နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) ဖွဲ့စည်းပြီး NUG နှင့် ချိတ်ဆက်တိုက်ပွဲဝင်မည်

 

ဒီဇင် ၁၆

The Kaladan Post

ကရင်နီ KNDF၊ ချင်းညီနောင် CB၊ BPLA၊ မွန်တော်လှန်ရေးတပ် MSRF အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ ၁၉ ဖွဲ့တို့ ပူးပေါင်းကာ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance – SRA) ကို တရားဝင်ဖွဲ့စည်းလိုက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အားကောင်းစွာ ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ နိုဝင်ဘာလ ၂၁ ရက်မှ ၂၃ ရက်အထိ လွတ်မြောက်နယ်မြေတွင် ကျင်းပခဲ့သည့် တပ်ပေါင်းစုဖြစ်မြောက်ရေး ညီလာခံ၌ ဖွဲ့စည်းပုံစည်းမျဉ်း၊ ရှေ့လုပ်ငန်းစဉ်များနှင့် တော်လှန်ရေးကတိကဝတ်များကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်။

တပ်ပေါင်းစုသည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်ရေးနှင့် ပြည်သူလူထုကို အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်မှုများမှ အမြန်ဆုံးကယ်တင်ရန် စစ်ရေးအရွေ့ကို ပိုမိုအားကောင်းလာစေမည်ဟု ကျောင်းသားလက်ရုံးတပ်တော် SAF ဒုဥက္ကဌ(၁) ကိုမင်းဟန်ထက်က ပြောသည်။ လက်ရှိမပါဝင်ရသေးသည့် နွေဦးတော်လှန်ရေးအင်အားစုများကိုလည်း ဆက်လက် ဖိတ်ခေါ်သွားမည်ဖြစ်ပြီး တပ်ပေါင်းစုဖြင့်သာ အောင်ပွဲခံနိုင်မည်ဟု ယုံကြည်ကြောင်း တို့ အတည်ပြု ပြောဆိုခဲ့သည်။

မင်းအောင်လှိုင် ဝန်ခံချက်။ လေတပ်က တိုက်ပွဲအဆုံးအဖြတ်အတွက် အဓိက အထောက်အကူပြု

 

ဒီဇင် ၁၆

The Kaladan Post

အကြမ်းဖက်စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က လေတပ်သည် လက်ရှိတိုက်ပွဲများတွင် အဆုံးအဖြတ်ပေးနေသည့် အဓိကအင်အားဖြစ်ကြောင်း ဝန်ခံပြောဆိုလိုက်ပြီး လေယာဉ်၊ ရဟတ်ယာဉ်များနှင့် စစ်ဆင်ရေးအထောက်အကူစနစ်များကို ဆက်လက်ဖြည့်တင်းသွားမည်ဟု ကြေညာခဲ့သည်။ ယမန်နေ့ နေပြည်တော် အေလာလေတပ်စခန်းဌာနချုပ်တွင် ကျင်းပခဲ့သည့် တပ်မတော်(လေ) ဖွဲ့စည်းတည်ထောင်မှု ၇၈ နှစ်မြောက်နေ့ အခမ်းအနားတွင် မင်းအောင်လှိုင်က အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။

လေတပ်သည် တည်ထောင်စဉ်က အခြေစိုက်စခန်း တစ်ခုနှင့် ပျံသန်းရေးအုပ်အနည်းငယ် သာရှိခဲ့ရာမှ ယခုအခါ နိုင်ငံတစ်ဝန်း ဝေဟင်ပိုင်နက်ကို စိုးမိုးနိုင်သည့် နည်းဗျူဟာမြောက် အင်အားတစ်ရပ်အဖြစ် တည်ဆောက်နိုင်ခဲ့ပြီး လက်ရှိစစ်ဆင်ရေးများတွင် ထိရောက်စွာ ပျံသန်းတိုက်ခိုက်နေသည်ကို တွေ့ရကြောင်း မင်းအောင်လှိုင်က ဆိုသည်။ ထို့အပြင် နိုဝင်ဘာလ ၇ ရက်က ရုရှားမှ ဝယ်ယူခဲ့သည့် Mi-38 ရဟတ်ယာဉ် ၃ စင်းနှင့် တရုတ်ထုတ် Y8-F200WB အကြီးစားသယ်ယူပို့ဆောင်ရေးလေယာဉ် ၂ စင်းကို ဖြည့်တင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ရွှေဘိုမြို့ပေါ်တွင် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ဗီနိုင်းများ ချိတ်ဆွဲနှိုးဆော်

