စက်တင် ၂၂

The Kaladan Post

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ရက်နေ့တွင် ထားဝယ်မြို့မှ လောင်းလုံးမြို့နယ်ဘက်သို့ စစ်ကြောင်း ထိုးလာသော စစ်ကော်မရှင်တပ်ဖွဲ့အား တော်လှန်ရေးပူးပေါင်းတပ်များက လိုက်လံပိတ်ဆို့တိုက် ခိုက်နေစဥ် ရာဟောင်းဝရွာအနီး လမ်းမကြီးအတိုင်း ဆင်းလာသော စစ်ကောင်စီ စစ်ကြောင်းနှင့် ထိပ်တိုက်ထိတွေ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KBDF တပ်ဖွဲ့က သတင်းထုတ်ပြန် ထားပါ သည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဒေါနစစ်ကြောင်း -၃ (KBDF) တပ်ဖွဲ့ရဲ့တာဝန်ရှိသူ တစ်ဦးက “ မင်းအောင်လှိုင်ထားဝယ်ကိုလာတာနဲ့ ထာဝယ်မြို့နယ် လုံးမှာ စစ်ကောင်စီတပ်တွေက စစ်ကြောင်း ထိုး နေမြေရှင်းလင်းတာတွေ လုပ်နေပါတယ် သူတို့အင်အားက ၁၀၀ကျော်ရှိတယ်ဗျ ဒီစစ်ကြောင်း ကိုလိုက်လံတိုက်ခိုက်နေစဥ် ပွို့င်ဆင်းလာတဲ့ အင်အား၃၀ ဝန်းကျင်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စကစဘက်က တပ်သား (၄)ဦးသေဆုံးသွားပါတယ် ဒီတိုက်ပွဲအပြီးမှာ စကစက အင်အားထပ်ဖြည့်တော့ အခုဆိုရင် ၁၀၀ ကျော်သွားပါပြီ “ဟု The Kaladan Post သို့ ပြောဆိုသည်။ စစ်ကော်စီတပ်ဖွဲ့သည် လောင်းလုံးမြို့နယ်အတွင်းသို့ လမ်းမကြီးအတိုင်း ထိုးဖောက်ဝင်လာစဉ်၊ တော်လှန်ရေးတပ် များက ၎င်းတို့၏ လှုပ်ရှားမှုကို စောင့်ကြည့်လျက် ဗျူဟာမြောက်ပိတ် ဆို့မှုများ ပြုလုပ်ခဲ့ခြင်းဖြစ် သည်။ ရာဟောင်းဝရွာအနီးတွင် နံနက် ၃:၃၀ နာရီခန့်တွင် တော်လှန်ရေးတပ်များ နှင့် စကစတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ဆုံပြီး မိနစ် ၃၀ ခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ တော်လှန် ရေးတပ်ဖွဲ့များ လက်ဦးမှုယူ၍ တိုက်ခိုက်ခြင်းကြောင့် စကစတပ်ဖွဲ့မှ တပ်သား ၄ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ  ရှိခဲ့ကြောင်း သိရှိရသည်။ ဤစစ်ဆင်ရေးကို ဒေါနစစ်ကြောင်း-၃ (KBDF)၊ ဒေါနတပ်ခွဲ-၇ (LPF)၊ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး (DDPDF)၊ လောင်းလုံး မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF (ဇုန်-၃) တပ်ဖွဲ့များသည် ဒေသခံပြည်သူများ၏ အကျိုးစီးပွားကို ကာကွယ်ရန်နှင့် စစ်ကောင်စီ၏ ဖိနှိပ်မှုများကို တွန်းလှန်ရန် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ဤတိုက်ခိုက်မှုတွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ ခြင်း မရှိခဲ့သော်လည်း၊ တော်လှန်ရေးတပ်ဖွဲ့များသည် အထိအခိုက်မရှိ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်။

အလားတူ တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ် ၊ အုန်းပင်ကွင်းကျေးရွာအုပ်စု ၊ ပယကျေးရွာတွင် တပ်စွဲထား သော အင်အား (၆၀)ခန့်ရှိ စစ်ကော်မရှင် ဂိတ်စခန်းအား တော်လှန်ရေးတပ်များ စက်တင်ဘာလ ၁၈ ရက်နေ့ မနက် (၆)နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် (၁)နာရီခန့်ကြာမြင့်ခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား (၃) သေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်။ တိုက်ပွဲဖြစ် ပွားပြီးနောက် ခလရ (၂၇၃)မှ စစ်ကားလေးစီးဖြင့် အင်အားထပ်မံဖြည့်တင်းထားကြောင်းသိရှိရသည်။ အဆိုပါတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖက်မှ ရဲဘော် ၁ ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ ၂ ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ပူးပေါင်းတိုက်ခိုက်မှုတွင် ဒေါနစစ်ကြောင်း-၃(KBDF) ၊ ဒေါနတပ်ခွဲ-၆ (ဝေဟင်တပ်ဖွဲ့) ၊ ဒေါနတပ်ခွဲ-၇ (LPF) ၊ရာမညမွန်တပ်တော် (RMA)၊ ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း-T1 ၊ ရေဖြူမြို့နယ် ပ.က.ဖ ၊ နဂါးနီပျောက်ကျားတပ်ဖွဲ့နှင့် ဗထူးတပ်မတော် (B.H.A) တို့ပါဝင်သည်။

ဤတိုက်ပွဲသည် တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ရေးအရ ထိရောက်မှုနှင့် ဒေသတွင်း စစ်ကောင်စီ၏ လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်စွမ်းကို ပြသခဲ့သည်။ စစ်ကော်မရှင်တပ်ဖွဲ့၏ ထိုးစစ်ကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့ခြင်းသည် ဒေသခံပြည်သူများ အကြား တော်လှန်ရေးတပ်ဖွဲ့များအပေါ် ယုံကြည်မှုကို ပိုမိုခိုင်မာစေသည့်အပြင် တော်လှန်ရေး တပ်ဖွဲ့များ၏ စစ်ရေးအရ ညှိနှိုင်းဆောင်ရွက်နိုင်မှုကို ပြသခဲ့သည်။