မေးမြန်းသူ- ဆလိုင်း ဒိုခါရ်၊ အယ်ဒီတာချုပ်

ဖြေဆိုသူ- Mi Kun Chan Non၊ MSFC သဘာပတိအဖွဲ့ဝင်၊ Mon State Federal Council

 

ဆလိုင်း ဒိုခါရ်၊ – အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်တို့ The Kaladan Postကို ပုံမှန်ကြည့်ရှု အားပေးတဲ့ တော်လှန်ပြည်သူများအတွက် ဒီကျွန်တော်တို့ တိုင်းနဲ့ပြည်နယ် ပေါင်းစုံက နိုင်ငံရေးလှုပ်ရှားမှုတွေအကြောင်းကို တင်ဆက်နေကြအတိုင်းပဲ ဒီတစ်ခါဆိုရင်တော့ ကျွန်တော်တို့ မွန်ပြည် ဖယ်ဒရယ်ကောင်စီက ပြောရေးဆိုခွင့်ရှိသူ ဆရာမ မီကွန်းချမ်းမွန်နဲ့ တွေ့ဆုံဆွေးနွေးပေးဖို့ ဖိတ်ခေါ်ထားပါတယ်။ ဆရာမ အခုလို ကျွန်တော်တို့ကို အချိန်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

 

Mi Kun Chan Non – ဖြေဆိုခွင့်ရတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ရှင့်။

 

ဆလိုင်း ဒိုခါရ်၊ – ဟုတ်ကဲ့ ဆရာမ ဒီကျွန်တော် ပထမဆုံးအနေနဲ့ ဆွေးနွေးပေးဖို့ ဖိတ်ခေါ်လိုတာက အခုကျွန်တော်တို့ နွေဦးတော်လှန်ရေး အောင်မြင်ဖို့အတွက် ဒါမွန်ပြည်သူလူထုအတွက် ဆရာမတို့ မွန်ပြည် ဖယ်ဒရယ်ကောင်စီက လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်လေးနဲ့ နောက်ပြီးတော့မှ တခြားဒီတိုင်းရင်းသား လူမျိုးတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေလေးကို ဆွေးနွေးပေးပါဦးခင်ဗျ။

 

Mi Kun Chan Non – ဟုတ်ကဲ့ရှင့်။ ကျွန်မတို့ ဒီမွန်ပြည် ဖယ်ဒရယ်ကောင်စီပေါ့နော်။ ကတော့ နွေဦးတော်လှန်ရေး စကတည်းကတော့ ကျွန်မတို့ကတော့ စစချင်းတုန်းကတော့ မွန်ပြည် ဖယ်ဒရယ်ကောင်စီလို့ ကျွန်မတို့မခေါ်ပါဘူး။ Mon State Interim Coordination Committee ပေါ့နော်။ အဲ့တုန်းကတော့ ကျွန်မတို့ စတင်ဖွဲ့စည်းခဲ့ပြီးတော့ အဲ့ဒီတော်လှန်ရေးထဲမှာ NUCC ရဲ့ ဒီ process ထဲမှာ ကျွန်မတို့ ပါဝင်ခဲ့တာဟုတ်တယ်။ ဒါပေမဲ့ ၂၀၂၃ နောက်ပိုင်းမှာတော့ ကျွန်မတို့ကတော့ ဒီ MSICC ကနေပြီးတော့ MSFC ပေါ့၊ Mon State Federal Council ဆိုပြီးတော့ ကျွန်မတို့ ပြန်လည်အမည်ပြောင်းပြီးတော့ လုပ်ဆောင်ခဲ့တာ ဟုတ်ပါတယ်။ အာ ဆိုတော့ ကျွန်မတို့ ဒီမွန်ပြည် ဖယ်ဒရယ်ကောင်စီထဲမှာ ဆိုလို့ရှိရင် ကျွန်မတို့ကတော့ မွန်တိုင်းရင်းသားအစုအဖွဲ့တစ်ခုတည်း မဟုတ်ဘဲနဲ့ မွန်ပြည်နယ် အတွင်းမှာရှိတဲ့ တိုင်းရင်းသား အစုအဖွဲ့အားလုံး ပါဝင်ပြီးတော့ ကျွန်မတို့ ဒီမွန်ပြည်နယ် အတွက် လုပ်ဆောင်ဖို့အတွက် ဆိုပြီးတော့ ကျွန်မတို့က အမြဲတမ်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ပြီးလို့ရှိရင် ကျွန်မတို့ ဒီသက်ဆိုင်ရာ အစုအဖွဲ့တွေနဲ့လည်း ကျွန်မတို့ ချိတ်ဆက်ပြီးတဲ့အခါကျတော့ ကျွန်မတို့ရဲ့ ဒီလှုပ်ရှားမှု၊ ဒီ MSFC ရဲ့ လှုပ်ရှားမှုထဲမှာ ပါဝင်လာဖို့အတွက်လည်း ကျွန်မတို့ လုပ်ဆောင်နေတာ ဟုတ်ပါတယ်ပေါ့နော်။ အာ ဆိုတော့ ကျွန်မတို့ ဒီမွန်ပြည် ဖယ်ဒရယ်ကောင်စီကတော့ စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ် မှန်သမျှ ပြုတ်ကျဖို့အတွက် တော်လှန်တိုက်ပွဲဝင်နေတဲ့ ဘယ်အစုအဖွဲ့နဲ့မဆို ကျွန်မတို့ မွန်ပြည်နယ် အတွင်းမှာရှိတဲ့ သူတွေအားလုံးနဲ့ စုပေါင်းပြီးတော့ ကျွန်မတို့ လုပ်ဆောင်နေတာတော့ ဟုတ်တယ်။ သို့သော်ငြားလည်း အခုလောလောဆယ်တော့ ကျွန်မတို့ ဒီမွန်ပြည် ဖယ်ဒရယ်ကောင်စီထဲမှာတော့ အစုအဖွဲ့ ငါးခုပေါ့နော်။ ကျွန်မတို့က NUCC process အတိုင်းပဲ ကျွန်မတို့ကတော့ အစုအဖွဲ့တွေ စုဖွဲ့ပြီးတော့ ကျွန်မတို့ လုပ်ဆောင်နေတာတော့ ဟုတ်တယ်။ သို့သော်ငြားလည်း ဒီအပြင်ကို ကျွန်မတို့က ဒီအစုအဖွဲ့တွေ အကုန်လုံးအပြင်ပေါ့နော်။ ကျွန်မတို့က ဒီ structure ကိုလည်း ကျွန်မတို့က ပြန်ပြင်ဖို့တော့ ဟို ဆွေးနွေးနေကြတယ်။ ပိုပြီးတော့ ကျစ်လစ်ခိုင်မာအောင် ဘယ်လိုမျိုးလုပ်ရင် ကောင်းမလဲဆိုပြီးတော့ ကျွန်မတို့ အခု process မှာ ဆွေးနွေးနေကြတယ်။ အခုလောလော ဆယ်တော့ ကျွန်မတို့ထဲမှာတော့ ပြီးခဲ့တဲ့ နိုင်ငံရေးအခြေအနေအရဆိုလို့ရှိရင်တော့ ကျွန်မတို့ကလည်း တော်တော်လေးကိုတော့ တွန်းတွန်းတိုက်တိုက်တွေ ကျွန်မတို့ လုပ်ဆောင်ရတာတော့ ဟုတ်တယ်။ သို့သော်ငြားလည်း အခုအခြေအနေမှာတော့ ကျွန်မတို့ ဒီမွန်ပြည်နယ်ထဲမှာရှိတဲ့ တခြားအစုအဖွဲ့တွေပေါ့နော်။ မွန်တိုင်းရင်းသား မဟုတ်ဘဲနဲ့ တခြားဒီ CDM သမားတို့၊ ဒီတခြားအစုအဖွဲ့ထဲကနေပြီးတော့ ပါဝင်ပြီးတော့ လုပ်ဆောင်တဲ့ သူတွေနဲ့လည်း ကျွန်မတို့က ပါဝင်ပြီးတော့ မွန်ပြည် ဖယ်ဒရယ်ကောင်စီမှာ ထဲမှာ ပါဝင်ပြီးတော့ လုပ်ဆောင်နေကြတာရှိပါတယ်။ ဆိုတော့ ကျွန်မတို့က တိုင်းရင်းသားအားလုံး ပါဝင်ဖို့အတွက် inclusive ဖြစ်တဲ့ ပုံစံကို ကျွန်မတို့က လုပ်ဆောင်ဖို့ဖြစ်ပါတယ်ရှင့်။

 

ဆလိုင်း ဒိုခါရ်၊ – ဟုတ်ကဲ့ ဒါနဲ့ပတ်သက်ပြီးတော့မှ ကျွန်တော်တို့ အခုနွေဦးတော်လှန်ရေး စတင်တဲ့အချိန်မှာ ကျွန်တော်တို့ ချင်းဖက်အပါအဝင် တိုင်းရင်းသားလူမျိုးတွေ အရင်တုန်းက လက်နက်ကိုင်အင်အား သိပ်မရှိတဲ့နေရာတွေမှာ ဒါ လက်နက်ကိုင်အင်အား တစ်ဖက်မှာ အားကောင်းလာတဲ့အပြင် တစ်ဖက်မှာ နိုင်ငံရေးကလည်း အကွဲအပြဲအသံတွေကလည်း မကြာခဏ ကြားနေရတာပေါ့နော်။ ဆရာမတို့ မွန်ကတော့ အဲ့ဒီဟာနဲ့ ထူးထူးခြားခြား ဖြစ်နေတာက စစ်ရေးလည်း အသံသိပ်မထွက်ဘူး။ နိုင်ငံရေးဆိုရင်လည်း ကျယ်ကျယ်ပြန့်ပြန့် နဲ့ အကွဲအပြဲပုံစံမျိုး အသံထွက်တဲ့ဟာမျိုးထက် အဖွဲ့ပေါင်းစုံ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်နေတယ်ဆိုတဲ့ ပုံစံမျိုး အပြုသဘောဆောင်တဲ့ဟာ ထွက်လာတယ်။ ဆိုတော့ ဆရာမတို့ရဲ့ အခုမွန်ပြည်နယ်အတွင်း စစ်ရေးအခြေအနေ ပြင်ဆင်မှုနဲ့ အဲ့ဒီ နိုင်ငံရေးကဏ္ဍအတွင်း အဖွဲ့အသီးသီးကြား ပူးပေါင်းဆောင်ရွက်မှုအခြေအနေလေး ပြောပြလို့ရသလောက် ပြောပြပေးပါလား ဆရာမ။