 

ဒီဇင် ၁၆

The Kaladan Post

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ပေါ်ရှိ အဝေးပြေးကားဝင်းထိပ်တံတားပေါ်၊ အလောင်းမင်း တရားကြီး ဦးအောင်ဇေယျ ရုပ်ထုရှေ့၊ အလက-၁ ကျောင်းမျက်နှာချင်းဆိုင် စိုက်ပျိုးရေးရုံးရှေ့နှင့် ရွှေဘို-ရေဦးလမ်းထိပ်စသည့် နေရာများတွင် စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဗီနိုင်းများ ချိတ်ဆွဲခြင်း၊ လက်ကမ်းစာစောင်များ မျှဝေခြင်း၊ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကဗျာများ ရွတ်ဖတ်နှိုးဆော်ခြင်းများကို ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDO) နှင့် တိုက်နယ် ၅ ပြည်သူ့ကာကွယ်ရေးတပ်တို့က ဒီဇင်ဘာ ၁၅ ရက်တွင် ပြုလုပ်ခဲ့သည်။

အကFloatဖက်စစ်သားများက ရွေးကောက်ပွဲ ကျင်းပနိုင်ရန် မြို့ပေါ်တွင် လုံခြုံရေး တင်းကြပ် ထားသည့်ကြားမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက လူစည်ကားရာ နေရာများအထိ ဗီနိုင်းများ လာရောက်ချိတ်ဆွဲနှိုးဆော်ခဲ့ရာ စစ်သားများက အော်ဟစ်ဆဲဆိုကာ ဗီနိုင်းများကို လာရောက် ဖျက်ဆီးခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

မြောင်းမြထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အကြမ်းဖက်ရိုက်နှက်ခံရ၊ ငွေညှစ်ခံနေရ

 

ဒီဇင် ၁၆

The Kaladan Post

ဧရာဝတီတိုင်း၊ မြောင်းမြအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများကို ဒုထောင်ပိုင် တင့်ဆွေဝင်း အပါအဝင် ထောင်ဝန်ထမ်းများက အရက်မူးပြီး လေးခွဖြင့်ပစ်ခတ်ခြိမ်းခြောက်ခြင်း၊ ရိုက်နှက်နှိပ်စက်ခြင်းများ ပြုလုပ်န ၂၀၂၅ ဒီဇင်ဘာ ၁၅ ရက်အထိ ဆက်လက်ဖြစ်ပွားနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ထုတ်ဖော်ပြောဆိုသည်။ ထို့ပြင် ရာဇဝတ်အကျဉ်းသားများကို ထောင်အာဏာ ပိုင်များက လုပ်ပိုင်ခွင့်ပေးကာ နိုင်ငံရေးအကျဉ်းသားများထံ ငွေကြေးအဓမ္မတောင်းခံခြင်း၊ မိသားစုများထံ လိမ်လည်ငွေညှစ်ခြင်းများ ပိုမိုဆိုးရွားလာနေသည်။

ထောင်ဝန်ထမ်းဟောင်း သူရမြင့်လွင်ဦး၊ လူသတ်မုဒိန်းကျူးလွန်သူ မောင်အေး၊ သေဒဏ်ချမှတ် ခံထားရသူ မင်းထက် (ခ) ဘိုကြီး စသည့် ရာဇဝတ်အကျဉ်းသားများက ထောင်အာဏာပိုင် များအတွက် ငွေရှာပေးနေပြီး တပ်ကြပ်ကြီး မြင့်ချို၊ တပ်သားများ ရဲဝေထွန်း၊ မြတ်မင်းအောင် စသည့် ဝန်ထမ်းများက အကျဉ်းသားမိသားစုများထံ ငွေလိမ်လည်တောင်းယူနေကြောင်း PPNM က ရှုတ်ချထားသည်။ ဤလုပ်ရပ်များသည် လူ့အခွင့်အရေးနှင့် အကျဉ်းသားအခွင့်အရေးများကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေခြင်းဖြစ်ပြီး နောက်ကွယ်မှ စေခိုင်းသူများကို တာဝန်ခံမှု ရှိစေရန် ဆောင်ရွက်သွားမည်ဟု ကိုသိုက်ထွန်းဦးက အလေးပေးပြောဆိုခဲ့သည်။

