မေးမြန်းသူ- RAIN, Program Host
ဖြေဆိုသူ- ကိုနွေဦး (CDSOM တာဝန်ခံ)၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့
မေးမြန်းသူ – အားလုံးပဲ မင်္ဂလာပါရှင်။ The Kaladan Post ရဲ့ Youth and Women’s Affair program ကနေပြီးတော့ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာ ဖိတ်ခေါ်ထားတာ ကတော့ မြောင်မြို့နယ်ရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေး တာဝန်ခံ ဆရာနွေဦးနဲ့ တွေ့ဆုံမေးမြန်း သွားမှာပဲ ဖြစ်ပါတယ်ရှင်။ မင်္ဂလာပါဆရာ။
ဖြေကြားသူ – ဟုတ်ကဲ့ မင်္ဂလာပါခင်ဗျ။
မေးမြန်းသူ – ဟုတ်ကဲ့ပါ အခုလိုမျိုး ကျွန်မတို့ The Kaladan Post ကို အချိန်ပေးပြီးတော့ ရောက်ရှိလာပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်ရှင်။
ဖြေကြားသူ – ဟုတ်ကဲ့ပါဗျာ။
မေးမြန်းသူ – ဟုတ်ကဲ့ပါ ဆိုတော့ အရင်ဆုံးအနေနဲ့ ဒီမြောင်ဒေသဟာဆိုလို့ရှိရင် စစ်ကိုင်း တိုင်းထဲမှာ စစ်ကောင်စီကို ဒီအပြင်းအထန် ခုခံတော်လှန်နေတဲ့ နယ်မြေတစ်ခုအဖြစ်နဲ့ ထင်ရှားနေတယ် ပေါ့နော်။ ဆိုတော့ ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့အနေနဲ့ ဒီဒေသမှာ စစ်ကောင်စီကို ဘယ်လိုနည်းဗျူဟာတွေနဲ့ အဓိက ရင်ဆိုင်ပြီးတော့မှ တိုက်ခိုက်နေရသလဲ ဆိုတာလေးလည်း သိချင်ပါတယ်။ ပြီးတော့ မြောင်ဒေသနဲ့ မြေပြင်အနေအထား ပြီးတော့ လူထုရဲ့ ဒီတက်ကြွစွာနဲ့ ပူးပေါင်းပါဝင်မှုတွေက တော်လှန်ရေးအတွက် ဘယ်လိုများ အားသာချက်တွေ ဖြစ်စေပါသလဲရှင့်။
ဖြေကြားသူ – ဪ ဟုတ်ကဲ့။ ဒီ ကျွန်တော်တို့ရဲ့ ဒီမြောင်ဒေသမှာ ဟို ဟိုဟာ ဒီစစ်ကောင်စီ ကို ဘယ်လို ပုံစံမျိုးနဲ့ ဒီတွန်းလှန်တိုက်ခိုက်နေလဲဆိုတဲ့ဟာမျိုးကျတော့ ဒါ ကျွန်တော်တို့ရဲ့ ဟို မြောင်မှာရှိတဲ့ ပထဝီအနေအထားကလည်း ကျွန်တော်တို့က ဟို ပြောဖို့တော့ ဟို လိုတာပေါ့။ စစ်ကိုင်းခရိုင်ထဲမှာရှိတဲ့ ဒါ ကျွန်တော်တို့ မြောင်မြို့နယ်မှာဆိုလို့ရှိရင် မြောင်နယ်မှာက နှစ်ပိုင်းလိုမျိုး ရှိတယ်ပေါ့နော်။ ပထမတစ်ပိုင်းကကျတော့ ကျွန်တော်တို့က ကုန်းပိုင်းပေါ့နော်။ ကုန်းပိုင်းမှာက ကျတော့ ကျွန်တော်တို့က မိုးတွင်းမှာဆို ရေဝင်ရေထွက် အဲလိုမျိုး မရှိဘဲနဲ့ မိုးပဲရှိတယ်။ ကျွန်တော်တို့ နောက်တစ်ပိုင်းကကျတော့ ကျွန်တော်တို့ ဒီကျွန်းတစ်ပိုင်း လို့ခေါ်တယ်။ ကျွန်းတစ်ပိုင်းကကျတော့ ကျွန်တော်တို့က ဒီ နှစ်စဉ်ရေလွှမ်းတဲ့နေရာပေါ့။ အဲဒီလိုမျိုးကာလတွေဆိုလို့ရှိရင် နောက်ထပ် နှစ်လလောက်အထိက လမ်းတွေက ဆိုင်ကယ် တွေ၊ မော်တော်ကားတွေ ဒါမျိုးတွေ သွားမရတော့ဘူး။ စက်လှေတွေ ဒါမျိုးတွေနဲ့ပဲ ဟို သွားရတာ။ အဲ့လိုမျိုး ကျွန်တော်တို့ မြောင်မှာက အဲ့လို ပထဝီအနေအထားက အဲ့လိုမျိုး နှစ်မျိုးကွဲတယ်ပေါ့။ အဲ့ထဲနေမှ ကျွန်တော်တို့က ဘာနဲ့ဆက်စပ်နေလဲဆိုလို့ရှိရင် ကျွန်တော်တို့ အရှေ့ဘက်မှာဆိုလို့ရှိရင် ကျွန်တော်တို့ ဧရာဝတီမြစ်ကြီးရှိတယ်။ အဲဒီ ဧရာဝတီမြစ်ရဲ့ ဟိုဘက်တစ်ဖက်ကမ်းမှာကကျတော့ ကျွန်တော်တို့ မန္တလေးတိုင်းပေါ့။ မန္တလေးတိုင်း ပြီးလို့ရှိရင် ကျွန်တော်တို့ မြောင်ရဲ့အနောက်ဘက်ခြမ်းမှာက ချင်းတွင်းမြစ်ရှိတယ်။ ချင်းတွင်းမြစ်ရဲ့အနောက်ဘက်မှာက မကွေးတိုင်း။ အဲ့လိုမျိုး ကျွန်တော်တို့ မကွေးတိုင်းရယ်၊ ကျွန်တော်တို့ စစ်ကိုင်းတိုင်းရယ်၊ ပြီးတော့ မန္တလေးတိုင်းရယ် သုံးတိုင်းစုံတဲ့နေရာဖြစ်တော့ ကျွန်တော်တို့က ချင်းတွင်းနဲ့ ဧရာဝတီ မြစ်နှစ်စင်းရဲ့ကြားမှာရှိနေပြီးတော့ ပုံမှန်ပထဝီ အနေအထားအရဆိုရင်တော့ ကျွန်တော်တို့က အပိတ်နေရာလိုဖြစ်နေတယ်။ ရေကြောင်းက လည်း ပိတ်ထားတယ်။ ရှေ့မှာဆိုလို့ရှိရင်လည်း ကျွန်တော်တို့ မုံရွာ-မန္တလေး ကားလမ်းမကြီး က ကျွန်တော်တို့က ခြားထားတာရှိသေးတယ်။ ဒါ ဒီလိုမျိုးနေရာမျိုးဆိုတော့ကျတော့ ပထဝီအနေအထားကတော့ ကျွန်းပုံစံမျိုးထဲ ပုံစံမျိုးလိုဖြစ်နေတာပေါ့။ အဲ့တော့ကျတော့ ကျွန်တော်တို့က ဒီစစ်ကောင်စီကို တိုက်ခိုက်တဲ့နေရာမှာကျတော့ ကျွန်တော်တို့နေရာတွေက မြေပြန့်လွင်ပြင်ဒေသဖြစ်တယ်။ တောင်တန်းတွေမရှိဘူး။ တောတွေဘာတွေက မရှိဘူး။ အားလုံးက လွင်ပြင်ကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီစစ်ကောင်စီလာပြီဆိုလို့ရှိရင်ပဲ ဖြစ်နေ ဖြစ်နေ ကိုယ်တွေက သွားရင်ပဲဖြစ်နေဖြစ်နေ ဒီဘက်ရွာနဲ့ ဟိုဘက်ရွာ စစ်ကောင်စီထွက် လာတယ်ဆိုရင်လည်း လှမ်းကြည့်ရင်မြင်နေရတာ ကွင်းပြင်ကြီးပေါ့နော်။ အဲ့လိုမျိုးအနေ အထားမှာက ကျွန်တော်တို့က ဒီ တိုက်ပွဲတွေမရအောင် ပုံဖော်ထားတာပေါ့နော်။ တစ်ခါတစ်လေမှာဆိုရင်တော့ သူမြင်ကိုယ်မြင် ဒီကြားထဲမှာပဲ ဇွတ်တက်ပြီးတော့ ဇွတ်လုပ် ရတဲ့အပိုင်းတွေ ရှိလာဖြစ်တဲ့အတွက်ကြောင့်မို့လို့ နှစ်ဖက်ထိခိုက်မှုတွေလည်း များခဲ့ကြတဲ့ အနေအထားမျိုးတွေတော့ရှိတာပေါ့။ ဒါကတော့ ပထဝီအနေအထားကြောင့်မို့လို့ ဒါ ကျွန်တော်တို့ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ စစ်ကောင်စီနဲ့ ရင်ဆိုင်ရတဲ့ပုံသဏ္ဌာန်ကို ပြောပြတာ ပါဗျ။ ဟုတ်ကဲ့။
မေးမြန်းသူ – ဟုတ်ကဲ့ပါ ဆိုတော့ တိုက်ပွဲတွေအပြင် ဒီပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ ထိန်းချုပ်နယ်မြေတွေမှာပေါ့နော်။ ပြည်သူ့အုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဆရာတို့အနေနဲ့ ဘယ်လိုများ ဖော်ဆောင်နေတာမျိုးရှိလဲပေါ့လေ။ ဥပမာအားဖြင့် ဒီပညာရေး၊ ဒီကျန်းမာရေး စသဖြင့်သော်လည်းကောင်း ပြီးတော့မှ ဒေသအတွင်း အငြင်းပွားမှုတွေ ရှိတဲ့အခါမှာရော ဟို ဘယ်လိုပုံစံမျိုးနဲ့ ဖြေရှင်းဆောင်ရွက်နေသလဲဆိုတာလည်း သိပါရ စေရှင့်။
