မေးမြန်းသူ-RAIN
ဖြေဆိုသူ- ဒေါက်တာအေးချမ်းမွန်
RAIN – အားလုံးပဲ မင်္ဂလာပါရှင်။ The Kaladan Post ရဲ့ Youth and Women’s Affairs Program ကနေပြီးတော့ ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာ Youth and Women’s Affairs Program မှာ ပါဝင်သွားမှာကတော့ CDM က ဒေါက်တာအေးချမ်းမွန်ပဲ ဖြစ်ပါ တယ်ရှင်။ မင်္ဂလာပါ ဆရာမ။
ဒေါက်တာအေးချမ်းမွန်- ဟုတ်ကဲ့ မင်္ဂလာပါ။
RAIN– ဟုတ်ကဲ့ပါ ကျွန်မတို့ interview အစီအစဉ်မှာ လာရောက်ပေးတဲ့ အတွက်လည်း အများကြီး ကျေးဇူးတင်ပါတယ်။ ဆိုတော့ အရင်ဆုံးအနေနဲ့ ဆရာမရဲ့ နာမည် လေးရယ်၊ ပြီးတော့ ဒီလက်ရှိလုပ်ကိုင်နေတဲ့ အဖွဲ့အစည်းနဲ့ ဒေါက်တာရဲ့ ပါဝင်မှုအခန်းကဏ္ဍ လေးတွေကို အရင်ဆုံး မိတ်ဆက်ပေးပါဦးရှင်။
ဒေါက်တာအေးချမ်းမွန်- ဟုတ်ကဲ့ ကျွန်မနာမည်ကတော့ ဒေါက်တာအေးချမ်းမွန်လို့ ခေါ်ပါတယ်။ ကျွန်မက ၂၀၂၀ ခုနှစ်မှာ ဆေးတက္ကသိုလ် မန္တလေးကနေပြီးတော့ ဘွဲ့ရပြီးတော့ အစိုးရအလုပ်ကို ၂၀၂၀ မှာပဲဝင်ပြီးတော့ ဒီအာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ CDM မှာ ပါဝင်ခဲ့ပါတယ်။ ကျွန်မ လက်ရှိမှာကတော့ ဒီ UMMSURF လို့ခေါ်တဲ့ ကျွန်တော်တို့ ဆေးတက္ကသိုလ်မန္တလေး ကျောင်းသားများသမဂ္ဂရဲ့ တော်လှန်ရေးတပ်ဦးမှာ ဘဏ္ဍာရေး တာဝန်ခံအနေနဲ့ တာဝန်ယူထားပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ UMM ကနေပြီးတော့ ဒီ Interim University Council မှာပါပြီးတော့ ဆေးကျောင်းသားတွေ ဆက်လက် ပညာသင်ကြားခွင့်ရဖို့ရာအတွက် တည်ထောင်ထားတဲ့ UMM IUC မှာလည်း အလုပ်အမှု ဆောင်အနေနဲ့ ဘဏ္ဍာရေးတာဝန်ခံအနေနဲ့ တာဝန်ယူထားပါတယ်။ ပြီးတော့ လက်ရှိမှာတော့ NUG ရဲ့ MOFA မှာ ဒီ Washington DC office မှာလည်း Public Relations Officer အနေနဲ့ တာဝန်ထမ်းဆောင်နေပါတယ်ရှင်။
RAIN – ဟုတ်ကဲ့ပါ၊ ဆိုတော့ ဒေါက်တာက CDM လုပ်ခဲ့တဲ့သူတစ်ဦး ဖြစ်တဲ့အခါ ကျတော့ပေါ့နော်၊ ဒီ ၂၀၂၁ အာဏာသိမ်းပြီးတော့ CDM လှုပ်ရှားမှုမှာ ပါဝင်ဖို့ရန် အတွက် ဆုံးဖြတ်ရတဲ့ အဓိကအကြောင်းအရင်းက ဘာများဖြစ်မလဲပေါ့နော်။ ပြီးတော့ ဒေါက်တာအနေနဲ့ ဒီစိတ်ခံစားချက်တွေ၊ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်မှုတွေကိုရော ဒေါက်တာ အနေနဲ့ ဘယ်လိုတွေ ရင်ဆိုင်ကျော်လွှားခဲ့ပါသလဲရှင်။
ဒေါက်တာအေးချမ်းမွန်- ဟုတ်ကဲ့၊ ကျွန်မဒီ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ အဓိက အကြောင်းအရင်း ကတော့ ဒီမတရားမှုကိုမကြိုက်လို့၊ စစ်အာဏာသိမ်းတာကို မကြိုက်လို့ ပေါ့နော်။ ကျွန်မတို့အနေနဲ့ ကျွန်မတို့ဘဝတစ်လျှောက်လုံး ကျွန်မ မူလတန်းကနေပြီးတော့ အခါကျတော့ အထက်တန်း တက်ခဲ့တဲ့ ကာလမှာတွေဆိုလို့ရှိရင် ဒီပညာသင်နေတဲ့ ကာလမှာဆိုရင် ကျွန်မတို့ စစ်ပညာရေးစနစ်အောက်မှာ သင်ယူခဲ့ရတယ်။ သင်ကြားတဲ့ အခါမှာဆိုလို့ရှိရင် ကျွန်မတို့ တက်သင့်တဲ့ အတန်းပညာတွေမကဘဲနဲ့ သူတို့စစ်တပ်ရဲ့ မှိုင်းသွင်းတဲ့ ဟာမျိုးတွေပေါ့နော်။ အဲ့ဒါမျိုးတွေ တောက်လျှောက်ခံစားခဲ့ရတယ်။ နောက်ပိုင်း ဒီ ၂၀၁၀၊ ၂၀၁၂ နောက်ပိုင်း ဖွင့်လင်းလာတဲ့အခါမှာ ကျွန်မတို့ အပြင်ဘက်က စာပေတွေ၊ ပြီးတော့ အင်တာနက်တွေ စတင်အသုံးပြုလာတဲ့ ဖြစ်တဲ့အတွက် ပြင်ပ ဗဟုသုတတွေ ရလာတဲ့အခါမှာဆိုလို့ရှိရင် ဒီစစ်တပ်က ကျွန်မတို့ကို ဘယ်လောက်အထိ ဝါဒမှိုင်းတွေ သွင်းပြီးတော့အခါကျတော့ စစ်ကျွန်ပညာရေးကို အသက်သွင်းခဲ့သလဲဆိုတာ ပိုပြီးတော့ မြင်သာခဲ့တယ်ပေါ့နော်။ အဲ့ဒီမှာ ဒီ ၂၀၂၁ က စစ်တပ်အာဏာထပ်သိမ်းပြီဆိုကတည်းကတော့ ကျွန်မတို့ နောက်လာမယ့် အနာဂတ်လူငယ်တွေကို ကျွန်မတို့ ကြီးပြင်းခဲ့ရတဲ့ပုံစံမျိုးကို မဖြစ်စေချင်တော့ဘူး၊ မမြင်စေချင်တော့ဘူး။ အဲ့တော့ ကျွန်မတို့မှာ ရွေးချယ်စရာဆိုလို့ ဒီစစ်တပ်အာဏာသိမ်းတာ ကို ဆန့်ကျင်ဖို့ရာပဲရှိတယ်။ အဲ့ဒီကာလမှာဆိုရင် အစိုးရဝန်ထမ်း တစ်ယောက်အနေနဲ့ ကျွန်မတို့ လက်ခံထားတဲ့၊ ကျွန်မတို့ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို စစ်တပ်က မတရား ခေါင်းဆောင်တွေကို