 

Mi Kun Chan Non – ကျွန်မတို့ မွန်ပြည်နယ်ကတော့ ဒီတော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ ဒီစစ်ရေးအခြေအနေရော ဘာတွေရော ကြည့်မယ်ဆိုလို့ရှိရင် ခုနက ဆရာပြောသလိုပဲ အရမ်းကို တိတ်ဆိတ်နေတယ်လို့တော့ ပြောလို့တော့ ရပေမယ့် တကယ့်နယ်မြေ အောက်ခြေကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် တိုက်ပွဲတွေကတော့ အမြဲတမ်းဖြစ်နေတာ ဟုတ်တယ်ပေါ့နော်။ သို့သော်ငြားလည်း ကျွန်မ နည်းနည်းပြန်ပြီးတော့ သွားချင်တာက ကျွန်မတို့ ဒီနွေဦးတော်လှန်ရေး စဖြစ်တဲ့အခါကျတော့ ကျွန်မတို့ မွန်တွေမှာကတော့ နှစ်ဖက်ကွဲသွားတာ ဟုတ်တယ်။ ဆိုတော့ ဘာလဲဆိုတဲ့အခါကျတော့ တော်လှန်ရေးကြီးထဲကို လုံးဝ ဦးတည်ပြီးတော့ ပါဝင်တဲ့အုပ်စုနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတိုင်း ဆက်လက်ပြီးတော့ သွားမယ်။ ပြီးလို့ရှိရင် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲအနိုင်ရခဲ့တဲ့ ကျွန်မတို့ မွန် Unity ပါတီပေါ့နော်။ အဲ့ဒီပါတီရဲ့ ဦးဆောင်မှုအတိုင်း သူတို့ကတော့ ဒီစကစနဲ့ တွဲပြီးတဲ့အခါကျတော့ လုပ်ငန်းလုပ်ဆောင်မယ်ဆိုတဲ့ ဆက်လက်ပြီးတော့ သူတို့ နိုင်ငံရေးတွေ လုပ်ဆောင်မယ်ဆိုတဲ့ အဖွဲ့ရှိတာကိုး။ ရှိတယ်ဆိုတော့ ကျွန်မတို့က နှစ်ဖွဲ့တော့ ကွဲသွားတာ ဟုတ်တယ်။ နှစ်ဖွဲ့ကွဲသွားတယ်ဆိုတဲ့အခါကျတော့ ကျွန်မတို့ဆီမှာ ဒီတော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ လုပ်ဆောင်မယ်ဆိုလို့ ကျွန်မတို့ အရမ်းအားရကျေနပ်မှုရှိသလားဆိုတော့လည်း ကြိုးစားရတာ တော့ ရှိတာပေါ့နော်။ ဆိုတော့ ဆရာတို့ကတော့ ဟို ဘာမှမမြင်ရဘူးလို့ ပြောပေမယ့်လည်း ကျွန်မတို့ဆီမှာတော့ ဒီနိုင်ငံရေး၊ စစ်ရေးနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးရတယ်၊ တိုင်ပင်ရ တယ်၊ အားလုံးပါဝင်ဖို့ အတူတကွ လုပ်ဆောင်ဖို့ ကိစ္စရပ်တွေကိုလည်း ကျွန်မတို့ ဟို အများကြီးတော့ လုပ်ဆောင်ရတာ ဟုတ်တယ်။ ဒါပေမဲ့လည်း တခြားဒေသနဲ့ ယှဉ်မယ်ဆိုလို့ ရှိရင်တော့ ကျွန်မတို့ကတော့ အဲ့လို ထိပ်တိုက်တွေ့ကြတာတွေ အဲ့လိုမျိုးတော့ မရှိဘူးပေါ့ နော်။ ကျွန်မတို့ကတော့ ဒီမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းပြီးတဲ့အခါကျတော့ ကျွန်မတို့ ဘယ်လိုမျိုး အတူတကွ ပူးပေါင်းလုပ်ဆောင်လို့ရမလဲဆိုတဲ့ ကိစ္စကို ပိုမိုပြီးတော့ အားပြုတာ လည်း ဟုတ်ပါတယ်ရှင့်။

 

ဆလိုင်း ဒိုခါရ်၊ – တစ်ဖက်မှာ အဲ့ဒီဟာနဲ့ ဆက်စပ်ပြီးတော့မှ ကျွန်တော်တို့ ဒီမွန်တပ်ဖွဲ့ ကျွန်တော် အမှတ်မမှားဘူးဆိုရင် သုံးဖွဲ့ပူးပေါင်းပြီးတော့မှ တပ်တော်တစ်ခုပုံစံမျိုး ပြန်စုဖွဲ့တယ်ဆိုတဲ့ ဟာမျိုးလည်း ရှိတယ်။ ကျွန်တော်တို့ သတင်းကြားရတယ်။ ဒါပေမဲ့ မြေပြင်အခြေအနေ ကျွန်တော်တို့ အသေးစိတ်မသိနိုင်တဲ့အခါကျတော့ စစ်ရေးကဏ္ဍပိုင်း မှာရော MSFC အောက် မှာ စစ်ရေးကော်မတီတွေဘာတွေလား။ အဲ့ဒီ MSFC ရဲ့ စုဖွဲ့မှုပုံစံက ကာကွယ်ရေးပိုင်း ဆိုင်ရာကို ဘယ်လို ဖော်ဆောင်သလဲဆရာမ။ ဒီပြောပြလို့ရတဲ့ အတိုင်းအတာတစ်ခုအထိ ပြောပြပေးပါ။

 

Mi Kun Chan Non – ဟုတ်ကဲ့ပါရှင့်။ ဆိုတော့ ကျွန်မတို့ MSFC အောက်မှာ DOD ရှိတယ်။ အဲ့ဒီ DOD ရဲ့ အောက်မှာဆိုလို့ရှိရင်လည်း ကျွန်မတို့ တိုက်ရိုက်ချိတ်ဆက်ပြီးတော့ လုပ်ဆောင်နေ တာကတော့ ဟို ကျွန်မတို့ မွန်ပြည်တော်လှန်ရေးတပ်ပေါ့နော်၊ Mon State Revolutionary Force နဲ့ ရေးပြည်သူ့ကာကွယ်ရေးတပ် YPDF ဆိုပြီးတော့ ကျွန်မတို့ နှစ်တပ်ကတော့ ကျွန်မတို့ ဒီ MSFC ရဲ့ အောက်၊ DOD အောက်ကနေ တိုက်ရိုက် ကွပ်ကဲပြီးတော့ လုပ်ဆောင်နေတာ ဟုတ်တယ်ပေါ့။ ဒါပေမဲ့လည်း ဒီအဖွဲ့နှစ်ဖွဲ့ကတော့ ကျွန်မတို့က ဒီမွန်ပြည်နယ်ထဲမှာရှိတဲ့ တခြားအစုအဖွဲ့တွေနဲ့လည်း ကျွန်မတို့ စုပြီးတဲ့အခါကျတော့ ဒီတိုက်ပွဲတွေ ဖော်ဆောင်တဲ့နေရာမှာ အတူတကွ လုပ်ဆောင်ကြတာရှိတယ်။ ဥပမာဆိုလို့ရှိရင် ကျွန်မတို့ ဒီမွန်ပြည်သစ်ပါတီ AD ပေါ့နော်။ NMSP-AD ရှိမယ်။ ပြီးတဲ့အခါကျတော့ ကျွန်မတို့ ဒေါနတပ်ရင်းတွေ၊ ဒေါနတပ်ရင်းရှိမယ်။ ပြီးလို့ရှိရင် ဒေသ၊ သက်ဆိုင်ရာဒေသတွေပေါ့နော်။ ဆိုတော့ အခုလောလောဆယ်တော့ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ ဟို ကျွန်မတို့က အဲ့ဒီဒေသမှာရှိတဲ့ အစုအဖွဲ့တွေနဲ့ စုဖွဲ့ပြီးတော့ တိုက်ပွဲတွေ ဖော်ဆောင်တာ ဟုတ်ပါတယ်ရှင့်။

 

ဆလိုင်း ဒိုခါရ်၊ – MSFC ရဲ့ အဓိက နိုင်ငံရေး၊ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒနဲ့ ရော နည်းနည်း ကျွန်တော်မေးချင်တာက အခုအချိန်မှာ NUCC အောက်မှာလည်း ပါနေတယ်။ သို့သော် ဒီမွန်ပြည်နယ်က တချို့ ထိုင်းနဲ့ နီးစပ်တဲ့ဟာမျိုးတွေလည်း ရှိတဲ့အခါကျတော့ မဖြစ်မနေ နိုင်ငံတကာပိုင်းနဲ့ ပတ်သက်ပြီးတော့မှ စဉ်းစားနေတဲ့ဟာလည်း ဘယ်လိုအခြေအနေ ရှိသလဲဆိုတဲ့ဟာမျိုးပေါ့နော် ဆရာမ ဆွေးနွေးပေးလို့ရမလား။

 

