စက်တင်ဘာ ၄

The Kaladan Post

၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၂ရက်နေ့တွင် မြင်းခြံမြို့နယ် ကုက္ကဲအထက်တန်းကျောင်းခွဲတွင် အထိုင်ချ တပ်ဆွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူများနှင့်ခရီးသွားပြည်သူများကို ဆက်ကြေး ကောက်ရန်  ခွါစဥ်တိုက်ခိုက်ခဲ့ကြောင်း ရွှေခြံသားပြောက်ကြားတပ်ဖွဲ့ မြင်းခြံမြို့နယ်က ယနေ့ စက်တင် ဘာလ ၄ရက်နေ့တွင် သတင်းထုတ် ပြန်ထားပါသည်။ အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး နာမည်မ ဖော်လိုတဲ့ပြည်သူတစ်ဦးက “ ဒီ စစ်ကောင်စီတပ်တွေဟာ သူတို့အတွက်လုံခြုံတဲ့နေရာဆိုတာ မရှိတော့ ပါဘူး အိမ်မှာနေရင်လည်း ဒရုန်းနဲ့အတိုက်ခံရတယ် အထက်အမိန့်အရ စစ်ကြောင်းထိုးရင်လည်းအ တိုက်ခံရတာပါဘဲ ပြီးတော့ ဂိတ်စောင့်ရင်လည်းအတိုက်ခံတာဘဲ ဒီထက်ပိုစိုးတာကတော့ အတိုက်ခံတဲ့ နေရာတိုင်းမှာ အထိနာပြီး သေဆုံးမှုတွေ၊ ဒဏ်ရာရမှုတွေများနေတဲ့ စစ်ကောင်စီတွေက တော်လှန်ရေး တပ်ဖွဲ့တွေ စိုးမိုးတဲ့နယ်မြေတွေကို ပြန်လည်ထိန်းချုပ်ခြင်တာဘဲလို့ပြောခြင်ပါတယ်ဟု “ The Kaladan Post သို့ပြောဆိုသည်။   တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးနယ်မြေများကို ပြန်လည်ထိန်းချုပ်ခြင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကစစ်ကြောင်း စထိုးပြီဆိုတာနဲ့ အိမ်ပြန်လမ်းက သူတို့အတွက်မရှိသလောက် ပါဘဲ စစ်ကောင်စီတပ်တွေမှာ တကယ်စစ်တိုက်ရဲ့တဲ့သူမရှိဘူး အထက်အမိန့်ကိုမလွန်ဆန်နိုင်လို့သာ စစ်တိုက်ကြတာဖြစ်ပါတယ် သူတို့ဆန္ဒဖြင့်စစ်တပ်ထဲဝင်တာမဟုတ်ဘဲ အတင်းစုဆောင်းခံတဲ့သူတွေ ဖြစ်နေလို့ပါဘဲဟု ၎င်းကဆက်လက်ပြောဆိုသည်။ ၎င်းတိုက်ခိုက်မှုသည် စစ်ကောင်စီ တပ်တွေက ပြည်သူတွေကိုနေ့စဥ့် ဆက်ကြေးကောက်ယူကာ လုယက်နေကြောင်း ရွှေခြံသားပြောက် ကြားတပ်ဖွဲ့မှ ကြိုတင်သတင်းရရှိသဖြင့် အသင့်စောင်းဆိုင်းကာ ရှေ့ထွက်ပဒေသမိုင်းများဖြင့် ဖောက်ထွက်တိုက် ခိုက်သဖြင့် စစ်ကောင်စီတပ်တွေ ၇ယောက်စလုံး သေဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား ပါသည်။ တိုက်ခိုက်မှုအတွင်း  MA3 ၆လက်၊ ကျည်ဘောက်၂၀၊ MA5 ၁လက်၊ ၆၀မမ ၁လက်၊ 5.56ကျည် ၉၀၄တောင့်၊ 9မမကျည် ၅တောင့်၊ 60မမ ၃ဖူး၊ အိနာဂါ ၂ဖူး၊ ဓား ၅ချောင်း ၊လက်ပစ်ဗုံး ၂လုံး၊ လေးခွ ၂လက်၊ ဝက်အူလှည့် ၁ချောင်း၊ ငွေသား ၁၄၉၂၀၀၀ကျပ် ၊ ဖုန်း ၇လုံး၊ လက်ပတ်နာရီ ၂လုံး၊ စစ်သုံးဆောင်အများအပြားကိုပါ သိမ်းဆည်းထား ကြောင်းသိရသည်။ ပြည်သူတွေကို အနိုင်ကျင့် လုယက်နှိပ်စပ်‌နေသော စစ်တပ်ကို  ရွှေခြံသားပြောက်ကြားတပ်ဖွဲ့ တိုက်နယ်(၁)မှ ဆက်လက်တိုက်ခိုက် သုတ်သင်ရှင်းလင်းသွားမည်ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်တပ်မှ ပြည်သူများကိုပစ်မှတ်ထား၍ လက်နက်ကြီး၊ လေကြောင်းဖြင့် တိုက်ခိုက်နေပါ သဖြင့် ဗုံးခိုးကျင်းများ အသင့်အနေအထားဖြင့် အထူးသတိပြုနေထိုင်ကြပါရန် ၎င်းထုတ်ပြန်ချက်မှ တိုက်တွန်းထားပါသည်။