ဆင်ချောင်းပျူရွာခေါင်းဆောင် လင်းထင်၏ ဘိလပ်မြေဖမ်းဆီး

—————————————————————

ဇွန် ၂၅

The Kaladan Post

ရေစကြိုမြို့နယ်၊ ပခုက္ကူ၊ ရေစကြိုလမ်းပေါ်တွင် ဆင်ချောင်းပျူရွာခေါင်းဆောင် လင်းထင်၏ ဘီ လပ်မြေတင်ဆောင်လာသော ကားတစ်စီးကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၃ ရက်၊ ညနေ ၃ နာရီတွင်Southern YSO PDF တပ်ဖွဲ့က  ဖမ်းဆီးကြောင်းသိရသည်။ အဆိုပါလင်းထင်သည် “စစ်ကောင်စီတပ်ဖွဲ့ တပ်မမှူးထံ ငိုကြွေးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို မကြာခဏ တိုင်ကြားတတ်သူ ဖြစ်ပါ တယ် ဒါ့အပြင် တယ်လီဂရမ်မှာလည်း ရေစကြိုဒေသသတင်းများ ဟူသော  ချန်နယ်မှတစ်ဆင့် မဟုတ်မမှန် သတင်းများရေးသား ဖြန့်ဝေရေးသားတတ်သူဖြစ်သည်  အမြဲဖားယားလုပ်ဆောင် နေသူဟု လူသိများသည်။

ဖမ်းဆီးရမိသော ဘိလပ်မြေကားသည် ဘုရားစေတီပြုပြင်ရန်အတွက် သယ်ယူခွင့်ရထားသည်ဟု မျှောစာတွင် ဖော်ပြထားသော်လည်း၊ အဆိုပါ ဘိတ်မြေများသည် လင်းထင်၏ တပည့်ဖြစ်သူ တင်မိုး အိမ်ဆောက်လုပ်ရန်အတွက်ဖြစ်သောကြောင့် ဖမ်းဆီးခြင်းဖြစ်ကြောင်းသ သိရသည်။ တင်မိုးသည် ဂွေးချိုပျူရွာမှ ပြည်သူ့စစ်တစ်ဦးဖြစ်ပြီး၊ တော်လှန်ရေးအဖွဲ့တစ်ခု၏ တိုက်ခိုက်မှုကြောင့် ဖခင် မြင့်ဝေနှင့် ညီဖြစ်သူ သေဆုံးခဲ့ပြီးနောက် ဂွေးချိုပျူရွာမှ ထွက်ခွာကာ ဆင်ချောင်းပျူရွာတွင် လင်းထင်၏ လက်အောက်ခံအဖြစ် လုပ်ကိုင်နေသူဖြစ်သည်။ ဒါ့အပြင် တင်မိုးသည် လင်းထင်၏ အိမ်အနီးတွင် အိမ်ဝိုင်းဝယ်ယူ၍ အိမ်ဆောက်လုပ်နေပြီး၊ အဆိုပါ ဘိလပ်မြေများကို ဘုရားတည်ရန် ဟု အကြောင်းပြထားသော်လည်း တင်မိုး၏ အိမ်ဆောက်လုပ်ရန်အတွက် လင်းထင်က ကုန်ကျ စရိတ်ထောက်ပံ့ပေးထားကာဝယ်ယူသယ်ဆောင်ခြင်းဖြစ်ပါသည်။

လင်းထင်သည် သိန်းသောင်းချီသော ပိုင်ဆိုင်မှုများရှိသူဖြစ်ပြီး၊ ၎င်းသည် ရွာသစ်မှ ကားသမားတစ် ဦးအား သတင်းမပို့သည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးရိုက်နှက်ခဲ့ သူလည်းဖြစ်သည်။ ထို့အပြင်၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၃ ရက်တွင် ဘိလပ်မြေကားနှင့်အတူ ရေစကြိုမြို့၊ ရုံးပေါင်းစုံမှ စားသုံးဆီ ၁၀၀ ပိဿာပါ ဆီပုံး ၁၀၀ ကိုလည်း လင်းထင်၏ တိုင်ကြားချက်ကြောင့် သိမ်းဆည်းခဲ့သည်။