Mi Kun Chan Non- ကျွန်မတို့ ဒီ MSFC ရဲ့ နိုင်ငံရပ်ခြားရေး မူဝါဒကကျတော့ ဟို ကျွန်မတို့က ဒီမိုကရေစီကို ပိုမိုအားကောင်းလာဖို့၊ ပြီးတဲ့အခါကျတော့ ကျွန်မတို့ ဒီလူ့အခွင့်အရေးကို ကာကွယ်ပေးဖို့အတွက် အဓိက ရည်ရွယ်ပြီးတော့ပေါ့နော်၊ ဒီနိုင်ငံတကာနဲ့ ဆက်ဆံရေးကို ကျွန်မတို့ ပိုမိုတိုးမြှင့်ဖို့ဆိုပြီးတော့ ချထားတာ ဟုတ်ပါတယ်။ အဲ့ဒီအပြင်ကို ကျွန်မတို့ကကျတော့ ကျွန်မတို့နိုင်ငံရဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ တကယ်ပဲ အဓိပ္ပာယ်ပြည့်ဝတဲ့ ဒီငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ဖို့ပေါ့နော်။ ပြီးလို့ရှိရင် အစုအဖွဲ့အားလုံး ပါဝင်တဲ့ လုပ်ငန်းစဉ်တွေကိုလည်း လုပ်ဆောင်သွားဖို့ ဆိုတဲ့အခါကျတော့ ကျွန်မတို့ ခုနက MSFC ရဲ့ ဒီနိုင်ငံရေးမျှော်မှန်းချက်တစ်ခုဖြစ်တဲ့ ကျွန်မတို့ရဲ့ ဒီ Federal Democracy နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ဖို့အတွက်ကို တွန်းအားပေးမယ့် မည်သည့် နိုင်ငံခြားတိုင်းပြည်တွေနဲ့မဆို၊ အစုအဖွဲ့နဲ့မဆို ကျွန်မတို့က cooperation လုပ်ဖို့ဆိုပြီးတော့ ကျွန်မတို့က ချမှတ်ထားပြီးတော့ လုပ်ဆောင်နေတာတော့ ရှိတယ်ပေါ့နော်။ အဲ့ဒီထဲမှာတော့ ကျွန်မတို့ကတော့ အဓိကကတော့ ကျွန်မတို့ရဲ့ ဒီ bottom-up federalism ကို ကျွန်မတို့ ပိုမိုအားကောင်းဖို့အတွက်ဆိုလို့ရှိရင် ဘယ်နိုင်ငံတွေက ပိုမိုပြီးတော့ ဒီ bottom-up federalism နဲ့ ပတ်သက်ပြီးတော့ တွန်းအားပေးနိုင်သလဲ၊ ပံ့ပိုးပေးနိုင်မလဲဆိုတာတွေလည်း ရှိတယ်။ ပြီးတဲ့အခါကျတော့ ကျွန်မတို့ကတော့ ဒီနိုင်ငံတကာတွေနဲ့ ချိတ်ဆက်ပြီးတဲ့ အခါကျတော့ ကျွန်မတို့က ဒီ advocacy တွေ စည်းရုံးလုပ်ဆောင်တာတွေ လုပ်ဆောင်ရတာ ရှိတယ် မဟုတ်လား။ ဆိုတဲ့အခါကျတော့ ဒီစည်းရုံးလုပ်ဆောင်မှုတွေ လုပ်ဆောင်ရတဲ့နေရာ မှာလည်း ဒီကျွန်မတို့ရဲ့ သတင်းအချက်အလက်တွေကို လက်ခံပြီးတဲ့အခါကျတော့ လုပ်ဆောင်ပေးဖို့ပေါ့နော်၊ ကျွန်မတို့ သူတို့အနေနဲ့လည်း အမြဲတမ်း တွန်းအားပေးဖို့ရှိတယ်။ ပြီးလို့ရှိရင် ကျွန်မတို့ ခုနပြောခဲ့သလိုပဲ ဒီလူ့အခွင့်အရေးကိုလည်း ကျွန်မတို့က ပိုမိုပြီးတော့ ကာကွယ်ပေးနိုင်ဖို့၊ အဲ့ဒါတွေကတော့ ကျွန်မတို့ ဒီနိုင်ငံခြားရေး မူဝါဒနဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့ အမြဲတမ်းတွန်းအားပေးပြီး တော့ လုပ်ဆောင်နေတဲ့ အချက်တွေ ဖြစ်ပါတယ်ရှင့်။

 

ဆလိုင်း ဒိုခါရ်၊ – ဆိုတော့ နောက်ထပ် ဆရာမ ဒီကျွန်တော် သိလိုတာက MSFC အနေနဲ့ အထူးသဖြင့် မဟာမိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတော့မှ ကျစ်ကျစ်လျစ်လျစ်ကိုင်ထားတဲ့ မူဝါဒများရှိမလား။

 

Mi Kun Chan Non – ကျစ်ကျစ်လျစ်လျစ်လို့ ပြောမယ်ဆိုလို့ရှိရင် ကျွန်မတို့က ခုနက ကျွန်မတို့ ပြောခဲ့သလိုပဲ ဒီ MSFC ကတော့ ဒီတော်လှန်ရေးကြီးကို ယုံကြည်ပြီးတော့ ကျွန်မတို့ ရည်မှန်းတဲ့ Federal Democracy နိုင်ငံကြီးကို တည်ဆောက်ဖို့၊ ပြီးလို့ရှိရင် ကျွန်မတို့ လူနည်းစုအခွင့်အရေးတွေကိုလည်း လက်ခံတဲ့၊ လူ့အခွင့်အရေးကို လက်ခံတဲ့ ဘယ်အစုအဖွဲ့ နဲ့မဆို ကျွန်မတို့ကတော့ မဟာမိတ်အနေနဲ့ လက်တွဲပြီးတော့ လုပ်ဆောင်သွားဖို့ ရှိတာပေါ့နော်။ အဲ့လိုမျိုးတော့ ကျွန်မတို့က ချထားတယ်။ ဒီ့အပြင်လည်း ဒီမဟာမိတ်လို့ ပြောတဲ့နေရာမှာ ကျွန်မတို့ မွန်ပြည်နယ်အတွင်းမှာရှိတဲ့ ဒီတော်လှန်ရေးနဲ့ ပတ်သက်ပြီးတော့ စုပေါင်းလုပ်ဆောင်တဲ့ အစုအဖွဲ့သာမကဘဲနဲ့ ကျွန်မတို့ တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသား၊ တခြားတိုင်းရင်းသား ညီအစ်ကို မောင်နှမ အစုအဖွဲ့တွေနဲ့လည်း ကျွန်မတို့ ချိတ်ဆက်ပြီးတော့ လုပ်ဆောင်တယ်။ ဒီ့အပြင်လည်း အခုမှာပေါ့နော် ဒီ federal unit အသစ်တွေပေါ်မှာ စစ်ကိုင်း forum တို့၊ တခြားဒီ federal unit တွေနဲ့လည်း ကျွန်မတို့က ချိတ်ဆက်ပြီးတဲ့အခါကျတော့ ပုံမှန်တွေ့ဆုံ၊ ဆွေးနွေး၊ သတင်းအချက်အလက်တွေ မျှတာတွေ၊ အဲ့ဒီကိစ္စတွေကိုလည်း ကျွန်မတို့ လုပ်ဆောင်တာ ဟုတ်တယ်ရှင့်။ ဆိုတော့ ဒီမဟာမိတ်လို့ ပြောတဲ့နေရာမှာ ကျွန်မတို့ ဒီခုနက ကျွန်မတို့ရဲ့ core principle ဖြစ်တဲ့ စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ် မှန်သမျှ ကျဆုံးရေးကို ဦးတည်ပြီးတော့ လုပ်ဆောင်နေတဲ့ ဘယ်အစုအဖွဲ့ နဲ့မဆို ကျွန်မတို့ကတော့ မဟာမိတ်အနေနဲ့ ချိတ်ဆက်ပြီးတော့ လုပ်ဆောင်နေကြတာ ဟုတ်ပါတယ်ရှင့်။

 

ဆလိုင်း ဒိုခါရ်၊ – ဆရာမ အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့မှ ကျွန်တော်တို့ လေ့လာထားမိသလောက် ဆိုရင် ဒီစစ်ကိုင်းတိုင်းဟာမျိုး၊ အထူးသဖြင့် အကွဲအပြဲအသံ အကျယ်ဆုံးနေရာဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းဖက်ဟာမျိုးဆိုရင် ဒါ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အဓိကဦးတည်ထားတဲ့ အင်အားစု၊ ပြီးတော့ သက်ကြီးပိုင်းတွေ ဦးဆောင်တဲ့ အဖွဲ့အစည်း အင်အားစုတွေနဲ့ လူငယ်ပိုင်းဆိုတဲ့ဟာတွေကြားမှာ နိုင်ငံရေးအရ အပေးအယူမမျှတဲ့ ဟာမျိုးတွေကလည်း စိန်ခေါ်ချက်တစ်ခု ဖြစ်နေတယ်ပေါ့နော်။ ဆိုတော့ အဓိက ကျွန်တော် ပွင့်ပွင့်လင်းလင်း ပိုပြီးတော့မှ ဆွေးနွေးလို့ရရင် ဆွေးနွေးစေလိုတဲ့ အကြောင်းအရာက အခုအချိန်မှာ ဒီစစ်ကိုင်းတိုင်း၊ မကွေးတိုင်း တိုင်းဒေသကြီး ခုနစ်ခုမှာ ဒီ federal unit ပေါ်လာနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေကြတဲ့အခါကျတော့ ဒီလိုစိန်ခေါ်မှုတွေ ကနေ ဘယ်လို overcome လုပ်ကြသလဲပေါ့နော်။ ဘယ်လိုရုန်းထွက်နိုင်ကြမလဲဆိုတဲ့ အပိုင်းအတွက် ဥပမာလေး သင်ယူစရာလေး ရှိအောင် ကျွန်တော်ကလည်း ဒီဖက်မှာပိုင်းမှာ ပိုပြီးတော့မှ ပြောလို့ရသေးရင် ထပ်ပြီးတော့မှ ဥပမာတချို့ ထပ်ပြီး ဆွေးနွေးပေးပါဦး။

 

