမရှိဘူးဖြစ်နေတဲ့ခါကျတော့ ကျွန်တော်တို့ တိုင်းပြည်တကယ်လို့သာ တော်လှန်ရေးအောင်မြင်တယ်ဆိုရင် အနာဂတ် မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဟာမျိုးက ဘယ်လိုပုံစံဖြစ်သင့်သလဲပေါ့နော် ကျွန်တော်တို့အနေနဲ့ ကြိုပြီးတော့ စဉ်းစားထားသင့်တယ်ဆိုပြီးတော့ ဒီဟာလည်း ဆွေးနွေးပေးပါအုံး
ရဲဘော် နီနီကျော် – ကျွန်မမြင်တာပေါ့နော် နိုင်ငံတကာကလည်း ၈၈ နောက်ပိုင်းလည်း ကူတယ်ပေါ့နော် ကူချင်တယ် ဒီမိုကရက်တစ်နိုင်ငံဖြစ်အောင်တွန်းတယ်ပေါ့နော် ဒါပေမယ့် တဖက်မှာလည်း သူတို့က စစ်တပ်နဲ့ပေါင်းပြီးတော့ ကူညီနေတာတေရှိတယ် အနောက်အုပ်စုတေက ဆဲန်ရှင်ဆိုပြီးတော့ အကုန်ဖြတ်ချလိုက်တဲ့အချိန်မှာ သူတို့က မင်းတို့ပိတ်လည်းရတယ် ငါတရုတ်ကဖွင့်တယ် တရုတ်နဲ့ဆက်ဆံပြီးတော့ သူက အာဏာမပျက်ထိန်းသွားတယ်ပေါ့နော် ဆိုတော့ နောက်ပိုင်းကျတော့ အနောက်အုပ်စုတေကလည်း ပြန်ပြီးတော့ ဆက်ဆံရတာတေရှိတယ် ဘာလို့လဲဆိုတော့ သူတို့က အရှေ့မှာသာ စီးပွားရေးပိတ်ဆို့တယ်ဆိုပြီး တရားဝင်ပိတ်ဆို့ပြောနေတာ နောက်ကွယ်ရာမှာ လက်နက်ရောင်းပေးတာတို့ ဥပမာ ရဲသင်တန်း၊ စစ်သင်တန်းပေးတာတို့ အဲ့ဒါမျိုးတေလုပ်နေမယ်ဆိုရင်တော့ အဆင်မပြေဘူးပေါ့နော် သူတို့ရဲ့ သံတမန်ရေး ဆက်ဆံရေးမူကလေ အခုဟာက ကျွန်မအနီးစပ်ဆုံးမြင်တာက ထိုင်းရဲ့နိုင်ငံခြားရေးပေါ်လစီ ဘာပဲပြောပြော နှိုင်းယှဉ်ချက်အရ မဆိုးဘူးလို့ မြင်တယ်ပေါ့နော် သူ့ရဲ့လိမ္မာပါးနပ်မှုပေါ့နော် လိမ္မာပါးနပ်မှုလုပ်တဲ့ခါကျတော့ စီးပွားရေးကိုလည်း အဆင်ပြေတယ်ပေါ့နော် တရုတ်ဆိုရင်လည်း ထိုင်ပြီးဆဲနေတာမရှိဘူး တရုတ်က ဘာဖြစ်တယ် ညာဖြစ်တယ် ထိုင်ပြီးဆဲနေတာမရှိ ဗမာကိုလည်း ထိုင်မဆဲဘူး အမေရိကန်ကိုလည်း ဘယ်သူ့ကိုမှ မဆဲဘူး သူတို့စီးပွားရေးပေါ့နော် သူတို့တိုင်းပြည်တိုးတက်ဖို့ပေါ့နော် သူတို့လုပ်တယ်ပေါ့နော် ဆိုတော့ ကျမတို့ဗမာပြည်က ဘယ်လိုဖြစ်နေလဲဆိုတော့ စစ်ကောင်စီလက်ထက်မှာ လူတေက စိတ်အခြေအနေ အရမ်းပေါက်ကွဲပြီး တခုခုဆို ဖေ့စ်ဘုတ်မှာဖြစ်ဖြစ် ဘယ်မှာဖြစ်ဖြစ် ထစ်ကနဲဆို