ဩဂုတ် ၃
The Kaladan Post
ချင်းတွင်းမြစ်ကြောင်းအထက်ပိုင်းတွင် စစ်သင်္ဘော (၁) စီးနှင့် တွဲတွန်းသင်္ဘော (၁၀) စီးအား ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် Chindwin Fighter Group (CFG) နှင့် Brave Heart Army (B.H.A) တို့ ပူးပေါင်းကာ ရှေ့ထွက်မိုင်း ၃ လုံးနှင့် ပွိုင့် ၁ ပွိုင့်ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း Chindwin Fighter Group (CFG) တပ်ဖွဲ့ရဲတာဝန်ရှိသူတစ်ဦးက The Kaladan Post သို့ သတင်းပေးပို့ထားပါသည်။
ထို့အပြင် လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်တွင် ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း အသေးစိတ်သတင်းများကို ဆက်လက်စုံစမ်း နေဆဲဖြစ်ကြောင်းသိရသည်။ လက်ရှိစစ်ကောင်စီ သင်္ဘောများသည် မုံရွာမှာရှိနေဆဲဖြစ်ပြီး ဘယ် ကို ဦးတည်ပြီး ခရီးဆက်မည်ကိုတော့ အတိအကျမသိသေးကြောင်း တာဝန်ရှိသူက ဆိုသည်။ အဆိုပါတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ လက်နက်ငယ်မျိုးစုံဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များမှာ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်း သိရ သည်။ တော်လှန်ရေးအင်အားစုများအနေဖြင့် အချင်းချင်း ညီညွတ်စွာ ပူးပေါင်းကာ အာဏာရှင် စစ်တပ်ကို တိုက်ထုတ်ရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။ ဤညီညွတ်မှုဖြင့်သာ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဖြစ်သည်။ စစ်အာဏာရှင်စနစ်ကို အမြန်ဆုံးနိဂုံးချုပ်နိုင်ရန် ပြည်သူများအနေဖြင့် မလျော့သောဇွဲဖြင့် ဆက်လက်ပူးပေါင်းပါဝင် ပေးကြရန် အထူးတိုက်တွန်းတောင်းဆိုထားသည်။