စိုးဝင်း ရန်ကုန်လာချိန် မင်္ဂလာဒုံ-မြောက်ဥက္ကလာပတွင် Anti-Drone Guard နှင့် Jammer စက်များ ချထား၊ ဖုန်းအင်တာနက် ယာယီပြတ်တောက်

 

ဒီဇင် ၁၆

The Kaladan Post

ဒုစစ်ခေါင်းဆောင် စိုးဝင်း ဒီဇင်ဘာ ၁၅ ရက်တွင် မင်္ဂလာဒုံ စစ်သူနာပြုနှင့်ဆေးဘက် ပညာတက္ကသိုလ် သင်တန်းဆင်းပွဲ တက်ရောက်ချိန် မင်္ဂလာဒုံနှင့် မြောက်ဥက္ကလာပမြို့နယ်အတွင်း ရပ်ကွက်များတွင် Anti-Drone Guard နှင့် Jammer စက်ကြီးများ တင်ဆောင်ထားသော စစ်ကားများကို ချထားခဲ့ရာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ယာယီပြတ်တောက်ခဲ့ကြောင်း ဒေသခံပြည်သူများနှင့် တပ်အသိုင်းအဝိုင်းက ပြောဆိုသည်။ နံနက် ၆ နာရီမှ ၁၀ နာရီအထိနှင့် ညနေ ၅ နာရီမှ ၈ နာရီအထိ လိုင်းများ ပြတ်တောက်ခဲ့ရပြီး ရပ်ကွက်ထိပ်လမ်းများတွင် စက်တင်ထားသော စစ်ကားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ များပြားစွာ တွေ့ရှိခဲ့ရသည်။

တပ်အသိုင်းအဝိုင်းအရ ယခင်က သင်တန်းပွဲများတွင် လိုင်းဖြတ်တောက်မှုများ ရှိခဲ့သော်လည်း ယခုနောက်ပိုင်း တော်လှန်ရေးတပ်များ၏ ဒရုန်းများက ဖုန်းနှင့်အင်တာနက်မလိုဘဲ ဂျမ်မာများကို ကျော်ဖြတ်နိုင်လာသဖြင့် စစ်ခေါင်းဆောင်များ ခရီးစဉ်တွင် Anti-Drone Guard နှင့် စွမ်းအားမြှင့် Super-Jammer စက်များ တပ်ဆင်ထားသော ကားများကို အသုံးပြု၍ ဒရုန်းအန္တရာယ်ကို ၈၅ ရာခိုင်နှုန်း ကာကွယ်နေခြင်းဖြစ်ကြောင်း သိရသည်။ စိုးဝင်းသည် ထိုနေ့တွင် စစ်ဆေးရုံများနှင့် စစ်မှုထမ်းဟောင်းအိမ်ရာများသို့လည်း သွားရောက်ခဲ့သည်။

တောင်သာမြို့နယ်တွင် စစ်ကြောင်းကို ကြားဖြတ်တိုက်၍ စစ်သား ၁၀ ဦး သေဆုံး

 

ဒီဇင် ၁၆

The Kaladan Post

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း နိုဝင်ဘာလ ၂၇ ရက် နံနက်ပိုင်းက စစ်ကြောင်းထိုး လာသော အင်အား ၁၅၀ ပါ စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တာဝန်ရှိသူက အတည်ပြုပြောဆိုသည်။ တိုက်ပွဲသည် ၁ နာရီ ၃၀ မိနစ်ခန့် ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်များက ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထိရောက်စွာ ခုခံတိုက်ခိုက်ခဲ့သည်။

အထိနာခဲ့သော စစ်တပ်က မင်းတည်းကျေးရွာလမ်းဘေးရှိ ပြည်သူပိုင်နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ ကြားဖြတ်တိုက်ခိုက်မှုကို Toungthar People Defence Force (TTA-PDF) ဦးဆောင်ကာ တောင်သာမြို့နယ် ဝဲလောင်နှင့် ရုံးစဉ်ကြီး တိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်များ၊ မြင်းခြံခရိုင်တပ်ရင်း(၃)၊ One More စစ်ကြောင်းနှင့် DSNDA တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူက “နေရာမရွေး တော်လှန်နေပါသည်” ဟု ပြောဆိုသည်။

စဉ့်ကူးမြို့နယ် လက်ပံလှရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၊ နေအိမ်များ မီးလောင်ပျက်စီး

