—————————————————————————–
စက်တင် ၅
The Kaladan Post
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအား ပြည်သူ့လွတ် မြောက်ရေးတပ်မတော် (PLA)၊ အနောက်မြောက်စစ်ဒေသ၊ ဆေးတပ်ဖွဲ့မှ စက်တင်ဘာလ ၄ ရက်နေ့မှစတင်ကာ ဆေးကုသမှုနှင့် စားနပ်ရိက္ခာထောက်ပံ့မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း အမှတ် ၈၁၅တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသ၏ ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသ၏ တာဝန်ရှိ သူတစ်ဦးက “စစ်ရှောင်ပြည်သူတွေကို လက်ရှိမှာ လူနာနှစ်ရာဝန်းကျင်ကို ကျွန်တော်တို့က ဆေးကုသမှုတွေ ကူညီပေးခဲ့နိုင်ပါတယ် ပြီးတော့ အိမ်ထောင်စု ၅၀ ဝန်းကျင်ကို တစ်အိမ်ထောင်လျှင် ဆန်တတင်း နှုန်းဖြင့်ထောက်ပဲ့ပေးခဲ့ပါတယ် ကျန်အိမ်ထောင်စု ၂၀ ကျော်ကို တစ်အိမ်ထောင်လျှင် ငွေသား တစ်သိန်း(၁၀၀,၀၀၀) ကျပ်စီဖြင့် ထောက်ပံ့ပေးခဲ့ပါတယ်ဟု “ The Kaladan Post သို့ပြောဆိုသည်။ ယခုလိုစစ်ရှောင်ပြည်သူတွေကို ထောက်ပံ့ပေးသော ငွေကြေးအပါအဝင် ဆန်နှင့်ဆေးဝါးကုသပေး မှုများသည် အလှူရှင်များထံမှ ကြားခံဖြင့်ဆောင်ရွက်ပေးခြင်းအဟုတ်ဘဲ တပ်ဖွဲ့ရဲ့ရန်ပုံငွေကို အသုံးပြုကာထောက်ပံ့ပေးခြင်းဖြစ်ကြောင်း တပ်ဖွဲ့ရဲ့တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
ဩဂုတ်လ ၁၆ ရက်နေ့မှစ၍ ပုလဲ-မင်းတိုင်ပင်-ဂန့်ဂေါ လမ်းတလျောက် ဖက်ဆစ်စစ်တပ်၏ စစ်ကြောင်းထိုးခြင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများကြောင့် ကျေးရွာပေါင်း ၃၀ ခန့်မှ ပြည်သူများ နေရပ်စွန့်ခွာထွက်ပြေးနေရသည်။ယခုအခါ စစ်ဘေးရှောင်ကာလ နှစ်ပတ်ကျော် ကြာမြင့်လာပြီဖြစ်ပြီး PLA ဆေးတပ်ဖွဲ့မှ စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ကူညီမှု များပေးနေသည့်အပြင် ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၏ ခြေလှမ်းတိုင်းသည် အဖိနှိပ်ခံ ပြည်သူများ၏ အကျိုးစီးပွားအတွက်သာ ရည်ရွယ်ထားကြောင်း ၎င်းထုတ်ပြန်ချက်တွင်ဖော် ပြထားသည်။ ဤသို့ စေတနာဖြည့် ကူညီထောက်ပံ့မှုများသည် စစ်‌ရှောင်ပြည်သူများအတွက် ယာယီသက်သာရာရရှိရုံသာမက ဒုက္ခသည်များအား ခိုင်မာသော အနာဂတ်တစ်ခုဆီသို့ ဦးတည် စေနိုင်သည့်အပြင် လူသားချင်းစာနာမှုထောက်ထားမှုဖြင့် ကူညီပေးခြင်းသည် လောကကြီးကို ပိုမို ကောင်းမွန်သော ရေရှည်တည်တံ့သော ဘဝတည်ဆောက်မှုကို အထောက်အကူပြုသည်။