Mi Kun Chan Non – ဟုတ် အဲ့မှာပေါ့နော်။ ခုနက ဆရာပြောလိုက်တာကတော့ ဒီထဲမှာ ပါဝင်နေတဲ့ age gap လို့ ကျွန်မတို့ပြောမှာပေါ့နော်။ ဒါပေမဲ့လည်း အခုကျွန်မတို့က ဒီနွေဦးတော်လှန်ရေးကို ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ ကျွန်မတို့ Generation Z လို့ ကျွန်မတို့ ပြောကြတာကိုး။ လူငယ်တွေ ဦးဆောင်ကြတယ်ပေါ့နော်။ ဆိုတော့ ကျွန်မတို့ တစ်ခါတလေကျလို့ရှိရင်တော့ ဟုတ်တယ်။ ကျွန်မကိုယ်တိုင်လည်း တွေ့ရတယ်။ ဘာလို့ဆိုတော့ ကျွန်မဆိုလို့ရှိရင် Generation Z မဟုတ်ဘူးလေ ကျွန်မတို့က။ ဆိုတော့ လူငယ်တွေနဲ့ အတူတကွ လုပ်ဆောင်ရတာ ဟုတ်တယ်ဆိုတဲ့အခါကျတော့ အဲ့ဒီမှာတော့ တစ်ခါတလေကျလို့ရှိရင်တော့ သူတို့ရဲ့ လုပ်ချင်တဲ့စိတ်တွေက သူတို့ လုပ်ချင်ကိုင်ချင်စိတ်ရှိ တယ်။ Idea တွေ အများကြီးရှိတယ်။ တစ်ခါတစ်လေ ကိုယ်ကမလိုက်နိုင်ဘူး။ တချို့ဟာတွေ ကို ကိုယ်ကမလိုက်နိုင်ဘူး။ မလိုက်နိုင်ဘူးဆိုတဲ့အခါကျတော့ ဟို ကျွန်မတို့က ဆွေးနွေးတဲ့ နေရာမှာတော့ တစ်ခါတစ်လေ ကျလို့ရှိရင် ဒီလူငယ်တွေနဲ့တော့ ကျွန်မတို့တွေကို သိပ်ပြီး တော့ အားမလိုအားမရဖြစ်တာတွေ ရှိတယ်ပေါ့နော်။ အားမလိုအားမရဖြစ်တာ ရှိပေမယ့် လည်း ကျွန်မတို့ကတော့ ဘယ်လုပ်ငန်းတွေကို ဘယ်လိုမျိုး ဦးစားပေးပြီးတော့ လုပ်ဆောင်၊ ရွေးပြီးတော့ လုပ်ဆောင်လို့ရလဲ၊ ရွေးပြီးတော့ လုပ်ဆောင်သင့်သလဲဆိုတာကိုတော့ ကျွန်မတို့က ဆွေးနွေးကြတာပေါ့။ ဟုတ်တယ်မဟုတ်လား။ ဆိုတော့ အလုပ်တွေ အကုန်လုံး ကို တစ်ပြိုင်တည်းလုပ်တယ်ဆိုလို့ရှိရင် ကျွန်မတို့ ခြေမကိုင်မိ လက်မကိုင်မိနဲ့ မလုပ်နိုင်တာ တွေ ရှိတယ်လေနော်။ ဆိုတဲ့အခါကျတော့ ဒါတွေကတော့ ကျွန်မတို့ လုပ်ဆောင်ရင်းနဲ့ လေ့လာသင်ယူသွားရတဲ့ အရာတွေဖြစ်တယ်ပေါ့။ ဒီ့အပြင်လည်း ကျွန်မတို့က ဘာတွေကို ဦးစားပေးသလဲဆိုတဲ့အခါကျတော့ ဒီခေါင်းဆောင်မှုအပိုင်းကို ကျွန်မတို့က လက်ဆင့်ကမ်း ပေးဖို့ပေါ့နော်။ လက်ဆင့်ကမ်းပေးဖို့ အခြေအနေတွေကို ဖန်တီးပေးရတာပေါ့။ လက်ဆင့် ကမ်းတယ်ဆိုတဲ့နေရာမှာလည်း ကျွန်မတို့က သူတို့တွေကို ဒီထက်ပိုပြီးတော့ လုပ်ဆောင်နိုင်ဖို့ အတွက် နေရာပေးရမယ်။ ပေးပြီးတဲ့အခါကျတော့ ကျွန်မတို့ လုပ်ဆောင်နိုင်တဲ့နေရာတွေက ဒီထက်ပိုပြီးတော့ ကျွန်မတို့ ဖယ်ပေးမယ်ဆိုလို့ရှိရင် ဘယ်နေရာမှာ ကျွန်မတို့ ဝိုင်းပြီးတော့ ပံ့ပိုးပေးလို့ရနိုင်မလဲဆိုတဲ့ အခြေအနေမျိုးကို ကျွန်မတို့ ဖန်တီးရတာပေါ့နော်။ ဆိုတော့ ဟို ခုနက ကျွန်မတို့ ပြောတဲ့အတိုင်းပဲ ကျွန်မတို့ MSFC ထဲမှာကျတော့ ဒီရွေးကောက်ခံ ကိုယ်စားလှယ် အစုအဖွဲ့တွေက ပါကိုမပါလာဘူး ကျွန်မတို့ဆီမှာ။ ကျွန်မတို့မွန်မှာတော့ ဒါကတော့ လုံးဝမပါနေတဲ့အခါကျတော့ ဒါလည်း ကျွန်မတို့အတွက် အခက်အခဲတစ်ခုတော့ ဖြစ်တာတော့ ဟုတ်တယ်။ သို့သော်ငြားလည်း ကျွန်မတို့ကတော့ ၂၀၂၀ ရွေးကောက်ပွဲရဲ့ ရလဒ်ကို လေးစားတယ်။ အသိအမှတ်ပြုတယ်။ ဒါပေမဲ့လည်း ကျွန်မတို့က ဒီနွေဦးတော်လှန်ရေးကကျတော့ ကျွန်မတို့ de facto၊ de jure လို့ ကျွန်မတို့ ပြောကြတာကိုး။ ဒါကတော့ တရားဝင်အရရော၊ ပြီးလို့ရှိရင် ကျွန်မတို့က လူထုရဲ့ အသိအမှတ်ပြုမှုအရရော ပါဝင်ပြီးတော့ လုပ်ဆောင်ရတဲ့ အခြေအနေကိုလည်း အားလုံးက လက်ခံပြီးတဲ့အခါကျတော့ လုပ်ဆောင်သွားမှ ကျွန်မတို့ ဒီအခုနွေဦးတော်လှန်ရေးကို မြန်မြန်ဆန်ဆန်နဲ့ အောင်မြင်နိုင်မှာ တော့ ဟုတ်တယ်ပေါ့နော်။ ဒီတစ်ဖက်တည်းပဲ ဒီလူကပဲ ကိုယ့်အစုအဖွဲ့ကပဲ ကောင်းတယ် ဆိုပြီးတော့ တစ်လက်ကိုင်တဲ့ သယူသံနဲ့ လုပ်ဆောင်သွားမယ်ဆိုလို့ရှိရင်တော့ ဒါကတော့ ကျွန်မတို့ရဲ့ နွေဦးတော်လှန်ရေးကို အောင်မြင်ဖို့အတွက် အဟန့်အတားဖြစ်နိုင်မယ့် ကိစ္စတွေလို့တော့ ကျွန်မအနေနဲ့တော့ သုံးသပ်ချင်ပါတယ်ရှင့်။

 

ဆလိုင်း ဒိုခါရ်၊ – အခုဒီ စစ်ကောင်စီဖက်ကနေပြီးတော့မှ အခုရွေးကောက်ပွဲတွေ ပြန်ကျင်းပဖို့ လုပ်နေတဲ့အပေါ်မှာရော ဆရာမတို့အနေနဲ့ ဘယ်လိုရပ်တည်ချက်လုပ်သလဲ။ မွန်ပြည်နယ်မှာ ဒီဟာနဲ့ ပတ်သက်ပြီးတော့မှ ဖြစ်နိုင်ခြေအလားအလာ ဘယ်လိုရှိလဲ ဆရာမ။

 

Mi Kun Chan Non – အမယ်လေး ကျွန်မတို့ မွန်ပြည်နယ်မှာ ၁၀ မြို့နယ်စလုံးမှာ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာပြီးသားပြီလေ ဆရာ။ အဲ့ဒါ မကြားလိုက်ဘူးလား။ ဆိုတော့ ဟုတ်ကဲ့။ ဆိုတော့ ခုနက ကျွန်မပြောတဲ့အတိုင်းပဲ ကျွန်မတို့ကတော့ ဒီစစ်၊ အခုကော်မရှင်ပေါ့နော် သူတို့ခေါ်တယ်။ အခုစစ်တပ်ကပေါ့နော် သူတို့က နာမည်ပဲပြောင်းပေမဲ့လည်း ဒီလူတွေ ဒီလူတွေပဲဆိုတဲ့အခါကျတော့ ကျွန်မတို့အနေနဲ့ ဒီနာမည်ကို သိပ်ပြီးတော့ ရေးထားစရာတော့ မဟုတ်ဘူးဆိုပေမယ့် သူတို့ကတော့ သူတို့ရဲ့ ကိုယ်ကျိုးအတွက်ကတော့ ရွေးကောက်ပွဲ ဖြစ်အောင်တော့ သူတို့လုပ်လိမ့်မယ်။ အခုကြေညာထားတဲ့အတိုင်းပဲ သူက ဒီဇင်ဘာ ၂၈ ကနေပြီးတော့ သူက ဘယ်နှစ်ပတ်တောင်လည်း မသိဘူး။ ဟုတ်တယ်မဟုတ်လား ဆရာ၊ ငါးပတ်လောက်လားမသိဘူး သူက ရွေးကောက်ပွဲကို အဲ့လိုမျိုး အချိန်တွေ အများကြီးယူပြီး တော့ သူလုပ်သွားမယ်လို့ သူတို့ပြောထားတာလေ။ ပြောထားတယ်ဆိုတော့ သူတို့ကတော့ သူတို့နည်း သူတို့ဟန်နဲ့တော့ legitimacy တရားဝင်မှုရအောင်တော့ သူတို့လုပ်သွားမှာပဲ။ ဒါပေမဲ့ ကျွန်မတို့က ခုနပြောခဲ့တဲ့အတိုင်းပဲ စစ်တပ်ရဲ့ လုပ်ဆောင်မှုတွေအကုန်လုံးကိုက ကျွန်မတို့ MSFC အနေနဲ့ လုံးဝလက်မခံဘူး။ ပြီးလို့ရှိရင် စစ်တပ်အနေနဲ့လည်း ရွေးကောက်ပွဲ လုပ်ဖို့အတွက် သူတို့မှာ အာဏာရှိမနေဘူး။ သူတို့မှာ လုံးဝ တရားဝင်မှုရှိမနေဘူးဆိုတာကို ကျွန်မတို့ လုံးဝလက်ခံတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ရဲ့ MSFC ထဲမှာကျတော့ ဒီစစ်တပ်က အခုပြုလုပ်မယ့် တရားမဝင် ရွေးကောက်ပွဲကို ကျွန်မတို့အနေနဲ့ကတော့ ဒီနိုင်ငံရေးအရ ဖိအားပေးဖို့၊ ပြီးတဲ့အခါကျတော့ ကျွန်မတို့က ဒီနိုင်ငံတကာတွေရဲ့ အကူအညီက ဒီမြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲကို မပံ့ပိုးပေးနိုင်အောင်ပေါ့နော် ဒီနိုင်ငံတကာ advocacy တွေလုပ်ဖို့၊ ပြီးလို့ရှိရင် ကျွန်မတို့ တခြားဒီ anti-sham election နဲ့ ပတ်သက်ပြီးတော့ လုပ်ဆောင်နေတဲ့ တခြားမိတ်ဖက်အဖွဲ့အစည်းတွေအားလုံးနဲ့လည်း အတူတကွ လုပ်ဆောင် ပြီးတဲ့အခါကျတော့ ဒီရွေးကောက်ပွဲကို ကျွန်မတို့ ဆန့်ကျင်တော်လှန်သွားဖို့ပေါ့နော်။ ပြီးလို့ရှိရင် ကျွန်မတို့ ပြည်သူတွေကိုလည်း ကျွန်မတို့က အမြဲတမ်း အသိအမြင်ပေးပြီးတဲ့ အခါကျတော့ information တွေပေါ့၊ သတင်းအချက်အလက်တွေ ကျွန်မတို့ ဖြန့်ဝေတယ်။ ဒီစစ်တပ်ကတော့ သူက တရားဝင် တရားဝင်မှုမရှိဘူး။ ဒီအခုသူတို့ပြင်နေတဲ့ ရွေးကောက်ပွဲကို လည်း ကျွန်မတို့အနေနဲ့ သပိတ်မှောက်ဖို့လိုတယ်။ အားပေးလို့မရဘူးပေါ့နော်။ အဲ့သလိုမျိုး ကျွန်မတို့က ပြည်သူတွေကိုလည်း အသိအမြင် အသိမြှင့်တင်ပေးနေတဲ့ လုပ်ငန်းတွေကိုလည်း ကျွန်မတို့ အမြဲတမ်းလုပ်ပါတယ်ရှင့်။

