———————————————————————
ဩဂုတ် ၁
The Kaladan Post
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော မြို့နယ် ၆၃ ခုတွင် လက်နက်ကိုင်အကြမ်းဖက်မှုများ ချုပ်ငြိမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ယမန်နေ့ ဩဂုတ်လ ၃၁ရက်နေ့ညပိုင်းက အရေးပေါ်အခြေအနေနှင့် စစ်အုပ်ချုပ်ရေး ကြေညာခဲ့ သည်။
အဆိုပါ စစ်အုပ်ချုပ်ရေးကြေညာထားသော (၆၃) မြို့နယ်နှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီး ကောင်းသူဝင်းက “ အာဏာသိမ်းကာလအတွင်းမှာ တစ်မြို့ပြီးတစ်မြို့ပေါ့နော် အထူးသဖြင့်တိုက်ပွဲတွေ ပြင်းထန်တဲ့နေရာ သူတို့ထိန်းချုပ်လို့မရတဲ့နေရာတွေကို အရင်ကတည်းက ဒီစစ်အုပ်ချုပ်ရေးကို ကြေညာ ပြီးသားဖြစ်တယ်ပေါ့ ဒါပေမဲ့ သူတို့ရဲ့ အစိုးရအပိုင်း နာမည်အခေါ်အဝေါ်လည်း အပြောင်းအလဲ လုပ်ပြီးတဲ့ အချိန်မှာ တဆင့်ပြီး ဒီအုပ်ချုပ်ရေးကို ပြန်ပြီးထုတ်ပြန်လိုက်တဲ့သဘောမျိုးပါဘဲ ထူးခြားမှုမရှိပါဘူး”ဟု The Kaladan Post သို့ပြောဆိုသည်။ ဒီ စစ်အုပ်ချုပ်ရေးဆိုတာ သူတို့သတ်မှတ်တဲ့စည်းကမ်းတော့ရှိတာပေါ့ ဥပမာ ညမထွက်ရ ဘာညာပေါ့ကွာ ဒါတွေကလည်း သူတို့နယ်မြေထိန်းချုပ်ပြီး စိုးမိုးနိုင်မှသာ သူတို့လုပ်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီလိုမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံမှာရှိတဲ့ မြို့တွေကို စာရွက်ပေါ်ကနေ စစ်အုပ်ချုပ်ရေးကြေညာတာက ဘာမှထူးခြားမှာ မဟုတ်ပါဘူး ပြီးတော့ သူတို့ ထိန်းချုပ်တဲ့နေရာတွေကို ဒီအုပ်ချုပ်ရေးကြေညာရင်တောင် သိပ်ပြီးကြောက်စရာ မရှိပါဘူး သူတို့က ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်း တစ်မြို့ပြီးတစ်မြိူ့ ဒီစစ်အုပ်ချုပ်ရေးကို ကြေညာ ပြီးသားဘဲ ဖြစ်ပါတယ်။ ဒီ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း သူတို့ ဆုံးရှုံးထားတဲ့မြို့တွေကို ပြန်လည်ထိုးစစ်ဆင်ပြီး ပြန်လည် ထိန်းချုပ်ဖို့ဆိုတာ ကလည်းမလွယ်ဘူး သူတို့ဘက်က စစ်ရေးအရ၊ စီးပွားရေးအရ၊ နိုင်ငံရေးအရ အရေးပါ တဲ့မြို့တွေကို ရွေးပြီးတော့ ပြန်လည်ထိုးစစ်ဆင်တာမျိုးကိုတော့ လုပ်နိုင်ပါတယ် ဥပမာ အမြင်သာဆုံးဆိုရင် မိုးကုတ် လိုမျိုးဖြစ်ဖြစ်ပေါ့နော် ပြီးတော့ သူတို့နဲ့အနီဆုံးမှာ ရှိတဲ့မြို့တွေပေါ့ ဒါတွေကိုသူတို့ဘက်က စစ်ဆင်ရေး ပြန်လည်လုပ်ဖို့ ဆိုရင်တောင် (Resource) ဖြစ်တဲ့ ထုပ်ပို့လမ်းကြောင်း ဥပမာ ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်းစတာတွေကို အသုံးပြုလာမှာဖြစ်ပါတယ် ဒါပေမဲ့ တော်လှန် ရေးတပ်ဖွဲ့တွေက ပြန်လည်ခုခံမှာ ဆိုတော့ ဒီမြို့တွေအားလုံးပြန်ရဖို့ဆိုတာမလွယ်ဘူး နောင်ချိုမြို့ကို သူတို့က အချိန်အများကြီးယူပြီးတော့ ပြန်လည်ထိုးစစ်ဆင်ခဲ့တာ လပေါင်းများစွာကြာခဲ့တယ် ဒါတောင်တစ်မြို့တည်း ဖြစ်တယ် တစ်ရွာပြီးတစ်ရွာ ထိုးစစ်ဆင်ဖို့ဆိုတာ သူတို့အတွက် မလွယ်ကူဘူးဟု ဆက်လက်ပြောဆိုသည်။
