အပစ်အခတ်ရပ်ဆဲထားသည်ဟု ထုတ်ပြန်ထားသော စစ်ကောင်စီသည် အမှန်တကယ် လေကြောင်းနှင့် ကုန်းကြောင်းထိုးစစ်များ ရပ်ခြင်းမရှိဘဲ ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင် ကျောက်တော်မြို့အား လေကြောင်းဖြင့် ထပ်မံ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ကျောက်တော်မြို့အား စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွင် “အသက် ၁၀ နှစ်ရွယ် မချစ်နှင်းဝေ၊ အသက် ၂၇ နှစ်အရွယ် မကျီကျီဝင်းနှင့် အသက် ၃၄ နှစ်အရွယ် မဦးသန်းမေ တို့ ဒဏ်ရာရရှိသွားခဲ့သည်” ဟု ရခိုင်ပြည်နယ်အခြေစိုက် Western News မှ ဖော်ပြထာ
းပါသည်။
ထို့အပြင် အဆိုပါ လေကြောင်း တိုက်ခိုက်မှုသည် ကျောက်တော်မြို့ထဲက ရွေကျောင်းဘုန်းတော်ကျောင်းအနီး ရပ်ကွက်တွေ ကိုဂျက် ဖိုက်တာဖြင့် ဗုံးကြဲသွားခြင်းဖြစ်ကြောင်း၊ ဗုံးကြဲရာတွင် ပေါင် ၅၀၀ ဗုံးနှစ်လုံဂအသုံးပြုကြောင်းနှင့် လူနေအိမ် ၅ လုံးထက်မနည်းကိုလည်း ထိခိုက်ပျက်စီးသွားစေကြောင်း Western News တွင် ဖော်ပြထားပါသည်။ ဤသို့ ကျောက်တော်မြို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ The Kaladan Post မှ သတင်းအချက်အလက်ရရှိရန် ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်ရေး အခက်အခဲများကြောင့် ယနေ့ သတင်းတင်ဆက်ချိန်အထိ ဒေသခံများနှင့် ဆက်သွယ်နိုင်ခြင်းမရှိသေးပေ။
စစ်ကောင်စီ၏ ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်မှုသည် စစ်ကောင်စီမှ အပစ်ရပ်ဆဲကြောင်း ထုတ်ပြန်းအပြီး အရပ်သားပစ်မှုကို တိုက်ခိုက်သော နောက်ထပ် ရာဇဝတ်မှုဖြစ်သည်။