 

ဒီဇင် ၁၆

The Kaladan Post

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် လက်ပံလှရွာကို ဒီဇင်ဘာ ၁၅ ရက် ညနေ ၅ နာရီ ၅၁ မိနစ်ခန့်တွင် တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ တစ်စင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ငွေဇင်ဟိန်း ဖုန်းဆိုင်အနီးနှင့် ၉၆၉ ဒံပေါက်ဆိုင်အနီး နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက အတည်ပြုပြောဆိုသည်။ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေသဖြင့် ထိခိုက်သေဆုံးမှု မရှိခဲ့ပေ။

အလားတူ ဒီဇင်ဘာ ၁၁ ရက်ကလည်း အဆိုပါရွာ ပြည်စိုးအောင်ရပ်ကွက်နှင့် ပင်လယ်ကြီးရပ်ကွက်ကို ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ငါးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်များ မီးလောင်ပျက်စီးခဲ့ပြီး ပင်လယ်ကြီးရပ်ကွက်တွင် ပြည်သူ တစ်ဦး သေဆုံးကာ ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရွှေရေကြည်သပိတ်စစ်ကြောင်း အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြ

 

ဒီဇင် ၁၆

The Kaladan Post

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် “အောင်လံလွှင့်မည်” ရွှေရေကြည်သပိတ်စစ်ကြောင်း ဦးဆောင်ကာ ဒီဇင်ဘာ ၁၅ ရက် ညနေချိန်တွင် စစ်ကောင်စီ ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်သည့် သပိတ်ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေရေကြည်သပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ကြွေးကြော်ခဲ့သည်။

ပဇီကြီးဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်၊ သံဃာတော် ၁ ပါး ဒဏ်ရာရ

 

ဒီဇင် ၁၆

The Kaladan Post

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးရွာဘုန်းကြီးကျောင်းကို ဒီဇင်ဘာ ၁၄ ရက် ညနေပိုင်းတွင် တံတားဦးလေတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ဒေသခံများက အတည်ပြုပြော ဆိုသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းဆောင်များ ထိခိုက်ပျက်စီးခဲ့ပြီး ကျန်သံဃာ တော်များ ထိခိုက်မှု မရှိခဲ့ပေ။

အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ် သပြေညိုလယ်အိုရေနံမှော်ကို ဒီဇင်ဘာ ၁၅ ရက် နံနက်နှင့် မွန်းလွဲပိုင်းတွင် မုံရွာနမခ မှ Gyrocopter ၃ စီးဖြင့် ဗုံး ၄ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆီပေပါထားရှိသော ခြံများ ပျက်စီးခဲ့ကြောင်း ပေါက်မြို့နယ် ကာကွယ်ရေးအဖွဲ့က ပြောဆိုသည်။ ပြည်သူထိခိုက်မှု မသိရသေးဘဲ စစ်ကြောင်းနှင့် လေကြောင်းအန္တရာယ်ကို သတိထားရန် တိုက်တွန်းထားသည်။

နတ်တလင်းမြို့နယ် ဒမငယ်ရွာတွင် တိုက်ပွဲပြင်းထန်၊ စစ်သားများ ထိခိုက်သေဆုံးမှု များပြား

 

ဒီဇင် ၁၆

The Kaladan Post

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် ဒမငယ်ရွာတွင် ဒီဇင်ဘာ ၁၃ ရက်မှ စတင်ကာ စစ်တပ်စစ်ကြောင်းနှင့် PDF တပ်များအကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားနေရာ စစ်သားများ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း ဒေသခံပြည်သူများနှင့် သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။ အထိနာခဲ့သော စစ်တပ်က ရွာကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ဆက်တိုက်ဗုံးကြဲပစ်ခတ်ခဲ့ရာ နေအိမ်အများအပြား ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့သည်။

တိုက်ပွဲကြောင့် ဒမငယ်ရွာအပါအဝင် အနီးဝန်းကျင်ကျေးရွာများမှ ပြည်သူ ထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကြောင်းမှ ပြန်ဆုတ်ခြင်းမရှိသေးသဖြင့် စစ်ရေးတင်းမာမှု ဆက်လက်ရှိနေကြောင်း သိရသည်။ အတုအယောင်ရွေးကောက်ပွဲ ကျင်းပနိုင်ရေး နယ်မြေစိုးမိုးရန် စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။