 

ဆလိုင်း ဒိုခါရ်၊ – တစ်ဖက်မှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကျွန်တော်တို့ ဝိုင်းဆန့်ကျင်နေကြ တဲ့ အင်အားစုတွေကလည်း ရှိနေတဲ့အခါကျတော့ မဲရုံသွားစရာမလိုတဲ့ဟာမျိုးဖြစ်ရင် တစ်ဖက်မှာ online ကနေ တစ်ခုခု website ကနေ no vote data collection NUG ဖက်ကနေ counter လုပ် လုပ်တဲ့ဟာမျိုးဆိုရင် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဘယ်လောက် အထိ အကျိုးမဝင်တာလဲဆိုတဲ့ဟာမျိုး သက်သေထောက်အထားပုံစံမျိုး ပြနိုင်တဲ့ဟာမရှိဘူး လား။ ဥပမာ MSFC အနေနဲ့ရော အဲ့လိုပုံစံမျိုး counter လုပ်ရတာ ပိုမလွယ်ဘူးလား စစ်ကောင်စီနဲ့စာရင် တကယ် online ကိုပဲ သုံးမယ်ဆိုရင်။

 

Mi Kun Chan Non – စစ်တပ်က ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဆို ရုရှားက ပံ့ပိုးပေးမယ်။ တရုတ်က လည်း နည်းပညာအကူအညီ ပြီးလို့ရှိရင် အိန္ဒိယ ဆိုတဲ့အခါကျတော့ ကျွန်မတို့ ဒီတစ်ကမ္ဘာလုံး ကို ကြည့်လိုက်မယ်ဆိုလို့ရှိရင် သူတို့အနေနဲ့ ဒီနည်းပညာပိုင်းနဲ့ပတ်သက်ပြီးတော့ တိုးတက်တဲ့သူတွေ သူတို့အနေနဲ့လည်း ဒီကာကွယ်ထားမှုတွေ ရှိတော့ ရှိနေမှာပဲ။ သို့သော်ငြားလည်း ကျွန်မတို့ကတော့ မြေပြင်အခြေအနေကို ကြည့်ပြီးတဲ့အခါကျတော့ ကျွန်မတို့ ရနိုင်တာကတော့ ဒီရွေးကောက်ပွဲကို မဲပေးထားတာ ဟုတ်သလား၊ မဟုတ်ဘူးလား။ ကျွန်မတို့ကတော့ data နဲ့တော့ ကျွန်မတို့ လုပ်လို့ လုပ်လို့တော့ မရဘူး။ ဒါပေမဲ့ ပြည်သူလူထုတွေကြားမှာတော့ ကျွန်မတို့က တချို့ data တွေတော့ ကောက်ပြီးတဲ့အခါ ကျတော့ ဒီလူတွေကတော့ မဲမပေးထားဘူး ဒီဒေသတွေမှာ။ သို့သော်ငြားလည်း အဲ့ဒီဒေသမှာရှိတဲ့ မဲစာရင်းထဲမှာဆိုလို့ရှိရင် ဘယ်နှစ်ယောက်ရှိတယ်ဆိုတဲ့ အဲ့လိုမျိုး counter information လေးတွေတော့ လုပ်လို့ရနိုင်မယ်လို့တော့ ကျွန်မအနေနဲ့တော့ ထင်တယ်။ သို့သော်ငြားလည်း data အချက်အလက်တွေ ကောက်ယူဖို့ကလည်း အခက်အခဲတော့ ရှိနိုင်တယ်။ ဘယ်လိုမျိုး ကောက်ယူရင် ကောက်ယူလို့ရနိုင်မလဲဆိုတာကိုတော့ စဉ်းစားပြီး တော့ လုပ်ဆောင်လို့ရနိုင်မှာ ဒါမှမဟုတ်လို့ရှိရင် ကျွန်မတို့ရဲ့ အဆက်အသွယ်တွေနဲ့ပဲ လုပ်ဆောင်ပြီးတဲ့အခါကျတော့ ရယူပြီးတဲ့အခါကျတော့ တကယ်ပဲ လုပ်တာဟုတ်သလား။ သူတို့ယုံကြည်တဲ့သူတွေနဲ့ပဲ သူတို့က ပြောတော့မှာလေ။ ဒါမဲပေးတယ်၊ မမဲပေးဘူးဆိုတာ။ မဟုတ်လို့ရှိရင် သူတို့အနေနဲ့ အန္တရာယ်လည်း စိုးရိမ်ရတယ်ဆိုတဲ့အခါကျတော့ အခုနက အရင်လွန်ခဲ့တဲ့ နှစ်ပတ် သုံးပတ်လောက်က သူတို့ထုတ်ထားတဲ့ ဒီရွေးကောက်ပွဲဆိုင်ရာဥပဒေ ဆိုလို့ရှိရင် သေဒဏ်တောင်မှ သူတို့ ချလို့ရတယ်လေ။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ဒီဖျက်လိုဖျက်ဆီးလုပ်တဲ့သူတွေကိုပေါ့နော်။ ဆိုတော့ ဒါတွေကလည်း ကျွန်မတို့က သူတို့အတွက် ဒီပြည်သူတွေရဲ့ လုံခြုံမှုအတွက် ကျွန်မတို့ စဉ်းစားထားသင့်တဲ့အရာတော့ ဟုတ်ပါတယ်လို့။

 

ဆလိုင်း ဒိုခါရ်၊ – ဟုတ်ကဲ့။ ဆိုတော့ ဆရာမ ဆွေးနွေးတဲ့အချိန်မှာ ဒီအခု စစ်ကောင်စီ ရွေးကောက်ပွဲကို ထောက်ခံဖို့ အဆင်သင့်ဖြစ်နေတဲ့ နိုင်ငံတွေထဲမှာ အိမ်နီးချင်းနိုင်ငံအကြီးဆုံး နှစ်နိုင်ငံပါဝင်နေတယ်ပေါ့နော်။ တရုတ်နဲ့ အိန္ဒိယတို့ပေါ့နော်။ အခုထိုင်းဆိုရင်လည်း ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေကို အတိုင်းတာတစ်ခုအထိ ပူးပေါင်းပေမဲ့ တကယ့်တရားဝင်မှုပိုင်းဆိုင်ရာကတော့ စစ်ကောင်စီဖက်ကို ပေးနေတဲ့ အနေအထားဖြစ် တယ်။ ဆိုတော့ အိမ်နီးချင်းနိုင်ငံအနေနဲ့ အခုကျွန်တော်တို့ မြန်မာ့အရေးအပေါ်မှာ တုံ့ပြန်မှုက ဘယ်လိုသုံးသပ်သလဲ။ သူတို့နိုင်ငံကိုယ်ကျိုးစီးပွား တကယ်ရှာ ရှာတဲ့ပုံစံမျိုး ဟုတ်သလား။ သို့မဟုတ် ကျွန်တော်တို့ မြန်မာနိုင်ငံကသာ ကောင်းသွားရင် သူတို့ကို ကျော်လွှားမှာစိုးလို့ သူတို့နိုင်ငံမှာလည်း ဒီမိုကရေစီလှုပ်ရှားမှု ဖြစ်လာမှာစိုးလို့ဆိုတဲ့ ပုံစံမျိုးနဲ့ကို ကျွန်တော်တို့ကို ကစားနေတာလား။ ဘယ်လိုမြင်သလဲ ဒီအပေါ်မှာ ဆရာမ။

 

Mi Kun Chan Non – ကျွန်မ ဒါကိုတော့ MSFC အနေနဲ့တော့ ကျွန်မတို့ မဖြေနိုင်ဘူးပေါ့နော်။ ကျွန်မတို့ အဲ့ဒီထဲမှာလည်း ကျွန်မတို့ အများကြီး ဒါမျိုးတွေတော့ ဆွေးနွေးထားတာတော့ မရှိဘူးပေါ့နော်။ ဒါပေမဲ့လည်း ခုနက ပြောသလိုပေါ့နော်။ ကျွန်မတို့ ဒီတော်လှန်ရေး စကတည်းက ကျွန်မတို့ စဉ်းစားမိတာပေါ့နော်။ ဒီတရုတ်တွေရဲ့ ပါဝင်မှု၊ တရုတ်တွေရဲ့ စစ်တပ်အပေါ်မှာ ပံ့ပိုးကူညီပေးမှုတွေကတော့ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားကို ကာကွယ်ဖို့ အတွက်ပဲဆိုတာတော့ သေချာတယ်။ ဆိုတော့ ကျွန်မတို့ ခုနကပြောတဲ့ ဒီစစ်မှန်တဲ့ ဒီမိုကရေစီကို လျှောက်လှမ်းဖို့၊ တကယ် ကျွန်မတို့ ဒီအားလုံးပါဝင်တဲ့ ဒီ federal democracy စနစ်ကြီးကို တည်ဆောက်ဖို့ဆိုတဲ့ အရာတွေက အခုလောလောဆယ် ကျွန်မတို့ ကြည့်မယ်ဆိုလို့ရှိရင်တော့ အမေရိကန်ဥပမာကိုပဲ ကျွန်မတို့ ကြည့်လိုက်လို့ရှိရင်တော့ ကျွန်မတို့ မြင်သာတယ်လေနော်၊ ဒီမိုကရေစီနဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့က ဘယ်လိုမျိုးလုပ်ဆောင်လို့ရသလဲဆိုတာပေါ့။ ဆိုတော့ သူတို့အနေနဲ့ ကျွန်မတို့နိုင်ငံမှာ resources တွေ အများကြီးရှိတယ်။ ဒီသဘာဝသယံဇာတတွေ အများကြီးရှိတယ်။ ကျွန်မတို့ က လုံးဝ အဲ့ဒါတွေအတွက် ငွေကြေးအမြောက်အများ ကျွန်မတို့ဆီက အများကြီးရှိတယ်။ အဲ့ဒါတွေ သူတို့သိတယ်။ ပြီးလို့ရှိရင် သူတို့ရဲ့ ကိုယ်ကျိုးစီးပွားကတော့ အဓိကလို့တော့ ကျွန်မအနေနဲ့တော့ သုံးသပ်ချင်တယ်။ ပြီးတော့ တချို့လူတွေရဲ့ သုံးသပ်မှုထဲမှာတော့ ကျွန်မတို့ကို ဟို မနာလိုစိတ်ရှိတယ်ဆိုတာတော့ ကျွန်မ အဲ့ဒါတော့ သိပ်တော့ ဟို သဘောမမျှ ဘူးပေါ့နော်။ သဘောမမျှဘူး။ ဒါပေမဲ့လည်း ဒီကျွန်မတို့နိုင်ငံမှာရှိတဲ့ သဘာဝသယံဇာတ တွေကို သူတို့ကိုယ်ကျိုးအတွက် သုံးချင်တဲ့၊ သူတို့ရဲ့ အာဏာအတွက် သုံးချင်တဲ့ အခြေအနေ ကိုပဲ သူတို့က ထိန်းချုပ်ထားချင်တာလို့တော့ ကျွန်မအနေနဲ့တော့ သုံးသပ်ချင်တယ်ရှင့်။