ဖြေကြားသူ – စိုးမိုးနယ်မြေလို့ ဆိုလိုက်ပြီဆိုကတည်းက ဒါကျွန်တော်တို့ ဟို မတူညီတဲ့ပုံစံ တွေတော့ရှိတာပေါ့။ ဘာလဲဆိုရင် တချို့နေရာတွေမှာ EAO စိုးမိုးတဲ့နယ်မြေတွေရှိတယ်။ ကျွန်တော်တို့ PDF စိုးမိုးတဲ့ နယ်မြေတွေရှိတယ်။ စစ်ကိုင်းတိုင်းဘက် ကျွန်တော်တို့ မြေပြန့်ဘက်တွေမှာ PDF စိုးမိုးနယ်မြေဆိုလို့ရှိရင် NUG ရဲ့ ဒါ အစိုးရ အုပ်ချုပ်ရေးယန္တရား တွေက တန်းပြီးတော့ ကျွန်တော်တို့ နောက်ကနေလိုက်လာလို့ ရတယ်။ ပုံဖော်ကြတယ်။ လက်ရှိအချိန်ထိလည်း ကျွန်တော်တို့ ကောင်းမွန်တဲ့ ဒါ အုပ်ချုပ်ရေးစနစ်တွေနဲ့ လည်ပတ်နေကြပြီပေါ့။ အဲ့လိုမျိုးအနေအထားမျိုးမှာဆိုတော့ ဒါ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေမှာဆိုလို့ရှိရင်လည်း ဒါပြည်သူ့အကျိုးပြုလုပ်ငန်းတွေဆိုလို့ရှိရင်လည်း စိုးမိုးနိုင် သလောက်နေရာတွေကို ဒီပြည်သူ့အကျိုးပြုလုပ်ငန်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေကို တန်းပြီးတော့ လိုက်နိုင်တယ်ပေါ့။ ဒါ အခုဆိုလို့ရှိရင်တော့ မြောင်ပညာရေးကွန်ရက်ကတော့ ကျွန်တော်တို့ ဒီကျောင်းပေါင်း ၃၀ နဲ့ အခု စတင်ပြီးတော့ လည်ပတ်လာခဲ့တာ ပညာသင်နှစ် လေးနှစ်တောင်ကျော်ခဲ့ပြီပေါ့။ ဒါအဲ့လိုမျိုးဆိုတော့ကျတော့ ဒီပညာရေးယန္တရားကတော့ ကျွန်တော်တို့ ဟို ကောင်းကောင်းမွန်မွန်လည်ပတ်နိုင်တဲ့ အနေအထားမျိုးမှာ ကျွန်တော်တို့ ရှိတယ်။ ပြီးတော့ လက်ရှိအချိန်အနေမှာ ဒီတစ်လ၊ နှစ်လလောက်အတွင်းမှာက ကျွန်တော်တို့ ဒီစစ်ကောင်စီက ဒီကျောင်းတွေကိုပဲ ပစ်မှတ်ထားပြီးတော့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ မြောင်နယ်မှာရှိသမျှကျောင်းတွေ အားလုံးလည်း ပိတ်ထားရတာပေါ့နော်။ ဒါကတော့ ဟို တစ်လ၊ နှစ်လလောက်တော့ ဒါရှိသွားပြီ။ ဒါကျန်းမာရေးပိုင်းကကျတော့လည်း ကျွန်တော်တို့က အရင်တုန်းကတော့ တပ်ဖွဲ့အနေနဲ့ ဒေါက်တာတွေတို့၊ နာ့စ်မတွေတို့ ကျွန်တော်တို့က ရှိတဲ့အတွက်ကြောင့်မို့လို့ ဒီအခမဲ့ ဆေးလည့်လည်ပတ်ကုသပေးတဲ့ မိုဘိုင်းတရပ်အနေနဲ့ လုပ်ဆောင်ပေးတာမျိုးရှိသလိုမျိုး ကျွန်တော်တို့ အထိုင်ချထားပြီးတော့ ဒီ PDF တွေဆိုလို့ရှိရင်တော့ အခမဲ့ပေါ့။ ပြည်သူတွေဆိုလို့ရှိရင်တော့ ဒီကြေးတော့မသတ်မှတ်ဘဲနဲ့ ကျွန်တော်တို့က လှူရင်လည်း ယူတယ်ပေါ့ဗျာ။ မလှူဘူးဆိုရင်လည်း ဒီလိုမျိုးပဲ အခမဲ့ကုသပေးတဲ့ပုံစံမျိုးနဲ့ ကျွန်တော်တို့ လည်ပတ်လိုက်နိုင်တာ ကျွန်တော် ၂၀၂၂၊ ၂၀၂၃ နှစ်နှစ်အထိတော့ လည်ပတ်နိုင်တယ်။ အဲ့နောက်ပိုင်းမှာတော့ ကျွန်တော်တို့က ဒီဆေးရဲ့ကုန်ကျစရိတ်တွေကလည်း တအားများ တယ်ပေါ့နော်။ တစ်ခုခုဖြစ်ပြီဆိုရင် ခွဲရစိပ်ရတာတွေလည်း တအားများတယ်။ ပြီးလို့ရှိရင် ဝယ်ယူရေးတွေကလည်း တအားခက်ပြီးတော့ သယ်ယူရေးတွေကလည်း တအားခက်လာတဲ့ နောက်ပိုင်းမှာ ဒီဆေးပိုင်းကိုတော့ ကျွန်တော်တို့ လုပ်ချင်သလောက်အထိ မလုပ်နိုင်တော့ဘဲနဲ့ အခု အခုအချိန်အနေမှာတော့ ဆေးအဖွဲ့အနေနဲ့တော့ ဆက်ရှိနေသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဟို တပ်ဖွဲ့ကိုယ်စားပြုအနေနဲ့ မဟုတ်တော့ဘဲနဲ့ သီးခြားပုံစံမျိုးနဲ့ ဒီပြည်သူတွေကို ဝန်ဆောင်မှုပေးနေတဲ့ ဆေးခန်းပုံစံမျိုးနဲ့ ဆက်ပြီးတော့ ဟို ဖွင့်လှစ်နေကြတဲ့ အတိုင်းအတာအထိတော့ ရှိနေတယ်ပေါ့နော်။ ဒီဟာကတော့ ဒါကျွန်တော်တို့ ဒီပညာရေး၊ ကျန်းမာရေးအပိုင်းဖြစ်တယ်။ ဒီအုပ်ချုပ်ရေးပိုင်းမှာကျတော့ ကျွန်တော်တို့က ကိုယ်ကအုပ်ချုပ်ချင်လို့ ဒီဟာကို တိုက်တာမဟုတ်ဘူး။ ဒီစစ်ကောင်စီရဲ့လက်ထဲကနေမှ ဒီပြည်သူတွေ လိုလားတဲ့အစိုးရ၊ ပြည်သူတွေ တင်မြှောက်တဲ့အစိုးရကို ဒီအာဏာအပြည့်အဝ ပြန်ပေးချင်လို့မို့လို့ တိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့တိုက်ပြီးသွားလို့ စိုးမိုးလို့ရတဲ့ နယ်မြေတွေမှာဆိုရင် အုပ်ချုပ်ရေးယန္တရားတွေ လိုက်ပါလာတဲ့ အခါတွေပေါ်မှာ ကျွန်တော်တို့က ဝိုင်းဝန်းကူညီမှု အားလုံးလုပ်ဆောင်တယ်။ ဒါပေမဲ့ ဝင်ရောက်စွက်ဖက်မှု မလုပ်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အုပ်ချုပ်ရေးနဲ့ ကာကွယ်ရေးက တအားရောထွေးသွားပြီးတော့ ရှုပ်ထွေးသွားမယ်ဆိုလို့ရှိရင် ပိုပြီးတော့ ဟို ဒီအချင်းချင်း ပဋိပက္ခမှုတွေပေါ့ ဒါမျိုးတွေကလည်း ဖြစ်လာနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော် တို့အနေနဲ့ကတော့ ကိုယ်အုပ်ချုပ်ချင်လို့ တိုက်တာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ တိုက်လို့ ရတဲ့၊ စိုးမိုးလို့ရတဲ့နယ်မြေတွေမှာ ဒီ NUG အစိုးရရဲ့ယန္တရားတွေက အုပ်ချုပ်ရေးပိုင်းတွေကို တာဝန်ဆက်ယူကြပေါ့။ ဒါ သူတို့ဘက်က လွဲမှားတဲ့အခါမျိုးတွေဆိုရင်တော့ ထောက်ပြမယ်၊ ဝေဖန်မယ်၊ ပြောမယ်ဆိုမယ်ပေါ့။ ပြီးလို့ရှိရင် ဒါ ဟို ပြည်သူတွေဘက်က လွဲတယ်ဆိုလို့ရှိရင်လည်း ဒါပြည်သူတွေကို နားလည်အောင် ဖြောင်းဖျပေးရတဲ့ ဟာမျိုးတွေ ရှိတာပေါ့။ ဒါ ဒီနှစ်ခုရဲ့ကြားထဲမှာတော့ ဒါကျွန်တော်တို့က ဟိုသွားတဲ့ပုံစံလေးတွေရှိတဲ့ အခါကျရင်တော့ ဟို တစ်ခါတစ်လေကျရင်တော့ အမုန်းခံရတဲ့အပိုင်းတွေလည်းရှိတယ်။ အငြိုငြင်ခံရတဲ့အပိုင်းတွေလည်းရှိတယ်။ ဒီ ဒီ ဒီဟာလေးရဲ့ကြားမှာ ကျွန်တော်တို့ တစ်ခါတစ်လေ conflict ဖြစ်တာလေးတွေလည်းရှိတာပေါ့။ ဒါမျိုးတွေကတော့ ရင်ဆိုင်ရ တယ်ပေါ့။ ဟုတ်။
မေးမြန်းသူ – ဟုတ်ကဲ့ပါ ဆိုတော့ ကျွန်မတို့ဒီတော်လှန်ရေးအောင်မြင်ဖို့အတွက်က အင်အားစုတွေကြားထဲမှာ ညီညွတ်မှုရှိဖို့က အင်မတန်မှ အရေးကြီးတယ်ပေါ့နော်။ ဆိုတော့ ဆရာတို့ဒီပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့သော်လည်းကောင်း၊ ဒီအနီးအနားက တခြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့သော်လည်းကောင်းပေါ့နော်။ ပြီးတော့မှ ဒီလက်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဟိုဘယ်လိုပုံစံမျိုး ပူးပေါင်းဆောင်ရွက်နေတာမျိုးရှိလဲပေါ့လေ။ ပြီးတော့မှ ဒီမဟာမိတ်ဆက်ဆံရေးမှာ ကြုံတွေ့ရတဲ့ အားသာချက်တွေနဲ့ ဒီအခက်အခဲတွေကိုလည်း ဟိုပြောပြပေးပါဦးရှင့်။
ဖြေကြားသူ – ကျွန်တော်တို့မှာက ဒီဟာတွေကျတော့ ဟို အခက်အခဲကတော့ ကိုယ်စီရှိ ကြတယ်။ ဘယ်လိုမျိုးပူးပေါင်းဆောင်ရွက်နေလဲဆိုလို့ရှိရင် ကျွန်တော်တို့ ဟိုတော်လှန်ရေး စတင်ခဲ့တဲ့ ဒီ ၂၀၂၁ လောက်ကတော့ တပ်ရင်းတပ်ဖွဲ့တွေလည်း ကျွန်တော်တို့ မပေါ်သေးဘူးပေါ့ဗျာ။ ဒီ NUG ဒီအစိုးရလည်း ကောင်းမွန်စွာ ဟို မလည်ပတ်နိုင်သေးဘူး။ ဒါအဲ့ဒီအချိန်တွေတုန်းကတော့ ကျွန်တော်တို့ ဟို အားလုံးက local တွေချည်းပဲ။ သူ့မြို့နယ်၊ ကိုယ့်မြို့နယ်၊ သူ့အဖွဲ့၊ ကိုယ့်အဖွဲ့ ဒီလိုပုံစံမျိုးနဲ့ ရှိကြတာ။ ရှိကြတဲ့အနေအထားမျိုးမှာ ကျွန်တော်တို့က အားလုံးလက်တွဲပြီးတော့ ပူးပေါင်းပြီးတော့ လုပ်ငန်းလုပ်ကြတာ။ တော်တော်လေးအောင်မြင်တယ်။ တော်တော်လေးလည်း ခရီးရောက်တယ်။ ကျွန်တော်တို့လုပ်ငန်းတစ်ခုလုပ်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့တခြားမြို့နယ်က ကျွန်တော်တို့ ရဲ့ မဟာမိတ်တွေကို ချိတ်ဆက်ပြီးတော့ ကျွန်တော်တို့အားလုံးပူးပေါင်းပြီးတော့ ဝိုင်းဝန်းပြီး တော့ လုပ်ကြတဲ့အခါမှာ ခရီးလည်း တော်တော်လေးရောက်သလိုမျိုး ဆက်ဆံရေးပိုင်းတွေမှာ ဆိုရင်လည်း ယုံကြည်မှုတွေက အများကြီးတည်ဆောက်နိုင်တယ်။ အဲ့တာကြောင့်မို့လို့ ကျွန်တော်တို့ ဒီစစ်ကောင်စီရဲ့ထောက်တိုင်မှန်သမျှကိုလည်း