ဆဲလိုက်မယ် ဆဲလိုက်မယ်ပေါ့နော် ကျွန်မတို့နိုင်ငံရဲ့ image လည်း ထိတယ်ပေါ့နော် ပြောမယ်ဆိုရင် အိမ်နီးချင်းနိုင်ငံတေက ဘယ်အစိုးရပဲအုပ်ချုပ်အုပ်ချုပ် ဆက်ပြီးတော့ အဆင်ပြေအောင် ဆက်ဆံရအုံးမှာ အထူးသဖြင့် အင်အားကြီးနိုင်ငံတေဆို ပိုအဆင်ပြေအောင်ဆက်ဆံရမှာ အဲ့တော့ သူတို့လုပ်တာ မှားနေတဲ့ဟာ ဆိုရင်လည်း သံတမန်ရေးနည်းအရ နိုင်ငံရေးနည်းအရ လူကြီးလူကောင်းဆန်ဆန် ထောက်ပြမယ် ဒါမျိုးတေလုပ်ရမယ်ပေါ့နော် နိုင်ငံရေးနည်းတေနဲ့လုပ်ရမယ် အလကားနေရင်း လူမျိုးရေးတေ မုန်းတီးပြီးတော့ ဟိုဆဲ ဒီဆဲ တချိန်လုံးဆဲနေတယ်ဆိုရင် အဲ့ဒီနည်းနဲ့ချဉ်းကပ်တာလည်း အဆင်ပြေမနေဘူး တရုတ်ကလည်း NUG တို့ဘာတို့နဲ့ တိုးတိုးတိတ်တိတ်ဆွေးနွေးပြီးတော့ တက်လာတဲ့အစိုးရ လူထုထောက်ခံတဲ့အစိုးရကို သူတို့ ထောက်ခံပါ့မယ်ဆိုပြီးတော့ ပြောထားပြီးသား အဲ့ဒါကျတော့ ကျမတို့က သိတယ် ဒါပေမယ့် အခုနောက်ပိုင်းကျတော့ ဒါတွေ စားမရဖြစ်ပြီးတော့ တရုတ်အလံတေမီးရှို့တာ တရုတ်သံရုံးရှေ့ ဆန္ဒပြတာတွေဖြစ်တဲ့ခါကျတော့ ဇာတ်လမ်းက တစ်ဆင့်ချိုးပြန်ပြောင်းသွားပြီးတော့ မင်းအောင်လှိုင်ဖက် ရပ်တယ်ဆိုတဲ့ ပုံစံဖြစ်ကုန်ရော ဆိုတော့ ကျမတို့ နိုင်ငံခြားရေးကိုလည်း ပါးပါးနပ်နပ်နဲ့ လုပ်သင့်တယ်ပေါ့နော် ထိုင်း တို့ဘာတို့ အတုယူသင့်တာ ကို အတုယူရမှာပေါ့ ဒီဒီမိုကရက်တစ်နိုင်ငံတေမှာလည်း လူတယောက်ကိုဖြစ်ဖြစ် လူမျိုးတမျိုးကိုဖြစ်ဖြစ် နိုင်ငံတနိုင်ငံကိုဖြစ်ဖြစ် အလကားနေရင်း စော်ကားမော်ကား ပြောလို့ ဆိုလို့ မရဘူးလေ သူ့စည်းသူ့ကမ်းနဲ့ပေါ့ မကြိုက်ရင်လည်း မကြိုက်တဲ့အတိုင်းပေါ့ တကယ့်ကို နိုင်ငံရေးဆန်ဆန် စကားလုံးတွေသုံးပြီးတော့ ထောက်ပြတာ ဝေဖန်တာ လုပ်သင့်တယ် အလကားနေရင်း ဟိုလူမျိုးတမျိုး နိုင်ငံကို သွားဆဲဆိုတဲ့ဟာကို ကျွန်မတို့ တိုင်းပြည်အတွက် ကောင်းကျိုးမရှိဘူး ဆိုးကျိုးပဲဖြစ်လာမယ်လို့ အဲ့လိုမြင်တာပဲ အဲ့ကြောင့်မို့ နိုင်ငံခြားရေးဟာကိုလည်း နောင်တက်လာတဲ့အစိုးရကိုလည်း တော်လှန်ရေးနိုင်သွားလို့ NUG ပဲတက်တက် နောက်ထပ်အစိုးရပဲ တက်လာတက်လာ အိမ်နီးချင်းနိုင်ငံတေနဲ့လည်း အဆင်ပြေအောင် ဆက်ဆံရမယ် အနောက်နိုင်ငံတေနဲ့လည်း အဆင်ပြေအောင် ဆက်ဆံရမယ် သူတို့အချင်းချင်း ပွတ်တိုက်မှုဖြစ်ရင်လည်း ကိုယ်က ကြားထဲက မညှပ်အောင်နေတတ်အောင်ပေါ့ နေတတ်အောင်နေရမယ် အခု ကဲ ကြည့် ဗမာပြည်သို့ အမေရိကန်ဝင်လာမှာစိုးလို့ တရုတ်က စိတ်ပူတယ် တရုတ်နဲ့ အမေရိကန်နဲ့ တယောက်နဲ့တယောက် စိုးရိမ်ပြီးတော့ မင်းလည်းမဝင်နဲ့ ငါလည်း မဝင်နဲ့ မင်းလည်းမကူနဲ့ ငါလည်းမကူနဲ့ ကျွန်မတို့ ဗမာပြည်ပဲနစ်နာတယ် တခုခု အချင်းချင်းဖြစ်လာလို့ တိုက်ပွဲတေ ဖြစ်လာလည်း ယူကရိန်းထက်အခြေအနေဆိုးမယ် ဗမာပြည်က ဘာမှမရှိဘူး ပြားချပ်နေပြီ အဲ့ဒါကြောင့် ကျွန်မတို့က အင်အားကြီးနိုင်ငံတေက ကူမယ်ဆိုရင် တကယ့် စေတနာသန့်သန့်နဲ့ ကူညီမယ်ဆိုလည်း တခြားနည်းတွေနဲ့ ကူညီပြီးတော့ ဗမာပြည်ထဲ စစ်ပွဲတေလာခင်းတဲ့ဟာကိုတော့ မလုပ်စေချင်ဘူး အိန္ဒိယပဲဖြစ်စေ အမေရိကန်ပဲဖြစ်စေ တရုတ်ပဲဖြစ်စေ တကယ်စေတနာသန့်သန့်နဲ့ကူမယ်ဆို တခြားနည်းတေနဲ့ကူလို့ရပါတယ် ကျွန်မတို့ ဒီမိုကရက်တစ်အင်အားစုတေက နိုင်ငံခြားရေးပေါ်လစီကို ဂုဏ်သိက္ခာရှိရှိ ဉာဏ်ပညာနဲ့လွှာ သုံးပြီးတော့ နိုင်ငံတကာဆက်ဆံရေးကို အကျိုးရှိအောင် အသုံးချသင့်တယ်လို့ မြင်တယ်
ဆလိုင်း ဒိုခါရ်– ဟုတ်ကဲ့ ကျွန်တော်တို့ အခုချိန်မှာ အိမ်နီးချင်းနိုင်ငံတေအပါအဝင် နိုင်ငံတကာက ငလျင် အကြောင်းပြုပြီးတော့မှ စစ်ကောင်စီနဲ့ ဆက်ဆံမှုတေလည်း များလာတဲ့ခါကျတော့ ပြည်သူတေ အနေနဲ့ တချို့တော်လှန်ရေးအပေါ်မှာ နိုင်ငံတကာကူညီမှု မဲ့နေပြီလား ဆိုတဲ့ စိုးရိမ်ချက်လေး တေလည်း ရှိကြောင်းကို ကျွန်တော်တို့ သိနေရပါတယ် ဆိုတော့ ဒီဟာနဲ့ပတ်သက်ပြီးတော့မှ နောက်ဆုံးအနေနဲ့ ပြည်သူတွေကို အားပေးစကားလေး ပြောပေးပါအုံး
ရဲဘော် နီနီကျော် – ကမ္ဘာမှာလည်း သူ့သောကနဲ့သူပေါ့ ပြဿနာလည်း ပေါင်းစုံတေရှိနေတော့ တခါတလေကျရင် ကျမတို့ ဗမာပြည်မှာတောင် ဖေ့စ်ဘုတ်သုံးကြတယ်ဆိုရင်တောင် ပေါ်ပြူလာဖြစ်တဲ့ သတင်းတေ လောက်ပဲ လူတေက အာရုံက လိုက်သွားပြီးတော့ ကျန်တဲ့ တကယ့် ဒုက္ခသောက တွေနဲ့ဟာ မေ့သွားတတ်တာတေရှိတယ်ပေါ့နော် အဲ့လိုပဲပေါ့ သူတို့မှာလည်း သူတို့အကျိုးစီးပွား သူတို့ မျက်စိအောက်မှာပေါ်တဲ့ ပေါ်ပြူလာဖြစ်တဲ့ သတင်းနောက်တေကိုပဲ လိုက်ပြီးတော့ အာရုံက ရောက်သွားတာမျိုးတေရှိတယ်ပေါ့နော် မစာနာတာမဟုတ်ပေမယ့် အဲ့လိုမျိုးတွေဖြစ်သွားတော့ ကိုယ့်ကို မေ့နေသလိုမျိုးတေဖြစ်သွားတာပေါ့ ဒါပေမယ့် သူတို့ကတော့ မမေ့ပါဘူးနှစ်တေ လည်းကြာလာတဲ့အပေါ်မှာ အီလာတဲ့အပေါ်မှာ ပြည်တွင်းက တချို့လည်း စိတ်ဓါတ်ယိုင်နဲ့ လာတာတေတော့ ရှိမှာပေါ့နော် ဒါပေမယ့် ကျမတို့က စိတ်ဓါတ်ကျလို့မရဘူး ဒီစစ်ကောင်စီဟာ သမိုင်းဆက်ဆက်မှာ ဒီတခါက သူက လုံးဝအထိနာဆုံးအချိန် ရုပ်ပျက်ဆင်းပျက် ပြိုကျနေတဲ့ အချိန်ပဲပေါ့နော် အဲ့ခါကျတော့ ဒီနွေဦးတော်လှန်ရေးမှာ အသက်တေပေးသွားခဲ့တဲ့ ခေတ်အဆက် ဆက်မှာလည်း အသက်တေပေးသွားကြတဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမတေ အကုန်လုံးရှိတယ် ပေါ့နော် သူတို့ရဲ့ အနစ်နာခံပေးဆပ်မှုတေ ရဲစွမ်းသတ္တိရှိစွာနဲ့ တိုက်ပွဲဝင်မှုကြောင့် အခုစစ်ကောင်စီ ဟာ နောက်ဆုံးပြိုလဲဖို့ နီးလာပြီပေါ့နော် ဒီလိုမြင်ကွင်းမျိုး ကျမတို့တသက်မှာ အရင်က မမြင်ဖူးခဲ့ ဘူးပေါ့နော် ဒီလိုအခွင့်အရေးမျိုးလည်း မရရှိခဲ့ဘူး ဒါကြောင့်မလို့ လူထုအနေနဲ့ပေါ့နော် နောက်ဆုံး ပိတ်နော် ပန်းဝင်ခါနီးမြင်းလို မြင်းကောင်းခွာလိပ်မဖြစ်ဖို့လိုတယ်ပေါ့နော် ငါတို့က နိုင်ပြီဆိုပြီးတော့ လှေလှော်ပြိုင်ပွဲလိုပေါ့ တက်ထောင်တာတွေ မလုပ်မိဖို့လိုတယ်ပေါ့ အဲ့တော့ ကိုယ့်အချင်းချင်း အပြန်အလှန်ပေါ့ လူမျိုးတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ဘာသာတူသည်ဖြစ်စေ မတူသည်ဖြစ်စေ အဖွဲ့အင်အားကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ဒါတေအကုန်လုံးဟာ အသက်တေနဲ့ရင်းပြီးတော့ ဖက်ဆစ်စစ်တပ်ပြုတ်ကျအောင်တိုက်နေတာ အဲ့တော့ အပြန်အလှန်လေးစားမှုတွေနဲ့ တယောက် အဖွဲ့မှာ ဘာတေလိုနေလဲ တယောက်က ကူပေးရမယ် နည်းပညာလိုလား ငွေရေးကြေးရေးလိုလား ဘာလိုလဲ အပြန်အလှန်ကူညီရမယ် အပြန်အလှန်လေးလေးစားစားနဲ့ ဆက်ဆံရမယ် NUG ကလည်း ငါအင်အားအကြီးဆုံးပဲ ငါ့အောက်ဝင်မှ ငါ့အောက်မဝင်ရင် မင်းတို့ကိုလက်မခံဘူး ဥပမာဆိုရင်ပေါ့နော် အဲ့ဒါဆိုရင် ကန့်လန့်တိုက် အချင်းချင်းကလည်း တစ်ရွာ တစ်ဗိုလ်လုပ်ပြီးတော့ မင်းကဘာလဲ ငါကဘာလဲ ဖြစ်နေလို့ မရဘူး အကုန်လက်ချင်းချိတ်ပြီးတော့မှ လက်နက်ပေးနိုင်တဲ့အဖွဲ့ဆိုရင်လည်း လက်နက်ပေးနိုင်တဲ့ အဖွဲ့နဲ့ ချိတ်ဆက်ရမယ်ပေ့ါနော် လက်နက်ပေးနိုင်တဲ့အဖွဲ့ကလည်း လက်နက်ပေးနေတာပဲ ကျန်တဲ့လူကို လက်အောက်ငယ်သားလို သဘောထားမယ် ဂရုမစိုက်ဘူး ပေါ့နော် သေစရာရှိရင် သူတို့ပဲပေးတိုက် ငါတို့နောက်က အသာလေးနေမယ်ဆိုတာမျိုး လုပ်လို့မရဘူး ကိုယ်ကျိုးတေကို စွန့်ပြီးတော့ ခေါင်းဆောင်တေကလည်း စစ်မြေပြင်နဲ့ အနီးဆုံးနေရာတေမှာ လက်တွေ့ဆင်းပြီးတော့ပေါ့နော် တကယ်ဆက်ပြီးတော့ ဒီတလှိုင်းနှစ်လှိုင်းကို သေချာတွန်း လိုက်နိုင်တယ် နိုင်ငံတကာကလည်း သူတို့ပေါ်လစီတေချိန်းပြီးတော့ သေချာတွန်းပေးမယ် ကူပေးမယ်ဆိုရင်တော့ ဒီစစ်ကောင်စီဟာ မကြာခင်မှာပေါ့နော် လုံးဝပုံးပုံးလဲ ပြိုကျသွားမယ်လို့ အဲ့လိုယုံကြည်တယ် ဒါကြောင့်မလို့ ပြည်သူလူထုဟာ လုံးဝစိတ်ဓါတ်မကျပါနဲ့ အောင်ပွဲဟာ လှမ်းမြင်နေရပြီ အဲ့တော့ ဆက်ပြီးတော့ ကူပါအုံး တော်လှန်ရေးသမားတွေကိုလည်း ကူပါအုံး သားသမီးတေကိုလည်း တော်လှန်ရေးအတွက် ပေးလှူပါအုံး လူကြီး လူငယ်မရွေးပေါ့နော် ဘေးကပဲ လက်ခုတ်တီးပြီးတော့ ကြည့်နေတာမျိုးတေ မလုပ်ဘဲနဲ့ပေါ့နော် ကိုယ်တိုင် ကိုယ်ကျ ပါဝင်ပြီးတော့ ဆောင်ရွက်ရင် မကြာခင်မှာ ဗမာပြည်မှာရှိတဲ့ လူမျိုးပေါင်းစုံ ပြည်သူတရပ်လုံးမြင်ချင်တဲ့ အနာဂတ်တိုင်းပြည် လှပတဲ့တိုင်းပြည်တခု မြင်လာတော့မှာပါလို့ မကြာတော့ပါဘူးလို့ အားလုံးရဲ့ စုပေါင်းစွမ်းအားတေနဲ့ မကြာခင်မှာ မြင်လာတော့မှာပါလို့ အားတင်းထားကြပါလို့ အားမငယ်ပါနဲ့လို့
ဆလိုင်း ဒိုခါရ်– ဟုတ်ကဲ့ ကျွန်တော်တို့ကို အခုလိုအချိန်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်
ရဲဘော် နီနီကျော် – ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်