အောက်တို ၁

The Kaladan Post

ကနီမြို့နယ်၊ ချောင်းမတိုက်ပွဲတွင် စစ်ရှုံးပြီး ထွက်ပြေးလာသော စစ်ကောင်စီတပ်များအား ဖမ်းဆီး နိုင်ခဲ့ပြီး လက်နက်များနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း Union Liberation Front – ULF V 02 က ယမန်နေ့ စက်တင်ဘာလ၃၀ရက်နေ့က သတင်းထုတ်ပြန် ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး Union Liberation Front – ULF V02တပ်ဖွဲ့ရဲတာဝန်ရှိသူတစ်ဦးက” ကနီမြို့နယ် ချောင်းမ‌ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာသော ပသစအပါအဝင် စကစအင်အား ၁၅၀ခန့်ဖြစ်ပါတယ် အဲ့ဒီစစ်ကြောင်းက ချောင်းမတိုက်ပွဲကနေ စစ်ပုံပျက်ပြီး ကစဥ့်ကလျားထွက် ပြေးသွားကြတဲ့ စကစတွေကို လိုက်လံရှာဖွေဖမ်းစီးခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း နယ်မြေရှင်းလင်း ရေး လုပ်ဆောင်တာပြီးသွားပါပြီး ကျွန်တော်တို့လုပ်ငန်းတွေလည်း ပုံမှန်အတိုင်းလည်ပတ်နေပါပြီ “ဟု The Kaladan Post သို့ ပြောဆိုသည်။ ထို့အပြင် စစ်အာဏာရှင်အား အမြန်ဆုံးအနိုင်တိုင်ထုတ် နိုင်ရေးအတွက် Union Liberation Front – ULF V 02 တပ်ဖွဲ့မှ အနောက်မြောက်လွင်ပြင်သို့ ခေါင်း စဥ်ဖြင့် ကမ်းပိန်းပြုလုပ်လျက်ရှိပြီး အဆိုပါကမ်းပိန်းကို တော်လှန်ပြည်သူများအနေဖြင့် ပါဝင်အား ဖြည့်ပေးကြပါရန် တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက တိုက်တွန်းထားပါသည်။ “အနောက်မြောက်လွင်ပြင်သို့’ ကမ်ပိန်းသည် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၂၀ရက်နေ့မှ အောက်တို ဘာလ ၄ရက်နေ့အထိ ကနဦး သတ်မှတ်ထားတာဖြစ်သော်လည်း သတ်မှတ်ထားသောငွေမှ (၂၁ )ရာခိုင်သာ ရရှိသေးအတွက် နောက်ထပ်တစ်လကို ကမ်းပိန်းကာလအဖြစ်ထပ်တိုးဖို့ စီစဥ်ထားကြောင်း ၎င်းက ဆက်လက်ပြော ဆိုသည်။ တော်လှန်ပြည်သူတွေအနေဖြင့် ဒီစစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းသည်အထိ တိုက်ထုတ် ဖို့လိုအပ်နေသေးသောကြောင့် ဒီတော်လှန်ရေးကို မိမိတာဝန်အဖြစ်သတ်မှတ်ကာ “အနောက် မြောက်လွင်ပြင်သို့” ကမ်ပိန်းအား သတ်မှတ်ထားသော ရာခိုင်နှုန်းပြည့်မီနိုင်ရန်အတွက် မိမိတို့ နိုင်သလောက်ဖြင့် ပါဝင်အားဖြည့်ပေးကြရန် Union Liberation Front – ULF V 02 တပ်ဖွဲ့ရဲ့တာဝန်ရှိသူ တစ်ဦးက တိုက်တွန်းထားပါသည်။ ထုအပြင် ၂၀၂၅ခုနှစ်၊စက်တင်ဘာလ ၁၂ ရက်နေ့တွင် ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၂ ဦးကို အသေဖမ်းဆီးနိုင်ခဲ့ပြီး MA-1 သေနတ် ၂ လက်၊ ၅.၅၆ မမ ကျည်ဆန် ၁၇၀ တောင့်နှင့် ကျည်ဘောက် ၈ ခုကို သိမ်းဆည်းရရှိ ခဲ့သည်။ ထို့နောက် စက်တင်ဘာ ၁၈၊ ၂၀၂၅ ရက်နေ့တွင် ထပ်မံ၍ ထွက်ပြေးလာသော စစ်ကောင်စီ တပ်မှ ဒုတပ်ကြပ် ၁ ဦးနှင့် တပ်သား ၂ ဦးတို့ကို အရှင်ဖမ်း ဆီးနိုင်ခဲ့ပြီး MA-1 သေနတ် ၂ လက်၊ MA-2 သေနတ် ၁ လက်၊ ၅.၅၆ မမ ကျည်ဆန် ၂၀၀ တောင့်၊ ကျည်ဘောက် ၈ ခုနှင့် ဖုန်း ၄ လုံးကို သိမ်းဆည်းရရှိခဲ့သည်။ စက်တင်ဘာ ၂၉၊ ၂၀၂၅ ရက်နေ့တွင်လည်း ထွက်ပြေးလာသော စစ်ကောင်စီ တပ်သား ၁ ဦးကို သေဆုံးသည်အထိ ဖမ်းဆီးနိုင်ခဲ့ပြီး MA-1 သေနတ် ၁လက်၊ ၅.၅၆ မမ ကျည်ဆန် ၅၀ တောင့်နှင့် ကျည်ဘောက် ၃ ခုကို ထပ်မံသိမ်းဆည်းရရှိခဲ့သည်။ စုစုပေါင်း စစ်ကောင်စီတပ်သား ၆ ဦးအနက် ၃ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ၃ ဦးမှာ သေဆုံးခဲ့ကာ MA-1 သေနတ် ၅ လက်၊ MA-2 သေနတ် ၁ လက်၊ ၅.၅၆ မမ ကျည်ဆန် ၄၂၀ တောင့်နှင့် ကျည်ဘောက် ၁၉ ခုကို သိမ်းဆည်းရရှိခဲ့ သည်။ ULF V 02 မှ ထုတ်ပြန်ချက်တွင် စစ်ရေးသတိရှိမှုကို အမြဲထားရှိရန်နှင့် အနောက်မြောက် လွင်ပြင်သို့ ကမ်ပိန်းတွင် ပူးပေါင်းပါဝင်ရန် တော်လှန်ရေးလူထုအား မေတ္တာရပ်ခံ နှိုးဆော်ထား သည်။