ဖမ်းဆီးပြီးတော့ ကျန်တဲ့လူတွေကိုလည်း အဝေးရောက်သွား အောင် နည်းအမျိုးမျိုးနဲ့ နှင်ထုတ်တယ်။ ရှိနေတဲ့လူတွေကိုလည်း ဖမ်းဆီး၊ ထောင်ချ၊ နှိပ်စက်၊ သတ်ဖြတ်တယ်။ အဲ့ဒီဟာတွေကို ကျွန်မတို့အနေနဲ့ ဘယ်လိုမှ လက်မခံနိုင်တဲ့ အခါမှာ တရားသော၊ ငြိမ်းချမ်းသော အာဏာဖီဆန်ရေးကတော့ CDM movement ပဲဖြစ်တယ်။ အဲ့မှာ ကျွန်မပါဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်ပေါ့နော်။ အဲ့ဒါကတော့ ဖေဖော်ဝါရီလ ပထမရက်မှာ ကတည်းက ကျွန်မ ဒီ သူတို့အစိုးရအနေနဲ့လည်း အသိအမှတ် မပြုနိုင်ဘူး၊ ခေါင်းဆောင် အနေနဲ့လည်း အသိအမှတ်မပြုနိုင်ဘူး။ အဲ့အတွက် သူတို့နဲ့ ဆက်ပြီးတော့ အလုပ်မလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ နောက်ပိုင်း CDM လှုပ်ရှားမှုမှာလည်း ဆက်လက်ပါဝင် ခဲ့တယ်။ အခုထိလည်း CDM တစ်ယောက်အနေနဲ့ ခံယူပြီးတော့ ဒီစစ်တပ် အာဏာသိမ်းတာကို ဆန့်ကျင်လှုပ်ရှားနေ ဆဲပဲဖြစ်ပါတယ်ရှင်။ ပြီးတော့ စစ်တပ်က ရွေးချယ်တင်မြှောက် ထားတဲ့ ကိုယ်စားလှယ်တွေ၊ NLD အစိုးရကို သူတို့က မဲလိမ်မဲခိုးဆိုတဲ့ စွပ်စွဲချက်နဲ့ ဖြုတ်ချခဲ့တယ်။ ဒါက ကိုယ်တိုင် မဲပေးခဲ့တဲ့ လူတစ်ယောက်အနေနဲ့ မဲလိမ်မဲခိုး ဆိုတဲ့ဟာက မရှိတာမဟုတ်ဘူး။ ဒါပေမဲ့ သူတို့အာဏာသိမ်းလောက်တဲ့အထိ ဖြစ်မှာလည်း မဟုတ်ဘူး။ ပြီးတော့ မဲလိမ်မဲခိုးလို့ အာဏာ သိမ်းရတယ်ဆိုတာ သူတို့လုပ်ရမယ့် အလုပ်လည်းမဟုတ်ဘူး။ တခြားမဲလိမ်မဲခိုးတယ်ဆိုလို့ ရှိရင် တခြားသော အရေးယူတဲ့ ပုံစံတွေလည်း အများကြီးရှိတယ်။ အရေးမယူခင်မှာ စွပ်စွဲချက်တွေတင်တာမျိုး၊ ပြီးရင် တရားသော နည်းလမ်းနဲ့ သွားတဲ့ဟာမျိုးတွေ အများကြီး လုပ်လို့ရတဲ့အထဲက အယုတ်ညံ့ဆုံး ဖြစ်တဲ့ စစ်အာဏာသိမ်းတာကို သူတို့လုပ်ခဲ့တယ်။ အဲ့ဒါ အရှင်းလင်းဆုံးအချက်က သူတို့အာဏာလိုချင်လို့ လုပ်ခဲ့တာဖြစ်တဲ့အတွက် သူတို့က နောက်ဆုံး ဒီအာဏာ သိမ်းတဲ့ဟာကို ရွေးချယ်သွားတယ်။ အဲ့အတွက် ကျွန်မတို့ကလည်း ဆန့်ကျင်ဖို့ရာအပြင် ဘာမှမရှိတဲ့ အတွက် CDM လှုပ်ရှားခဲ့တယ်။ CDM လှုပ်ရှားမှုတွေကတော့ သိတဲ့အတိုင်းပဲ အခက်အခဲတွေ အများကြီးပဲ ရှိခဲ့ပါတယ်။ အခက်အခဲတွေမှာဆိုလို့ရှိရင် ကိုယ်တိုင်လည်း ကြုံတွေ့ခဲ့ရသလို၊ ပြီးရင် ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်က တခြား CDM တွေလည်း အခက်အခဲတွေ အများကြီးတော့ ကြုံတွေ့ခဲ့ရတယ်၊ ကြုံတွေ့နေရဆဲလည်း ဖြစ်တယ်။ ဒါပေမဲ့ ဒီအချိန်မှာ ဘယ်သူမှ CDM လှုပ်ရှားမှုကနေ လက်လျှော့သွားမှာ မဟုတ်ဘူး ဆိုတဲ့ဟာ ကတော့ ကျွန်မ ယုံကြည်ပါတယ်။
RAIN – ဟုတ်ကဲ့ပါ။ ဒီ CDM လှုပ်ရှားမှုမှာ ပါဝင်ပြီးတဲ့နောက်ပေါ့နော်၊ အခုလက်ရှိ အချိန်အထိရော ဒေါက်တာအနေနဲ့ ဘယ်လိုနည်းလမ်းတွေနဲ့ တော်လှန်ရေးမှာ ပါဝင်ဖြစ်နေလဲ ပေါ့နော်။ ပြီးတော့ ဒီလက်ရှိအခြေအနေအထိ ဒေါက်တာအနေနဲ့ ဒီတော်လှန်ရေးမှာ တစ်စိုက် မတ်မတ် ပါဝင်လာဖို့ရန်အတွက် ဒေါက်တာအတွက်ပေါ့လေ၊ အဓိက စိတ်ခွန်အားဖြစ်စေတဲ့ အရာတွေက ဘာတွေများဖြစ်မလဲရှင့်။
ဒေါက်တာအေးချမ်းမွန်- ဟုတ်ကဲ့ ကျွန်မကတော့ ဒီတော်လှန်ရေးမှာ CDM လုပ်ထားပြီးတော့ ကျွန်မရဲ့ လုပ်အားကို ပြည်သူလူထုကို၊ ပြည်သူလူထုဆိုတာ ကျွန်မတာဝန်ကျရာဒေသက ပြည်သူလူထုကို ဆက်လက်ပြီးတော့ တာဝန်ထမ်းဆောင် မပေးနိုင်တော့ပေမယ့် ပြည်သူ့ ဝန်ထမ်းတစ်ယောက်အနေနဲ့ ကျွန်မရဲ့ ဉာဏအားရော၊ ကာယအားတွေနဲ့ တက်နိုင်သလောက် ပါဝင်ပေးနေပါတယ်။ ကျွန်မက ဆေးတက္ကသိုလ်ကနေပြီးတော့ ဘွဲ့ယူခဲ့တဲ့ ကျောင်းသား ဟောင်း တစ်ယောက်ဖြစ်တဲ့အတွက် အခုလက်ရှိ ဆေးတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသားကျောင်းသူတွေ ဆက်လက်ပညာသင်ကြားခွင့် ရနိုင်အောင်ဖို့အတွက် ကျွန်မ တစ်ဖက် တစ်လမ်းနဲ့ ဉာဏအားရော၊ ကာယအားဆိုတာတော့ ပညာသင်ကြားနိုင်အောင်လို့ တစ်ဖက်တစ်လမ်းကနေပြီးတော့ ကူညီအားဖြည့်ပေးနေတယ်။ ပြီးတော့ ဉာဏအားကတော့ ကျွန်မတက်တဲ့ အသိပညာ၊ အတတ်ပညာတွေနဲ့ ဒီတော်လှန်ရေးမှာ ဘယ်နေရာကပဲ အကျိုးရှိရှိ၊ နေရာဒေသမရွေးပေါ့နော်၊ ပါဝင်နိုင်အောင်လို့ ကျွန်မကြိုးစားနေတယ်။ နောက်တစ်ခုက