ကျွန်တော်တို့က ‘၂၁၊ ‘၂၂၊ ‘၂၃ ကာလတွေမှာ တော်တော်လေးဖြိုဖျက်နိုင်ခဲ့လိုက်တယ်ပေါ့။ ဒါအဲ့တာကြောင့်မို့လို့ ကျွန်တော် တို့ ဒီနယ်ပတ်တွေမှာ လုပ်ဆောင်မှုအားကောင်းတဲ့ဘက်တွေမှာဆိုရင် ပျူတွေကင်းရှင်းတယ် ပေါ့နော်။ ပျူတွေမရှိတဲ့အတွက်ကြောင့်မို့လို့ စစ်ကောင်စီကို သတင်းပေးမယ့်အရာတွေ၊ ပြီးတော့ စစ်ကောင်စီရဲ့ထောက်တိုင်တွေမရှိတော့တဲ့အတွက်ကြောင့်မို့လို့ ဒီစိုးမိုးနယ်မြေတွေ က ပိုပိုပြီးတော့ ဒီနှစ်တွေအတွင်းမှာ ရရှိခဲ့တယ်။ ဒါကကျတော့ တပ်ရင်းတပ်ဖွဲ့တွေ ကျစ်ကျစ်လစ်လစ် ခိုင်ခိုင်မာမာ မဖွဲ့စည်းမီ local တွေပုံစံမျိုးနဲ့ အားလုံးရှိကြတဲ့အချိန်တုန်းက ဒီလိုပုံစံမျိုးနဲ့ စစ်ရေးကို ရပ်တည်လှုပ်ရှားသွားကြတဲ့အပိုင်းတစ်ခုပေါ့နော်။ နောက်တစ်ပိုင်း အနေနဲ့ကကျတော့ ကျွန်တော်တို့ ဒီတပ်ရင်းတပ်ဖွဲ့တွေလည်း ပီပီပြင်ပြင်ပေါ်ပေါက် လာတယ်။ ဒီအစိုးရယန္တရားထဲမှာဆိုလို့ရှိရင်လည်း ဒါပြည်သူ့ကာကွယ်ရေးအနေနဲ့ ကျွန်တော်တို့ ပကဖတွေဆိုတဲ့ဟာလည်း ဖွဲ့စည်းလာနိုင်တဲ့ အပိုင်းတွေမှာကျတော့လည်း အခက်အခဲလေးတွေက ပြန်ကြုံလာရပြန်ရောပေါ့နော်။ တချို့ကကျတော့ ဟိုမူဝါဒကို နားမလည်ဘူး။ တချို့ကကျတော့ မူဝါဒကိုနားလည်တယ်။ ဒါပေမဲ့ မူဝါဒအတိုင်း လိုက်ပြီးလုပ်ဆောင်တာမျိုးက အားနည်းတယ်။ မူဝါဒကိုနားမလည်တဲ့ဟာမျိုးကျတော့ အထက်ပိုင်းကလူကြီးတွေက ဖြစ်စေချင်တဲ့ပုံစံတစ်ခုကို ပြောလိုက်တာနဲ့ သူတို့ကနားလည်မှု က ချင်းချင်းလွဲရော။ တပ်ရင်းတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ လုပ်ငန်းလုပ်နိုင်ဖို့အတွက်ပေါ့။ ပြီးလို့ရှိရင် တချို့ local တွေမှာဆိုလို့ရှိရင်လည်း ကျွန်တော်တို့က COC ပိုင်းမှာ တအားအားနည်းတဲ့အတွက်ကြောင့်မို့လို့ ကိုယ်ထင်ရာကိုယ်စိုင်းရတဲ့အပိုင်းတွေရှိတယ်။ ဒီဟာတွေကို တည့်မတ်ရမယ်၊ ထိန်းကျောင်းရမယ်။ နားလည်မှုလွဲတယ်ဆိုတဲ့ဟာက MOD ရဲ့ တပ်ရင်းတပ်ဖွဲ့တွေပဲ ဖြစ်ရမယ်။ ဒါမှမဟုတ်လို့ရှိရင် ပကဖအောက်ဝင်မလား၊ တပ်ရင်းတပ်ဖွဲ့ အောက်ဝင်မလား။ အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင် ကျန်တာတွေက သူပုန်ပုံစံမျိုးလိုလို၊ တရားမဝင်တာပုံစံမျိုးလိုလို ဒီနားလည်မှုလွဲမှားစွာ ဒီလိုခံယူပြီးတော့ ပြောကြတဲ့ဟာတွေကျ ဒီတော်လှန်ရေးအတွက် ထိခိုက်စေတဲ့ကိစ္စတွေဖြစ်ကုန်တယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့မှာ အမြင်စောင်းတာမျိုးတွေ၊ ထင်မြင်လွဲတာမျိုးတွေ ဖြစ်လာကြတဲ့ဟာမျိုးတွေကလည်း ရှေ့နှစ်ပိုင်းတွေမှာလည်း ကြုံတွေ့ခဲ့ကြတာပေါ့နော်။ ဒီဟာတွေကိုလည်း ကျွန်တော်တို့ တော်တော်လေးပြုပြင်ဖို့၊ ထိန်းဖို့၊ ဒါမျိုးတွေမသုံးနှုန်းဖို့ဆိုတဲ့ဟာမျိုးတွေလည်း ကျွန်တော်တို့ ဒါအကြိမ်ကြိမ်အခါခါလည်း ကျွန်တော်တို့ ထောက်ပြခဲ့တယ်ပေါ့နော်။ ဘာကြောင့်လဲ ဆိုလို့ရှိရင် ကျွန်တော်တို့က ဘုံရန်သူတူတယ်။ ကျွန်တော်တို့ EAO ဆိုတဲ့ဟာကလည်း တိုင်းရင်းသားတွေပဲလေ။ ကျွန်တော်တို့ ဒီမြေပြန့်ကဆိုတဲ့ဟာတွေကလည်း ဗမာအများစု ဖြစ်တာပဲ။ ဒါဆိုရင် ကျွန်တော်တို့က မတူတဲ့ကျွန်တော်တို့တိုင်းရင်းသားတွေနဲ့ ဗမာတွေနဲ့ အဲ့လိုမျိုး ကိုယ့်လမ်းကြောင်းနဲ့ကိုယ်သွားကြမယ်ဆိုရင် ဘာလို့ပေါင်းနေစရာလိုမလဲ ဒါမျိုး ပေါ့။ သူတို့နဲ့တောင် ကျွန်တော်တို့က ဘုံရန်သူတူတဲ့အတွက်ကြောင့်မို့လို့ အားလုံးပေါင်းရမှာ။ ပေါင်းပြီးတော့ ဒီဘုံရန်သူကို ခြေမှုန်းရမှာ။ ဒါဆိုလို့ရှိရင် ဘုံရန်သူတူလို့ကို အားလုံးလက်နက်ကိုင်ပြီးတော့ တိုက်ပွဲဝင်နေကြတဲ့ ကျွန်တော်တို့တော်လှန်ရေး သမားအချင်းချင်း ဒီလိုမျိုးသွေးခွဲစေတဲ့စကားတွေ သုံးနှုန်းတဲ့ဟာကို ကျွန်တော်တို့က မကြိုက်ဘူး၊ လက်မခံဘူးပေါ့နော်။ ကျွန်တော်တို့ကြုံခဲ့ရတဲ့အခက်အခဲတွေပေါ့။ ကျွန်တော်တို့ EAO တွေနဲ့ဆက်ဆံရတဲ့အပိုင်းမှာကျတော့ ရှင်းပါတယ်နော်။ သူတို့သည်လည်း ဖက်ဒရယ်ကိုလိုချင်တယ်။ သူတို့သည်လည်း စစ်ကောင်စီကို မလိုလားဘူး။ သူတို့တိုက်ခဲ့တဲ့နှစ်ပေါင်းတွေဆိုရင်လည်း မနည်းဘူး။ ဒါပေမဲ့ အခုလိုအချိန်မှာ PDF တွေရဲ့အင်အားနဲ့ ကျွန်တော်တို့ စုစည်းပြီးတော့ ဝိုင်းဝန်းတိုက်လိုက်မယ်ဆိုလို့ရှိရင် ဒီစစ်ကောင်စီက ပြိုပျက်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်၊ ခံယူချက် အားလုံးကိုယ်စီ ရှိကြတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ လက်တွဲလုပ်ငန်းလုပ်ရတဲ့အပိုင်းမှာက အဆင်ပြေတယ်။ ကောင်းလည်းကောင်းတယ်ပေါ့။ အဲ့တာကြောင့်မို့လို့ ကျွန်တော်တို့ ဒီအောင်မြင်မှုတွေလည်း အများကြီးရှိတယ်။ ဘယ်အဖွဲ့ကမို့လို့၊ ဘယ်ဒေသကမို့လို့ဆိုတဲ့ ခွဲခြားဆက်ဆံမှုမျိုးမရှိဘူး။ အာဏာရှင်ကို တော်လှန်နေတဲ့သူ့အချင်းချင်းဆိုတဲ့ စိတ်တစ်ခု တည်းနဲ့ လက်တွဲလုပ်ဆောင်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီဟာတွေက လမ်းကြောင်း မှန်တဲ့အတွက်ကြောင့်မို့လို့ ရှေ့ပိုရောက်တယ်ပေါ့ဗျာနော်။ ဆက်ဆံရေးအပိုင်းတွေမှာကတော့ ကျွန်တော်တို့ ဒီကောင်းမွန်စွာ ဟို တည်ဆောက်နိုင်တယ်ပေါ့။ ကျွန်တော်တို့ အင်တာနယ်ပိုင်းမှာဆိုရင် လက်ရှိအချိန်ထိ အဲ့တာမျိုးစိတ်ကလေးတွေက တချို့နယ်တွေ၊ တာဝန်ခံတွေမှာက ရှိနေကြတုန်းပဲ။ ဒီလိုမျိုးလက်တွဲသွားမှ ရမယ်ဆိုတဲ့ဟာကို တည့်မတ်သွားနိုင်မယ်ဆိုရင် ဒါမှမဟုတ်ရင် တည့်မတ်ပေးနိုင်မယ်ဆိုလို့ရှိရင် ဒါမှမဟုတ် အဲ့ဒီလူတွေက တည့်မတ်ဖို့အတွက် မဖြစ်နိုင်ဘူးဆိုလို့ရှိရင်လည်း ဖြစ်နိုင်မယ့်လူတွေနဲ့ reform လုပ်သွားနိုင်မယ်ဆိုလို့ရှိရင်ပေါ့နော် အားလုံးက စည်းလုံးညီညွတ်စွာနဲ့ အစပိုင်းပြောခဲ့ သလိုမျိုးပေါ့နော်။ တစ်နေရာနဲ့တစ်နေရာ၊ တစ်နယ်နဲ့တစ်နယ် မသိကြပေမယ့် လုပ်ငန်းလုပ် စရာရှိရင် ပူးပေါင်းလုပ်ဆောင်ပြီးတော့ အောင်မြင်မှုတွေရခဲ့တဲ့ ကာလတစ်ခုကို ဒါ မျှော်မှန်း ပြီးတော့ ဒီစကားကို ကျွန်တော်ဟိုသုံးနှုန်းခြင်းဖြစ်ပါတယ်ဗျ။
မေးမြန်းသူ – ဟုတ်ကဲ့ပါ။ ဆိုတော့ တော်လှန်ရေးရဲ့ အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုက ဒီလက်နက်ခဲယမ်းနဲ့ ထောက်ပံ့ရေးဖြစ်တယ်လို့ ပြောရမှာပေါ့နော်။ ဆိုတော့ ပြည်သူ့ ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့အနေနဲ့ ဒီကိစ္စကို ဘယ်လိုမျိုး စီမံခန့်ခွဲပြီးတော့ ဖြေရှင်းနေတာ မျိုးရှိလဲရှင့်။ ပြီးတော့မှ ဒီတစ်ဆက်တည်းမှာပဲ ပြည်သူလူထုရဲ့ ထောက်ပံ့ကူညီမှုတွေက ဒီရှေ့တန်းက ရဲဘော်တွေအတွက် ဘယ်လောက်အထိ အရေးပါသလဲဆိုတဲ့ အရာလေးလည်း ရှင်းပြပေးစေချင်ပါတယ်။