 

ဆလိုင်း ဒိုခါရ်၊ – ဒါပေမဲ့ ဒီအခု စစ်ကောင်စီကို ပံ့ပိုးမှုက ဘယ်လောက်အထိတောင် သူတို့ ကိုယ်ကျိုးကို တိုက်ရိုက်ဖြစ်စေတဲ့ အရာရောက်သလဲဆိုရင်တော့ ဥပမာ တရုတ်ဆိုရင်လည်း သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုတော်တော်များများက PDF တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ အုပ်စုတွေ လက်အောက်ကို ကျသွားတဲ့ဟာက အများကြီးဖြစ်လာတယ်။ ပြီးတော့ အိန္ဒိယ ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်မှုအောက်ကို အလုံးစုံ ကျသွားသလိုဖြစ်ပြီ။ ထိုင်းဆိုလည်း ထိုနည်း၎င်းပဲပေါ့နော်။ ဆိုတော့ သူတို့သာ အခုဒီစစ်ကောင်စီကို ဆက်လက်ပံ့ပိုးခြင်းဟာ မှန်တကယ် သူတို့အကျိုးစီးပွားကို ဒီအတိုင်းအောင် ထိန်းနိုင်တဲ့အထိ မဟုတ်တော့ဘူးလား။ ပြီးတော့ ဒီတကယ့်တကယ်အနေနဲ့ ဥပမာ အိန္ဒိယတို့ဟာမျိုးဆိုရင် ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အခါကျတော့ စစ်ကောင်စီက တကယ်နိုင်သွားလို့ အကောင်အထည်ဖော်မယ့် နိုင်ငံရေးစနစ်က အိန္ဒိယနိုင်ငံကို အကျိုးပြုပါ့မလားပေါ့နော်။

 

Mi Kun Chan Non- အဲ့ဒါကြောင့် ကျွန်မတို့ပြောတာ၊ ကျွန်မ ကျွန်မ ခုနက ဆွေးနွေးခဲ့တာပေါ့နော်။ ဒီကိုယ်ကျိုးစီးပွားကို ကာကွယ်ဖို့လို့ ပြောတဲ့နေရာမှာ ကိုယ်ကျိုးစီးပွားဆိုတဲ့နေရာမှာ အိန္ဒိယလူမျိုးဆိုလို့ရှိရင် ဒီမိုကရေစီကို သူတို့က လက်ခံတယ်။ ဒါပေမဲ့ ကျွန်မတို့ရဲ့ ဒီဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးကြီးကို ဘာကြောင့် အားမပေးဘဲနဲ့ စစ်တပ်ကို အားပေးနေတာလဲဆိုတာကိုလည်း ကျွန်မတို့က မေးခွန်းအများကြီးတော့ ထုတ်စရာတော့ ရှိတယ်ပေါ့နော်။ ဆိုတော့ အခုအခြေအနေမှာ ဘယ်လိုတွေဖြစ်နေသလဲ ဆိုတဲ့အခါကျတော့ ဟို ကျွန်မတို့ ခုနက ဒီ MSFC ရဲ့ ဒီနိုင်ငံရေးမျှော်မှန်းချက်တစ်ခုထဲမှာ အာဏာရှင်၊ အာဏာရှင်ဆိုတာက စစ်အာဏာရှင်မဟုတ်ဘဲနဲ့ အာဏာရှင်အကုန်လုံးပေါ့နော်၊ ဘယ်အာဏာရှင်မဆို ကျွန်မတို့ကတော့ democracy dictator လို့လည်း ကျွန်မတို့ ပြောနေတာကိုး။ Democracy dictator ရှိမယ်။ ဆိုတဲ့အခါကျတော့ democracy နဲ့ ပတ်သက်ပြီးတော့ အာဏာရှင်စနစ်ဆိုတာမျိုးက ဘာတွေလဲဆိုတာကိုပေါ့နော်။ အခုလောလောဆယ်တောင်မှ ကျွန်မတို့ ဒီတော်လှန်ရေးထဲမှာ ကျွန်မတို့ တော်လှန်ရင်းနဲ့ ဘယ်လိုဖြစ်လာသလဲဆိုတဲ့အခါကျတော့ ကျွန်မတို့ အာဏာရှင်ကို တော်လှန်ရင်းနဲ့ အာဏာရှင်တွေ ဖြစ်လာတယ်ဆိုတဲ့ အခြေအနေကို ကျွန်မတို့က တွေ့မြင်နေရတာလည်း ဟုတ်တယ်ပေါ့နော်။ ဆိုတော့ အဲ့ဒီမှာလည်း ကျွန်မတို့ ကျွန်မတို့ ဒီလူတွေအားလုံးရဲ့ အတွေးအခေါ်မျှော်မြင်မှုနဲ့လည်း ကျွန်မတို့က ထိန်းချုပ်ရမယ်လို့တော့ ကျွန်မအနေနဲ့တော့ သုံးသပ်ချင်တယ်။ တကယ့်ဒီမိုကရေစီလို့ ပြောမယ်ဆိုလို့ရှိရင်တော့ ဒီမိုကရေစီက ဘယ်သူတွေအတွက် အကျိုးဖြစ်ပြီးတော့ ဘယ်သူတွေအတွက် အကျိုးမဖြစ်နေဘူးလဲ ဆိုတာကို သုံးသပ်ထားတယ်ဆိုလို့ရှိရင်တော့ အိန္ဒိယရဲ့ ဒီစစ်တပ်ကို ထောက်ခံနေတဲ့ အချက်ကတော့ ကျွန်မတို့ လုံးဝ တိုက်ဖျက်လို့ရတယ်ပေါ့နော်။ ဒါပေမဲ့လည်း ကျွန်မက အဲ့မှာ နားမလည်နိုင်တာကတော့ ကျွန်မတို့အနေနဲ့ကတော့ ဒီနိုင်ငံတကာ advocacy ကို အများကြီးကို ကျွန်မတို့က ချိတ်ဆက်ပြီး လုပ်ဆောင်နိုင်တာတော့ မရှိနေသေးဘူးဆိုတဲ့ အခါကျတော့ ဒီအိန္ဒိယနဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့ ချိတ်ဆက်ပြီးတော့ လုပ်ဆောင်ဖို့ ဘာတွေလိုနေတာလဲ။ ဥပမာဆိုလို့ရှိရင် တရုတ်နဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့က သွားပြီးတော့ advocacy လုပ်ရမယ်၊ လှုံ့ဆော်ရမယ်ဆိုတဲ့ ကိစ္စရပ်တွေကို ကျွန်မတို့ ဘယ်ကိစ္စရပ်တွေကို အဓိကထားပြီးတော့ ကျွန်မတို့ လုပ်ရမှာလဲ ဆိုတာတွေကလည်း ကျွန်မတို့ တကယ်ပဲ အစုအဖွဲ့တွေအားလုံးက စုစည်းပြီးတဲ့အခါကျတော့ ဒါတွေကတော့ ဒီလိုမျိုးဖြစ်တယ်။ ဒီကိစ္စရပ်တွေကို ကျွန်မတို့ ကိုင်တွယ်ဖို့လိုတယ်ဆိုတာမျိုးတွေကို မှန်မှန်ကန်ကန်ပေါ့နော်၊ နည်းလမ်းတကျ ချထား ချသွားနိုင်တယ်ဆိုလို့ရှိရင်တော့ ကျွန်မတို့ ကျော်ဖြတ်နိုင်မယ်လို့တော့ ကျွန်မတော့ မြင်တယ်ပေါ့နော်။ ဒါပေမဲ့လည်း အခုကျွန်မတို့ လက်ရှိအခြေအနေအရဆိုရင် ဥပမာဆိုလို့ရှိရင် ကျွန်မတို့က လမ်းများအားလုံး နေပြည်တော်ဆီသို့လို့ ကျွန်မတို့ ပြောတော့ ပြောထားတယ်။ ဒါပေမဲ့လည်း ဒီတရုတ်ရဲ့ ဖိအားကြောင့် ကျွန်မတို့ ဒီကိစ္စကို ကျွန်မတို့က နောက်ဆုတ်လိုက်ရတာရှိတယ်။ ခုနက ဆရာပြောသလိုပဲ ကျွန်မတို့ တိုင်းရင်းသားတော်လှန်ရေးအစုအဖွဲ့တွေက ထိန်းချုပ်နိုင်တယ်။ ဥပမာဆိုရင် လားရှိုးတို့ ဟုတ်တယ်မဟုတ်လား။ ဒီမှာ ကွက်ခိုင်တို့ ဆိုတော့ အခုကျွန်မတို့ ပြန်ပေးလိုက်ရတဲ့ နေရာတွေပေါ့နော်။ ပြန်ပေးလိုက်ရတဲ့ နေရာတွေရှိတယ်ဆိုတဲ့ အခါကျတော့ အဲ့ဒါမှာလည်း ကျွန်မတို့ ကြည့်လိုက်မယ်ဆိုလို့ရှိရင် ဒီတရုတ်ရဲ့ ဖိအားတွေကြောင့် ကျွန်မတို့က အဓိက လားရှိုးကို ကျွန်မတို့ လုံးဝ တွေ့နိုင်တယ်လေ။ ဆိုတဲ့အခါကျတော့ ဒီတချို့ဒေသမှာရှိတဲ့ တိုင်းရင်းသားအစုအဖွဲ့တွေ၊ အဲ့ဒီဒေသတွေမှာ ဥပမာဆိုလို့ရှိရင် အဲ့ဒီတရုတ်နဲ့ တိုက်ရိုက်ချိတ်ဆက်ပြီးတော့ လုပ်ဆောင်နေရတဲ့ တိုင်းရင်းသားအစုအဖွဲ့တွေအနေနဲ့လည်း တွန်းအားတွေ ဖိအားတွေ အများကြီးရှိမှာပဲ။ ဆိုတော့ အဲ့ဒီအခြေအနေတွေကို ကျွန်မတို့ ဘယ်လိုကျော်လွှားနိုင်မလဲဆိုတာကိုတော့ တိုင်ပင်ပြီးတော့မှသာလျှင် ကျွန်မတို့ လုပ်ဆောင်လို့ရနိုင်မယ်။ အဲ့ဒီအချိန်မှာတော့ ဘာကို အရေးကြီးသလဲ၊ ဘာက အရေးကြီးသလဲဆိုတဲ့အခါကျတော့ ယုံကြည်မှုပေါ့နော်။ ကျွန်မတို့ အချင်းချင်းကြားမှာ ယုံကြည်မှု။ ကျွန်မတို့ ဖြစ်ခဲ့တဲ့ သမိုင်းအစဉ်အလာအရ ကျွန်မတို့ အချင်းချင်းကြားမှာလည်း ဒီယုံကြည်မှု တည်ဆောက်မှု၊ တည်ဆောက်ဖို့ကလည်း အရေးကြီး နေတာဆိုတဲ့အခါကျတော့ ဒီအခြေအနေကို ကျော်လွှားဖို့ဆိုတာက အခက်အခဲတော့ ရှိတယ်။ သို့သော်ငြားလည်း ကျွန်မတို့ကတော့ မလွဲမသွေ လုပ်ကိုလုပ်ဆောင်ရမယ့် အခြေအနေ ဖြစ်တယ်လို့တော့ ကျွန်မကတော့ သုံးသပ်ပါတယ်ရှင့်။

