——————————————————————————
စက်တင် ၁၂
The Kaladan Post
ညောင်ဦး ခရိုင်တွင်း တစ်နေရာ၌ စစ်ကြောင်းထိုးလျက်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တိုက်ခိုက် ခဲ့ကြောင်း ပုပ္ပါးပြောက်ကြားတပ်ဖွဲ့မှ စက်တင်ဘာလ ၁၀ရက်နေ့က သတင်းထုတ်ပြန်ထားပါသည်။
အဆိုပါ စစ်ကြောင်းနှင့်ပတ်သက်ပြီး ပုပ္ပားပြောက်ကြားတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက “ဒီစစ်ကောင်စီ စစ်ကြောင်းဟာ တပ်အင်အား ၁၀၀ခန့်ဖြစ်ပါတယ် ဒီစစ်ကောင်စီ စစ်ကြောင်းဟာဆိုရင် တပ်ပေါင်းစုစစ်ကြောင်းလို့ ပြောလို့ရပါတယ် သူတို့က ကျောက်ပတောင်းတပ်၊ ညောင်ဦးတပ်နှင့် ချောက်ဦးတပ် တို့ဖြစ်ပါတယ် ဟု “ The Kaladan Post သို့ပြောဆိုသည်။ ထို့အပြင် ၎င်းစစ်ကောင်စီ စစ်ကြောင်းသည် ပုပ္ပါးပြောက်ကြားတပ်ဖွဲ့ ဖက်မှ ကြိုတင်သတင်းရရှိသဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဖက်မှ အရာရှိငယ် တစ်ဦးအပါအဝင် ငါးဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။ ၎င်း စစ်ကြောင်းသည် မိုင်းဆွဲတိုက် ခိုက်မှုကြောင့် တစ်ရက်ပြန်လည်ဆုတ်ခွါသွားပြီး နောက်ရက်မှာ စစ်ကြောင်းပြန်ထိုးလာသော်လည်း ပုပ္ပါးပြောက်ကြားတပ်ဖွဲ့မှ နယ်မြေအခြေအနေကြောင့် ထပ်မံတိုက်ခိုက်နိုင်ခြင်းမရှိကြောင်း တပ်ဖွဲ့၏ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။ ၎င်းတိုက်ခိုက်မှုအပြီး စစ်ကောင်စီ စစ်ကြောင်းနောက်ပြန်ဆုတ် ပြီးနောက် ပုပ္ပါးပြောက်တပ်ဖွဲ့ဖက်မှ နယ်မြေရှင်းလင်းရာတွင် စစ်ကောင်စီတပ်ဖွဲ့တွေ၏ သွေးစက်များ၊ ပါတ်တီးစများ အပါအဝင် စစ်အသုံးအဆောင် ပစ္စည်းများကိုပါသိမ်းရှိခဲ့ကြောင်းသိရသည်။