စက်တင် ၂၉
The Kaladan Post
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းတွင် စစ်ကောင်စီတပ်များ လိုက်ပါလာသည့် အနက်ရောင်အိမ်စီးကားတစ်စီးကို ဗမာပြည်ကာကွယ်ရေးတပ်ဖွဲ့က စစ်ဆေးရန် တားဆီးချိန် မောင်းပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ စစ်လက်နက်ပစ္စည်းများ သိမ်းဆည်းရမိပြီး ကားကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဗမာပြည်ကာကွယ်ရေးတပ်မှ တာဝန်ခံ ကိုဗဟိန်းက The Kaladan Post သို့ ပြောကြားသည်။
ဗမာပြည်ကာကွယ်ရေးတပ်မှ တာဝန်ခံ ကိုဗဟိန်းက “ ကျွန်တော်တို့ ပစ်ခတ်ခဲ့တဲ့ ကားထဲမှာ စကစတပ် ၃ဦးပါတယ်ဗျ ဒီလမ်းစည်းကမ်းကို ကျွန်တော်တို့က ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီ လမှာ နောက်ဆုံးအနေဖြင့် ထုတ်ပြန်ထားတာဖြစ်ပါတယ် အဲ့မတိုင်ခင်ကလည်း မကြာခဏ ထုန်ပြန် ပြီးသားဖြစ်ပါတယ် ဒီထုတ်ပြန်ချက်ဟာ စစ်ကောင်စီအုပ်စုရဲ့ ထောက်ပံ့ပို ဆောင်ရေးတွေအတွက် ပြည်သူယောင်ဆောင်ပြီး ရောထွေးသွားလာနေသရွေ့ ဒီလမ်းစည်းကမ်းက ထားထားဦးမှာဖြစ်ပါ တယ်” ဟု ထပ်လောင်းပြောဆိုသည်။ ဒါ့အပြင် ၎င်းကားသည် တော်လှန်ရေးတပ်ဖွဲ့ဖက်မှ စစ်ဆေး ရန်တားမြစ်ချိန် စစ်ကောင်စီတပ်ဖက်မှ အရင်ပစ်သွားသွားသဖြင့် ၎င်းကားသည် စစ်ကောင်စီတပ် တွေပါလာသည် ကားဖြစ်ကြောင်းသိရသည်ဟု ဆိုသည်။စက်တင်ဘာလ ၂၈ ရက်၊ ည ၁၁ နာရီခန့် တွင် မင်းတုန်းမြို့ဘက်မှ ပုသိမ်-မုံရွာလမ်းအတိုင်း ကျောက်တိုင်စစ်တပ်အထိုင်စခန်းဘက်သို့ မောင်းနှင်လာသည့် အနက်ရောင်အိမ်စီးကားတစ်စီးကို ကျောက်တိုင်ကျေးရွာအနီးတွင် တော်လှန် ရေးတပ်ဖွဲ့ဝင်များက ရပ်တန့်ရန် အချက်ပြခဲ့သည်။ သို့သော် ယာဉ်ပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ က ရပ်တန့်ခြင်းမပြုဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်ပြီး မောင်းပြေးခဲ့သည်။ ထို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များက ပြန်လည်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ပစ်ခတ်မှုအပြီးတွင် တော်လှန်ရေးတပ်ဖွဲ့များက အဆိုပါကား ကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ကားပေါ်မှ ၄၀ မမ ဗုံးသီး ၅ လုံး၊ စစ်အသုံးအဆောင်ပစ္စည်း ၁ စုံ၊ ဖုန်း ၁ လုံး၊ ပိုက်ဆံအိတ် ၁ လုံး၊ ငွေကျပ် ၂ သိန်းနှင့် ၆ သောင်း၊ လက်ထိပ် ၁ စုံ၊ ဖိနပ် ၁ ရံ၊ ထီး ၁ ချောင်း၊ ဘေးလွယ်အိတ် ၁ လုံး၊ အဆောင် ယတြာ ၁ မျိုး၊ ကွန်ဒုံး ၂ ခု၊ ရွှေဝယ်ယူထားသည့် ပြေစာ ၁ ခု၊ သံပုရာသီး ၁ လုံး၊အားသွင်းခေါင်း ၁ ခု၊ ဆိုင်ကယ်သော့ ၁ ချောင်း၊ Ruby ဆေးလိပ် ၂ လိပ်နှင့် မီးခြစ် ၁ လုံး၊ စာအိတ်အလွတ် ၂၃ လုံး၊ ကားရေမွှေး ၁ ပုလင်း၊ အချိုရည် ၂ ဗူး များကို သိမ်းဆည်း ရမိခဲ့သည်။ ထွက်ပြေးလွတ်မြောက်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စက်တင်ဘာလ ၂၈ ရက်၊ ည ၁၂ နာရီခန့်တွင် မင်းတုန်းမြို့မှ စစ်အင်အားအပြည့်ပါဝင်သည့် လိုက်ထရပ်ကားတစ်စီးဖြင့် စမ်းကြီးကျေးရွာအနီးသို့ လာရောက်ကြိုဆိုသွားခဲ့ကြောင်း သိရသည်။ တော်လှန်ရေးတပ်ဖွဲ့များက မင်းတုန်းမြို့နယ်တွင် ညနေ ၆ နာရီမှ စတင်ကာ မော်တော်ယာဉ်ဖြတ်သန်းမှုကို ပိတ်ပင်ထားပြီး၊ စစ်ပွဲကာလအတွင်း ဒေသခံပြည်သူများ၏ လုံခြုံရေးအတွက် လမ်းစည်းကမ်းများကို လိုက်နာရန် တစ်နှစ်ကျော်ကြာ ပညာပေးထုတ်ပြန်ချက်များ အကြိမ်ကြိမ်ထုတ်ပြန်ထားခဲ့သည်။ သို့သော် ခရီး သွားပြည်သူများ၏ လိုက်နာမှုမှာ အားနည်းနေဆဲဖြစ်သည်။ ယခုဖြစ်စဉ်တွင်လည်း ပြည်သူ့ကားဖြစ် မည်ကို စိုးရိမ်သဖြင့် ညအမှောင်ထဲ မောင်းလာသည့် ရန်သူမိတ်ဆွေမခွဲတတ်သည့် ယာဉ်ကို လက် ပြတားဆီးခဲ့ရသည့်အတွက် လုံခြုံရေးတာဝန်ကျရဲဘော်များ အသက်အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ လွတ်မြောက်သွားခဲ့သည်။ ပြည်သူတွေအနေနဲ့ ထုတ်ပြန်ထားတဲ့ လမ်းပိုင်းဆိုင်ရာ သတိပေးချက်တွေကို မဖြစ်မနေ လိုက်နာပေးကြဖို့ တာဝန်ခံ ရဲဘော်ဗဟိန်းက တောင်းဆိုထားသည်။ ယခုကဲ့သို့ ဖြစ်စဉ်မျိုး ထပ်မံဖြစ်ပေါ်ခြင်းမှ ကာကွယ်ရန် ကားလမ်းမကြီး များပေါ်တွင် သတ်မှတ်စည်းကမ်းများကို ဖောက်ဖျက်မောင်းနှင်လာသည့် မည်သည့်မော်တော်ယာဉ် ကိုမဆို ပစ်ခတ်ဖမ်းဆီးမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဗမာပြည်ကာကွယ်ရေးတပ်က ထုတ်ပြန်ထားသည်။