အောက်တို ၂

The Kaladan Post

၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့၊ နံနက် ၉ နာရီ ၃၀မိနစ်ခန့်တွင် ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ကမ်းပြိုကြီးရွာမှ စစ်မှုထမ်းကြေးကောက်ခံရန် ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့ ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂က သတင်းထုတ်ပြန်ထားပါသည်။ အဆိုပါထုတ်ပြန်ချက် နှင့်ပတ်သက်ပြီး သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့ တိုက်ခိုက်ခဲ့တဲ့ စစ်မှုထမ်းကြေးကောက်ရန်ထွက်လာတဲ့ စကစတွေက အင်အား ၂၀ ကျော်ပါတယ် ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကျွန်တို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ ရဲဘော်များက သဲကောဆည်လမ်းဆုံမှ စောင့်ကြိုတိုက်ခိုက်ခဲ့တဲဖြစ်ပြီး စစ်သား ၁ ဦးနှင့် ရဲ ၁ ဦး သေဆုံးပြီး သေနတ် ၂ လက်အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပါတယ်”ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တာဝန်ရှိသူတစ်ဦးက The Kaladan Post သို့ ပြောဆိုသည်။ တိုက်ပွဲအတွင်း လက်နက်ကြီးနှင့် လက်နက်ငယ်များဖြင့် ၄၀ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ အထိနာကာ တပ်ပျက်ပြီး ဆုတ်ခွာသွားခဲ့သည်။ တိုက်ပွဲပြီးဆုံးပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် စစ်သား ၁ ဦးနှင့် ရဲ ၁ ဦး၏ ရုပ်အလောင်းများအပြင် G-3 သေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကာဘိုင်ကျည် ၄၂ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ဓား ၁ ချောင်း၊ ဘတ်တံဆိပ် ၂ ခု၊ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ငွေသား ၅၂၈၀၀၀ ကျပ်နှင့် မှတ်ပုံ တင်ကတ် ၁ ခုတို့ကို သိမ်းဆည်းရရှိခဲ့သည်။ စစ်ခွေးတွေ ကမ်းပြိုကြီးရွာမှာ စစ်မှုထမ်းကြေး ကောက်နေတာကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ ရဲဘော်တွေက စောင့်ကြိုတိုက်ခိုက်ရာ ၄၀ မမ ဗုံးသီးထိမှန်ပြီး စစ်ခွေး ၂ ကောင် ပွဲချင်းပြီးသေဆုံးခဲ့သည်။ သေဆုံးမှုအရေအတွက်က ပိုများနိုင်ပြီး ရှင်းလင်းရေးလုပ်နေတုန်း စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် အထိနာသွားသော အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသဖြင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားနိုင်သောကြောင့် ပြည်သူများအနေဖြင့် ၎င်းတို့အနီးတဝိုက်တွင် သွားလာ နေထိုင်ခြင်းမပြုရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က အသိပေးထားသည်။