ကာယအားနဲ့ဆိုလို့ရှိရင်တော့ ကျွန်မ အခုရောက်ရာနေရာမှာ အခုလွတ် မြောက်တဲ့ ပြည်ပနိုင်ငံတစ်ခုမှာ ရောက်နေတယ်။ အဲ့မှာဆိုလို့ရှိရင်လည်း ကျွန်မရတဲ့အလုပ်၊ တက်နိုင်သမျှ ကြိုးစားလုပ်ပြီးတော့အခါကျတော့ ဒီပြည်သူတွေကို ရန်ပုံငွေအားဖြင့် ကူညီထောက်ပံ့ပေးတာမျိုးတွေ လုပ်နေပါတယ် ဟုတ်ကဲ့။ နောက်တစ်ခုက ဒီကျွန်မ ဒီတော်လှန်ရေးကို ဆက်လက်ပါဝင်နေရတဲ့ အကြောင်းအရင်းကတော့ မတရားမှုကို မကျေနပ်လို့ပါပဲနော်။ မတရားမှု ရှိနေသ၍တော့ ကျွန်မ ဒီတော်လှန်ရေးမှာ တရားတဲ့နည်း လမ်းနဲ့ ရရာနေရာကနေပြီးတော့ ဆက်လက်ပါဝင်နေဦးမှာပါပဲ။
RAIN – ဟုတ်ကဲ့ပါ၊ နွေဦးတော်လှန်ရေးမှာပေါ့နော်၊ ဒီဆန္ဒပြမှုတွေ၊ နိုင်ငံ့ဝန်ထမ်းတွေရဲ့ ပထမဆုံး ခြေလှမ်း ဆန္ဒပြတဲ့သူတွေက ဒီကျန်းမာရေးဝန်ထမ်းတွေကနေ စတင်ခဲ့တာ ဖြစ်တယ်ပေါ့လေ။ ဆိုတော့ ဒေါက်တာအနေနဲ့ ဒီကျန်းမာရေးဝန်ထမ်းတွေရဲ့ ဒီတော်လှန်ရေးမှာ ပါဝင်မှုအခန်းကဏ္ဍကို ပေါ့နော် ဘယ်လောက်ထိအရေးပါလဲလို့ ဒေါက်တာ အနေနဲ့ သုံးသပ်ပါသလဲပေါ့နော်။ ဆိုတော့ ဒေါက်တာလိုမျိုးပဲ တခြားသော ဆရာဝန်တွေ ပြီးတော့မှ ကျန်းမာရေးဝန်ထမ်းတွေ ရင်ဆိုင်နေရတဲ့ အဓိကဒီစိန်ခေါ်မှုတွေနဲ့ အခက်အခဲ တွေကိုလည်း မျှဝေပေးပါဦးရှင်။
ဒေါက်တာအေးချမ်းမွန်- ဟုတ်ကဲ့၊ ကျန်းမာရေးဝန်ထမ်း တစ်ယောက်အနေနဲ့ အမြင်ဆိုလို့ ရှိရင် ကျွန်မတို့ ကျန်းမာရေးဝန်ထမ်းတွေက တော်လှန်ရေးမှာ အကြမ်းမဖက် အာဏာဖီဆန်ရေး၊ ဒီ CDM လှုပ်ရှားမှုကနေပြီးတော့ အခုရန်သူနဲ့ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်နေတဲ့ တိုက်ပွဲနေရာ ရှေ့တန်းနေရာမှာတွေမှာလည်း ဆရာဝန်တွေ၊ ဆေးတပ်သားတွေ၊ တခြားသော ဆေးပညာဝန်ထမ်းတွေအားလုံးက ပြည်သူလူထုနဲ့ တစ်ပါတည်းရှိနေပြီးတော့ ဒီအာဏာရှင် ကို တွန်းလှန်တိုက်ထုတ်နေကြတာ ပဲဖြစ်တယ်ပေါ့နော်။ အဲ့တော့ ဒီဆေးပညာ လောက သားတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍဆိုလို့ရှိရင် အစကနေ အဆုံးထိလို့ပဲ ကျွန်တော်ပြောချင် ပါတယ်။ တချိန်မှ တစ်စက္ကန့်မျှ တစ်မိနစ်မျှ နောက်ဆုတ်သွားတာမျိုး မဟုတ်ဘဲနဲ့ မရှိဘဲနဲ့ အခုထိ တော်လှန်ရေးလေးနှစ်တာကာလ နောက်ပိုင်းအထိလည်း ဆက်လက်ပါဝင် နေကြတာပဲဖြစ်ပါတယ်။ အဲ့တော့ ဆေးပညာလောကသားတွေရဲ့ ပါဝင်မှုက ကြီးရင်ကြီးသလောက် ရန်သူကလည်း အမျိုးမျိုးဖြိုခွင်းနဲ့ အခု ဒီရက်ပိုင်းကာလတွေမှာ ဆိုလို့ရှိရင် စစ်တပ်ကနေပြီးတော့ ဒီကျန်းမာရေးဆေးပေးခန်းတွေ၊ ဆေးရုံတွေကို အဓိက target ထားပြီးတော့ကို တိုက်ခိုက်ချေမှုန်းနေတဲ့ ကာလဖြစ်တယ်ပေါ့နော်။ ကျွန်မတို့ သတင်းတွေမှာလည်း တွေ့ရတယ်။ လတ်တလောမှာဆိုလို့ရှိရင် နာမည်ကြီးဆေးရုံ ဆေးခန်းတွေအပြင် ရပ်ရွာအုပ်စု ကုပေးနေတဲ့ပေါ့နော်၊ တစ်နိုင်တစ်ပိုင် ကိုယ်ပိုင်ဆေးခန်း လေးတွေကိုပါ သူတို့က target ထားပြီးတော့ လေယာဉ်နဲ့ ဗုံးကြဲတာမျိုးတွေ၊ လာပြီးတော့ တိုက်ခိုက်တာမျိုးတွေ ရှိနေပါတယ်။ အဲ့တော့ ဒါကိုပြခြင်းအားဖြင့် ကျွန်မတို့ရဲ့ လုပ်ရပ်တွေဟာ မှန်ကန်နေတဲ့အတွက် မမှန်မကန်လုပ်နေတဲ့ ရန်သူတွေက target ထားပြီးတော့ ဖြိုခွင်းနေတယ်ဆိုတဲ့ဟာက အများကြီးပဲ ပေါ်လွင်နေပါတယ်ပေါ့နော်။ အဲ့လိုမျိုး ကိုယ်တွေက မှန်ကန်တဲ့ဘက်မှာ ရပ်လေ၊ သူတို့က ပိုပြီးတော့ နည်းအမျိုးမျိုးနဲ့ ဖြိုခွင်းဖို့ ကြိုးစားလေပါပဲ။ အဲ့လိုဖြစ်တဲ့အတွက် သူတို့ဖြိုခွင်းဖို့ကြိုးစားလေလေ ကျွန်မတို့က ရှေ့ဆက်သွားဖို့ အားတွေရှိလေလေပါပဲ။
RAIN– ဟုတ်ကဲ့ပါ၊ ဒီတော်လှန်ရေးကာလအတွင်းမှာ ခုနက ဒေါက်တာပြောသလိုမျိုး အကြမ်းဖက်စစ်ကောင်စီဘက် ကနေပြီးတော့မှ ဆေးရုံတွေ၊ ပြီးတော့မှ ကျန်းမာရေးဝန်ထမ်း တွေအပေါ်မှာ ဒီအကြမ်းဖက်လုပ်ရပ်တွေကို ဒေါက်တာအနေနဲ့ ဘယ်လိုများပြောချင် ပါသလဲရှင်။
