ဇူလိုင် ၃၀

The Kaladan Post

၂၅.၇.၂၀၂၅ ရက်နေ့တွင် မုံရွာမြို့ (န.မ.ခ) အနီး ထောက်ပို့တပ်ရင်း(၉၂၉)မှ စစ်မှုထမ်းအဖြစ် အတင်း အကျပ်ခေါ်ဆောင်ခံရသူ ပြည်သူ့စစ်သားတစ်ဦး Golden Target Force (GTF) နှင့် မုံရွာမြို့နယ် တိုက်နယ်(၁) ပြည်သူ့လုံခြုံရေးအဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ကြောင်း (GTF) တပ်ဖွဲ့ရဲ့တာဝန်ရှိသူက The Kaladan Post သို့ သတင်းပေးပို့ခဲ့ပါသည်။ အဆိုပါအလင်းဝင် လာသူဟာဆိုရင် “ပုသိမ်မြို့နယ် ၁၉နှစ် အရွယ်ဖြစ်ပါတယ် သူ့နာမည်က ကုလားလေး ဖြစ်ပါတယ် သူ့ကို စစ်ကောင်စီ က ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ်တွင် ညနေပိုင်း အကြော်ဝယ်ယူစဉ် ဖမ်းဆီးခံခဲ့ရပြီး၊ တိုက် ကြီးမြို့နယ် ဂျိုးဖြူသင်တန်းကျောင်းတွင် ၂ လခွဲ သင်တန်းပေးခံခဲ့ရပ်တယ်’ဟု ဆိုသည်။ စကစ တပ်ဖွဲ့မှ Golden Target Force (GTF)ထံ အလင်းဝင်လာသူ စုစုပေါင်း ၃ ဦး ရှိပြီဖြစ်ပြီး ပထမ တစ်ယောက်ကို တပ်ဖွဲ့မှ ဆုကြေးငွေ ၅၀ သိန်း၊ ဒုတိယ တစ်ယောက် ၁၀၀ သိန်း အသီးသီး ပေးခဲ့ ကြပြီး ယခုအလင်းဝင်လာသူကိုတော့  လက်နက်မပါသဖြင့် ဆုကြေးကို မသတ်မှတ်ရသေးကြောင်း သိရသည်။ အလင်းဝင်လာသူကို မြို့ထဲမှ ခေါ်ထုတ်ရာတွင် သတင်းပေးသူများ၏ လုံခြုံရေးအရ အခက်အခဲရှိခဲ့သော်လည်း၊ GTF အဖွဲ့က အောင်မြင်စွာခေါာထုတ်နိုင်ခဲ့သည့်အပြင် အလင်းဝင်သူ၏ ဆန္ဒအတိုင်း ဆက်လက်စီစဉ် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ အလင်းဝင်လာသူ‌တပ်သား ကုလားလေးက စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် လူစိတ်မရှိကြဘဲ ရာထူးနိမ့်တဲ့သူဆို အနိုင်ကျင့် ကြတယ်ဟု ထွက်ဆိုကြောင်း သိရသည်။ တော်လှန်ရေးတပ်ဖွဲ့ တွေနဲ့ နေရတာပျော်တယ် ပြီးတော့ တော်လှန်ရေးတပ်ဖွဲ့တွေက အချင်းချင်း လူကို လူလိုဆက်ဆံကြပြီး အလင်းဝင်လာသူ မပြန်တော့ ဘဲ တော်လှန်ရေးဘက်ကနေ စစ်ကောင်စီ ကို ပြန်တိုက်ချင်သူဖြစ်ကြောင်း သိရသည်။ အလင်းဝင် ကုလားလေးသည် ထို့နောက် ပဲခူးမြို့နယ် (၁၀၅) တပ်ရင်းမှတစ်ဆင့် မုံရွာမြို့ရှိ ထောက်ပို့တပ်ရင်း (၉၂၉) သို့ ပို့ဆောင်ခံခဲ့ရသည်။ ၎င်းတပ်သားသည် MA-1 သေနတ်တစ်လက်ယူဆောင်လာရန် ကြိုးစားခဲ့သော်လည်း အသက်အန္တရာယ်အရ မအောင်မြင်ခဲ့ပေ။ ထို့ပြင် တပ်ရင်း (၉၂၉) တွင် စစ်ခွေး တပ်ကြပ်ကြီးတစ်ဦးက လက်အောက်ခံတပ်သားများအား မူးယစ်ဆေးဝါး (ရာမ) တစ်ပြားလျှင် ၁၀,၀၀၀ ကျပ်ဖြင့် ရောင်းချပေးနေကြောင်း သိရှိရသည်။ အလင်းဝင်လိုသူ စစ်ကောင်စီတပ်သား များအနေဖြင့် GTF အဖွဲ့ထံ ဆက်သွယ်ပါက လုံခြုံစွာ ခေါ်ဆောင်ပေးမည်ဖြစ်ကြောင်း တာဝန်ရှိသူ က တိုက်တွန်းထားသည်။