————————————————————————–
ဩဂုတ် ၁၈
The Kaladan Post
ရွှေဘိုမန်းလေးလမ်းကို အသုံးပြုနေကြသော ခရီးသွားပြည်သူများနှင့် ယဥ်ပိုင်ရှင်၊ ယဥ်မောင်းများအနေ ဖြင့် စစ်ကိုင်းမြို့နယ်ထဲမှ စစ်ကောင်စီတွေ စစ်ကြောင်းထိုးနေသောကြောင့် ရွှေဘိုမန်းလေးလမ်းအား ယနေ့ ၂၀၂၅ခုနှစ်၊ သြဂုတ်လ (၁၈)ရက်နေ့မှစ၍ အသုံးအပြုကြပါရန် ဝက်လက်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (ပကဖ) မှ အသိပေးထုတ်ပြန်ထားပါသည်။
Mya အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက “ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေက အင်အား ၂၀၀ကျော်နဲ့ စစ်ကြောင်းထိုလာတာဖြစ်ပါတယ် သူတို့ဟာဆိုရင် စစ်ကိုင်းမြို့နယ်ထဲက ရွာတွေကို ရွှေဘို မန်းလေး လမ်းတလျှောက် အထိုင်ချထား ပါတယ် “ဟု The Kaladan Post သို့ပြောဆိုသည်။ ၎င်းစစ်ကြောင်းထိုးလာသော စစ်ကောင်စီ စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲများ ခဏခဏဖြစ်ပွားခဲ့သည့်အပြင် ယနေ့မနက်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဖက်မှ ထိခိုက်မှုများစွာရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။
Mya အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက “ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေက အင်အား ၂၀၀ကျော်နဲ့ စစ်ကြောင်းထိုလာတာဖြစ်ပါတယ် သူတို့ဟာဆိုရင် စစ်ကိုင်းမြို့နယ်ထဲက ရွာတွေကို ရွှေဘို မန်းလေး လမ်းတလျှောက် အထိုင်ချထား ပါတယ် “ဟု The Kaladan Post သို့ပြောဆိုသည်။ ၎င်းစစ်ကြောင်းထိုးလာသော စစ်ကောင်စီ စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲများ ခဏခဏဖြစ်ပွားခဲ့သည့်အပြင် ယနေ့မနက်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဖက်မှ ထိခိုက်မှုများစွာရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။ထိုကြောင့်မြေပြင်စစ်ရေးအခြေအနေအရ ရွှေဘိုမန်းလေးလမ်းကြော (ရွာသာကြီး စစ်ကိုင်းလမ်းပိုင်း) ကို ယနေ့ဩဂုတ်လ ၁၈ရက်နေ့ မှစ၍ အသုံးပြု၍ မရအသုံးပြု၍ မရပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ မိဘပြည်သူများအနေဖြင့် ပြန်လည်အသုံးပြုလို့ရမည့်အချိန်ကို ထက်မံမထုတ်ပြန် ခင်အချိန်ထိ ပူးပေါင်းပေးကြပါရန် ၎င်းက တိုက်တွန်းထားပါသည်။