တော်ဝိကျေးရွာတွင် စစ်ကောင်စီ ( ၅၀)ပါ အထိုင်ချ စစ်စခန်းအား သိမ်းပိုက်ရရှိ

——————————————————————————–

ဇွန် ၂၅

The Kaladan Post

 

၂၀၂၅ ခုနှစ် ဇွန်လ ၂၅ ရက်နံနက် ၀၁:၀၀ တွင် ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ တော်ဝိကျေးရွာတွင် ရန်သူ့ (အင်အား ၅၀)ပါ အထိုင်ချ စစ်ကောင်စီစခန်းအား တော်ဝင်ဒေါင်းတပ်ရင်းနှင့် တောကျီးကန်း တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီ တစ်နာရီတိုက်ပွဲဖြစ်ပွားပြီး နံနက် ၀၂:၀၀ တွင် ရန်သူ့စစ်စခန်း အား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း Royal Peacock Column – 29913 ၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တော်ဝင်ဒေါင်းတပ်ရင်း  သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက “ ဒီကျွန်တော်တို့သိမ်းပိုက်ခဲ့တဲ့ စစ်ကောင်စီ စခန်းသည် ညောင်လေးပင်မြို့သို့ တော်လှန် ရေးတပ်တွေ ဝင်မလာနိုင်အောင် ဆိုတဲ့ပုံစံ အခြေချထားတဲ့ စခန်းလို့ပြောလို့ရပါတယ်။ ပြီးတော ဒီစခန်းမှာ စစ်ကောင်စီတပ်နှင့် ရဲ ပူးပေါင်းတပ် ထိုင်တာဖြစ်ပါတယ် အင်အားကတော့အမြဲ ၅၀/၈၀ ဝန်းကျင် ထိုင်တာဖြစ်ပြီး လက်နက်ကြီး/ငယ် အစုံနဲ့  အခိုင်အမာတည်ဆောက်ထားတဲ့ စခန်းတစ်ခု ပေါ့ဗျဟု “ The Kaladan Post သို့ပြောဆိုသည် ။ ပြီးတော့ ကျွန်တော်တို့ တော်ဝင်ဒေါင်းတပ်ရင်းက ဇွန်လ ၂၃ ရက်တွင် ကျဆုံးသွားသောရဲဘော်ကျော်စွာအား ဂုဏ်ပြုသောအားဖြင့် ကျော်စွာစစ်ဆင် ရေး ဟု အမည်ပေးပြီး ရန်သူကိုတိုက်ခိုက်ခဲ့တာပါဟု ဆက်လက်ပြောဆိုပြောဆိုသည်။ ၎င်းတိုက်ပွဲ အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဘက်မှ ၁၃ ဦးသေဆုံးခဲ့ပြီး  ၃ ဦးအား အရှင်ဖမ်းဆီးနိုင်ခဲ့ကာ လက်နက်ခဲ့ ယမ်းနှင့် စစ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။ ထို့အပြင် ကျော်စွာစစ်ဆင်ရေးကို ဗျူဟာ(၂၆) ၏ ကွပ်ကဲမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တော်ဝင်ဒေါင်းတပ်ရင်းနှင့် ပူးပေါင်းတပ်ဖွဲ့ ဘက်မှ ရဲဘော်များ ထိခိုက်ကျဆုံးမှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎ြင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။