—————————————————————————-
စက်တင် ၇
The Kaladan Post
တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ် ၊ ဆယ်အိမ်စုကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်‌ကောင်စီတပ်များ ကို တော်လှန်ရေးပူးပေါင်းတပ်များက ဩဂုတ်လ ၂၈ ရက်နေ့ မနက် ၁ဝး၃၀ နာရီ ခန့်တွင် ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း Kanbauk Defense Force က သတင်းထုတ်ပြန်ထားပါသည်။ အဆိုပါထုတ်ပြန် ချက်နှင့် ပတ်သက်ပြီး Kanbauk Defense Force တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲ့ဖြစ်ပွားပြီးမှ စစ်ကူတွေပေးလာတာဖြစ်ပါတယ် ပွိုင့်ဖိုက်ကားနှစ်စီးလာပြီးတော့ ပြည်သူပိုင် ပစ္စည်းတွေကို သယ်ယူပြီး တခြားတွေနှင့် အတူတူကံပေါက်ဖက်ကို ပြန်ထွက်သွားပါပြီ ဟု” ဆိုသည်။
အင်အား (၁၈၀)ခန့်ပါသော စစ်ကောင်စီ စစ်ကြောင်းသည် ဆယ်အိမ်စုကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲနေစဉ် တော်လှန်ရေးပူးပေါင်းတပ်များမှ ၂ နာရီ ခန့် ကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၃၀ ဦးထက်မနည်း ‌သေဆုံးနိုင်ပြီး ထိခိုက်ဒဏ်ရာရသူ များလည်းရှိခဲ့ကြောင်း မျက်မြင်တွေ့ရှိသော ရဲဘော်မှတဆင့် သိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
မိမိတို့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဖက်မှလည်း ရဲဘော်(၁)ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး (၃) ဦး ဒဏ်ရာရ (မစိုးရိမ်ရ) ရှိခဲ့ပါသည်။ ပူးပေါင်းတိုက်ခိုက်ကြသော တော်လှန်ရေးတပ်ဖွဲ့များတွင် ဒေါန စစ်ကြောင်း-၃ (KBDF) ၊ ဒေါနတပ်ခွဲ-၆ (ဝေဟင်တပ်ဖွဲ့) ၊ ဒေါနတပ်ခွဲ-၇(LPF) ၊ ဗထူးတပ်မတော် ( BHA) ၊ ရေဖြူမြို့နယ် ပ.က.ဖ ၊ နဂါးနီပျောက်ကျားတပ်ဖွဲ့ ၊ ထားဝယ် ပြည်သူ့ကာကွယ်ရေးတပ်ဦး (DDPDF) ၊ ဇင်ယော်တပ်ဖွဲ့ ၊ ရာမညမွန်တပ်တော် (RMA) ၊ KNLA တပ်မဟာ(၆) တပ်ရင်း-၂၇ တို့ ပါဝင်သည်။