အောက်တို ၁၄
The Kaladan Post
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း အမှတ် (၂) ၃၆၀၂ တပ်ရင်းမှ ရဲဘော်များက စစ်ကောင်စီတပ်ဖွဲ့များအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း အမှတ် (၂) သတင်းထုတ်ပြန်ထားပါသည်။
အဆိုပါသတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ပြည်ခရိုင်တပ်ရင်း အမှတ် (၂) ရဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက “ ကျွန်တော်တို့တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ တောင်လည်စခန်းကနေ ဘော်ဒါအထိုင်ချစခန်းသို့ လူချိန်းလာတဲ့သူတွေ ဖြစ်ကြပြီး သူတို့ဟာ ဘော်ဒါအထိုင်စခန်းမှ ပြန်လာချိန်ကျွန်တော်တို့ဖက်က စောင့်ကြိုပြီးတော့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ဒီတိုက်ခိုက်မှုမှ စကစတွေ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ပေမယ့် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး အကြောင်းကတော့ ဒီစကစတွေနေတဲ့နေရာတွေမှ ကျွန်တို့ဖက်ကလူတွေမရှိတော့ သတင်းစုံစမ်းရေးမှာ အခက်အခဲတွေရှိနေပါတယ် ဟု ‘The Kaladan Post သို့ ပြောဆိုသည်။ ဤစစ်ဆင်ရေးများသည် စစ်ကောင်စီတပ်ဖွဲ့များ၏ လှုပ်ရှားမှု များကို ထိရောက်စွာ ဟန့်တားနိုင်ခဲ့ပြီး လက်နက်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၁ ရက် ည ၈:၀၀ နာရီခန့်တွင် ပေါက်ခေါင်းမြို့နယ်၊ တောင်လည်ကျေးရွာအနီး (ဂွေးပင်ကုန်း) တွင် ဘော်ဒါအထိုင်စခန်းမှ လူအချိန်းအပြောင်းပြုလုပ်ပြီး ပြန်လည်ထွက်ခွာလာ သော စစ်ကောင်စီ တပ်ဖွဲ့ အင်အား ၄၄ဦးပါ စစ်ကြောင်းကို ပြည်ခရိုင်တပ်ရင်း တပ်ခွဲ (၃)မှ ရဲဘော်များက မိုင်းဆွဲတိုက် ခိုက်ခဲ့သည်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ ထိခိုက်ဒဏ်ရာရ သူများကို ထမ်းစင်ဖြင့်ပြန် လည်ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ အောက်တိုဘာလ ၁၂ ရက် နံနက်ပိုင်းတွင် ရဲဘော်များက နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စစ်ကောင်စီတပ်ဖွဲထံမှ ကျန်ရစ်ခဲ့ သော စစ်သုံးကျောပိုးအိတ် ၁ လုံး၊ MA ကျည်ဘောက် ၁ ခု၊ BA-100 ဗုံးသီး ၁ လုံး ၅.၅၆ မမ ကျည် ၇၀ တောင့်နှင့် power bank ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့သည်။
ထို့အတူ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၄ ရက် နံနက် ၂:၃၀ နာရီခန့်တွင် ပေါက်ခေါင်းမြို့နယ်၊ တောင်လည်ကျေးရွာအထိုင်စခန်းမှ အင်အား ၅၀ ဦးပါ စစ်ကောင်စီတပ်ဖွဲ့၏ ခြေလျင်စစ်ကြောင်း ကို ပြည်ခရိုင်တပ်ရင်း တပ်ခွဲ (၃)၊ တပ်ခွဲ (၄) နှင့် ရွှေတောင် (ပကဖ) တို့မှ ပူးပေါင်း၍ အုတ်ဖို ကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့မှ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထပ်မံ၍ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၈ ရက် ည ၈:၀၀ နာရီခန့်တွင် ပေါက်ခေါင်း မြို့နယ်၊ ချင်းလည်ဂိတ်မှ ကင်းပုန်းဝပ်ရန် ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ အင်အား ၂၀ ဦးခန့်ပါ စစ်ကြောင်းနှင့် ပြည်ခရိုင်တပ်ရင်း တပ်ခွဲ (၃) နှင့် ရွှေတောင် (ပကဖ) မှ ရဲဘော်များ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ဤတိုက်ပွဲတွင် ရဲဘော်များဘက်မှ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။