———————————————————
မေ ၁၄
The Kaladan post
၂၀၂၅ ခုနှစ်၊ မေလ (၉) ရက်နေ့၊ ညနေ (၅) နာရီခန့်တွင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူမြို့၊ စက်မှုဇုန် (၆) လမ်းနှင့် (၇) လမ်းကြားတွင် နေထိုင်သည့် ပျူစောထီးခေါင်းဆောင် အရှည်ကြီး (ခေါ်) ဒူးရှည်အား Myingyan Black Tiger (MBT) တပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့များမှ ပူးပေါင်းကာ စစ်အသုံးဆောင်ပစ္စည်းအချို့နှင့်အတူ အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း Myingyan Black Tiger (MBT) ရဲ့တာဝန်ခံ ဗိုလ်မိုက်ခဲက The Kaladan post သို့ပြောသည်။
ဖမ်းဆီးခံရသူ အရှည်ကြီး (ခေါ်) ဒူးရှည်သည် စစ်ကောင်စီ၏ အရေးပါသော ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဒေသခံပြည်သူများအပေါ် အနိုင်ကျင့်နှိပ်စက်မှုများ ပြုလုပ်ခဲ့သူဖြစ်သောကြောင့် ဖမ်းဆီးရခြင်းဖြစ်ကြောင်း ဗိုလ်မိုက်ခဲက ဆိုသည်။ ပျူစောထီးခေါင်းဆောင် အရှည်ကြီး (ခေါ်) ဒူးရှည် ပခုက္ကူမြို့အတွင်း စစ်ကောင်စီ၏ လှုပ်ရှားမှုများကို ထောက်ပံ့ပေးနေသည့် အဓိကပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ဒေသခံပြည်သူများအပေါ် အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်ခဲ့သည်။
ဤစစ်ဆင်ရေးကို Myingyan Black Tiger (MBT) တပ်ဖွဲ့နှင့် နဂါးမင်း (PDF) အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဖမ်းဆီးမှုကို အထိအခိုက်မရှိ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ Myingyan Black Tiger (MBT) တပ်ဖွဲ့သည် ပြည်သူများအပေါ် အနိုင်ကျင့်နှိပ်စက်သူ မည်သူကိုမဆို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်လက် ပြောဆိုသည်။