အဆိုပါ စစ်အုပ်ချုပ်ရေးကြေညာထားသော (၆၃) မြို့နယ်နှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီး ကောင်းသူဝင်းက “ အာဏာသိမ်းကာလအတွင်းမှာ တစ်မြို့ပြီးတစ်မြို့ပေါ့နော် အထူးသဖြင့်တိုက်ပွဲတွေ ပြင်းထန်တဲ့နေရာ သူတို့ထိန်းချုပ်လို့မရတဲ့နေရာတွေကို အရင်ကတည်းက ဒီစစ်အုပ်ချုပ်ရေးကို ကြေညာ ပြီးသားဖြစ်တယ်ပေါ့ ဒါပေမဲ့ သူတို့ရဲ့ အစိုးရအပိုင်း နာမည်အခေါ်အဝေါ်လည်း အပြောင်းအလဲ လုပ်ပြီးတဲ့ အချိန်မှာ တဆင့်ပြီး ဒီအုပ်ချုပ်ရေးကို ပြန်ပြီးထုတ်ပြန်လိုက်တဲ့သဘောမျိုးပါဘဲ ထူးခြားမှုမရှိပါဘူး”ဟု The Kaladan Post သို့ပြောဆိုသည်။ ဒီ စစ်အုပ်ချုပ်ရေးဆိုတာ သူတို့သတ်မှတ်တဲ့စည်းကမ်းတော့ရှိတာပေါ့ ဥပမာ ညမထွက်ရ ဘာညာပေါ့ကွာ ဒါတွေကလည်း သူတို့နယ်မြေထိန်းချုပ်ပြီး စိုးမိုးနိုင်မှသာ သူတို့လုပ်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီလိုမျိုးမဟုတ်ဘဲ မြန်မာနိုင်ငံမှာရှိတဲ့ မြို့တွေကို စာရွက်ပေါ်ကနေ စစ်အုပ်ချုပ်ရေးကြေညာတာက ဘာမှထူးခြားမှာ မဟုတ်ပါဘူး ပြီးတော့ သူတို့ ထိန်းချုပ်တဲ့နေရာတွေကို ဒီအုပ်ချုပ်ရေးကြေညာရင်တောင် သိပ်ပြီးကြောက်စရာ မရှိပါဘူး သူတို့က ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်း တစ်မြို့ပြီးတစ်မြိူ့ ဒီစစ်အုပ်ချုပ်ရေးကို ကြေညာ ပြီးသားဘဲ ဖြစ်ပါတယ်။ ဒီ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း သူတို့ ဆုံးရှုံးထားတဲ့မြို့တွေကို ပြန်လည်ထိုးစစ်ဆင်ပြီး ပြန်လည် ထိန်းချုပ်ဖို့ဆိုတာ ကလည်းမလွယ်ဘူး သူတို့ဘက်က စစ်ရေးအရ၊ စီးပွားရေးအရ၊ နိုင်ငံရေးအရ အရေးပါ တဲ့မြို့တွေကို ရွေးပြီးတော့ ပြန်လည်ထိုးစစ်ဆင်တာမျိုးကိုတော့ လုပ်နိုင်ပါတယ် ဥပမာ အမြင်သာဆုံးဆိုရင် မိုးကုတ် လိုမျိုးဖြစ်ဖြစ်ပေါ့နော် ပြီးတော့ သူတို့နဲ့အနီဆုံးမှာ ရှိတဲ့မြို့တွေပေါ့ ဒါတွေကိုသူတို့ဘက်က စစ်ဆင်ရေး ပြန်လည်လုပ်ဖို့ ဆိုရင်တောင် (Resource) ဖြစ်တဲ့ ထုပ်ပို့လမ်းကြောင်း ဥပမာ ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်းစတာတွေကို အသုံးပြုလာမှာဖြစ်ပါတယ် ဒါပေမဲ့ တော်လှန် ရေးတပ်ဖွဲ့တွေက ပြန်လည်ခုခံမှာ ဆိုတော့ ဒီမြို့တွေအားလုံးပြန်ရဖို့ဆိုတာမလွယ်ဘူး နောင်ချိုမြို့ကို သူတို့က အချိန်အများကြီးယူပြီးတော့ ပြန်လည်ထိုးစစ်ဆင်ခဲ့တာ လပေါင်းများစွာကြာခဲ့တယ် ဒါတောင်တစ်မြို့တည်း ဖြစ်တယ် တစ်ရွာပြီးတစ်ရွာ ထိုးစစ်ဆင်ဖို့ဆိုတာ သူတို့အတွက် မလွယ်ကူဘူးဟု ဆက်လက်ပြောဆိုသည်။စစ်အုပ်ချုပ်ရေး ကြေညာထားသော မြို့နယ်များမှာ –
၁။ ကချင်ပြည်နယ်၌ KIA ထိန်းချုပ်ထားသည့် ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်၊ ချီဖွေ (၅ မြို့နယ်)။
၂။ကရင်နီပြည်၌ KNDF နှင့် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ရှားတော၊ ဖားဆောင်း၊ မယ်စဲ့ (၃ မြို့နယ်)။
၃။ ကရင်ပြည်နယ်၌ KNU နှင့် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး (၂ မြို့နယ်)။
၄။ ချင်းပြည်နယ်၌ CNF၊ CNDF၊ AA နှင့် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ တွန်းဇံ၊ မင်းတပ်၊ မတူပီ၊ ဖလမ်း (၇ မြို့နယ်)။
၅။ စစ်ကိုင်းတိုင်း၌ PDF ထိန်းချုပ်ထားသည့် ထီးချိုင့်၊ ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲ၊ အင်းတော် (၉ မြို့နယ်)။
၆။မကွေးတိုင်း၌ PDF ထိန်းချုပ်ထားသည့် ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်း၊ ရေစကြို (၅ မြို့နယ်)။
၆။ မန္တလေးတိုင်း၌ PDF နှင့် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်၊ စဉ့်ကူး၊ ငါန်းဇွန် (၃ မြို့နယ်)။
၇။ ရခိုင်ပြည်နယ်၌ AA ထိန်းချုပ်ထားသည့် ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်း၊ တောင်ကုတ် (၁၄ မြို့နယ်)။
ယင်းမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကို စစ်တပ်ဦးစီးချုပ်ထံ လွှဲအပ်ထားသိရသည်။