အောက်တို ၃

The Kaladan Post

ဒဟတ်ပင်ရေနံမှော်အနီး သရက် – မင်းလှ လမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီစစ်ကြောင်းအား ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့ ညနေ (၄) နာရီ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း United States Of Burma Army _ USBA တပ်ဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် ကိုသာချိုက The Kaladan Post သို့ ပြောဆိုသည်။ အဆိုပါတိုက်ပွဲသည် (၃) မိနစ် သာကြာခဲ့ပါတယ် အပြန်အလှန်ပစ်ခတ်ခြင်းမဟုတ်ပဲ တစ်ဘက်သက်ခြုံခို ပစ်ခတ်ခြင်းတာဖြစ်ပြီးတော့ စစ်ကောင်စီ ဘက်က ကျည်(၁) တောင့်မှ ပြန်မပစ်နိုင် ကြောင်းသိရသည်။ထိုသို့ ပစ်ခတ်နေစဉ် အရပ်သားကုန် တင်ကားတစ်စီး မောင်း၀င်လာသဖြင့် များစွာအနှောက်ယှက်ဖြစ်ခဲ့ရပြီး အဆိုပါကားကို မထိအောင် ရှောင်ပစ်ရင်း ပစ်အားလျှော့ချခဲ့ရသဖြင့် စခ (၁၃) ဦးဒဏ်ရာရပြီး (၆) ဦးကျဆုံး ကြောင်းဖရဲသီး သတင်းရ သိရပါတယ်ဟု ပြန်ကြားရေးတာဝန်ခံက ဆက်လက်ပြောဆိုသည်။ ကပစ(၂) မလွန်မှ အင်အား ၁၀၀ ၀န်းကျင်ပါ စစ်စိမ်းရောင် စစ်ဖောကား (၄) စီးဖြင့် အထက်မင်းလှမြို့နယ် လင်းကယ် ရဲ စခန်း အနီးတဝိုက်ကျေးရွာတွေမှာ ‌(၃) ညအိပ် (၄)ရက် စစ်ကြောင်းထိုးပြီး အပြန် တိုက်ခိုက်ခံရတဲ့နေရာမှာ ရပ်တန့်ခြင်းမရှိပဲ ဒဟတ်ပင်ရေနံမှော်ရောက်မှ ရပ်ပြီး လက်နက်ကြီး အချက်ပေါင်းများစွာ ရမ်းသတ်ပစ်ခတ်ခဲ့ကြသည်။ တိုက်ပွဲအတွင်း ကျဆုံးသူတွေကို ကပစ(၂) ထဲသို့ သယ်ဆောင်သွားပြီး ထိခိုက်ဒဏ်ရာ ရသူတွေကိုလဲ ကပစ (၂) ထဲမှာပဲ ကြိတ်ပြီးကုသနေ ကြသည်။ အဆိုပါတိုက်ခိုက်ခံရ‌တဲ့နယ်မြေအား မကြာခင် စစ်ကြောင်းထိုးပြီး နယ်မြေလာရှင်းမယ်လို့ အပြန်လမ်းတစ်လျှောက်ရှိ ၎င်းတို့ကို ထောက်ခံအားပေးသူများကို အားပေးစကားပြောပြီး အခြားဒေသခံပြည်သူများကိုတော့ တွေ့ကြသေးတာပေါ့ဟု ကြိမ်းမောင်းသွားကြသည်။ သို့ဖြစ်ပါ၍  အကြမ်းဖက်စစ်အုပ်စုမှ စစ်ကြောင်းထိုးလာနိုင်သလို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာနိုင် သဖြင့် အဆိုပါ ဒဟတ်ပင် ရေနံမှော်အနီးနားရှိပြည်သူများ သတိဝီရိယထားပြီး စစ်အုပ်စုရဲ့အန္တရာယ် ကို ကြိုတင်ပြင်ဆင်ထားကြပါရန်နှင့် ခရီးသွား ပြည်သူတွေအနေဖြင့် အကြမ်းဖက်စစ်အုပ်စု ယာဉ်တမ်းတွေနဲ့ မီတာ (၃၀၀) အတွင်း အနီးကပ်လိုက်ပါခြင်း လုံး၀ မပြုလုပ်ကြရန်နှင့် ပစ်ခတ်မှု အသံများကြားပါက ဘေးကင်းရာအရပ်မှာ ခေတ္တရပ်နားထားပေးကြပါရန် တပ်ဖွဲ့ရဲ့တာဝန်ခံ ရဲဘော် ကိုသာချိုက တိုက်တွန်းထားပါသည်။