 

ဆလိုင်း ဒိုခါရ်၊ – ဆိုတော့ ဒီကျွန်တော်တို့ ဒီတော်လှန်ရေးအင်အားစု လောလောလတ်လတ် တော်လှန်ရေးအောင်မြင်သွားတဲ့ နိုင်ငံတချို့ပေါ့နော်။ ဥပမာ ဆီးရီးယားတို့၊ အာဖဂန်တို့ဆိုရင် အနည်းဆုံး သူတို့အိမ်နီးချင်းနိုင်ငံတချို့က စစ်ရေးအရပါ ပေးတဲ့အထိ ဖြစ်ပြီးတော့မှ တကယ်တကယ်လည်း အောင်မြင်လာခဲ့တာဖြစ်တယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအခြေအနေ တော်လှန်ရေးအင်အားစုအခြေအနေက ဒါ အိမ်နီးချင်းနိုင်ငံတွေက ကျွန်တော်တို့ လက်နက် ဝယ်ယူရေးလမ်းကြောင်းတောင်မှ ဝိုင်းပိတ်ဆို့ခံရတဲ့ အနေအထားပုံစံမျိုး ဖြစ်တာပေါ့နော်။ တခြားနိုင်ငံရေးအရ ဒါလူသားချင်းစာနာထောက်ထားမှုအရ ဝမ်းနည်းကြောင်းပြသမှုဟာက လွဲရင် ဘယ်သူမှ ကျွန်မတို့ဘက်ကို ပံ့ပိုးပေးတာတွေလည်း မရှိဘဲနဲ့ အကုန်လုံး ဝိုင်းဖိတဲ့ပုံစံမျိုး ကျွန်တော်တို့ ကြုံနေရတယ်။ ဆိုတော့ ဒီအပေါ်မှာ တကယ်လို့သာ သက်ဆိုင်ရာ ခေါင်းဆောင်တွေကို ပြောခွင့်ရှိရင် ဆရာမအနေနဲ့ တိုက်ရိုက်စကားပြောခွင့်ရမယ်ဆိုရင် ကျွန်တော်တို့ တော်လှန်ရေးအောင်မြင်ဖို့အတွက် ဒါလေးတော့ ကူညီပေးပါဆိုပြီးတော့မှ point out လုပ်စရာလေးတွေ ရှိမလား။ ကျွန်တော်တို့ တော်လှန်ရေးအောင်မြင်ဖို့အတွက် အိမ်နီးချင်းနိုင်ငံတွေကို တောင်းဆိုလို့ရမယ်ဆို ဆရာမအနေနဲ့ ဘာတောင်းဆိုချင်မလဲ။

 