ဒေါက်တာအေးချမ်းမွန်- ဒါကတော့ တော်တော်လူမဆန်တဲ့ စစ်တပ်က လုပ်တာတွေဆိုတော့ စကားလုံးနဲ့ တောင်မှ ဖော်ပြလို့မရတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေပေါ့နော်။ ကျွန်မတို့ ဆေးလောကသားတွေ ဆိုတဲ့ဟာက စစ်တပ်၊ စစ်သားလည်းမဟုတ်ဘူး၊ စစ်တိုက်တဲ့လူတွေ လည်း မဟုတ်ဘူး၊ လက်နက်ကိုင်ပြီးတော့ လူသတ်တဲ့လူတွေလည်းမဟုတ်ဘူး။ ကျွန်မတို့က ဒဏ်ရာရတဲ့လူတွေ၊ စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေး ဒဏ်ရာရတဲ့လူတွေ၊ ကိုယ့်ဘက်သူ့ဘက် မရွေးဘဲနဲ့ စစ်သုံ့ပန်းတွေကိုပါ ကုပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့အချိန်မှာ အကြမ်းဖက်စစ်တပ်ဘက် ကနေပြီးတော့ နည်းအမျိုးမျိုးနဲ့ စစ်သုံ့ပန်းတွေ ရှိတဲ့ နေရာတွေကို တောင်မှ မချန်ဘဲနဲ့ ဒီဗုံးကြဲတိုက်ခိုက်နေတာဖြစ်တဲ့ အတွက်ပေါ့နော်။ ကျွန်မအနေနဲ့တော့ သူတို့ရဲ့ရက်စက်မှုကို ဖော်ပြနိုင်တဲ့ စကားလုံးတောင် အခုထက်ထိ ရှာမတွေ့သေးဘူး။ မိစ္ဆာစစ်တပ်ကို တုံ့ပြန်ဖို့ရာဆိုတာ မိစ္ဆာထက် ကြမ်းကြုတ်တဲ့လူလည်း မဖြစ်ချင်ဘူး။ အဲ့တော့ ကျွန်မတို့ တက်နိုင်တဲ့ဘက်ကနေပြီးတော့ပဲ ဘယ်သူပဲလာလာ ကျန်းမာရေးစောင့်ရှောက်မှု အကောင်းဆုံးပေးမယ်။ မရှိရှိတဲ့ကြားထဲက အကောင်းဆုံးဖြစ်တဲ့ ဟာကို ပေးဖို့ရာပဲ ကျွန်မတို့ စီစဉ်ထားတယ်ပေါ့နော်။ အဲ့အတွက်လည်း နည်းလမ်း အမျိုးမျိုးရှာတယ်။ ရန်သူကလည်း အဲ့ဒါကို ကြိုးစားပမ်းစား ရှာဖွေပြီးတော့ တိုက်ခိုက် နေတာပါပဲ။ ဒါပေမဲ့လည်း ကျွန်မတို့ကတော့ ဆက်လက်ပြီးတော့ ဆေးပညာလောက သားတစ်ယောက်အနေနဲ့တော့ ဘာပဲဖြစ်ဖြစ် ကိုယ့်ဆီကိုရောက်လာတဲ့ လူနာတွေကို အကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှု ပေးဖို့ရာကတော့ ဆက်ပြီးတော့ လုပ်သွားကြ မှာပါပဲ။
RAIN– ဟုတ်ကဲ့ပါ၊ ဒီနိုင်ငံတကာအသိုင်းအဝိုင်းတွေဆီကနေပြီးတော့မှ မြန်မာနိုင်ငံအပေါ်မှာ ထောက်ခံမှုနဲ့ အကူအညီတွေကိုရော ဒီဒေါက်တာအနေနဲ့ ဘယ်လိုများသုံးသပ်ပါသလဲ ပေါ့နော်။ ပိုမိုထိရောက်တဲ့ အကူအညီတွေအတွက်ရော ဘယ်လိုအကြံတွေများ ပြုလိုပါ သလဲရှင်။
ဒေါက်တာအေးချမ်းမွန်- ဟုတ်ကဲ့၊ ကျွန်မအနေနဲ့တော့ ဒီနိုင်ငံတကာ အသိုင်းအဝိုင်းလို့ ပြောမယ်ဆိုလို့ရှိရင် ဟိုနိုင်ငံရေးတွေ၊ ဒီနိုင်ငံရေးတွေအစား ကျွန်မတို့ နိုင်ငံတကာမှာ ရောက်နေတဲ့ ကျွန်မတို့ မြန်မာနွယ်ဖွားပေါ့နော်၊ အားလုံး၊ တချို့ဆိုလို့ရှိရင် မြန်မာနွယ်ဖွား မဟုတ်ပေမယ့် မြန်မာ တွေနဲ့ အဆက်အစပ်ရှိတဲ့ ဒေသခံ၊ ကျွန်မတို့အနေနဲ့ဆိုလို့ရှိရင်တော့ နိုင်ငံခြားသားတွေ ပေါ့နော်။ သူတို့တွေကနေတစ်ဆင့် တိုက်ရိုက်ကူညီထောက်ပံ့တဲ့ ဟာတွေကိုပဲ ကျွန်မကတော့ ပိုပြီးတော့ ပြောချင်တယ်ပေါ့နော်။ အဲ့ဒီအကူအညီထောက်ပံ့ ပြည်သူကနေ ပြည်သူကိုပဲ ပို့ပေးတဲ့ အကူအညီထောက်ပံ့တွေကပဲ ကျွန်မတို့ဆီကို ဒီတော်လှန်ရေးထဲကို တိုက်ရိုက်စီးဆင်းတဲ့ အားတွေဖြစ်တယ်။ ဒီနိုင်ငံတကာက ပို့တဲ့ဟာတွေဆိုတဲ့ဟာ သူတို့ရဲ့ procedure တွေ၊ နည်းလမ်းတွေ အများကြီးပဲ အဆင့်ဆင့်တွေခံပြီးတော့မှ ကျွန်မတို့ ပြည်သူဆီကို ရောက်တာဖြစ်တယ်။ အဲ့ဒီအခါမှာလည်း သူတို့ရဲ့ လုပ်ထုံးလုပ်နည်းတွေ အတိုင်းသွားတဲ့အတွက် အချိန်တွေကြာတယ်။ ပြီးလို့ရှိရင် သူတို့ စာအုပ်ကြီးအတိုင်းပဲ သွားတဲ့ အတွက် လက်ရှိ စစ်အာဏာရှင်နဲ့ ချိတ်ဆက်ပြီးတော့ လုပ်နေရတဲ့အပိုင်းတွေရှိတဲ့အတွက် ကျွန်မအနေနဲ့တော့ personally ပြောရမယ်ဆိုလို့ရှိရင် သူတို့ရဲ့ အကူအညီတွေကလေ အများကြီး ထိရောက်တယ်လို့လည်းမထင်ဘူး။ ပြီးတော့ ဒီအတိုင်းပဲ ဆက်သွားနေမယ် ဆိုလို့ရှိရင် ကျွန်မတို့ ပြည်သူတွေကလည်း သူတို့ဆီကလည်း ဘာမှမျှော်လင့်စရာမရှိဘူး။ အဲ့အတွက် သူတို့အကယ်၍ ပြည်သူတွေကို ထိထိရောက်ရောက်သာ ကူညီပေးစေချင်တယ် ဆိုလို့ရှိရင် ကျွန်မတို့ ပြည်သူကနေ ပြည်သူကို စောင့်ရှောက်ပေးနေတဲ့ အဖွဲ့အစည်းတွေ လည်းရှိတယ်၊ တရားဝင်အဖွဲ့အစည်းတွေ လည်းရှိသလို၊ ကိုယ်ထူကိုယ်ထ ရပ်ရွာဒေသတွေမှာ ကြိုးစားလုပ်ကိုင်နေတဲ့ အဖွဲ့တွေရှိတယ်။ သူတို့တွေကို တိုက်ရိုက်ချိတ်ဆက်ပြီးတော့ အခါကျတော့ လုံခြုံစိတ်ချရတဲ့ နည်းလမ်းနဲ့ ကူညီထောက်ပံ့ပေးတာကသာ အကောင်းဆုံး ဖြစ်မယ်လို့ ထင်ပါတယ်။ ပြီးလို့ရှိရင် ဒီစာအုပ်ကြီးတွေ၊ နည်းစနစ်တွေကို အများကြီး တင်းကျပ်ထားတာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်၊ ဒီဒေသနဲ့ လိုက်လျောညီထွေမှုဖြစ်အောင်၊ လုံခြုံရေးကအစပေါ့နော် လိုက်လျောညီထွေမှု ဖြစ်အောင် ဖြေလျှော့ပေးထားတဲ့ နည်းလမ်းမျိုး တွေကိုပဲ ရှာဖွေကြံဆပြီးတော့ အခါကျတော့ ကူညီထောက်ပံ့တာမျိုးတွေ လုပ်သင့်ပါတယ်လို့ ကျွန်မကတော့ ထင်ပါတယ်။
