အောက်တို ၉
The Kaladan Post
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့၊ ညနေ ၅ နာရီအချိန်တွင် ပွင့်ဖြူမြို့နယ်၊ ပုသိမ်-မုံရွာလမ်း ပိုင်း၊ မဲဇလီ-ဆည်တော် ကြိုးတံတားရှိ စစ်ဆေးရေးဂိတ်ကို မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်း၊ ပွင့်ဖြူ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက် ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်-၇ တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါသည်။
အဆိုပါသတင်း ထုတ် ပြန်ချက်နှင့် ပတ်သက်ပြီး မင်းဘူးခရိုင်တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့ မဟာမိတ်ပူးပေါင်း တပ်ဖွဲ့တွေနှင့် တိုက်ခိုက်သိမ်းပိုက်ခဲတဲ့ မဲဇလီ-ဆည်တော် ကြိုးတံတားရှိ အကြမ်းဖက် စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ စခ တပ်အင်အား (၁၀)ဝန်းကျင်လောက်ရှိပါတယ်။ ဒီ ဂိတ်က စခတွေက ပြည်သူတွေထံကနေ သစ်ကြေးဝါးကြေး ကောက်တာ ဈေးသည်တွေဆီက ငွေတောင်း ရိက္ခာ တောင်းတာတွေလုပ်နေကြတာဖြစ်ပါတယ်။ ပြီးတော့ ဒီဂိတ်ဟာဆိုရင် အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးမှ ဖွင့်တဲ့ဂိတ်ဖြစ်ပါတယ် ။ နောက်ဆုံးအနေဖြင့် ပြည်သူလူထုအနေနဲ့ ရန်သူ့ စစ်ကြောင်းနဲ့ မတွေ့အောင်ရှောင်ကြဖို့နဲ့ စစ်ရေးအသိ သတိရှိကြဖို့ တပ်ဖွဲ့ရဲ့တာဝန်ရှိသူက မေတ္တာရပ်ခံထားပါသည်။ အဆိုပါ တိုက်ပွဲသည် ၁ နာရီ ၃၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး၊ တိုက်ခိုက်မှု အတွင်း ရန်သူဘက်မှ အလောင်း ၄ လောင်းနှင့် အတူ လက်နက်ခဲယမ်းများ၊ စစ်အသုံးဆောင် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြသည်။ အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်း၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ပကဖ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်းမှ လက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ဤအောင်မြင်မှုသည် မင်းဘူးခရိုင်အတွင်းရှိ ပူးပေါင်းတပ်ဖွဲ့များ၏ ညှိနှိုင်းဆောင်ရွက်မှုနှင့် ဗျူဟာမြောက် စစ်ဆင်ရေးစွမ်းရည်ကို ထင်ရှားစေခဲ့သည်။