—————————————————————————–
စက်တင် ၅
The Kaladan Post
ပဲခူးတိုင်း၊ ညောင်လေးပင်-မဒေါက်-ရွှေကျင်လမ်းပိုင်းရှိ အကြမ်းဖက်စစ်တပ်ဂိတ်တစ်ခုကို ယနေ့ စက်တင်ဘာ ၅ ရက် နံနက် ၆ နာရီဝန်းကျင်တွင် Fire Dragon ကွန်မန်ဒို PDF တပ်ဖွဲ့ဝင်များက ပြောက်ကျားဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး နေရာတွင်သေဆုံးခဲ့ကြောင်း ဒေသတင်းဖော်ပြ ချက်များအရသိရသည်။
အဆိုပါသတင်းဖော်ပြချက်များနှင့် ပတ်သက်ပြီး Fire Dragon တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီဂိတ်တွင် အင်အား ၂၀နီးပါးဖြင့် မအိပ်ဘဲ အစောကြီးထိုင်တဲ့ဂိတ်ဖြစ်ပါတယ်ခင်ဗျ အဆိုပါဂိတ်စာဆိုရင် စစ်ကောင်စီအထိုင်ချစခန်း ၆ခုနှင့် နီးတဲ့ဂိတ်ပေါ့ဗျ အဲ့ဒီထဲမှာ စစ်ကောင်စီစခန်းတစ်ခုဆိုရင် ကျွန်တော်တို့ တိုက်ခိုက်ခဲ့တဲ့ ဂိတ်နှင့် ဖာလုံဝက်ခန့်သာကွာဝေးတဲ့ဂိတ်ကို တိုက်ခိုက်တာဖြစ်ပါတယ်ဟု “ The Kaladan Post သို့ပြောဆိုသည်။ အဆိုပါဂိတ်သည် ခရီးသွားကားများထံမှ ဆက်ကြေးကောက်ခံခြင်း၊ လိုင်စင်ဖမ်း ခြင်း၊ ငွေညှစ်ခြင်းနှင့် တပ်သားသစ်စုဆောင်းခြင်းများ လုပ်ဆောင်နေသည့် ယာယီဂိတ်ဖြစ်ပြီး အထိုင်ချစခန်းမဟုတ်ကြောင်း Fire Dragon PDF တာဝန်ရှိသူက ပြောသည်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်နေရာတွင်သေဆုံးသွားသည့်အပြင် MA1 သေနတ် ၁ လက်၊ MA2 သေနတ် ၁လက်၊ ကျည်ဘောက် ၅ခု၊ အီနာဂါ ၂လုံးနှင့် ကျည် ၁၈၀ခန့်ကို PDF တပ်ဖွဲ့က သိမ်းဆည်း ရရှိခဲ့သည်။ တိုက်ခိုက်မှုအပြီး PDF တပ်ဖွဲ့ဝင်များ ဆုတ်ခွာစဉ် ညောင်လေးပင် အခြေစိုက် ခမရ ၂၀ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့် ၄ ချက်ပစ်ခတ်ခဲ့သော်လည်း ပြည်သူများ ထိခိုက်မှုမရှိခဲ့ပေ။
အဆိုပါသတင်းဖော်ပြချက်များနှင့် ပတ်သက်ပြီး Fire Dragon တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီဂိတ်တွင် အင်အား ၂၀နီးပါးဖြင့် မအိပ်ဘဲ အစောကြီးထိုင်တဲ့ဂိတ်ဖြစ်ပါတယ်ခင်ဗျ အဆိုပါဂိတ်စာဆိုရင် စစ်ကောင်စီအထိုင်ချစခန်း ၆ခုနှင့် နီးတဲ့ဂိတ်ပေါ့ဗျ အဲ့ဒီထဲမှာ စစ်ကောင်စီစခန်းတစ်ခုဆိုရင် ကျွန်တော်တို့ တိုက်ခိုက်ခဲ့တဲ့ ဂိတ်နှင့် ဖာလုံဝက်ခန့်သာကွာဝေးတဲ့ဂိတ်ကို တိုက်ခိုက်တာဖြစ်ပါတယ်ဟု “ The Kaladan Post သို့ပြောဆိုသည်။ အဆိုပါဂိတ်သည် ခရီးသွားကားများထံမှ ဆက်ကြေးကောက်ခံခြင်း၊ လိုင်စင်ဖမ်း ခြင်း၊ ငွေညှစ်ခြင်းနှင့် တပ်သားသစ်စုဆောင်းခြင်းများ လုပ်ဆောင်နေသည့် ယာယီဂိတ်ဖြစ်ပြီး အထိုင်ချစခန်းမဟုတ်ကြောင်း Fire Dragon PDF တာဝန်ရှိသူက ပြောသည်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်နေရာတွင်သေဆုံးသွားသည့်အပြင် MA1 သေနတ် ၁ လက်၊ MA2 သေနတ် ၁လက်၊ ကျည်ဘောက် ၅ခု၊ အီနာဂါ ၂လုံးနှင့် ကျည် ၁၈၀ခန့်ကို PDF တပ်ဖွဲ့က သိမ်းဆည်း ရရှိခဲ့သည်။ တိုက်ခိုက်မှုအပြီး PDF တပ်ဖွဲ့ဝင်များ ဆုတ်ခွာစဉ် ညောင်လေးပင် အခြေစိုက် ခမရ ၂၀ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့် ၄ ချက်ပစ်ခတ်ခဲ့သော်လည်း ပြည်သူများ ထိခိုက်မှုမရှိခဲ့ပေ။Fire Dragon PDF တပ်ဖွဲ့သည် ယခင် ၂၀၂၅ခုနှစ်၊ သြဂုတ်လ ၂၃ ရက်ကလည်း အဆိုပါလမ်းပိုင်းရှိ တာပြတ်ဂိတ်အနီး ကင်းပတ်နေသည့် စစ်သားတစ်ဦးကို စနိုက်ဘာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးခဲ့ကြောင်းသိရသည်။ Fire Dragon PDF တာဝန်ရှိသူက ပြည်သူများကို ငွေညှစ်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် သွားလာမှုနှောင့်ယှက်ခြင်းများ ဆက်လုပ်ပါက ဆက်လက်တုံ့ပြန်သွားမည်ဟု ပြောသည်။ ညောင်လေးပင်-မဒေါက်လမ်းပိုင်းအနီးရှိ ပုဇွန်မြောင်းရွာတွင် စစ်တပ်က နေရာ ၄ ခုခွဲ၍ တပ်စွဲထားပြီး မုက္ခမူ၊ တာပြတ်နှင့် ရေကြည်ချောင်းဂိတ်စခန်းများတွင် ခမရ ၂၀၊ ၂၆၄ မှ စစ်သားများ၊ ပျူစောထီးနှင့် ရဲများ ပူးပေါင်းတပ်စွဲထားကြောင်း သိရသည်။