ဖြေကြားသူ – ဒီဟာကကျတော့ ကျွန်တော်တို့ စောစောပိုင်းကညီမပြောလိုက်သလိုမျိုးပေါ့ တကယ့်ကို တော်လှန်ရေးရဲ့အသက်သွေးကြောတစ်ခုပါပဲနော်။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်က ဘယ်လောက်ပဲရှိနေရှိနေ သူ့မှာပစ်ဖို့ကျည်မရှိဘူးဆိုလို့ရှိရင် အဲ့လက်နက်က တုတ်ပဲလေ။ ဘာမှလုပ်လို့မရဘူး။ တုတ်နဲ့ပစ်ရိုက်ဖို့ ပစ်ရိုက်တဲ့ အကွာအဝေးလောက်ဆို ကိုယ်လည်းကပ်လို့ရတဲ့ အနေအထားမျိုးမဟုတ်ဘူး။ အဲ့ဒီတော့ကျတော့ နှစ်ဖက်လုံးရဲ့ အသက်သွေးကြောပဲ။ ဒီစစ်ကောင်စီရဲ့အသက်သွေးကြောကလည်း ဒီလက်နက်ခဲယမ်းရယ် ပြီးလို့ရှိရင် သူတို့ရဲ့ထောက်ပံ့အားတွေပေါ့နော်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေမှာ ဆိုလို့ရှိရင်လည်း ဘယ်သူမှ ကိုယ်ပိုင်စီးပွားရေးနဲ့ တော်လှန်ရေးလုပ်နိုင်တာမျိုးမရှိဘူး။ အစပိုင်းလေးလောက်ပဲ ရင်းနှီးပြီးတော့ လုပ်လိုက်နိုင်တာပဲရှိတယ်။ နောက်ပိုင်းတွေ ဆက်လုပ်ဖို့အတွက်ဆိုရင် ပြည်သူ့ရဲ့အားတွေလိုလာတယ်။ ပြည်သူ့ရဲ့ထောက်ပံ့မှုတွေ လိုလာတယ်။ အဲ့တာကြောင့်မို့လို့ ပြည်သူ့ရဲ့ထောက်ပံ့မှုတွေ မရတော့ဘူး၊ မရှိတော့ဘူး ဆိုလို့ရှိရင်လည်း ကျွန်တော်တို့လည်း ပြုတ်ကျသွားမှာပဲ။ ဘာမှရှေ့ဆက်လို့မရဘူး။ အဲ့တော့ကျတော့ ကျွန်တော်တို့အခုလက်ရှိအချိန်ထိ ရှေ့ဆက်နိုင်တယ်ဆိုတဲ့ဟာက ပြည်သူတွေကိုယ်တိုင်ကပါနေပြီးတော့ ပြည်သူတွေကိုယ်တိုင်ရဲ့ထောက်ပံ့မှုနဲ့ ကျွန်တော် တို့က ရှေ့ဆက်သွားနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီဟာက ပြည်သူတွေပေးတဲ့အသက် သွေးကြောနဲ့ ကျွန်တော်တို့က ဒီအသက်ဆက်ရှင်ပြီးတော့ ဒီတော်လှန်ရေးကို အဆုံးထိသွား နေကြတာ။ ကျွန်တော်တို့မှာက ဒီစစ်ကောင်စီနဲ့ယှဉ်လို့မရတဲ့ အပိုင်းတွေက အများကြီးရှိ တယ်။ ဘာတွေလဲဆိုလို့ရှိရင် ဒီစစ်ကောင်စီမှာက သူ့ကို ထောက်ပံ့ပိုင်းတွေ၊ ဒီငွေကြေးပိုင်း တွေ ကျွန်တော်တို့ ဘယ်လိုမှ သူတို့ကိုဖြတ်တောက်လို့မရနိုင်ဘူး။ ဘာကြောင့်မရနိုင်ဘူး ဆိုလို့ရှိရင် သူတို့မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု export import လုပ်ငန်းတွေက အခုအချိန်ထိ သူတို့ သူတို့ကပဲကိုင်တွယ်ထားတုန်းပဲပေါ့နော်။ ဒီမြေအောက်သဘာဝတွင်းထွက်ပစ္စည်း၊ သယံဇာတတွေဆိုလို့ရှိရင်လည်း ဒါသူတို့ပဲ ထုတ်ယူသုံးစွဲပြီးတော့ သူတို့တပ်ထဲမှာပဲ ရှိနေသေးတယ်။ ပြီးလို့ရှိရင် ကျွန်တော်တို့ ဦးပိုင်လို့ခေါ်တဲ့ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေ ဒါတွေကလည်း ဒီစစ်တပ်ရဲ့အကျိုးစီးပွားပစ္စည်းတွေပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့ရဲ့ တစ်ယောက်တစ်ယောက်ချင်းစီရဲ့ ပိုင်ဆိုင်မှုတွေက သားစဉ်မြေးဆက်တောင် စားမကုန် တဲ့အနေအထားမျိုးအထိ သူတို့မှာလက်ရှိအချိန်ထိရှိနေကြသေးတယ်။ နောက်တစ်ခုအနေနဲ့ ဒီစီးပွားရေးတွေ မှီခိုပြီးတော့ ဒီသားစဉ်မြေးဆက် တစ်သက်စာလောက်မကုန်နိုင်အောင် ချမ်းသာနေကြတဲ့ခရိုနီတွေဆိုတဲ့ဟာလည်း ဒါသူတို့ရဲ့စီးပွားရေးထောက်တိုင်တွေပဲ။ အဲ့တာ ကြောင့်မို့လို့ ဒီစီးပွားရေးထောက်တိုင်တွေကကျတော့ ပြိုပျက်မှ သူတို့ကိုဖြိုဖျက်နိုင်မယ် ဆိုလို့ရှိရင်တော့ ဒါဟာ တော်ရုံတန်ရုံနဲ့ပြီးမယ့်ကိစ္စမဟုတ်ဘူး။ သူတို့မှာကရှိတဲ့ရင်းနှီးမှုတွေနဲ့ လေယာဉ်တွေလည်းဝယ်နိုင်တယ်။ အခုနောက်ပိုင်း ဒရုန်းတွေနဲ့သူတို့ကိုတိုက်ခိုက်တယ် ဆိုတဲ့အတွက်ကြောင့်မို့လို့ သူတို့က ဒရုန်းတွေကို ကိုယ့်ထက်အဆင့်မြင့်တဲ့ဒရုန်းတွေ ပြန်ဝယ် ပြီးတော့ အများကြီးပဲအသုံးချနိုင်တယ်ပေါ့နော်။ ဒါအဲ့လိုမျိုးဆိုတာကျတော့ သူတို့နဲ့ ဟို မဟာမိတ်ဆက်ဆံရေးနိုင်ငံတွေကလည်း ရှိနေပြီးသားဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီလမ်း ကြောင်းပိုင်းတွေက သူတို့ကိုသွားပြီးတော့ ပျက်အောင်ဆိုပြီးတော့ ကျွန်တော်တို့က အများကြီးမလုပ်နိုင်ဘူး။ ကိုယ့်ဘက်ကပဲမပျက်အောင် ထိန်းသိမ်းပြီးတော့ သူတို့ကိုစစ်ရေးနဲ့ အနိုင်ယူဖို့ပဲ အရေးကြီးတဲ့အချက်တစ်ခုလိုပဲ ဒါကတော့ ဟိုကျွန်တော်ကတော့ ပြောချင်တာ ပေါ့ဗျာ။ ဟုတ်ကဲ့။
မေးမြန်းသူ – ဟုတ်ကဲ့ပါ။ ဆိုတော့ ကျွန်မတို့ဒီတော်လှန်ရေးမှာဆိုလို့ရှိရင် အမျိုးသမီးတွေဟာ ကဏ္ဍပေါင်းစုံကနေပြီးတော့မှ တက်ကြွစွာပါဝင်နေကြတယ်ပေါ့နော်။ ဒီပြည်သူ့ကာကွယ်ရေး နဲ့ လုံခြုံရေးအဖွဲ့လိုမျိုး လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တစ်ခုအတွင်းမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ ဒီလုံခြုံရေးကိုပေါ့နော် ဘယ်လိုမျိုးအာမခံချက်ပေးထားတာမျိုးရှိလဲရှင့်။ ဒီဆုံးဖြတ်ချက်ချရတဲ့နေရာမျိုးတွေမှာ အမျိုးသမီးတွေရဲ့အသံကို ထည့်သွင်းစဉ်းစားမှု အပိုင်းမှာကော ဟိုဘယ်လိုတိုးတက်မှုတွေ၊ စိန်ခေါ်မှုတွေများရှိနေပါသလဲရှင့်။
ဖြေကြားသူ – ဒီတော်လှန်ရေးကကျတော့ ကျွန်တော်တို့ ပြည်သူ့ရဲ့တော်လှန်ရေးဖြစ်တယ်။ တစ်ဦးတစ်ယောက်ပိုင်တဲ့တော်လှန်ရေးမျိုးလည်းမဟုတ်ဘူး။ ဒါအဖွဲ့အစည်း တစ်ခုခုပိုင်တဲ့ တော်လှန်ရေးမျိုးလည်း မဟုတ်ဘူး။ ပြည်သူတွေအားလုံးနဲ့သက်ဆိုင်တဲ့တော်လှန်ရေး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီနေရာမှာက ကျွန်တော်တို့က gender ကွဲပြားမှုကို အဓိကထားလို့မရတော့ဘူး။ အမျိုးသားဖြစ်ချင်ဖြစ်မယ်၊ အမျိုးသမီးဖြစ်ချင်ဖြစ်မယ်၊ LGBTQ တွေဖြစ်ချင်ဖြစ်မယ်။ ဘယ်သူပဲဖြစ်နေဖြစ်နေ ကျွန်တော်တို့ ဒီစစ်ကောင်စီရဲ့ မတရား ဖိနှိပ်မှုအောက်မှာ ကျား၊ မတွေကွဲနေတာ၊ ခံနေကြရတာချင်းကတော့ အတူတူပဲ။ အတူတူပဲ ဆိုတော့ကျ ကျွန်တော်တို့က ဒီတော်လှန်ရေးကို ခရီးဆက်နိုင်ဖို့ဆိုလို့ရှိရင် ဒီ gender ကွဲပြားမှုကို ကျွန်တော်တို့က ထည့်တွက်နေလို့မရဘူး။ အားလုံးကိုလက်တွဲပြီးတော့ ဘယ်လိုပုံစံနဲ့ ကျွန်တော်တို့က အကောင်းဆုံးရှေ့ဆက်သွားနိုင်မလဲဆိုတဲ့ဟာကပဲ ကျွန်တော်တို့ အတွက် အဓိကကျတယ်ပေါ့နော်။ အဲ့တော့ ကျွန်တော်အဓိကပြောချင်တဲ့ ဟာက ဘာလဲဆိုလို့ရှိရင် ၂၀၂၁ နဲ့ ၂၀၂၂ မှာဆိုတဲ့အချိန်မှာ မြောင်နယ်မှာ ကျွန်တော်တို့ သင်တန်းတွေပေးတဲ့အချိန်မှာ သင်တန်းအပတ်စဉ်တိုင်း အပတ်စဉ်တိုင်းမှာ ကျွန်တော်တို့ အမျိုးသမီးအနည်းဆုံး ၃၀ လောက်ကတော့ တက်ကြတယ်။ သင်တန်းအားလုံးပြီးသွားတဲ့ အခါမှာ အမျိုးသမီးရဲ့အင်အားက ကျွန်တော်တို့ ၂၀၀ ကျော်အထိ ဒါတပ်ဖွဲ့ထဲမှာ ရှိခဲ့တယ်ပေါ့နော်။ ဒီအမျိုးသမီးတွေကလည်း ဒီလောက်အင်အားလည်းများတယ်။ ပြီးလို့ရှိရင် ကျွန်တော်တို့ ဒီတပ်ဖွဲ့တွေထဲမှာဆိုလို့ရှိရင် ဒီအမျိုးသမီးထုတွေအနေနဲ့ သူတို့ရဲ့လုပ်ရည် ကိုင်ရည်ကလည်း တချို့ဆိုရင် ထက်ထက်မြက်မြက်အပိုင်းတွေပါတယ်။ တချို့ယောက်ျား လေးတွေ မလုပ်နိုင်တဲ့အပိုင်းတွေတောင်မှ ဒီတချို့အမျိုးသမီးတွေလုပ်နိုင်သွားတဲ့အခါမျိုးတွေ ရှိတယ်ပေါ့နော်။ တချို့ဟာတွေဆိုရင်တော့ ဒါပြောလို့မကောင်းတဲ့အပိုင်းတွေရှိတယ်ပေါ့ နော်။ မြောင်မှာ ကျွန်တော်တို့ အမျိုးသမီး ၂၀၀ ကျော်နဲ့ မြောင်အမျိုးသမီးစစ်သည်တော် အဖွဲ့ဆိုပြီးတော့ ဖွဲ့ပေးလိုက်ကြတယ်။ အဲ့လိုမျိုးနဲ့ ဒီမြောင်နယ်မှာဆိုလို့ရှိရင် ဒီအမျိုးသမီး တွေရဲ့ တော်လှန်ရေးမှာပါဝင်မှုနှုန်းက အဲ့လောက်ကြီးအထိရှိခဲ့တယ်။ အဲ့ထဲမှာဆိုလို့ရှိရင် လည်း LGBTQ လည်း ပါကြတာပဲ။ အများကြီးပဲ။ အခုလက်ရှိကျွန်တော်တို့ အမျိုးသမီးအဖွဲ့ ထဲမှာ မဟုတ်ဘဲနဲ့ သီးခြားအဖွဲ့ တစ်ဖွဲ့ချင်းစီ တစ်ဖွဲ့ချင်းစီမှာဆိုရင်လည်း ဒါအမျိုးသမီး တပ်သား တွေဆိုတာ ရှိကြတာပဲပေါ့နော်။ ဒါအဲ့လိုမျိုးနဲ့ဆိုတော့ကျတော့ သူတို့ရဲ့အခန်း ကဏ္ဍတွေ ကကျတော့လည်း အရေးကြီးတယ်။ ခုနက ဟိုပြောသလိုမျိုးပဲ ပုံသဏ္ဌာန်တွေ မတူကြဘူး။ လုပ်နိုင်စွမ်းတွေမတူကြဘူး။ မတူကြတဲ့နေရာမှာ ကျွန်တော်တို့က ဒီတော်လှန် ရေးမှာ ဒီယောက်ျားလေးတွေချည်းလုပ်မှရတဲ့ တော်လှန်ရေးမျိုးဆိုပြီးပုံသွင်းထားတာမျိုး လည်း မဟုတ်ဘူး။ ဒါအမျိုးသမီးတွေပါလို့မရဘူးဆိုတာမျိုးလည်း မဟုတ်ဘူး။ အားလုံးက ဘုံရန်သူတူတယ်။ ပြီးလို့ရှိရင် ခံကြရတာချင်းတူတယ်။ ပေးဆပ်ကြရတာချင်း တူတဲ့အတွက် ကြောင့်မို့လို့ အားလုံးဝိုင်းပြီးတွန်းလှန်မှ ဒီစနစ်က ဖြိုဖျက်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အားလုံးလက်တွဲနိုင်ကြဖို့ပဲလိုတာပေါ့နော်။ ဒီလိုမျိုး ဒီအမျိုးသမီးတွေရဲ့အခန်းကဏ္ဍတွေမှာ ကျွန်တော်တို့ အရေးကြီးတဲ့အပိုင်းတွေမှာ အများကြီးရှိခဲ့တယ်။ ဥပမာအနေနဲ့ ဘယ်လိုအပိုင်းတွေမှာက အများဆုံးရှိခဲ့လဲဆိုလို့ရှိရင် သူတို့ရဲ့လုပ်နိုင်စွမ်း၊ ပြီးလို့ရှိရင် သူတို့ရဲ့တာဝန်ယူရတဲ့အပိုင်းအလိုက် သူတို့ရဲ့ဆုံးဖြတ်ပိုင်ခွင့်တွေကလည်း မတူညီကြ တော့ဘူး။ ဥပမာ ကျွန်တော်တို့ ဘဏ္ဍာရေးပိုင်းမှာ တာဝန်ခံပြီးတော့ တာဝန်ယူထားတဲ့ ဒီအမျိုးသမီးတစ်ယောက်ဆိုလို့ရှိရင် ဒီဘဏ္ဍာရေးနဲ့ဆုံးဖြတ်ပိုင်ခွင့်တွေက သူ့မှာအပြည့်အဝ ရှိတယ်။ အဲ့တော့ကျတော့ မှားသည်မှန်သည်တွေက တခြားတစ်ပိုင်းပေါ့။ ဒါပေမဲ့ သူ့ရဲ့လုပ်ပိုင် ခွင့်၊ သူတာဝန်ယူထားတဲ့အပိုင်းမှာတော့ သူဆုံးဖြတ်ရမယ့်ဟာက သူ့ရဲ့တာဝန်ဖြစ်သွားပြီပေါ့။ ကျွန်တော်တို့ ဒီကျန်းမာရေးပိုင်းတွေမှာဆိုလို့ရှိရင်လည်း ဆေးတပ်သားအဖြစ် တာဝန်ယူထား တဲ့ ဒီအမျိုးသမီးတွေဆိုလို့ရှိရင်လည်း ဒီဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုပိုင်းဆိုင်ရာနဲ့ ကျန်းမာရေးပိုင်းဆိုင်ရာတွေမှာ ဆုံးဖြတ်ရမယ့်အပိုင်းတွေက ဒါသူတို့ရဲ့အပိုင်းတွေပဲ။ အဲ့လိုမျိုးပဲ ကျွန်တော်တို့ ရှေ့တန်းမှာလိုက်နေကြတဲ့ အမျိုးသမီးတွေဆိုတာလည်း ရှိကြတယ်။ တပ်စုမှူးဖြစ်သလား၊ တပ်စိတ်မှူးဖြစ်သလား၊ တပ်ခွဲမှူးဖြစ်သလားအပေါ်မှာမူတည်ပြီးတော့ ဆုံးဖြတ်ပိုင်ခွင့်တွေက အသီးသီးရှိကြတာ။ အဲ့တော့ကျတော့ အမျိုးသမီး၊ အမျိုးသားကွဲပြားမှု၊ ဒီ gender ကွဲပြားမှုကို ကျွန်တော်တို့က အဓိကထားတာမဟုတ်ဘဲနဲ့ အားလုံးပူးပေါင်း ဆောင်ရွက်ပြီးတော့ ဒီစစ်အာဏာရှင်ပြုတ်ကျဖို့အရေးကိုပဲ အဓိကထားတာဖြစ်တဲ့အတွက် ကြောင့်မို့လို့ ဒီဘောင်ခတ်တဲ့ ကျွန်တော်တို့ gender ကွဲပြားမှုကိုတော့ ကျွန်တော်တို့ ဆီမှာတော့ ကျင့်သုံးတာမျိုးလည်းမရှိဘူး။ လက်ခံတာမျိုးလည်းမရှိဘူး။ အားလုံးတစ်ပြေးညီ တည်း၊ တစ်တန်းတစ်စားတည်းပဲ ကျွန်တော်တို့ သွားကြပါတယ်ဗျ။
မေးမြန်းသူ – ဟုတ်ကဲ့ပါ။ နောက်တစ်ခုကတော့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့ရဲ့ဒီရပ်တည်ချက်တွေက မြန်မာ့တော်လှန်ရေးအပေါ်မှာ တိုက်ရိုက်သက်ရောက်မှုရှိ နေပါတယ်ပေါ့နော်။ ဆိုတဲ့အခါကျတော့ ဒီနိုင်ငံတွေရဲ့မူဝါဒတွေက စစ်ကောင်စီကို အားကောင်းစေသလား။ ဒါမှမဟုတ်ရင် တော်လှန်ရေးအတွက် အခွင့်အလမ်းတွေ ဖန်တီးပေးနေသလားဆိုတာကို ဒီဆရာ့ရဲ့အမြင်သုံးသပ်ချက်လေးလည်း သိပါရစေရှင့်။
ဖြေကြားသူ – ဒီဟာကကျတော့ ကျွန်တော်တို့က ဟို လက်တွေ့ကျကျပြန်ကြည့် လိုက်မယ်ဆိုရင်တောင်မှ ဒီပတ်ဝန်းကျင်မှာရှိတဲ့ နိုင်ငံတွေပေါ့။ ဘယ်သူနဲ့ပဲ ပူးပေါင်းပြီးတော့ ဘယ်သူတွေကိုပဲ အကူအညီပေးနေလဲဆိုတဲ့ဟာက ကျွန်တော်တို့ မျက်မြင်ကိုယ်တွေ့ပဲ ပေါ့နော်။ ကျွန်တော်တို့ ဒီကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းမှုက အားအလွန်နည်းတယ်ပေါ့။ ဒီစစ်ကောင်စီကို ပံ့ပိုးမှုတွေက အလွန်များပြားလှတယ်။ အဲ့တာကြောင့်မို့လို့ နည်းပညာပိုင်း ပံ့ပိုးမှုတွေရှိသလိုမျိုး၊ ပစ္စည်းပိုင်းပံ့ပိုးမှုတွေရှိသလိုမျိုး၊ ဒီစစ်ကောင်စီနဲ့ ကျွန်တော်တို့ ကာကွယ်ရေးအဖွဲ့တွေကြားမှာဆိုလို့ရှိရင်လည်း ကြားဝင်ဖြန်ဖြေတာမျိုးလိုလို၊ ပြီးလို့ရှိရင် ဟိုဝင်ပြီးတော့ ဟိုသွေးခွဲတာမျိုးလိုလိုနဲ့ ဒါမျိုးတွေနဲ့ နေရာဝင်ယူတဲ့ နိုင်ငံတွေလည်း ရှိကြတာပဲ။ အဲ့ဒီတော့ကျတော့ အများစုကတော့ ဒီစစ်ကောင်စီအတွက်တော့ အကျိုးပိုပြု နေတယ်။ အဲ့တော့ကျ ကျွန်တော်တို့အနေနဲ့က ဘာပဲပြောချင်လဲဆိုလို့ရှိရင် ဒီတခြားသော နိုင်ငံတွေဆိုတဲ့ဟာက သူ့နိုင်ငံ၊ သူ့အကျိုးစီးပွားအတွက်ပဲ သူတို့ကြည့်ကြမှာဖြစ်တဲ့အတွက် ကြောင့်မို့လို့ အခုအချိန်ထိလည်း ကျွန်တော်တို့ လေးနှစ်ကျော် တစ်အုံးအုံးတစ်တိုင်းတိုင်းနဲ့ လေယာဉ်တွေဗုံးကြဲတာတွေဖြစ်ဖြစ်နေကြတယ်ဆိုပေမယ့် အဲ့ဒီပြည်သူတွေကို သူတို့ သွားပြီးကူညီပေးတာမျိုးမရှိဘူး။ အဲ့ဒီပြည်သူတွေအတွက် ကူညီဖို့ဆိုပြီးတော့ သူတို့တခြား သောနည်းလမ်းနဲ့ လုပ်ဆောင်ပေးတာမျိုးမရှိဘူး။ ဒါတွေကြည့်လိုက်မယ်ဆိုလို့ရှိရင် သူတို့ ဘယ်ဘက်မှာပါလဲဆိုတဲ့ဟာ ထင်ရှားတယ်။ အဲ့တော့ကျ ကျွန်တော်တို့လုပ်ရမယ့်ကိစ္စက စစ်နိုင်ဖို့အရေးကိုပဲ လုပ်ရမှာ။ သူတို့သည်လည်း ကိုယ်ကျိုးစီးပွားကိုကြည့်တာဖြစ်တဲ့ အတွက် ကြောင့်မို့လို့ ဘယ်သူပဲစစ်နိုင်မလဲ။ နိုင်လို့ရှိရင်နိုင်တဲ့သူနဲ့သူတို့ပေါင်းမှာပဲ။ ကာကွယ်ရေးအဖွဲ့ တွေကနိုင်တယ်။ NUG အစိုးရက အစိုးရဖြစ်သွားပြီဆိုရင် NUG အစိုးရနဲ့ပဲ သူတို့ဆက်သွယ် တော့မှာ။ ဆက်ဆံတော့မှာ။ စကားပြောတော့မှာ။ စစ်ကောင်စီကနိုင်ရင်တော့ စစ်ကောင်စီ နဲ့ပဲ စကားပြောမှာ။ အဲ့ဒီတော့ကျ အဓိကလုပ်ရမယ့်အလုပ်က စစ်နိုင်ဖို့ကိုပဲ ကျွန်တော်တို့က အဓိကလုပ်ပြီးတော့ ကိုယ်ကအစိုးရတစ်ရပ်ဖြစ်ဖို့ကိုပဲ ကြိုးစားမှဖြစ်မှာပေါ့။
