အောက်တို ၈
The Kaladan Post
ပုပ္ပါးတပ်ဖွဲ့ (Popa Guerilla Force – PGF) သည် အခြေခံစစ်ပညာသင်တန်း (အပတ်စဉ် – ၄) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါသည်။
အဆိုပါသတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ပုပ္ပါး တပ်ဖွဲ့တွင် တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့ကျင့်ပခဲ့တဲ့ အခြေခံစစ်ပညာ အပတ်စဥ်(၄) သင်တန်းမှာ စစ်သည်များ တပ်စုနှစ်စုစာ တက်ရောက်ခဲ့ကြပြီးတော့ သူတို့တွေကို အခြေခံစစ်ပညာနှင့် ပြည်သူ့ဆက်ဆံရေးကို အဓိကထားသင်ကြားပေးခဲ့တာဖြစ်ပါတယ် ပြီးတော့ ဒီသင်တန်းတွေကို နှစ်လကျော်ကြာ သင်တန်းပေးခဲ့ပါတယ်” ဟု The Kaladan Post သို့ ပြောဆိုသည်။ ထို့အပြင် ပုပ္ပါး တပ်ဖွဲ့သည် ပြည်သူ့ရဲဘော်တွေ အသက်အန္တရာယ် လုံခြုံမှုရှိအောင် ကမ်းပိန်းတစ်ခုပြုလုပ်လျက်ရှိပြီး ၎င်းကမ်ပိန်းတွင် တော်လှန်ပြည်သူတွေ အနေဖြင့် တတ်စွမ်းသမျှဖြင့် ပါဝင်အားဖြည့်ပေးကြရန် တပ်ဖွဲ့ရဲ့တာဝန်ရှိသူက တောင်းဆိုထားပါသည်။ အဆိုပါ “စကားဝါမြေပြင် ကျည်ကာဆင်” ကမ်းပိန်းသည် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့မှ စတင်ဖွင့်လျှစ်ခဲ့ပြီး ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁ရက်နေ့ထိ နှစ်လတာသတ်မှတ်ထားပါသည်။ ဒီး “စကားဝါမြေပြင် ကျည်ကာဆင်” ကမ်းပိန်းကို ဒီနှစ် ဒီဇင်ဘာလ ၁ရက်နေ့တွင် ဖွင့်လျှစ်မှာ ဖြစ်ပြီး ထွက်ထိုင်ထီနောက်ဆုံးလေးလုံးကို ပေါက်မဲအဖြစ်သတ်မှတ်ပြီး ၎င်းနံပါတ် ကမ်စမ်းသူကို Dayang 110 ဆိုင်ကယ်တစ်စီး ဆုကြေးအဖြစ် ချီးမြှင့်သွားမှာဖြစ်ကြောင်းသိရသည်။ “စကားဝါမြေပြင် ကျည်ကာဆင်” လှုပ်ရှားမှုတွင် မိဘပြည်သူများအနေဖြင့် တတ်စွမ်းသမျှ ကဏ္ဍအသီးသီးမှ ပါဝင်ပံ့ပိုးပေးကြရန် လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။