စက်တင် ၁၁

The Kaladan Post

၂၀၂၅ ခုနှစ်စက်တင်ဘာလ ၆ ရက်တွင် ပွင့်ဖြူဝါစိုက်ပျိုး ရေးတပ်နှင့် ပျူစောထီးများ  အင်အား၃၀ ခန့်ဖြင့် မဒဲကျေးရွာမြောက်ဘက်သို့  ထိုးလာသောစစ်ကြောင်းနှင့် မဲဇလီရဲစခန်းမှ အင်အား ၈၀ ပါ စစ်ကြောင်းများကိုတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း Generation Z Army က သတင်းထုတ်ပြန်ထားပါသည်။ အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး  Generation Z Army ဖွဲ့ရဲတာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီ စစ် ကြောင်း နှစ်ခုစလုံးဟာ အထိနာသောကြောင့် လာရာလမ်းအတိုင်းပြန်လည် ဆုတ်ခွါသွား ပါပြီခင်ဗျ ယခုတိုက်ပွဲနှစ်ခုအတွင်းမှာ စစ်ကောင်စီဘက်က ၁၈ဦးခန့်သေဆုံးခဲ့ပြီး တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ အညာညီနောင်ဘက်က ရဲဘော်တစ်ယောက် လူမျိုးနှင့်တိုင်းပြည်အတွက် အသက်ပေးခဲ့ ပါတယ်ဟု“ The Kaladan Post သို့ပြောဆိုသည်။  အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် နယ်တချို့မှာ အိမ်တွေမီးရှိုးခဲ့တာတွေရှိသလို လမ်းမှာတွေ့တဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ် ခဲ့ကြောင်း  Generation Z Army ဖွဲ့ရဲတာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။ ပွင့်ဖြူဝါစိုက် ပျိုး ရေးတပ်နှင့် ပျူစောထီးများသည်  ကျောင်းကုန်းကြီးကျေးရွာတွင် အင်အားစု ဖွဲ့မှုပြုလုပ်ကာ မဒဲကျေးရွာမြောက်ဘက်သို့ အင်အား ၃၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးဝင်ရောက် လာသဖြင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ လိုက်လံတိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားချိန် ၃၀ မိနစ် ကြာမြင့်ခဲ့ပြီး ရန်သူဘက်မှ ၄ ယောက် ထိခိုက်သေဆုံးခဲ့သည်။ ထို့အပြင်  မဲဇလီရဲစခန်းမှ အင်အား ၈၀ပါ စစ်ကြောင်းသည် မဒဲကျေးရွာဘုန်းကြီးကျောင်းသို့ နေ့လည်ပိုင်းတွင်ရောက်ရှိလာပြီး ညနေ ၄ နာရီ ဝန်းကျင်တွင် အဆိုပါစစ်ကြောင်းအား အညာညီနောင်ပူးပေါင်းတပ်ဖွဲ့မှ လိုက်လံတိုက်ခိုက်ရာ ရှောက်တော-မဲဇလီလမ်းပိုင်းသို့ ထွက်ပြေးသွားခဲ့ပြီး လမ်းပိုင်းတစ်နေရာတွင် အညာညီနောင် မိုင်းကွင်းအားတိုးမိပြီး ၁၄ ဦးဝန်းကျင်ထိခိုက်သေဆုံးခဲ့ကြောင်းသိရသည်။ ၎င်းတိုက်ပွဲအတွင်း သေဆုံးသူများနှင့် ထိခိုက်သွားသည့်ရန်သူများကို ပွင့်ဖြူမြို့နယ် သမ္ဗာဆန္ဒ နာရေးကား/ လူနာတင် ကားဖြင့် နှစ်ကြိမ် ည ၇ နာရီခန့်တွင်သွားရောက်သယ်ယူသွားကြသည်။  အဆိုပါတိုက်ခိုက်မှုကို အညာညီနောင်များဖြစ်ကြသည့် GZA – BNRA -ပွင့်ဖြူ ပကဖ- မင်းဘူးခရိုင် ပကဖတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ မိဘပြည်သူများ အနေဖြင့် ကျေးရွာများအတွင်း စည်းရုံးရေးဆောင် ရွက်စဉ် ကတည်းက ရန်သူစစ်ကြောင်းများနှင့် အတွေ့မခံဖို့၊ ရှောင်ရှားကြဖို့ အမြဲအသိပေးခဲ့သလို  ရန်သူစစ်ကြောင်းများရှိသည့်အခါ  တော်လှန်ရေးတပ်ဖွဲ့များမှ အသိပေးထားသည့် အတိုင်းလိုက်နာ ကြရန် ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ၎င်း စစ်ကောင်စီစစ်ကြောင်းတစ်လျှောက်တွင် ပြည်သူများကို လူသားဒိုင်းအဖြစ်ဖမ်းဆီးကာ မိုင်းကွင်းဖြတ်ခိုင်းခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းများ ကို ပြုလုပ်သွားခဲ့ကြပြီး တစ်မြို့နယ်လုံးအတိုင်းတာဖြင့် အပြစ်မဲ့ပြည်သူ ၉ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ပါသည်။