Mi Kun Chan Non – အခုလောလောဆယ်ပေါ့နော်။ ကျွန်မတို့က ဒီလူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အထောက်အပံ့တွေကတော့ ကျွန်မတို့ တကယ် အရေးတကြီးလိုအပ်နေတာ ဟုတ်တယ်။ ပြီးတဲ့အခါကျတော့ အခုလိုမျိုးပေါ့နော်၊ စစ်တပ်ကနေပြီးတော့ ဗုံးကြဲနေတဲ့ ကိစ္စရပ်တွေမှာ ထိခိုက်ခံစားနေရတဲ့ ပြည်သူလူထုတွေကို ပံ့ပိုးပေးနိုင်ဖို့ ကိစ္စရပ်တွေကိုလည်း ကျွန်မတို့ကတော့ အရေးတကြီး အကောင်အထည်ဖော်ရမှာတော့ ဟုတ်တယ်။ အဲ့ဒီအပြင်ကို ကျွန်မတို့ကတော့ ဒီနွေဦးတော်လှန်ရေး စကတည်းက ကျွန်မတို့တော်လှန်ရေးကတော့ ကိုယ့်အားကိုယ်ကိုးပြီးတော့ ကိုယ့်ခြေထောက်ပေါ်မှာ ရပ်တည်နေရတာ ဟုတ်တယ်လေ။ ဆိုတဲ့အခါကျတော့ ကျွန်မတို့ ဒီတော်လှန်ရေးကြီးကို ဒီထက်ပိုပြီးတော့ မြန်မြန်ဆန်ဆန် အောင်မြင်ဖို့ကတော့ ကျွန်မတို့ဘာသာ ကျွန်မတို့ပဲ ရပ်တည်ပြီးတော့ ကူညီဖို့၊ ကူညီသွားဖို့ပဲ ရှိမယ်။ အဲ့ဒါတစ်ခုပေါ့နော်။ အဲ့ဒါတစ်ဖက်ရှိမယ်။ ဒါပေမဲ့ ခုနကပြောတဲ့ ဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဒီပံ့ပိုးကူညီမှုတွေပေါ့နော်။ အဲ့ဒီပံ့ပိုးကူညီမှုတွေ ကိုတော့ ကျွန်မတို့ လုပ်ဆောင်နိုင်ဖို့အတွက်၊ ပေးနိုင်ဖို့အတွက်ကိုတော့ ဒီနိုင်ငံတကာအစိုးရ တွေပေါ့၊ ကျွန်မတို့နဲ့ အိမ်နီးချင်းနိုင်ငံပေါ့နော်။ ဥပမာဆိုလို့ရှိရင် တရုတ်ရှိမယ်၊ ထိုင်းရှိမယ်၊ အိန္ဒိယရှိမယ်။ ဆိုတော့ သူတို့တွေရဲ့ ပံ့ပိုးကူညီမှုကတော့ လိုကိုလိုတယ်။ ဒါကတော့ နိုင်ငံတကာ စည်းရုံးလုပ်ဆောင်မှုတွေကို လုပ်ဆောင်နေတဲ့ ခေါင်းဆောင်တွေကို ပြောရမယ်ဆိုလို့ရှိရင်တော့ ကျွန်မတို့ကတော့ ဒီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို နယ်စပ်ဖြတ်ကျော် လုပ်ဆောင်ပေးနိုင်ဖို့ အခြေအနေတွေကို မြန်မြန်ဆန်ဆန် လွယ်ကူအောင် တွန်းအားပေးဖို့ပဲ ကျွန်မကတော့ တိုက်တွန်းချင်တယ်။ ဘာလို့ဆိုတော့ တကယ့်မြေပြင်မှာ ခံစားနေရတဲ့ ပြည်သူတွေရဲ့ အခက်အခဲတွေကိုလည်း ကျွန်မတို့ကတော့ တကယ်ပဲ တွေ့ကြုံနေရတာ ဖြစ်တဲ့အတွက်ကြောင့် ဒီအခြေအနေတွေ ကတော့ ကျွန်မတို့ အမြန်ဆုံး တွန်းအားပေးပြီးတော့ အမြန်ဆုံးနဲ့ အရေးကြီးဆုံး တွန်းအားပေးပြီးတော့ တိုက်တွန်းရမယ့် အချက်လို့တော့ ကျွန်မအနေနဲ့တော့ မြင်ပါတယ်ရှင့်။ အာဆီယံကတော့ အခုလောလောဆယ်မှာတော့ပေါ့နော်၊ သူကတော့ ဒီသက်ဆိုင်ရာ ဥက္ကဋ္ဌလုပ်တဲ့ နိုင်ငံရဲ့ မူဝါဒပေါ်မှာ မူတည်ပြီးတော့ ပြောင်းလဲသွားတာတွေ ရှိတာပေါ့နော်။ ဒါပေမဲ့ အခုလောလောဆယ်တော့ ကျွန်မတို့က ဒီအခုလက်ရှိအခြေအနေမှာ မလေးရှားအနေနဲ့ကတော့ ကျွန်မတို့ နိုင်ငံနဲ့ပတ်သက်ပြီးတော့ တွန်းအားပေးဖို့ ကိစ္စရပ်တွေ သူအများကြီး လုပ်နေတာရှိတယ်ဆိုတဲ့အခါကျတော့ ကျွန်မတို့အနေနဲ့တော့ အများကြီးအားရ တာ မဟုတ်ပေမယ့်လည်း ကျွန်မတို့အနေနဲ့ ဒီအခြေအနေကိုတော့ ကျွန်မတို့ လက်ခံနိုင်တယ်။ ဒါပေမဲ့လည်း ကျွန်မတို့က ဒီ Five-Point Consensus ကိုတော့ ကျွန်မတို့ ကျော်လွန်ပြီးတော့ ကျွန်မတို့ လုပ်လို့မရဘူးဆိုတဲ့ အခြေအနေတော့ ရှိတယ်ပေါ့နော်။ ဆိုတော့ အဲ့ဒါကျ ဘာကြောင့် ဖြစ်နေတာလဲဆိုတာကို ကျွန်မနားမလည်နိုင်ဘူး။ ဒီအာဆီယံအစုအဖွဲ့တွေနဲ့ တွေ့ဆုံတိုင်းမှာလည်း သူတို့က ဒီ Five-Point Consensus အပေါ်မှာ မူတည်ပြီးတော့ ဒီအပေါ်မှာ မူတည်ပြီးတော့ပဲ လုပ်ဆောင်လို့ရအောင်လို့ သူတို့ပြောကြတယ်ဆိုတဲ့အခါကျတော့ ကျွန်မ နားတော့မလည်ဘူး။ သို့သော်ငြားလည်း ဒီအာဆီယံရဲ့ အခုလောလောဆယ် လုပ်ဆောင်နေတဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်တဲ့ အစုအဖွဲ့အသီးသီးနဲ့ သူတို့ချိတ်ဆက်ပေးတဲ့အခါကျတော့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်တယ်ဆိုတဲ့အခါကျတော့ ကျွန်မတို့ အပြုသဘောဆောင်တယ်လို့တော့ ကျွန်မအနေနဲ့တော့ ယုံကြည်တယ်။ ဒီ့အပြင်ကိုလည်း အခုအာဆီယံအနေနဲ့လည်း ဒီစစ်တပ်ကနေပြီးတော့ လုပ်ဆောင်တဲ့ ဒီရွေးကောက်ပွဲကိုလည်း သူက ဆန့်ကျင်ထားတယ်ဆိုတဲ့အခါကျတော့ ကျွန်မအနေနဲ့တော့ အားရတယ်ပေါ့နော်။ အဲ့ဒါလေးတစ်ခုရှိတယ်။ ဒါပေမဲ့ ပြီးတဲ့အခါကျတော့ UN အနေနဲ့ပေါ့နော်။ ကျွန်မတို့ကတော့ အခုတော့ ဒီဦးကျော်မိုးထွန်းကို သံတမန်အနေနဲ့ UN representative အနေနဲ့ ဆက်လက်ပြီးတော့ ရှိနိုင်ဖို့အတွက်ကို ကျွန်မတို့ အခုပြန်လည်ပြီးတော့ advocacy လုပ်ရမယ့် အချိန်လည်း ပြန်ရောက်လာပြန်ပြီပေါ့နော်။ ဆိုတဲ့အခါကျတော့ ကျွန်မတို့ အဲ့ဒီနေရာကနေပြီးတော့ ကျွန်မတို့ ဒီထက်ပိုပြီး လုပ်ဆောင်နိုင်တာတော့ ရှိမနေဘူး။ ဥပမာဆိုလို့ရှိရင် UN Security Council ကို ကြည့်မယ်ဆိုလို့ရှိရင်တော့ အဲ့ဒီမှာလည်း ကျွန်မတို့နိုင်ငံအတွက်ကို ဆွေးနွေးတော့မယ်ဆိုလို့ရှိရင်လည်း သူတို့ရဲ့ ဒီဗီတိုတွေနဲ့ပဲ ပြီးသွားတဲ့အခါကျတော့ ကျွန်မတို့နိုင်ငံရဲ့ resolution က ဘာမှလည်း ခြေခြေမြစ်မြစ်မဖြစ် မရှိဘဲနဲ့ ပြီးသွားခဲ့တဲ့ အခြေအနေတွေ ရှိတယ်ပေါ့နော်။ ဆိုတော့ UN ရဲ့ process ကို ကြည့်မယ်ဆိုလို့ရှိရင် ကျွန်မတို့ အားရကျေနပ်မှုတော့ ကျွန်မအနေနဲ့တော့ လုံးဝမရှိဘူး ပေါ့နော်။ ဒါပေမဲ့လည်း UN ရဲ့ ဒီအစုအဖွဲ့အသီးသီးမှာကျတော့ ဥပမာကြည့်လိုက်မယ်ဆို လို့ရှိရင် UN ရဲ့ ဒီ ILO ဆိုလို့ရှိရင်တော့ သူက Convention 83 ကိုတော့ ဒီနိုင်ငံနဲ့ ကျွန်မတို့နိုင်ငံကို အရေးယူဖို့အတွက်ကို သူတို့ လုပ်ဆောင်ထားနိုင်တာရှိတယ်ဆိုတဲ့ အခါကျတော့ ဒါကတော့ အလုပ်သမားရေးရာနဲ့ ပတ်သက်ပြီးတော့ လုပ်ဆောင်တဲ့ အစုအဖွဲ့ တစ်ခုပေါ့နော်။ ဒါကတော့ အားရတယ်။ ဒါပေမဲ့ ကျွန်မတို့နိုင်ငံနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး တော့ ဒီလုပ်ဆောင်ရမယ့် ဒီ Security Council ပေါ့၊ လုံခြုံရေးကောင်စီအတွက်ဆိုလို့ရှိရင် ဒီ UN mechanism တစ်ခုလုံးဆိုလို့ရှိရင်တော့ ကျွန်မအနေနဲ့တော့ လုံးဝတော့ အားမရပါဘူးလို့။ ဒီထက်ပိုပြီးတော့ သူတို့ လုပ်သင့်ပါတယ်လို့တော့ ကျွန်မအနေနဲ့ ပြောချင်ပါတယ်။

 

ဆလိုင်း ဒိုခါရ်၊ – ဟုတ်ကဲ့။ နောက်ဆုံးအနေနဲ့ ဒါဆိုရင် ကျွန်တော်တို့ ဒီမွန်ပြည်သူတွေရော၊ ကျွန်တော်တို့ တော်လှန်ပြည်သူတွေရော၊ ကျွန်တော်တို့ ကိုယ့်အားကိုယ် အားကိုးရတဲ့အခါ ကျတော့ နောက်ထပ် တော်လှန်ရေးမပြီးမချင်း ကိုယ့်အားကိုယ် ကိုးနိုင်ဖို့အတွက် ဘာအင်အားလေး ပေးချင်သလဲခင်ဗျ။

 

Mi Kun Chan Non – ကျွန်မတို့ ဟို အမြဲတမ်းပြောနေသလိုပါပဲ။ ကျွန်မတို့ ဒီနွေဦးတော်လှန်ရေး ကတော့ ကျွန်မတို့မှာ ကျွန်မတို့ပဲရှိတယ်လို့ ကျွန်မတို့ အမြဲတမ်းပြောကြတာကိုး။ ဆိုတဲ့အခါကျတော့ အဲ့ဒီမှာ ကျွန်မတို့က ဒီတော်လှန်ရေးကြီးကို မြန်မြန်အောင်မြင်ဖို့နဲ့ ကျွန်မတို့ စစ်မှန်တဲ့ federal democracy နိုင်ငံတော်ကြီးကို တည်ဆောက်ဖို့အတွက် ဆိုလို့ရှိရင်တော့ ပြည်သူတွေအားလုံးက တစ်တပ်တစ်အားနဲ့ ပါဝင်ကူညီဖို့လိုတယ်လို့လည်း ကျွန်မအနေနဲ့ တိုက်တွန်းချင်တယ်။ အဲ့လိုပါဝင်ကူညီတဲ့နေရာမှာ ကျွန်မတို့ကတော့ လူအား၊ ငွေအားပေါ့နော်။ နှစ်ခုစလုံးကတော့ ဒီတော်လှန်ရေးကြီးကို ပံ့ပိုးပေးဖို့အတွက် လုပ်ဆောင်ပေးဖို့လိုတဲ့ ကိစ္စလို့လည်း ကျွန်မအနေနဲ့ သတင်းစကားပါးချင်တယ်။ ဒီ့အပြင် ကျွန်မတို့ အခုဒီစစ်တပ်ကနေပြီးတော့ ပြုလုပ်မယ့် ဒီအတုအယောင် ရွေးကောက်ပွဲကိုလည်း ကျွန်မတို့ ပြည်သူအားလုံးက တစ်သွေးမသိမ်းပေါ့နော်၊ ဝိုင်းဝန်းပြီးတော့ ဆန့်ကျင်ကန့်ကွက် ကြဖို့လည်း ကျွန်မအနေနဲ့ ဒီကနေပြီးတော့ တိုက်တွန်းစကားပြောချင်တယ်။ ပြည်သူလူထု တွေအားလုံးရဲ့ လုံခြုံရေးနဲ့ ကျန်းမာရေးပေါ့နော်။ ဒီစီးပွားရေးတွေအားလုံးလည်း ကျွန်မတို့ အဆင်ပြေ ချောမွေ့စေဖို့ဆိုလို့ရှိရင်တော့ ကျွန်မတို့နိုင်ငံရဲ့ ဒီစစ်မှန်တဲ့ federal democracy နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မှသာလျှင် ဒီကိစ္စရပ်တွေကို ကျွန်မတို့ မြန်မြန်အကောင် အထည်ဖော်နိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် နွေဦးတော်လှန်ရေးကြီးကို ဝိုင်းဝန်းကူညီ ပံ့ပိုးပေးကြပါလို့ ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်ရှင့်။

 

ဆလိုင်း ဒိုခါရ်၊ – ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်။ ဒါကျွန်တော်တို့ ဒီမွန်ညီအစ်ကို မောင်နှမတွေ၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေအားလုံး ကျွန်တော်တို့ ချင်းလိုမဖြစ်ဘဲနဲ့ ညှိနှိုင်းဆောင်ရွက်မှုအောင်မြင်ပြီးတော့မှ အင်အားကောင်းကောင်းနဲ့ တော်လှန်ရေး အောင်မြင်နိုင်ကြပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ်ခင်ဗျာ။

 

Mi Kun Chan Non- ကျွန်မတို့လည်း ကြိုးစားပြီးတော့ လုပ်ဆောင်နေပါတယ်လို့။ ဆရာ ဆုတောင်းပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ရှင့်။