———————————————————————-
ဩဂုတ် ၈
The Kaladan Post
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၅) ရက်၊ နေ့လည် ၃:၁၂ နာရီခန့်တွင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကနားကျေးရွာမှ ပြင်စည်ကျေးရွာသို့ သွားရောက်နေသော စစ်ကောင်စီ၏ ကားတစ်စီးအား မြင်းခြံ ခရိုင် အမှတ် (၄) တပ်ရင်းနှင့် အမှတ် (၁၀) တပ်ရင်းတို့မှ ကနား-ပြင်စည်လမ်းပိုင်းတစ်နေရာ၌ ပြောက်ကျားနည်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Natogyi People Defence Force for KR Support ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး NPDF ရဲ့ တာဝန် ရှိသူ Soe Aung က “ ဟုတ်ကဲ့ဗျ ကျွန်တော်တို့က စစ်ကောင်စီ ကားထွက်လာတယ်ဆိုတာကို သတင်းကြိုတင်ရထားတာကြောင့် စောင့်ကြိုပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကားကိုတော့ မီးရှိုးခဲ့ပါတယ် သေဆုံးသွားတဲ့ စစ်ကောင်စီ အလောင်းတွေကိုတော့ သူတို့သေတဲ့နေရာမှာ ထားခဲ့ တာပါ ယခုဆိုရင် စစ်ကောင်စီဘက်က သေဆုံးသူတွေ အလောင်းကိုလာကောက်ရန် အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးပြီးတော့ လာကောက်သွားကြပါပြီ ခင်ဗျ“ဟု The Kaladan Post သို့ ပြောဆိုသည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီကားပေါ်ပါ တပ်ဖွဲ့ဝင် (၅) ဦးအနက် (၃) ဦးသေဆုံးခဲ့ပြီး (၂) ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ထို့အပြင် စစ်ကောင်စီထံမှ M-79 လက်နက် (၁) လက်၊ MA-3 လက်နက် (၃) လက်၊ 5.56 မမ ကျည်ဆံ (၂၁၅) တောင့်၊ ၄၀ မမ ကျည် (၁) လုံး၊ လက်ပစ်ဗုံး (၁) လုံးနှင့် ကျည်ဘောက် (၅) ဘောက်တို့အား သိမ်းဆည်းရမိခဲ့သည်ဟု ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ၎င်းတိုက်ပွဲ အတွင်း တော်လှန်ရေးရဲဘော်များမှာ အထိအခိုက်မရှိ အောင်မြင် စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။