ဩဂုတ် ၁၆

The Kaladan Post

၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၈ ရက်မှ ၁၀ ရက်နေ့အထိ ၃ရက်အတွင်း မုံရွာမြို့မှ ကျောက္ကာသို့ သာလွန် အင်အားဖြင့် စစ်ကြောင်းထိုးလာသော စစ်တပ်များနှင့် တော်လှန်ရေးရဲဘော်များအကြား ပြင်းထန် သော အထိတွေ့တိုက်ပွဲ ၅ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့ ၏ ထုတ်ပြန် ချက်အရသိသည်။ အဆိုပါတိုက်ပွဲများနှင့်ပတ်သက်ပြီး သပြေညိုပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက “ကျွန်တော်တို့နှင့်တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ပထမစစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အင်အား ၂၀၀ခန့်ဖြစ်ပြီး သူတို့ဘက်က အထိနာတော့ စစ်ကူအင်အားထပ်ဖြည့်လာပါတယ် ဒါပေမယ့် ထပ်ဖြည့်တဲ့အင်အားကိုတော့ ကျွန်တော်တို့ အတိအကျမသိသေးပါဘူးဗျ ပြီးတော့ ဒီစစ်ကောင်စီစစ်ကြောင်းသည် နယ်မြေရှင်းလင်းရေးအတွက် သတ်သတ်ဖြစ်ပါတယ်” ဟု The Kaladan Post သို့ ပြောဆိုသည်။  ဤတိုက်ပွဲများသည် ကျောက္ကာ၊ ပေါ်တော်မှု၊ နှင့် ရေနံကုန်းအနီး တဝိုက်တွင် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၃၀ခန့်သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များမှ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်။

အဆိုပါတိုက်ပွဲများသည် သြဂုတ်လ ၈ ရက်၊ နေ့လယ် ၁:၄၅ နာရီခန့်တွင် စစ်တပ်များသည် ကျော က္ကာရွှေဂူနီဘုရားအရှေ့ရှိ စာသင်ကျောင်းအတွင်း နေရာယူထားပြီး၊ တော်လှန်ရေး ရဲဘော် များက ဘုရားမုဒ်ပေါက်တွင် တပ်စွဲကာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲသည် ၃၀ မိနစ်ခန့် ကြာမြင့် ခဲ့ပြီး စစ်တပ်ဘက်မှ ၆ ဦး သေဆုံးခဲ့သည်။ ထိုနေ့တွင်ပင် ကျောက္ကာဘောလုံးကွင်း အနောက်ဘက် တွင် နောက်ထပ်တိုက်ပွဲတစ်ခု ၂၀ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၄ ဦး သေဆုံးခဲ့သည်။ သြဂုတ်လ ၁၀ ရက်၊ နေ့လယ် ၃:၁၅ နာရီခန့်တွင် ပေါ်တော်မှုကျောင်းအတွင်း စစ်တပ်နှင့် တော်လှန်ရေး ရဲဘော် များအကြား ခဏတာအထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ တော်လှန်ရေး ရဲဘော်များသည် ဆုတ်ခွာပြီး ရွှေဂူဖြူဘုရားသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ထိုနေ့တွင်ပင် ညနေ ၄:၁၅ နာရီခန့်တွင် ရေနံကုန်းသို့ ထိုးစစ်ဆင်လာသော စစ်တပ်နှင့် ဒုတိယအကြိမ်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ဤတိုက်ပွဲတွင် စစ်တပ် ဘက်မှ ၂၀ ဦးခန့် သေဆုံးခဲ့ပြီး ၁ ဦး အရှင်ဖမ်းမိခဲ့သည်။ ဤတိုက်ပွဲသည် ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်မှ လက်နက်ကြီးများနှင့် paramotor များဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့သော် လည်း တော်လှန်ရေးရဲဘော်များသည် အကာအကွယ်ကောင်းမွန်စွာဖြင့် ခုခံတိုက်ခိုက်နိုင်ခဲ့သည်။ ထို့ပြင် စစ်တပ်ဘက်တွင် ထိခိုက်ဒဏ်ရာ ရသူများလည်း များပြားခဲ့ကြောင်းသိရသည်။

လက်ရှိအချိန်ထိ စစ်တပ်စစ်ကြောင်းများသည် အရာတော်-မုံရွာလမ်းပိုင်းတွင် ခြေရှုပ်နေဆဲဖြစ် သည်။ ဒေသခံပြည်သူများအနေဖြင့် အဆိုပါဧရိယာအတွင်း သွားလာမှုမပြုလုပ်ရန် မေတ္တာရပ်ခံ ထားကြောင်း ၎င်းထုတ်ပြန်ချက်တွင်ဖော်ပြထာပါသည်။ ဤစစ်ဆင်ရေးများကို သပြေညိုပြောက် ကျားတပ်ဖွဲ့၊ အရာတော်မြို့နယ်တိုက်နယ် (၉၊ ၁၀၊ ၁၁) ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ)၊ မုံရွာမြို့နယ်တိုက်နယ် (၂)၊PLA နှင့် ဗျူဟာ (၆၆) တို့မှ ပူးပေါင်း ဆောင်ရွက်ခဲ့သည်။ ဤတိုက်ပွဲများသည် တော်လှန်ရေးရဲဘော်များ၏ ဗျူဟာမြောက်ခံစစ်နှင့် အကာအကွယ်စွမ်းရည်ကို ထင်ရှားစွာ ပြသခဲ့ ပြီး၊ စစ်တပ်အား သိသာထင်ရှားသော ထိခိုက်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ဒေသခံပြည်သူများ၏ လုံခြုံရေးအတွက် သတိထားသွားလာရန် အရေးကြီးလျှက်ရှိသည်။