————————————————————————
မေ ၂၃
The Kaladan Post
မေလ ၂၃၊ ၂၀၂၅ တွင် မိုးဗြဲမြို့၊ ဗျူဟာအမှတ် (၂) လှုပ်ရှားနယ်မြေအတွင်း မိုးဗြဲ Local PDF၊ ဒီးမော့ဆို Local PDF၊ KNA နှင့် KNDF တို့ ပူးပေါင်းကာ စစ်ကောင်စီထံမှ လက်လွှတ်ဆုံးရှုံးခဲ့ ရသော ကင်းနေရာများကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော် ထိုစဉ်အတွင်း စစ်ကောင်စီဘက်မှ စနိုက်ပါဖြင့် ချောင်းမြောင်းပစ်ခတ်မှုကြောင့် မိုးဗြဲ Local PDF ရဲဘော် ကိုကြောင်း ဒဏ်ရာရရှိခဲ့ပြီး ၎င်းဒဏ်ရာသည် အဆုတ်ထိသွားသဖြင့် အနည်းငယ်စိုးရိမ်ရ သည်ဟု မိုးဗြဲ Local PDF ပြန်ကြားရေး တာဝန်ခံက The Kaladan Post သို့ ပြောဆိုသည်။ အဆိုပါ ကင်းစခန်းသည် ၂၀၂၅ ခုနှစ်၊ မေလ ၂၁ ရက်နေ့က ညအချိန်တွင် ရဲဘော်အင်အား၊ လက်နက်အင်အား အဆင်မပြေမှုများကြောင့် နောက်ဆုတ်ပေးခဲ့ရပြီး ၂၃ ရက်နေ့ မနက်တွင် ဗျူဟာအမှတ် (၂) မိုးဗြဲ Local PDF၊ ဒီးမော့ဆို Local PDF နှင့် အခြားမဟာမိတ် တပ်များဖြစ်သည့် KNA၊ KNDF တို့နှင့်အတူ ပြင်ဆင်မှုများပြုလုပ်ကာ နေ့လယ် ၁၁ နာရီအချိန်တွင် ပြန်လည်တက်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီ၏ ဒရုန်းနှင့် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့သည်။
ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီထံမှ ကင်းစခန်းများကို ပြန်လည်ထိန်းချုပ်