RAIN– ဟုတ်ကဲ့ပါ၊ ဒီအာဆီယံရဲ့ အာဆီယံဘုံသဘောတူညီချက်ဟာ ဒီတော်လှန်ရေးအပေါ်မှာ ဘယ်လောက်ထိအရေးပါလဲလို့ ဒေါက်တာအနေနဲ့ ပြောလိုပါသလဲရှင်။
ဒေါက်တာအေးချမ်းမွန်- ဟုတ်ကဲ့၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် ဘယ်လောက်ထိ အရေးပါသလဲ ဆိုလို့ရှိရင်။ ကယ်၍ အဲဒါက အရေးပါ တယ်ဆိုရင် အခုဆိုရင် ၄ နှစ်ကျော် ၅ နှစ် အတွင်းရောက်လာပြီ။ တစ်ခုခုတော့ တော်လှန်ရေးအတွက် အဖြေတစ်ခုခု ရှာနိုင်ရမယ် ပေါ့နော်။ အကယ်၍ အဲ့ဒီ ဘုံသဘောတူညီချက် ၅ ချက်ကသာ ထိရောက်တယ်ဆိုရင်။ ဒါပေမဲ့ အခုအချိန်ထိ စစ်တပ်ကလည်း လူသတ်နေတာ ညှင်းပန်းနှိပ်စက်နေတာ ဗုံးကြဲနေတာတွေ တစ်ပြားမှ မလျော့သလို ကျွန်တော်တို့ ပြည်သူတွေကလည်း နေ့စဉ်နဲ့အမျှ အိမ်တွေ မီးရှို့ခံရတာတွေ အမျိုးသမီးတွေ အမျိုးသားတွေ ဖမ်းခံပြီးတော့ နှိပ်စက်ခံရတာ အမျိုးသမီးတွေဆိုလို့ရှိရင်လည်း ကိုယ်ဝန်ဆောင်မှ မကျန် အဓမ္မကျင့်ခံရတာမျိုးတွေ။ ကလေးတွေဆိုလို့ရှိရင်လည်း ပညာသင်ကြားခွင့် ယနေ့အထိ ဆုံးရှုံးနေတာမျိုး၊ ပြီးတော့ တချို့ကလေးတွေဆိုလို့ရှိရင် ဒီ ၂၀၂၁ နောက်ပိုင်းမှာ မွေးခဲ့တဲ့ ကလေးတွေ ဆိုလို့ရှိရင် တချို့ဒေသတွေမှာ ဆိုရင် ကာကွယ်ဆေးတောင်မှ လုံးဝ မရသေးတဲ့ အခြေအနေမျိုးတွေ ရှိတယ်ပေါ့နော်။ အဲ့တော့ ဒီလိုအခြေအနေမျိုးတွေ ဆက်ပြီးတော့ ဖြစ်နေတယ်ဆိုတဲ့ ဟာက အာဆီယံ အပါအဝင် တခြားနိုင်ငံတကာက ဒီမြန်မာနိုင်ငံအပေါ်မှာထားတဲ့ မြန်မာ့အရေး အပေါ်မှာထားတဲ့ ဆုံးဖြတ်ချက်တွေ၊ ဆွေးနွေးမှုတွေ၊ သဘောတူညီချက်တွေဟာ လုံးဝ လုံးဝ မထိရောက်သေးဘူးလို့ ကျွန်မကတော့ မြင်ပါတယ်။ အကယ်၍ ထိရောက်ချင်တယ်ဆိုလို့ရှိရင် ကျွန်မပြောခဲ့တဲ့အတိုင်းပဲ ဘယ်ဟာက အရေးအကြီးဆုံးလဲ။ အခုချိန်မှာ လူတွေကို သတ်နေတဲ့ကိစ္စက အရေးအကြီးဆုံးပဲ ထင်တယ်။ အနည်းဆုံး ကျွန်မတို့ ဆေးပညာ ရှုထောင့်က ကြည့်မယ်ဆိုလို့ရှိရင် အရေးပေါ်လူနာတစ်ယောက် ရောက်လာတယ် ဆိုရင် ပထမဦးဆုံး လူ့အသက်ကို အရင်ကယ်ရမှာပဲ။ ပြီးတော့မှ ကျန်တဲ့ကိစ္စတွေကို ဖြေရှင်းပေါ့နော်။ Diagnostic speciality ကိုလွှဲပြီးတော့ ကုသတဲ့ နည်းလမ်းမျိုးတွေ သုံးရမှာ။ အခု မြန်မာနိုင်ငံက အရေးပေါ်အခြေအနေပါ။ အရေးပေါ်အခြေအနေမှာ အသက်ကယ်ရမယ်။ အသက်ကယ်တဲ့အချိန်မှာ လူ့အသက်တစ်ချောင်းတောင်မဟုတ်ဘူး။ ဒီမှာ ပြည်သူသန်းပေါင်း များစွာရဲ့ အသက်ကို အရင်ဦးစားပေးပြီးတော့ ကယ်ရပါမယ်။ အဲ့တော့ သန်းပေါင်းများစွာ ကျွန်မတို့က လူနာတွေမဟုတ်ဘူး။ လူကောင်းတွေပါ။ သူ့ဘာသူနေနေတဲ့ ပြစ်မဲ့ပြည်သူ ပြည်သားတွေပါ။ ပြစ်မဲ့ပြည်သူပြည်သားတွေ မသေအောင်ဖို့အတွက် သတ်နေတဲ့လူကို ရပ်ခိုင်းဖို့ပဲရှိပါတယ်။ အဲ့အတွက် သူတို့ကို ရပ်ခိုင်းမယ်ဆိုလို့ရှိရင် သဘောတူညီချက်တွေ၊ ဆွေးနွေးပွဲတွေ၊ အစည်းအဝေးတွေနဲ့တင် မလုံလောက်ပါဘူး။ သူတို့ရပ်နိုင်မယ့် ဖိအားမျိုး ပေးရပါမယ်။ အဲ့ဒီဖိအားမျိုးမှာဆိုလို့ရှိရင် နိုင်ငံတကာအနေနဲ့ဆိုလို့ရှိရင် လုပ်နိုင်တဲ့အရာတွေ အများကြီးရှိတယ်။ အဲ့ဒါကို မလုပ်ဘဲနဲ့ သူတို့သဘောတူညီချက်လေးတွေ၊ ဆွေးနွေးပွဲ လေးတွေ၊ တွေ့ဆုံပွဲလေးတွေနဲ့တင်ပဲ ဖြေသိမ့်နေတဲ့ဟာမျိုးပေါ့နော်။ သူတို့ကိုသူတို့ ဒါလုပ်လို့ တာဝန်ကျေနေပြီလို့ထင်နေတဲ့ ဟာမျိုးကိုတော့ ကျွန်မအနေနဲ့ အားမရပါဘူးလို့။
RAIN– ဟုတ်ကဲ့ပါ ဒီတော်လှန်ရေးကာလအတွင်းမှာ စစ်ကောင်စီအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မြောက်များစွာ ပြုလုပ်နေတာကို တွေ့ရတယ်ပေါ့နော်။ ဥပမာ ဆေးရုံတွေကို ဟို ဗုံးကြဲတာ၊ ခုနကပြောတဲ့ ဆေးဆရာ ဆရာဝန်တွေကို ခုလိုမျိုး နှိပ်စက်တာမျိုးတွေ ပြီးတော့မှ စာသင်နေတဲ့ ကလေးသူငယ်တွေကို အစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ်တာမျိုး စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာက ဘယ်လိုတွေ ကူညီသင့်တယ်လို့ ဒေါက်တာအနေနဲ့ ပြောလိုပါသလဲပေါ့နော်။
