စက်တင် ၂၄
The Kaladan Post
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်အိမ်ထောင်စု ၄၁၀စုအတွက် ဆန် ၈၃ အိတ်နှင့် စားသုံးဆီ ၁၉၀ပိဿာတို့ကို “Sosia” နှင့် “ရွှေညာသူ”တို့မှ စေတနာရှိစွာဖြင့် ကူလှူဒါန်းပေး ကြောင်း ကျားသစ်နက်တပ်တော်မတော် Black Leopard Army က သတင်းထုတ်ပြန်ထားပါသည်။
ဤလှူဒါန်းမှုကို ကျားသစ်နက်တပ်မတော် (BLPA) မှ မြေပြင်အရောက် ပို့ဆောင်ဖြန့်ဝေပေးခဲ့ပြီး၊ ရပ်ကျေးမှ တာဝန်ရှိသူများ၏ ပူးပေါင်းပါဝင်ကူညီမှုနှင့် ရဲဘော်များ၏ စွမ်းအားစိုက်ထုတ်လုပ် ဆောင်မှုကြောင့် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။ ဤသို့ထောက်ပံ့ကူညီမှုနှင့် ပတ်သက်ပြီး ကျားသစ်နက်တပ်တော်မတော် Black Leopard Army ၏ တာဝန်ခံ ကိုဥက္ကာက” အခုလိုကျွန်တော် တို့ကူညီပေးနေတယ်ဆိုတာကလည်း စစ်ဘေးရှောင်ပြည်သူတွေကို ဒါလေးလှူချင်ပါတယ်ဆိုပြီး လာပြောတဲ့သူတွေရှိရင် ကျွန်တော်တို့က အလှူရှင်တွေခြင်တဲ့ပုံစံအတိုင်း ကြားခံအဖြစ်ဆောင်ရွက် ပေးတာဘဲဖြစ်ပါတယ် ကျွန်တော်တို့ တပ်ရင်းတပ်ဖွဲ့သည် ပြည်သူနဲ့ တစ်သားတည်းနေရမယ် ပြည်သူတွေ ချမ်းသာရင် ကျွန်တော်တို့လည်း အဆင်ပြေမည် ပြည်သူတွေ ငတ်ရင် ကျွန်တော်တို့ လည်းငတ်မယ် ဒါကြောင့် တတ်နိုင်တာ ဝင်ကူညီပေးတာဖြစ်ပါတယ် “ဟု The Kaladan Post သို့ ပြောဆိုသည်။ သို့သော် လက်ရှိတွင် စစ်ဘေးရှောင်အိမ်ထောင်စု ၂,၀၀၀ ကျော်အတွက် လှူဒါန်းရန် လိုအပ်ချက်များ ကျန်ရှိနေဆဲဖြစ်သည်။ ထပ်မံပါဝင်လှူဒါန်းလိုသူများအနေဖြင့် ကိုဥက္ကာ၏ Facebook အကောင့် (သို့မဟုတ်) ကျားသစ်နက်တပ်မတော်၏ Facebook Page Messenger မှ တစ်ဆင့် ဆက်သွယ်ပါဝင်အားဖြည့်နိုင်ပါကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ကျားသစ်နက်တပ်မတော် (BLPA) ၏ ခြေလှမ်းတိုင်းသည် ဖိနှိပ်ခံပြည်သူလူထု၏ အကျိုးစီးပွား အတွက်သာဖြစ်ကြောင်းနှင့် စစ်ဘေးရှောင်ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာ တွင် စေတနာရှင်များ၏ ပါဝင်ကူညီမှုသည် အလွန်အရေးပါပြီး၊ ဆက်လက်၍ ပူးပေါင်းပါဝင် ကြပါရန် ကျားသစ်နက်တပ်တော်မတော် Black Leopard Army ၏ တာဝန်ခံ ကိုဥက္ကာက တိုက်တွန်း ထားပါသည်။