မေးမြန်းသူ – ဆိုတော့ တော်လှန်ရေးကာလအတွင်းမှာ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေနဲ့ ဒီ CDM ပြုလုပ်လာတဲ့ ဒါမှမဟုတ်ရင်လည်း အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကိုပေါ့နော်။ ဘယ်လိုမူဝါဒတွေနဲ့ စီမံခန့်ခွဲနေတာမျိုးရှိလဲရှင့်။ သူတို့အပေါ်မှာ ဒီလူ့အခွင့်အရေးနဲ့အညီ ဆက်ဆံတာမျိုး ပြီးတော့ တရားမျှတမှုရရှိရေးတို့က တော်လှန်ရေးရဲ့ဂုဏ်သိက္ခာနဲ့ ပုံရိပ်အတွက် ဘယ်လောက်ထိအရေးကြီးတယ်လို့ ဆရာဟို ယုံကြည်ပါလဲရှင့်။
ဖြေကြားသူ – အဲ့ဒီဟာဘာလဲဆိုလို့ရှိရင် ကျွန်တော်တို့စစ်တိုက်တယ်ဆိုတာ ကျွန်တော်တို့က စစ်ကိုချစ်လို့တိုက်တာမဟုတ်ဘူး။ ဒီအာဏာရှင်စနစ်ကို ကျွန်တော်တို့က မကြိုက်လို့မို့လို့ ကျွန်တော်တို့က ဟိုတိုက်နေကြတာ။ စစ်ကိုချစ်လို့တိုက်တာမဟုတ်တဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့က စစ်ကောင်စီနဲ့ပုံစံတူမယ့်အလုပ်မျိုး ကျွန်တော်တို့ဘယ်တော့မှမလုပ်ဘူး။ စစ်ကောင်စီမှာဆိုလို့ရှိရင် ကျွန်တော်တို့ PDF တွေကိုဖမ်းမိတယ်။ သူတို့မသင်္ကာတဲ့ပြည်သူ တွေကို ဖမ်းဆီးတယ်။ ပြီးလို့ရှိရင် သူတို့နဲ့အထောက်အထားမလုပ်ကင်းပါဘူးဆိုတဲ့ လမ်းပေါ် က သွားလာလှုပ်ရှားနေကြတဲ့ပြည်သူတွေကို ဖမ်းမိတယ်ဆိုရင် ဘာလုပ်ကြလဲဆိုလို့ရှိရင် ချက်ချင်းသတ်ချင်လည်းသတ်ပစ်လိုက်ကြတာ။ ကျွန်တော်တို့တိုက်ပွဲအတွင်းမှာ ကျွန်တော် တို့ဖမ်းဆီးရမိတဲ့ PDF ရဲဘော်တွေဆိုလို့ရှိရင်လည်း ဒီမညှာမတာပဲ ရက်ရက်စက်စက် ခေါင်းဖြတ်တာတွေ၊ ခြေထောက်ဖြတ်၊ ပိုက်ခွဲသတ်တာမျိုးတွေက အများကြီးလုပ်ကြတယ်။ ကျွန်တော်တို့ အပြစ်မဲ့ပြည်သူတွေဆိုလို့ရှိရင်လည်း သူတို့မထင်ရင်မထင်သလိုမျိုး ပုဒ်မတွေ အမျိုးမျိုးတပ်၊ ဥပဒေက သူတို့လက်ထဲမှာဆိုတော့ကျတော့ ဒါမျိုးတွေ ရက်ရက်စက်စက် လုပ်တာမျိုးတွေရှိတယ်။ အဲ့တော့ကျ စောစောပိုင်းက ကျွန်တော်ပြောချင်တဲ့ဟာက ကျွန်တော်တို့က စစ်ကိုချစ်လို့တိုက်တာမဟုတ်ဘူးဆိုတဲ့ဟာက နိုင်ငံတော်ကို ပိုပြီးတော့ ကောင်းစေချင်တဲ့အတွက်ကြောင့်မို့လို့ ပြည်သူတင်မြှောက်တဲ့အစိုးရလက်ထဲကို ပြည်သူ့ရဲ့ အာဏာကို အပြည့်အဝပြန်ပြီးအပ်နှင်းချင်လို့မို့လို့သာ ကျွန်တော်တို့က ဒီလက်နက်ကိုင် လမ်းစဉ်ကို ရွေးလိုက်ရတာ။ အဲ့တော့ကျတော့ သူတို့နဲ့ပုံသဏ္ဌာန်ချင်းမတူဘူး။ သူတို့နဲ့လမ်း ကြောင်းချင်းမတူဘူး။ သူတို့နဲ့ခံယူချက်ချင်းမတူတဲ့အတွက် သူတို့လုပ်တဲ့လုပ်ငန်းမျိုးဆိုရင် ဒါကျွန်တော်တို့လုပ်တဲ့လုပ်ငန်းမျိုးမဟုတ်ဘူး။ ဒါတွေကိုပဲ အဓိကထားပြီးတော့ ပြောချင်တာ ပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တိုက်တဲ့စစ်က သူတို့အတွက် အာဏာတည်မြဲရေး အတွက် သူတို့ကတိုက်တာ။ ကျွန်တော်တို့တိုက်တဲ့စစ်က ပြည်သူတွေအတွက် ကျွန်တော်တို့ က တိုက်တာ။ အဲ့တော့ကျတော့ ကျွန်တော်တို့လိုချင်တဲ့ဟာက တရားမျှတမှုရရှိရေးရယ်၊ ပြီးလို့ရှိရင် ကျွန်တော်တို့ လူသားတိုင်း လူသားအခွင့်အရေးအပြည့်အဝနဲ့ ကျွန်တော်တို့ ဒီနိုင်ငံတော်သစ်ကြီးတစ်ရက်မှာ ကောင်းကောင်းမွန်မွန် ကျွန်တော်တို့ သားစဉ်မြေးဆက် သွားနိုင်ကြဖို့အတွက် ကျွန်တော်တို့က လုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့နဲ့ခံယူချက် ချင်း၊ ပုံသဏ္ဌာန်ချင်းမတူတဲ့အတွက်ကြောင့်မို့လို့ သူတို့လုပ်တဲ့အရာတွေနဲ့ ကျွန်တော်တို့ လုပ်တဲ့အရာတွေကလည်း အားလုံးဆန့်ကျင်ဘက်ပါပဲလို့ပဲ ကျွန်တော်ပြောချင်ပါတယ်။
မေးမြန်းသူ – ဟုတ်ကဲ့ပါ။ ဆိုတော့ ကျွန်မတို့တော်လှန်ရေးကာလအလွန်မှာရော ဒီအနာဂတ် Federal နိုင်ငံတော်ပေါ့နော်၊ မြန်မာပြည်ကြီးကို ဆရာ့အနေနဲ့ ဘယ်လိုမျိုးဖြစ်စေချင်လဲ ပေါ့လေ။ ဆရာ့ရဲ့ဒီ ဆရာမြင်ယောင်မိတဲ့ အနာဂတ်မြန်မာနိုင်ငံတော်ကရော ဘယ်လိုများဖြစ် မလဲဆိုတာလေးလည်း ပြောပြပါဦး။ ပြီးတော့မှ ဒီအဲ့ဒီနိုင်ငံတော်ကြီးမှာ အခုလိုမျိုး အာဏာရှင်တွေ ပြန်ပြီးတော့ မပေါ်ပေါက်ဖို့အတွက်ကော ဘယ်လိုမူဝါဒတွေ ချမှတ်သင့် တယ်လို့ ဆရာသုံးသပ်ပါလဲရှင့်။
ဖြေကြားသူ – ကျွန်တော်တို့ ဒီစစ်ကိုဘာကြောင့်တိုက်ကြလဲ။ ဒီဟာကိုပဲ ကျွန်တော်တို့က ပြန်ပြီးတော့ သွားကြမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ လိုချင်တဲ့ဟာက တိုင်းရင်းသားတွေရော၊ ကျွန်တော်တို့ အားလုံးရော ဖက်ဒရယ်လိုချင်တဲ့အတွက်ကြောင့်မို့လို့ပဲ ဒီလောက်ကြီးထိ ကျွန်တော်တို့ အသက်တွေ၊ ဘဝတွေ ရင်းပြီးတော့ တိုက်နေကြရတာဖြစ်တဲ့အတွက် ကြောင့်မို့လို့ အားလုံးစုစည်းတဲ့ ညီညွတ်တဲ့ ဖက်ဒရယ်နိုင်ငံတော်ကြီးတစ်ခုကိုတော့ ကျွန်တော်တို့ တကယ်လည်းဖြစ်စေချင်တယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် ကျွန်တော်တို့ ရှေ့ပိုင်းမှာဆိုလို့ရှိရင်လည်း အသက်တွေရင်းပြီးတော့ ပေးသွားကြခဲ့တဲ့ ရဲဘော်တွေဆို တာလည်း အများကြီးပဲ။ လက်နက်ကိုင်တော်လှန်ပြီးမှ အသက်ရင်းထားတဲ့ ကျွန်တော်တို့ ရဲဘော်တွေရှိသလိုမျိုး လက်နက်ကိုင်မတော်လှန်ဘဲနဲ့ ဒီတော်လှန်ရေးမှာ ပါဝင်နိုင်တဲ့ အခန်းကဏ္ဍကနေပြီးတော့ ကိုယ်ပိုင်အသီးသီးပါဝင်ပြီးတော့ အသက်ပေးဘဝပေးသွားကြတဲ့ လူတွေကလည်း ကျွန်တော်တို့ မနည်းဘူးပဲရှိတာပေါ့နော်။ ဒီလူတွေရဲ့ ခံစားချက်၊ ခံယူချက် ကလည်း တိုင်းရင်းသားတွေ၊ ဗမာတွေ ဘာတွေဆိုတဲ့ ကွဲပြားမှုကို အဓိကမဟုတ်ဘူး။ ပဋိပက္ခမှုတွေကို မဖြစ်စေချင်ဘဲနဲ့ ကျွန်တော်တို့က ဒီတစ်နိုင်ငံတည်းရဲ့အောက်မှာ ဒီညီအစ်ကိုမောင်နှမတွေပုံစံမျိုးနဲ့ပေါ့ ဖက်ဒရယ်ဆိုတဲ့ အားလုံးလိုချင်ကြတဲ့ ပန်းတိုင်တစ်ခုကို ရစေချင်တဲ့စိတ်နဲ့ စေတနာတွေနဲ့ အားလုံးလုပ်ဆောင်ခဲ့ကြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီဟာကိုတော့ရစေချင်တယ်။ အခုလက်တွေ့မှာက ဖြစ်ပျက်မြင်နေတဲ့ဟာလေးတွေက ဘာလဲဆိုလို့ရှိရင် တချို့နေရာတွေမှာဆိုလို့ရှိရင် ကိုယ့်နေရာလေးမှာ ကိုယ့်ဘုရင်လုပ်ပုံစံမျိုးနဲ့ ပြုမူကျင့်ကြံနေကြတဲ့အပိုင်းတွေလည်း တွေ့လာရတယ်ပေါ့နော်။ ဒါတွေကကျတော့ ကျွန်တော်တို့က အန္တရာယ်ရှိတယ်။ အာဏာရှင်ကို တိုက်ထုတ်နေကြတဲ့နေရာမှာ ကျွန်တော်တို့က ဒီအမှိုက်ပုံကြီးတစ်ခုကို ဝိုင်းပြီးတော့ ကျွန်တော်တို့ ရှင်းနေကြရတဲ့ ပုံသဏ္ဌာန်နဲ့ တူတာပေါ့ဗျာနော်။ အဲ့တော့ကျတော့ ရှင်းတဲ့အချိန်တုန်းကတော့ ကျွန်တော် တို့က ဒီအမှိုက်ပုံကြီးရှင်းလင်းသွားရင် ငါတို့နေရာကြီး သာယာသွားပြီ၊ သန့်ရှင်းသွားပြီဆိုတဲ့ စိတ်မျိုးနဲ့ အားလုံးဝိုင်းပြီးရှင်းကြတာ။ ဒါပေမဲ့ ရှင်းရင်းရှင်းရင်းနဲ့ ကာလလေးတစ်ခု ရောက်လာတဲ့အခါမှာ ကိုယ်ရှင်းလို့ပြီးသွားတဲ့နေရာက ကိုယ့်အပိုင်နေရာဆိုတဲ့စိတ်မျိုးတွေ ဝင်လာကြပြီးတော့ ကိုယ်ရှင်းသွားတဲ့နေရာမှာ သူများလာနေမှာကို မလိုလားတော့ဘူး၊ မကြိုက်တော့ဘူး။ ဒီလိုမျိုးစိတ်တွေက ဝင်ဝင်လာတဲ့အပေါ်မှာက ကျွန်တော်တို့က ဘာဖြစ်မလဲဆိုလို့ရှိရင် ဒီဟာကြီးက ရှေ့ကိုဆက်ပြီးတော့ ပြီးဆုံးအောင်အထိ မရှင်းဘဲနဲ့ ရှင်းပြီးသားနေရာလေး သူ့နေရာ၊ ကိုယ့်နေရာ လူရင်းလူရင်းနဲ့ အချင်းချင်းကြားမှာ ပဋိပက္ခမှုတွေဖြစ်လာရင်းနဲ့ ရှေ့မရောက်မှာကို စိုးရိမ်တယ်။ အဲ့လိုမျိုးဆိုတာကျတော့ ဒီမူဝါဒတွေကို ချမှတ်တဲ့နေရာမှာဆိုလို့ရှိရင်လည်း တစ်စုတစ်ဖွဲ့တည်းကနေပဲ နိုင်ငံကို ကိုယ်စားပြုပြီးတော့ ချတဲ့ဟာထက် အားလုံးစုပေါင်းပြီးတော့ ကျွန်တော်တို့ တိုင်းရင်းသား တွေအားလုံးရှိကြတာပဲ။ ခေါင်းဆောင်တွေအားလုံးရှိကြတာပဲ။ အားလုံးကလည်း သူ့အမြင်၊ သူ့အတွေးအခေါ်နဲ့ ဒါသူ့ပထဝီအနေအထား၊ သူ့ပြည်နယ်ရဲ့လိုအပ်ချက်၊ အခက်အခဲ၊ အကျပ် အတည်းနဲ့ ဒီကိုယ်က ကိုယ့်နေရာလေးအကြောင်းပဲ ကိုယ်သိနေတာ။ သူများနေရာအကြောင်း ကိုယ်ကမသိကြဘူး။ အဲ့တော့ကျတော့ သိတဲ့တတ်တဲ့လူတွေ၊ နယ်ပယ်မတူတဲ့လူတွေ၊ ကဏ္ဍအစုံကလူတွေ ဖက်ဒရယ်ဆိုတဲ့အတိုင်း အားလုံးစုပေါင်းပြီးတော့ ဒီပုံစံနဲ့ ကျွန်တော်တို့ က သွားကြရမှာပေါ့။ တစ်စုတစ်ဖွဲ့တည်းက အာဏာလက်ဝါးကြီးအုပ်ကိုင်ထားပြီးတော့ သွားမယ်ဆိုရင်တော့ ဒါဖက်ဒရယ်မဆန်တော့ဘူး။ ဒါက စစ်ကောင်စီရဲ့ ပုံစံအတိုင်း ပြန်ဖြစ်သွားမှာ။ ဒါအဲ့တာမျိုးဆိုလို့ရှိရင်တော့ ဖက်ဒရယ်ကလည်း ဖြစ်လာမှာမဟုတ်သလိုမျိုး တစ်နယ်တစ်ဘော်၊ တစ်တိုင်းတစ်မင်း၊ တစ်သမ္မတပုံစံမျိုးလိုဖြစ်သွားပြီးတော့ ပိုပြီးတော့ တောင်မှ နိုင်ငံအစိတ်စိတ်အမွှာမွှာပဲ့ပြီးတော့ စည်းရုံးဖို့တွေက ပိုတောင်ခက်သွားဦးမှာ။ အဲ့တော့ကျတော့ တကယ်ဖက်ဒရယ်ကိုလိုချင်တယ်၊ တကယ်ဖက်ဒရယ်အတိုင်း ဖြစ်ချင်တယ် ဆိုလို့ရှိရင် ကျွန်တော်တို့ပြည်သူတွေရဲ့အသံကိုလည်း ကျွန်တော်တို့ အဓိကနားထောင် ရဖို့လိုတယ်။ အခုအချိန်မှာ ကျွန်တော်တို့ပြည်သူတွေ ဘာတွေအများဆုံးပြောနေကြလဲ ဆိုလို့ရှိရင် စိတ်ပျက်တဲ့အသံတွေကတောင် ပိုပြီးတော့ အခုအချိန်မှာကြားလာ၊ မြင်လာရတာ။ ဘာလဲဆိုလို့ရှိရင် ပြည်သူတွေလိုချင်တဲ့ပုံစံ အားလုံးစုစည်းညီညွတ်စွာနဲ့ ဒီစစ်ကောင်စီကို တိုက်ထုတ်ပြီးတော့ မြန်မြန်ပြီးဆုံးစေချင်တာ။ အခုဟာက အချင်းချင်းမတည့်ကြဘူး။ ဒါ ဟို အချင်းချင်း ပဋိပက္ခမှုတွေဖြစ်နေကြတယ်။ ဒီဟာက ကျွန်တော်တို့ဒီစစ်ရေးကို အရှိန်လျော့ သွားစေတဲ့ကိစ္စတစ်ခု၊ ဒါနောက်ပြန်ဆုတ်သွားစေတဲ့ကိစ္စတစ်ခု။ နောက်တစ်ခုက ကိုယ်စိုးမိုး လို့ရတဲ့ နယ်မြေသေးသေးလေးအတွင်းမှာပဲ ကိုယ်လုပ်ချင်တာတွေလုပ်နေကြတာပေါ့နော်။ ကျွန်တော်တို့စစ်ကိုင်းတိုင်းမှာဆိုရင် ပိုဆိုးတယ်။ သုံးပေတစ်ဂိတ်တို့၊ ဆယ်ပေတစ်ဂိတ်တို့ ကောက်နေကြတဲ့အခွန်အခတွေဆိုတဲ့ဟာလည်း နည်းတာမဟုတ်ဘူး။ ဒါတွေက ပြည်သူတွေ စိတ်ပျက်စေတဲ့ကိစ္စတွေပေါ့နော်။ ကျွန်တော်တို့ ဒီရှေ့မှာ ရဲဘော်တွေတိုက်နေခိုက်နေကြ၊ ပြည်သူတွေနဲ့တစ်သားတည်းရှိနေကြတဲ့အချိန်တုန်းက ကျွန်တော်တို့နောက်လှည့်ကြည့်စရာ မလိုဘူး။ ပြည်သူတွေက ထမင်းထုပ်ထမ်းပြီးတော့ လိုက်ခဲ့ကြတယ်။ ပြီးလို့ရှိရင် ကျွန်တော်တို့ ပြည်သူတွေက ရေဘူးတွေ၊ အအေးတွေယူပြီးတော့ လိုက်ခဲ့ကြတယ်။ လိုအပ်သမျှ ရဲဘော်တွေရိက္ခာအတွက် ဆန်၊ ဆီ၊ ဆားကအစပြီးတော့ စခန်းကရောက်လာပြီးတော့ ပို့ကြတာ၊ ထောက်ပံ့ကြတာ ဒီပြည်သူတွေပဲပေါ့ဗျာနော်။ အခုလိုမျိုး ကိုယ့်ဘက်က စိုးမိုးနေရာမျိုးလေးရလာတဲ့အခါကျတော့လည်း အခွန်ကောက်တာတွေ၊ စက်ကြေးကောက် တာတွေက တအားကိုကြမ်းလွန်းလာပြီးတော့ ဘယ်သူတွေဆီမှာသွားကောက်လဲဆိုတော့ စစ်ကောင်စီကစိုးမိုးထားတဲ့နယ်မြေ၊ စစ်ကောင်စီရဲ့ထောက်တိုင်တွေဆီသွားကောက်နိုင်တာ မဟုတ်ဘဲနဲ့ တစ်တောင်လုံးတစ်လျှောက်လုံး ကိုယ့်ကိုပဲထောက်ပံ့လာခဲ့တဲ့ ပြည်သူတွေဆီ ကပဲ ကိုယ်ကအခွန်တွေပြန်ကောက်၊ ပြီးလို့ရှိရင် ကိုယ့်စိုးမိုးထားတဲ့နယ်မြေအတွင်းဖြစ်တဲ့ အတွက်ကြောင့်မို့လို့ စစ်ကောင်စီကတော့ အရက်စက်ဆုံးနည်းလမ်းတွေနဲ့ လုပ်နေတာပဲနော်။ လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်တယ်၊ မီးရှို့တာတွေဆက်တိုက်လုပ်တယ်။ သူတို့မှာက ခံလည်းခံလိုက်ရတာတော့လည်း သူတို့ပဲ၊ ကုန်ကြုံသည်လည်းခံလိုက်ရတယ်။ ဒီဟာတွေတောင်မှ ကိုယ်ကသွားပြီးမကူညီနိုင်ဘူး၊ မလုပ်ဆောင်ပေးနိုင်ဘူး၊ ဖြည့်ဆည်း မပေးနိုင်ဘူး။ ဒီကြားထဲကနေမှ သူတို့ရဲ့ထောက်ပံ့မှုနဲ့ ကိုယ်ကဒီတော်လှန်ရေးကို အကောင်းဆုံးရှေ့ဆက်သွားနိုင်နေတဲ့ဟာကို ဒီလူတွေဆီကပဲ မရမကဇွတ်ကောက်ပြီးတော့ ဘာမှ ဟိုမြင်သာတဲ့ထုတ်ပြန်ချက်တွေပေါ့နော်၊ ဘယ်နေရာမှာအသုံးပြုဖို့အတွက် ဘယ်လိုကောက်ခံပါတယ်၊ ဘယ်နေရာတွေအတွက် ဘယ်လိုအကျိုးရှိရှိသုံးလိုက်ပါတယ် ဆိုတဲ့ ဟိုပြည်သူတွေလက်ခံတဲ့ ထုတ်ပြန်ချက်မျိုးတွေတောင်မလုပ်နိုင်ဘဲနဲ့ လုပ်တဲ့ဟာတွေ ကလည်း လမ်းပေါ်မှာကလည်း တအားများလွန်းနေတော့ ဒါပြည်သူတွေရဲ့စိတ်ပျက်စရာ ကိစ္စတစ်ခုဖြစ်တာပေါ့ဗျာ။ ဒီဟာတွေကကျတော့ ဒါကျွန်တော်တို့အတွက်က ကောင်းတဲ့ ရလဒ်တွေမဟုတ်ဘူး။ မကောင်းတဲ့ရလဒ်တွေဖြစ်လာမှာ။ နောက်ပိုင်းတွေမှာဆိုလို့ရှိရင် အဲ့လိုမျိုးတွေလုပ်ဆောင်လို့ ပြည်သူရဲ့ယုံကြည်မှုအားကျသွားလို့ရှိရင် အားကျသွားသလောက် ကျွန်တော်တို့ရဲ့ရလဒ်တွေကလည်း ဆိုးကျိုးတွေပဲဖြစ်လာမှာ။ ဆိုတော့ ကျွန်တော်တို့ စစ်ကောင်စီနဲ့ ကျွန်တော်တို့ ကာကွယ်ရေးအဖွဲ့တွေကြည့်လိုက်မယ်ဆိုလို့ရှိရင်လည်း စစ်ကောင်စီဘက်မှာ ပြည်သူတွေရဲ့ပါဝင်မှုနှုန်းက တအားနည်းတယ်။ ပြည်သူ့ ထောက်ခံမှု ရတဲ့ ကျွန်တော်တို့ကာကွယ်ရေးအဖွဲ့တွေကပဲ ပိုပြီးတော့ရှေ့ရောက်တယ်၊ အားသာတယ်၊ လုပ်နိုင်စွမ်းတွေရှိတယ်။ ဒါအဲ့လိုမျိုးပဲ ပြည်သူတွေက မထူးတော့ပါဘူး၊ သူတို့လည်း အတူတူပါပဲ၊ စစ်ကောင်စီကလည်းကြောက်ရတာပဲ၊ ကျွန်တော်တို့ ဒီ PDF တွေကိုလည်း ကြောက်ရတာပါပဲ။ သူတို့လည်း ဖာသိဖာသာနေသွားပြီ၊ ဟိုဘက်လည်းမပါတော့ဘူး၊ ဒီဘက်လည်းမပါတော့ဘူး။ ဒီလိုပုံစံမျိုးနဲ့နေတတ်သလို နေသွားပြီဆိုလို့ရှိရင်တော့ ဒါကျွန်တော်တို့အတွက် စိုးရိမ်ရတဲ့အနေအထားမျိုးဖြစ်သွားမှာပေါ့နော်။ အဲ့ဒီတော့ကျတော့ ဒီဟာတွေလည်း ထည့်သွင်းစဉ်းစားပြီးတော့ မူဝါဒတွေချမှတ်ရမယ်၊ ရေးဆွဲရမယ်။ ပြီးလို့ရှိရင် တာဝန်ခံထားတဲ့လူတွေကိုယ်တိုင်လည်း