ဇူလိုင် ၉
The Kaladan Post
ပဲခူးတိုင်းဒေသကြီး ၊ အောင်သပြေကုန်းရွာသို့ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့တွင် စစ်ကြောင်းထိုးဝင် ရောက်လာသော အကြမ်းဖက် စစ်ကောင်စီစစ်ကြောင်းအား ဝရဇိန်တပ်ဖွဲ့နှင့် သံတောင်မြောက်ပိုင်း ပြည့်သူ့ကာကွယ်ရေးအဖွဲ့တို့မှ နံနက် (၈) နာရီ ဝန်းကျင်ခန့်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဝရဇိန် တပ်ဖွဲ့ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ဝရဇိန်တပ်ဖွဲ့ရဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက “ ဒီတိုက်ပွဲ့မှာ စစ်ကောင်စီဘက်က (၃) ဦး ထိခိုက်သေဆုံးခဲ့ပြီး ဒဏ်ရာရှိသူ တွေလည်းရှိပါတယ် ဒဏ်ရာရသူကိုတော့ စာရင်းအတိအကျမသိရသေးပါဘူး ပြီးတော့ သူတို့ဟာ သေဆုံးသူတွေနဲ့ လူနာများကိုဆွဲပြီး စစ်တောင်းမြစ်အနောက်ဘက်ကမ်းကို ပြန်လည်ဆုတ်ခွာ သွားပါတယ် ” ဟု The Kaladan Post သို့ ပြောဆိုသည်။ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့သည် လိပ်သိုလ် ဘက်သို့ ဦးတည်ပြီး အင်အားဖြည့်ရန် ၁၀၀ ဝန်းကျင်ခန့်ဖြင့် စစ်ကြောင်းထိုးတာဖြစ်ကြောင်း ၎င်း စစ်ကြောင်းသည် တောင်ငူလေဆိပ်အား ရှော့တိုက်ဒုံးနဲ့ပစ်ခံရသောကြောင့် စစ်တောင်းမြစ်အနောက်ဘက်ကမ်းကို စစ်ကြောင်းထိုး လာကြတာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ ဤတိုက်ခိုက်မှုကြောင် ဒေသခံများ အထိ အခိုက်မရှိသလို ဝရဇိန်တပ်ဖွဲ့နှင့် သံတောင်မြောက်ပိုင်း ပြည့်သူ့ကာကွယ်ရေးအဖွဲ့ရဲဘော်များလည်း ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ စစ်ကောင်းစီ စစ်ကြောင်းသည် အချိန်မရွေး ပြန်လည်ထိုးစစ်ဆင်နိုင်သောကြောင့် ဒေသခံပြည်သူများအနေဖြင့် တိုက်ပွဲသတင်းအား အစဥ်အမြဲ သတိပြုနေထိုင်ကြရန် လိုအပ်နေပါသည်။ ဝရဇိန်တပ်ဖွဲ့သည် မင်းအောင်လှိုင်၏ မတရားအာဏာသိမ်းမှုကို လုံးဝလက်မခံဘဲ လက်နက်ကိုင်လမ်းစဥ်ကိုရွေးပြီး အာဏာရှင်စနစ်ပြီးဆုံးသည်အထိ ပြည်သူ ဘက်ကရပ်တည်ပြီး တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း သိရသည်။