ဒေါက်တာအေးချမ်းမွန်- ဟုတ်ကဲ့။ စစ်တပ်က ဒီလို မတရား သတ်ဖြတ် အကြမ်းဖက် လုပ်ရပ်တွေကို ဆက်ပြီးတော့ လုပ်ခွင့်ရနေတယ်ဆိုတဲ့ ဟာက လုပ်ခွင့်ပေးထားတဲ့ လူတွေရှိလို့ပေါ့။ လုပ်ခွင့်ပေးထားတဲ့ လူတွေဆိုတဲ့ ဟာ ကျွန်တော်တို့ မြန်မာပြည်သူတွေ မဟုတ်တာတော့ သေချာတယ်။ ဘာလို့လဲဆို ကျွန်တော်တို့က ၂၀၂၁ အာဏာသိမ်းတဲ့နေ့ကနေ စပြီးတော့ ကျွန်တော်တို့ အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ ဆန္ဒပြတာမျိုးတွေ ပြီးလို့ရှိရင် နည်းအမျိုးမျိုးနဲ့ ပေါ့နော် နိုင်ငံတကာကို reach out လုပ်ပြီးတော့ အခါကျတော့ အကူအညီတောင်းခံတာ မျိုးတွေ R2P ဆိုတဲ့ ဟာမျိုးတွေ no-fly zone ဆိုတဲ့ ဟာမျိုး အမျိုးမျိုး ကျွန်တော်တို့အနေနဲ့ တောင်းဆိုပြီးတော့ အခါကျတော့ ဒီက စစ်အာဏာရှင်ကို ဆန္ဒပြခဲ့ကြတယ်။ ဒါ့အပြင် ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို သူတို့ ရက်ရက်စက်စက် ပစ်သတ်ပြီးတော့ ဖြိုခွင်းတဲ့အတွက် ကျွန်တော်တို့အနေနဲ့ နောက်ဆုံး ရွေးချယ်စရာမရှိတဲ့ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့ရတယ်။ ရွေးချယ်ပြီးတော့ အခါကျတော့ ကျွန်တော်တို့က လက်နက်ကိုင်တော် လှန်ရေးကို ရွေးချယ်ခဲ့ပေမယ့် ကျွန်တော်တို့က ခုခံတော်လှန်စစ်ပဲ ဖြစ်ပါတယ်။ ခုခံတယ်ဆိုတဲ့ ဟာက ကျွန်တော်တို့က ရန်စတာ မဟုတ်ဘူး။ ကျွန်တော်တို့ကို သက်သက်မဲ့ လာသတ်နေတဲ့ စစ်တပ်ကို ပြန်ပြီးတော့ ခုခံတဲ့ အနေအထားပါ။ အဲ့ဒီအတွက် ကျွန်တော်တို့မှာ သူတို့ကို တန်ပြန် တိုက်စစ်ဆင်နိုင်တဲ့အထိ အင်အားက အများကြီး မရှိသေးဘူး။ ပြီးတော့ သူတို့က နှစ်ပေါင်းများစွာပေါ့နော် တည်ထောင်ကြီးပြင်းလာတဲ့ အုပ်စုကြီး ဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ ဒီအာဏာသိမ်းတော့မှ ဒီက ဒေသအသီးသီးက ပြည်သူလူထုတွေ လူငယ် လူရွယ်တွေ အားလုံးက မတရားတဲ့ စိတ်တစ်ခုတည်းနဲ့ပဲ လာခဲ့တာ။ သူတို့မှာ background တွေ အမျိုးစုံရှိတယ်။ professional တွေ အမျိုးစုံရှိတယ်။ ဘယ်သူမှ စစ်တပ်နဲ့ သက်ဆိုင်တဲ့ စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်မှုတွေ အများကြီး ရှိတာမဟုတ်ဘူး။ အဲ့လို လူငယ်တွေက ဒါပေမယ့် ဒီလောက် နှစ်ပေါင်း ၇၀ ကျော်ကြာအောင် အကြမ်းဖက် သတ်ဖြတ်လာတဲ့ စစ်တပ်ကို မကြောက်ဘဲနဲ့ ရဲရဲရင့်ရင့် ရင်ဆိုင်နေပါတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့ကတော့ သူတို့သတ်ဖြတ်တာကို လုံးဝ လုံးဝ ခွင့်မပြုဘူး။ ကျွန်တော်တို့ ရှိသင့်အားနဲ့ ခုခံတော်လှန် နေဦးမှာပဲ။ ဒါပေမယ့် သူတို့က အဆမတန်ပေါ့နော် အပြစ်မဲ့ ပြည်သူတွေကို လေယာဉ်ကနေ ဗုံးကြဲတာမျိုးတွေ၊ ကလေးတွေ စာသင်ကျောင်းတွေကို ဗုံးကြဲတာမျိုးတွေ၊ ဒီ ဆေးရုံဆေးခန်း တွေကို ဗုံးကြဲတိုက်ခိုက်တာမျိုးတွေ လုပ်နေတယ်ဆိုတဲ့ ဟာက ဒါ ဘယ်နည်းလမ်းနဲ့ပဲ ကြည့်ကြည့် ဘယ်ဥပဒေနဲ့ပဲ ကြည့်ကြည့် ဒါ မတရားမှု ရက်စက်မှု ပေါ့နော် စစ်ရာဇဝတ်မှုကြီး ကျူးလွန်နေတာပဲ။ ဒီ ရက်စက်တဲ့ အစိုးရလို့ သူတို့ကိုယ်သူတို့ နာမည်ယူပြီးတော့ အခါကျ တော့ လုပ်နေတဲ့ စစ်တပ် institution တစ်ခုက လက်နက်မဲ့ ပြည်သူလူထုကို လေယာဉ်နဲ့ ဗုံးကြဲတာကို တားနိုင်တယ်ဆိုတဲ့ ဟာက အင်အားကြီးတဲ့ နိုင်ငံတကာပဲ ရှိပါတယ် ပေါ့နော်။ နိုင်ငံတကာမှာ ဆိုလို့ရှိရင် UN လို အဖွဲ့အစည်းတွေ ရှိတယ်။ အဲ့ဒီမှာ ဆိုလို့ရှိရင်လည်း သူတို့မှာလည်း ပြည်သူလူထုကို ကာကွယ်ပေးရမယ့် R2P ဆိုတဲ့ အဖွဲ့တွေ ရှိတာပဲ။ သူတို့တွေ သာ ခွင့်မပြုဘူးဆိုလို့ရှိရင် ဒီအဖွဲ့တွေကို ချက်ချင်းလွှတ်ပြီးတော့ ချက်ချင်း မြန်မာပြည်ထဲကို လွှတ်ပြီးတော့ ပြည်သူလူထု ကလေးသူငယ်နဲ့ လူကြီးလူရွယ် ကိုယ်ဝန်ဆောင်တွေကို ကာကွယ်ပေးဖို့ရာ လုပ်ရမှာပဲ ပေါ့နော်။ အဲ့လို မလုပ်တဲ့အပြင် ဒီအတိုင်း ပစ်ထားတယ်။ အဲ့ဒီအတွက် ဒီစစ်တပ်ကနေပြီးတော့ အခုအချိန်ထိ မျက်နှာပြောင်တိုက်ပြီးတော့ အခါကျ တော့ ဗုံးကြဲသတ်ဖြတ်နေတယ်။ ဒါ့အပြင် အဲ့ဒါတွေမကဘဲနဲ့ ဒီနိုင်ငံတကာမှာပေါ့နော် အထူး သဖြင့် ဒီ ASEAN ဆိုတဲ့ platform ကို သုံးပြီးတော့ အခါကျတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင်ပေါ့နော် နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ ဒီတွေ့ဆုံပွဲတွေ တွေ့ဆုံပွဲတွေကို သွားရောက်တက်ခွင့် ရနေတုန်းပဲ။ ဒါက ဘာကိုပြောလဲဆိုလို့ရှိရင် နိုင်ငံတကာရဲ့ စွမ်းဆောင်နိုင်ချေပေါ့နော် နိုင်ငံတကာရဲ့ ဒီမတရားမှုအပေါ်မှာ မျက်ကွယ် ပြုနိုင်တဲ့ စိတ်ပေါ့နော်။ အဲ့ဒါ တော်တော်လေးကိုမှ ရက်စက်ပါတယ်။ စစ်အာဏာရှင် ဒီမင်းအောင်လှိုင်က နေ့တိုင်း သတ်ဖြတ်နေတဲ့ ဟာကိုတောင်မှ ဘာမှ အရေးမယူတဲ့အပြင် သူ့ကိုပါ လက်ခံပြီးတော့ ပေါ့နော် meeting တွေမှာ တက်ခွင့်ပေးနေတယ် ဆိုကတည်းက ဒါ တော်တော်ကြီးကို လွဲမှားတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ ပြီးလို့ရှိရင် ဒီ ICC ICJ တို့လိုမျိုး ဆိုလို့ရှိ ရင်လည်း ကျွန်တော်တို့ ၂၀၂၁ အာဏာမသိမ်းခင်ကတည်းက စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရိုဟင်ဂျာလူမျိုးတွေအပေါ်မှာ ကျူးလွန်ခဲ့တဲ့ genocide အပါအဝင် ကိစ္စတွေကိုလည်း သူတို့ စုံစမ်းစစ်ဆေးနေရာမျိုးတွေ ရှိတယ်ပေါ့နော်။ အခုအချိန်မှာ လူမျိုးတစ်မျိုးတည်းတင် မဟုတ်ဘဲနဲ့ တစ်တိုင်းတစ်ပြည်လုံးကို အာဏာရဖို့အတွက် ဘယ်နှစ်ယောက်ပဲဖြစ်ဖြစ် သတ်မှာပဲဆိုတဲ့ ဒီစစ်တပ်ကိုတောင်မှ ပေါ်ပေါ်တင်တင် အရေးမယူနိုင်သေးဘူး။ သူကိုယ်တိုင် နိုင်ငံခြားကိုထွက်ပြီးတော့ အခါကျတော့ အစည်းအဝေးတွေ တက်ခွင့်ရနေသေးတယ်ဆိုတဲ့ ဟာက နိုင်ငံတကာရဲ့ ကြိုးစားအားထုတ်မှုက မလုံလောက်သေးဘူးလို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။ ဒီတော့ ဒီလိုလူမျိုးကို အရေးယူချင်ရင် ဒီ မြန်မာပြည်သူလူထု ခံစားနေရတဲ့ ဒုက္ခဝေဒနာတွေကို ဖြေလျော့ဖို့ရာအတွက် ပေါ့နော် ကူညီပေးစေချင်တယ်ဆိုရင် လွယ်လွယ် လေးပါပဲ။ အထူးသဖြင့် မြန်မာနိုင်ငံက စစ်ခေါင်းဆောင်တွေက အဲ့လောက်ကြီးထိ အင်အား ကြီးမားတဲ့ လူတွေလည်း မဟုတ်ဘူး။ ပြီးတော့ အင်အားမကြီးမားသလို ဉာဏ်ပညာပိုင်း ဆိုင်ရာမှာလည်း အများကြီး ပေါ့နော် ခေါင်းဆောင်ဖြစ်ဖို့ရာလောက်တောင် မတန်တဲ့ အသိဉာဏ်နဲ့ လူတွေပါပဲ။ အဲ့လူမျိုးတွေကို ဖြုတ်ချဖို့ရာအတွက် ရှင်းလင်းဖို့ရာအတွက် တကယ်လုပ်ချင်စိတ်ပဲ လိုပါတယ်။ ဒီ စစ်အာဏာရှင်တွေ စစ်ခေါင်းဆောင်တွေကို ဖြုတ်ချချင်စိတ် တစ်ခုတည်း ရှိတယ်ဆိုလို့ရှိရင် နိုင်ငံတကာအနေနဲ့ လုပ်စရာတွေ အများကြီး ရှိပါတယ်လို့ ကျွန်တော့်အနေနဲ့တော့ ထင်ပါတယ်။
RAIN– ဟုတ်ကဲ့ပါ၊ ဒီတော်လှန်ရေးကာလအလွန်ပေါ့နော်၊ ဒီအနာဂတ်မြန်မာနိုင်ငံတော်ကို ဒေါက်တာအနေနဲ့ ဘယ်လိုများမြင်ချင်မိပါသလဲပေါ့နော်။ ဘယ်လိုလူ့အပေါင်းအဖွဲ့အစည်းမျိုး ဖြစ်စေချင်သလဲပေါ့။ ဆိုတော့ အဲ့လိုမျိုးအောင်မြင်တဲ့ အနာဂတ်မြန်မာနိုင်ငံဖြစ်ဖို့ရန်အတွက် အဓိကလိုအပ်ချက်တွေကရော ဘာတွေဖြစ်မလဲလို့ ဒေါက်တာအနေနဲ့ ပြောချင်ပါသလဲရှင်။
ဒေါက်တာအေးချမ်းမွန်- ဟုတ်ကဲ့၊ ကျွန်မအမြင်ထဲကတော့ တော်လှန်ရေးအလွန် ကာလမှာဆိုလို့ရှိရင် ဒီပြဿနာရှာတဲ့ စစ်တပ်ကတော့ မရှိတော့မှာ သေချာတယ်ပေါ့နော်။ အနည်းဆုံးတော့ ပြဿနာရှာတဲ့လူတွေ မရှိတော့မှာ သေချာတယ်။ ပြဿနာရှာတဲ့လူတွေ မရှိဘူးဆိုပေမယ့် လည်း ပြဿနာကတော့ ပြီးသွားမှာမဟုတ်ဘူး။ သူတို့ရှာခဲ့တဲ့ ပြဿနာကတော့ ကျန်နေဦးမှာပဲပေါ့နော်။ အဲ့ဒါကို ကျွန်မတို့အနေနဲ့ကတော့ အားလုံးပေါ့နော်၊ ပြဿနာက ဘယ်ကလာလဲ၊ ပြီးလို့ရှိရင် ပြဿနာဖြေရှင်းမှုအတွက် နည်းလမ်းတွေက ဘာတွေရှိလဲဆိုတဲ့ ဟာကိုပေါ့နော် အားလုံး ညီညီညာညာ စုစုစည်းစည်းနဲ့ ဉာဏ်ပညာရှိရှိ တိုင်ပင်ဆွေးနွေး လိုက်မယ်ဆိုလို့ရှိရင်တော့ အဖြေတစ်ခုရမယ်လို့ ကျွန်မအနေနဲ့ ထင်ပါတယ်။ ပြီးလို့ရှိရင် ကျွန်မတို့မှာ ရှေ့မှာပေါ့နော်၊ အတွေ့အကြုံအဆိုးတွေ အများကြီးပဲ ရှိခဲ့တယ်။ စည်းလုံး ညီညွတ်မှု မရှိခဲ့လို့ အချင်းချင်း မယုံကြည်မှုတွေနဲ့ အထင်လွဲမှားမှုတွေ ရှိခဲ့လို့ မဖြစ်သင့်တဲ့ ပြဿနာတွေ အများကြီးပဲ ဖြစ်ခဲ့ရတယ်။ တစ်ခါတစ်လေကျလို့ရှိရင်လည်း အဲ့ဒါတွေတင် မကဘဲနဲ့ လူပုဂ္ဂိုလ်ကနေပြီးတော့ အရင်းပြုခဲ့တဲ့ ပြဿနာတွေလည်း ရှိခဲ့တာပေါ့နော်။ အဲ့ဒါတွေကိုပါ ကျွန်မတို့ လေ့လာသင်ယူပြီးတော့အခါကျတော့ ကိုယ့်နိုင်ငံအတွက်ပေါ့နော်၊ အကောင်းဆုံး ဘယ်ဟာဖြစ်မလဲဆိုတဲ့ဟာ အာဏာရှင်တွေ မရှိတော့တဲ့ တစ်ချိန်မှာ အားလုံးစုဝေး တိုင်ပင်ပြီးတော့ပေါ့နော်၊ အဖြေရှာနိုင်မယ်လို့ ထင်ပါတယ်။ အဲ့ဒီ အနာဂတ် တော်လှန်ရေးအလွန်ကာလ တွေမှာဆိုလို့ရှိရင် ပြည်သူလူထုကော ခေါင်းဆောင်တေကော တခြားသော အဖွဲ့အစည်းအမျိုးမျိုးက လူတွေကော အားလုံးရဲ့အသံ၊ အားလုံးရဲ့ ခံစားချက်၊ အားလုံးရဲ့ ဆန္ဒကိုပေါ့နော် ထင်ဟပ်စေနိုင်တဲ့ အဖြေတခုခုကို ရှာဖွေနိုင်မယ်လို့ ကျွန်မအနေနဲ့ မျှော်လင့်ပါတယ်။ အဲ့အတွက်လည်း ကျွန်မတို့တွေကလည်း ဘယ်သူဘယ်ဝါရယ်မဟုတ်ဘဲနဲ့ ဒီတိုင်းပြည်ကို ကောင်းစားစေချင်တဲ့စိတ်ရှိတဲ့လူတွေ၊ တိုင်းပြည်အနာဂတ်မှာ အလားအလာ ကောင်းတွေ ရှိတဲ့လူတွေနဲ့ ဘယ်သူမဆိုပေါ့နော်၊ အလုပ်လုပ်ဖို့ရာအတွက် ကျွန်မတို့က အခုကတည်းက ပြင်ဆင်နေတယ်။ အဲ့ဒီလူတွေနဲ့လည်း ချိတ်ဆက်ပြီးတော့ အလုပ်တွဲလုပ်ဖို့ရာ အတွက် ဒီဆက်ဆံရေးကောင်းတွေ တည်ထောင်နိုင်ဖို့ ကျွန်မတို့အနေနဲ့ ကြိုးစားနေပါတယ်လို့။
RAIN– ဟုတ်ကဲ့ပါ၊ ဆိုတော့ ဒီတော်လှန်ရေးဟာဆိုလို့ရှိရင် ဒီအမျိုးသမီးလူငယ်တွေရဲ့ ဦးဆောင်ပါဝင်မှုတွေကို အများဆုံးတွေ့နေရတယ်ပေါ့နော်။ ဆိုတော့ အားရစရာလည်း အင်မတန်ကောင်းပါတယ်၊ ဆိုတော့ ဒေါက်တာတို့လိုမျိုး ကဏ္ဍစုံမှာ ပါဝင်နေတဲ့ အမျိုးသမီး ငယ်လေးတွေကိုလည်း တွေ့ရတယ်ပေါ့။ ဆိုတော့ ဒေါက်တာအနေနဲ့ အခုလိုမျိုး အမျိုးသမီး တွေအနေနဲ့ စစ်ရေး၊ နိုင်ငံရေး၊ ဒီအုပ်ချုပ်ရေးကဏ္ဍအမျိုးစုံမှာ ဦးဆောင်ပါဝင်နေတဲ့ အမျိုးသမီးတွေရဲ့ ပါဝင်မှုကို ဒေါက်တာအနေနဲ့ ဘယ်လိုမျိုး သုံးသပ်မိပါသလဲပေါ့နော်။ ဒီထက် ပိုပြီးတော့မှ အမျိုးသမီးတွေရဲ့ ပါဝင်မှုအားတွေ ပိုကောင်းလာစေဖို့အတွက်ရော နောက်ဆုံး အနေနဲ့ အကြံလေးပြုပေးပါဦးရှင်။
ဒေါက်တာအေးချမ်းမွန်- ဟုတ်ကဲ့၊ ဒီတော်လှန်ရေးကာလမှာဆိုလို့ရှိရင် အမျိုးသမီးတွေ၊ လူငယ်လူရွယ်တွေရဲ့ ပါဝင်မှုတွေကိုပေါ့နော် မြင်ရတာ အင်မတန်မှ လေးစားဂုဏ်ယူ မိပါတယ်။ ဒါအမှန်အတိုင်း ပြောတာပါ။ ကျွန်မတို့ အမျိုးသမီးတွေ ဆိုတဲ့ဟာတွေ အရင်ကတည်းက အိမ်ထောင်ဦးစီး ဒါမှမဟုတ်လို့ရှိရင် မိဘဘိုးဘွားတွေရဲ့ အရိပ်အောက်မှာပဲ နေပြီးတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက် တောင်မှ မချရဲခဲ့တဲ့ ဓလေ့ထုံးတမ်းကနေ ကြီးပြင်းခဲ့ရတဲ့ လူတွေပေါ့နော်။ ဒါပေမဲ့ ဒီတော်လှန်ရေးကာလမှာ ကျွန်မတို့ အသိဉာဏ်တွေ အများကြီးပဲ ပွင့်လင်းပြီးတော့ အခါကျ တော့ ကျွန်မတို့အတွက် ကျွန်မတို့ အနာဂတ်အတွက် ဘာက အကောင်းဆုံး ဖြစ်မလဲဆိုတဲ့ ကိုယ်ပိုင်ရွေးချယ်ဆုံးဖြတ်မှုတွေ လုပ်ခဲ့ကြတယ်ပေါ့နော်။ အခု ကိုယ်ပိုင်ဆုံးဖြတ်ချက်အရ ရပ်တည်ချက်မှန်မှန်နဲ့ ဆက်လက်တိုက်ပွဲဝင်နေတဲ့ နေရာဒေသ အသီးသီးက ဒီအမျိုးသမီးနဲ့ လူငယ်တွေကိုလည်း ကျွန်မ ဒီကနေပြီးတော့ လေးစားတယ်။ ဂုဏ်ယူတယ်။ ပြီးတော့ ကျေးဇူး တင်တယ်ဆိုတဲ့ အကြောင်းကို ပြောချင်တယ်။ ပြီးတော့ အခါကျတော့ ဒီလုပ်ရပ်တွေက မှန်ကန်တဲ့လုပ်ရပ်တွေဖြစ်တဲ့အတွက် ကိုယ့်ရဲ့ရပ်တည်ချက် ကလည်း မှန်ကန်တဲ့ဖြစ်တဲ့ အတွက် အခက်အခဲတွေ ဘယ်လောက်ပဲရှိရှိပေါ့နော်၊ ဆက်လက်ရင်ဆိုင် သွားပြီးတော့ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကိုပေါ့နော်၊ ရောက်ဖို့ရာအတွက် ကျွန်မအနေနဲ့ အများကြီးလည်း ဆုတောင်းပေးတယ်။ ပြီးတော့ အဲ့အတွက်လည်း အတူတူပေါ့နော်၊ ပါဝင်ပြီးတော့အခါ ကျတော့ ပန်းတိုင်မရောက်မချင်း အတူတူဆက်ပြီးတော့ တိုက်ပွဲဝင်၊ ရုန်းကန်လှုပ်ရှားသွား ကြဖို့ ကျွန်မအနေနဲ့ ဒီနေရာကနေ တိုက်တွန်းပါတယ်လို့။
RAIN– ဟုတ်ကဲ့ပါ၊ အခုလိုမျိုး အချိန်ပေးပြီးတော့ ဖြေကြားပေးတဲ့အတွက် ဒေါက်တာကို အများကြီး ကျေးဇူးတင်ပါတယ်ရှင်။
ဒေါက်တာအေးချမ်းမွန်- ဟုတ်ကဲ့၊ ခုလို ဖြေကြားခွင့်ရတဲ့အတွက်လည်း ကျေးဇူးအများကြီး တင်ပါတယ်ရှင်။