အဂတိမှုတွေကင်းရှင်းတဲ့လုပ်ဆောင်ချက်မျိုးတွေနဲ့ လုပ်ဆောင်နိုင်ရမယ်။ ဒီအုပ်ချုပ်ရေးပိုင်းဆိုတဲ့ဟာကကျတော့ ကျွန်တော်တို့ skill ရှိဖို့လည်းလိုတယ်။ ကျွမ်းကျင်မှုရှိဖို့လိုသလိုမျိုး ကျွန်တော်တို့ တာဝန်ယူမှု၊ တာဝန်ခံနိုင်မှု ပိုင်းတွေလည်း ရှိဖို့လည်းလိုတယ်။ ပွင့်လင်းမြင်သာမှုရှိဖို့တွေလည်းလိုတယ်။ ပြီးလို့ရှိရင် အဓိကကတော့ ကျွန်တော်တို့ အဂတိကင်းစင်ပြီးတော့ တရားမျှတရမှာပေါ့နော်။ ဒီအချင်းချင်း ဖြစ်တဲ့ကိစ္စတွေမှာ ပြည်သူတွေကတိုင်တန်းတဲ့အခါမှာ အချင်းချင်းလက်ဝါးရိုက်ပြီးပြီးသွား ပြီးတော့ တကယ်နစ်နာဆုံးရှုံးသွားတဲ့လူတွေအတွက်ပဲ အန္တရာယ်ရှိသွားတဲ့ကိစ္စမျိုးဆိုလို့ရှိရင် ဒါပြည်သူတွေက ရေရှည်မှာလက်ခံမယ့်ကိစ္စမျိုးမဟုတ်ဘူး။ အဲ့ဒီတော့ကျတော့ ဒီတရားမျှတ ဖို့ကအရေးကြီးတယ်။ ဒီလိုမျိုးတွေဖြစ်ပျက်ပါများလာတဲ့အခါမှာ ပြည်သူတွေက လုပ်ငန်း လုပ်တဲ့သူတွေနဲ့ အချိန်းပြောင်းလုပ်စေချင်တယ်။ မှန်မှန်ကန်ကန်ဆုံးဖြတ်ပြီးတော့ မှန်မှန် ကန်ကန်လျှောက်တဲ့ တကယ့်တော်လှန်ရေးသမားတွေတို့၊ နိုင်ငံရေးသမားတွေတို့၊ နိုင်ငံတော် အပေါ်မှာ တကယ်ကိုယ်ကျိုးစွန့်ပြီးလုပ်နေတဲ့လူတွေနဲ့ပဲ reform လုပ်ဖို့၊ reform လုပ်ဖို့ဆိုပြီး တော့ တောင်းဆိုကြတဲ့ဟာလည်း ဒါ ဒီနှစ်ပိုင်းတွေအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ကြားလာခဲ့ကြရတဲ့ဟာတွေကလည်း အများကြီးရှိတာပဲလေနော်။ ဆိုလိုချင်တဲ့ဟာက ဒီ reform ဆိုတဲ့ဟာက ကျွန်တော်တို့ မြို့နယ်တာဝန်ခံတစ်ယောက်ကို ကျွန်တော်တို့က ဒီနေရာက ဖယ်ခိုင်းတယ်ဆိုတဲ့ဟာက သူ့ရဲ့အရည်အချင်းညံ့ဖျင်းမှု၊ သူ့ရဲ့အဂတိလိုက်စားမှု တွေ များတဲ့အတွက်ကြောင့်မို့လို့ ပြည်သူတွေရဲ့ငြိုငြင်မှုတွေကများလာတယ်၊ ပြီးလို့ရှိရင် မြို့နယ်အတွက်လည်းအကျိုးမပြုဘူး၊ နိုင်ငံအတွက်လည်းအကျိုးမပြုလို့မို့လို့ ဒီလူကို ကျွန်တော်တို့က ရာထူးဖယ်ရှားပြီးတော့ သူ့ထက်ပိုသင့်တော်တဲ့လူနဲ့ လဲစေချင်တာလား။ ဒါမျိုးတွေဆိုတဲ့ဟာကို ပြန်သုံးသပ်ပြီးတော့ reform ဆိုတဲ့နေရာမှာ နားလည်ပါးရည်လုပ်လို့ မသင့်တဲ့ဟာမျိုးတွေရှိတယ်။ ဘာလို့လဲဆိုတော့ တချို့နေရာမှာ မြို့နယ်တာဝန်ခံကို မကြိုက်လို့မို့ ဆန္ဒတွေပြကြတယ်ဆိုရင် အဲ့မြို့နယ်တာဝန်ခံကို ကဲအဲ့ဒါဆို ခရိုင်တာဝန်ခံ ပေးလိုက်တယ်။ ဒါမျိုးတွေပေါ့နော်။ အဲ့တာက reform လုပ်တယ်ဆိုတဲ့ဟာက ပိုပြီးမြင့်တဲ့ ရာထူးနေရာတွေကို ပေးဖို့ reform လုပ်တာမဟုတ်ဘူး။ ပိုပြီးတော့သိတဲ့၊ တတ်တဲ့၊ ပိုပြီးတော့ တရားမျှတစွာလုပ်နိုင်မယ့်၊ ပိုပြီးတော့ပြည်သူအပေါ်မှာ ကြည့်တဲ့လူမျိုးတွေ ပြန်လည်ခံထား ပြီးတော့ ဒီနိုင်ငံတော်အသစ်အတွက် အကောင်းဆုံးလမ်းတွေကို လျှောက်နိုင်မယ့်လူတွေကို လုပ်ဖို့အတွက်ဆိုပြီးတော့ ဒါတောင်းဆိုကြတဲ့အပိုင်းတွေမှာက ဒါမျိုးတွေကို မသိနားမလည် ဘူးဆိုတဲ့ပုံစံမျိုးနဲ့ သွားလုပ်တယ်ဆိုရင်လည်း ဒါပြည်သူ့ရဲ့ငြိုငြင်မှုတွေကလည်း တစ်စထက် တစ်စပိုများလာမှာပေါ့နော်။ အဲ့တော့ကျတော့ ကျွန်တော်တို့မူဝါဒတွေရေးဆွဲတဲ့နေရာမှာ ကျွန်တော်တို့ မတူညီတဲ့ပုံသဏ္ဌာန်တွေနဲ့၊ မတူညီတဲ့အယူအဆ ဒီတိုင်းရင်းသား ညီအစ်ကို မောင်နှမတွေရောအားလုံး၊ တတ်သိကျွမ်းကျင်တဲ့ ပညာရှင်တွေပေါ့နော် ဒါတွေနဲ့အားလုံးစုဖွဲ့၊ စုပေါင်းပြီးတော့ မူဝါဒတွေက ချမှတ်မှသာလျှင် ပိုပြီးတော့ သင့်တော်မှာ၊ ပိုပြီးတော့လည်း မှန်ကန်တဲ့အပြောင်းအလဲတစ်ခုကိုဖြစ်မှာဆိုတာကိုပဲ ဟိုကျွန်တော်ကတော့ ဟိုမြင်တယ်ပေါ့။ ဒါကတော့ ဟိုကျွန်တော့်အမြင်လေးကိုပဲ ဟိုပြောတာပါဗျာ။
မေးမြန်းသူ – ဟုတ်ကဲ့ပါ။ နောက်ဆုံးအနေနဲ့ပေါ့နော်၊ တော်လှန်ရေးကာလကြာလာတာနဲ့အမျှ ဒီစားဝတ်နေရေးနဲ့ လုံခြုံရေးအတွက် နေ့စဉ်ရုန်းကန်နေရတဲ့ ပြည်သူလူထုကို တိုက်တွန်း အားပေးစကားပြောကြားရင်းနဲ့ ကျွန်မတို့ရဲ့ interview လေးကို အဆုံးသတ်ပေးပါဦးရှင့်။
ဖြေကြားသူ – ကျွန်တော်တို့ နောက်ဆုတ်လို့မရတဲ့ ခရီးတစ်ခုကိုလည်း ကျွန်တော်တို့ ရောက်နေကြပြီ။ ရှေ့ဆက်သွားမယ်ဆိုလို့ရှိရင်လည်း အောင်မြင်တဲ့ပန်းတိုင်ကို ကျွန်တော်တို့ ရောက်တော့မယ်ဆိုတဲ့ဟာလည်း အားလုံးသိကြတယ်။ ဒါဒီနေရာမှာနောက်ဆုတ် မယ်ဆိုရင်တော့ ကျွန်တော်တို့ သားစဉ်မြေးဆက်၊ ကျွန်တော်တို့ရဲ့ရည်ရွယ်ရာပန်းတိုင်တွေ ကလည်း အားလုံးဆုံးရှုံးပျက်စီးကြရမှာ။ ဒါပေမဲ့ ကျွန်တော်တို့လက်ရှိရောက်နေတဲ့နေရာက ပန်းတိုင်နဲ့အနီးဆုံးနေရာကို ရောက်နေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ အားလုံးကတော့ တတ်ညီလက်ညီနဲ့ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နဲ့ရှေ့ဆက်ကြဖို့ပဲ ကျွန်တော်တို့ အရေးကြီးတဲ့အခန်းကဏ္ဍအပိုင်းကို ရောက်နေပြီဖြစ်တယ်ပေါ့နော်။ အဲ့တော့ကျတော့ ပြည်သူတွေအနေနဲ့လည်း ကျွန်တော်တို့ နားလည်ပါတယ်။ အဆင်မပြေကြဘူး။ ဒုက္ခတွေအမျိုးမျိုးကြုံနေကြတယ်။ ကူညီနိုင်တော့တဲ့အခြေအနေမဟုတ်တော့တဲ့အတွက် ကြောင့်မို့လို့ တချို့ဆိုရင် မကူညီနိုင်တော့တဲ့ဟာကိုလည်း စိတ်မပျက်ကြပါနဲ့ပေါ့နော်။ မကူညီနိုင်တော့ပေမယ့် ကူညီခဲ့တဲ့ကာလတွေတုန်းက ကျွန်တော်တို့ အောင်မြင်မှုတွေကို ပြန်မြင်ယောင်ပြီးတော့ ဒီဟာတွေအတွက်လည်း ပိုပြီးတော့ကြိုးစားပေးသွားမှာပဲ။ နောက်တစ်ခုက ကျွန်တော်တို့ ကူညီနိုင်စွမ်းရှိတဲ့သူတွေဆိုရင်လည်း ရပ်မပစ်လိုက်ကြပါနဲ့ ပေါ့နော်။ ခရီးအဆုံးထိဆက်ပြီးတော့ တွန်းပို့ပေးကြပါပေါ့။ အဲ့လိုမျိုးပဲ ကျွန်တော်တို့ လက်နက်ကိုင်အချင်းချင်းလည်း ဘုံရန်သူတူတဲ့ဟာကိုပဲ စိတ်ထဲမှာနှလုံးသွင်းပြီးတော့ တစ်အိမ်ကြက်ချင်းခွပ်နေပြီးတော့ နောက်ဆုံးနှစ်ကောင်လုံးမောသွားတဲ့အချိန်မှာ ဘေးကဘဲ ကနှစ်ကောင်လုံးကို လာရိုက်ချက်စားသွားမယ့်ဟာမျိုးကို ကျွန်တော်တို့ အဖြစ်မခံဘဲနဲ့ ကျွန်တော်တို့ တစ်အိမ်ကြက်ချင်းခွပ်တဲ့ဟာတွေလည်း လျှော့ချကြပြီးတော့ ဒါကျွန်တော်တို့ ဒါအကောင်းဆုံးစည်းလုံးညီညွတ်စွာနဲ့ သွားပြီးမှ ကျွန်တော်တို့လိုချင်တဲ့ ဖက်ဒရယ်နိုင်ငံတော် ကြီးတစ်ခုကို တည်ဆောက်ဖို့အတွက်ကိုတော့ ဒါကျွန်တော့်အနေနဲ့ ဒါအားပေးစကားဆိုတဲ့ ဟာထက် ဒါဟိုတိုက်တွန်းချင်တဲ့စကားလေးပဲ ကျွန်တော်ပြောရင်း ဟိုနိဂုံးချုပ်ပြစေဗျာ။
မေးမြန်းသူ – ဟုတ်ကဲ့ပါ အခုလိုမျိုး The Kaladan Postကို လာရောက်ပြီးတော့ အချိန်ပေးတဲ့ အတွက် ဆရာ့ကိုအများကြီးကျေးဇူးတင်ပါတယ်ရှင်။
ဖြေကြားသူ – ဟုတ်ကဲ့ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့ပါဗျ ဟုတ်။