မေးမြန်းသူ – ဆလိုင်းဒိုခါရ်
ဖြေဆိုသူ – Ko Ting Oo၊ Former General Secretary of All Arakan Students’ and Youths’ Congress (AASYC)
ဆလိုင်းဒိုခါရ် – အားလုံးပဲ မင်္ဂလာပါ။ ဒါ ကျွန်တော်တို့ The Kaladan Post ရဲ့ အပတ်စဉ် တင်ဆက်နေကျ Exclusive Interview ကို အမြဲတမ်း ကြည့်ရှုပေးတဲ့ မိဘပြည်သူများခင်ဗျာ။ ဒီတစ်ပတ်ကတော့ ကျွန်တော်တို့ ဒီ ရခိုင်ပြည်နယ်ဘက်က All Arakan Student and Youth Congress (AASYC) ရဲ့ အတွင်းရေးမှူးဟောင်း ကိုတင်ဦးနဲ့ အင်တာဗျူးထိုင်ပေးဖို့ ကျွန်တော် ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ ဆွေးနွေးမယ့်အကြောင်းအရာကတော့ ပုံမှန်အတိုင်းပါပဲ။ လက်ရှိ နောက်ဆုံး ရခိုင်ပြည်နယ်ရဲ့ စစ်ရေး၊ နိုင်ငံရေးအခြေအနေ၊ နောက်ဆုံးအခြေအနေနဲ့ ပြီးတော့ ကျွန်တော်တို့ မြန်မာတစ်နိုင်ငံလုံးပေါ်မှာ ရခိုင်နိုင်ငံရေး တက်ကြွလှုပ်ရှားသူတစ်ဦးအနေနဲ့ ဘယ်လိုမြင်သလဲဆိုတဲ့အခြေအနေရော။ ပြီးတော့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအပေါ် ရပ်တည်ချက်ကို ဘယ်လိုမြင်သလဲဆိုတဲ့ အဲ့ဒီအမြင်သဘောထားတွေကို ကျွန်တော်တို့ ဆွေးနွေးတင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဆိုတော့ ကိုတင်ဦးရေ အခုလို ကျွန်တော့်ကို အချိန်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။
Ko Ting Oo – ဟုတ်ကဲ့၊ မင်္ဂလာပါခင်ဗျ။ အခုလို ဒီ The Kaladan Post ဒီ လက်ရှိ အခြေအနေ နိုင်ငံရေးအခြေအနေတွေကို ဆွေးနွေးသုံးသပ်ပေးဖို့အတွက် ဖိတ်ခေါ်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဆလိုင်းဒိုခါရ် – ဟုတ်ကဲ့။ ပထမဆုံးအနေနဲ့ ကျွန်တော် ဒါ ရခိုင်ပြည်နယ်ဘက်ရဲ့ အခြေအနေဟာ တခြားနယ်မြေဘက်လို စစ်ရေး၊ နိုင်ငံရေး update က လူတိုင်းမသိနိုင်တဲ့ အနေအထား ဆိုတော့ အဲ့ဒီဟာ အခြေအနေဘယ်လိုရှိလဲ ဆွေးနွေးပေးပါဦး။
Ko Ting Oo – ဒီမှာ အဲ့ဒါဆိုရင် နှစ်ပိုင်း ဖြတ်သွားမှာပေါ့။ စစ်ရေးတစ်ပိုင်း၊ နိုင်ငံရေးတစ်ပိုင်း။ စစ်ရေးအပိုင်းကို ပြောမယ်ဆိုရင် ကိုယ်ကလည်း စစ်ရေး expert လည်း မဟုတ်နေဘူး။ ဒါပေမဲ့ ရခိုင်ပြည်နယ် လက်ရှိ ကျွန်တော်တို့ ဒီ လေ့လာ စောင့်ကြည့်ရသလောက် အခြေအနေ လေးကို သိသာသလောက်တော့ ကျွန်တော် ကျွန်တော့်အနေနဲ့တော့ ပြောလို့ရတယ်ပေါ့။ ဆိုတော့ လက်ရှိမှာတော့ ရခိုင်ပြည်နယ်မှာ အားလုံးသိတဲ့အတိုင်းပဲ ဒီ အိန္ဒိယနယ်စပ် ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်နယ် ULA/AA ကတော့ စစ်တွေမြို့ကိုသိမ်းထားတယ်။ ဆိုတော့ နောက်ထပ်သုံးမြို့ ကျန်သေးတယ်။ အဲ့ဒီသုံးမြို့မှာ အဓိက ပြည်နယ်ရဲ့မြို့ တော်ဖြစ်တဲ့ စစ်တွေမြို့ရှိမယ်။ နောက်ပြီးရင် ဒီ အလယ်ပိုင်း၊ ပြည်နယ်ရဲ့အလယ်ပိုင်းလို့ ပြောလို့ရတဲ့ ကျောက်ဖြူပေါ့နော်။ ပင်လယ်ကမ်းနားမြို့ တရုတ်စီမံကိန်းတွေရှိတဲ့မြို့ ကျောက်ဖြူတစ်မြို့ရှိမယ်။ ဟိုဘက်မှာဆိုရင်တော့ မန်အောင်ကျွန်းပေါ့။ အဲ့ဒါလည်း မြို့နယ်တစ်မြို့နယ်။ အဲ့ဒီသုံးမြို့လောက်ကိုပဲ စစ်တပ်က ထိန်းထားတယ်။ လက်ရှိ တိုက်ပွဲ intensive ဖြစ်နေတယ်။ ပြောမယ်ဆိုရင် ကျောက်ဖြူမှာ စစ်ရေးအရ တော်တော် ဟို လှုပ်ရှားမှုက တော်တော် နှစ်ဖက်စလုံး တကယ် အားကောင်းနေတယ်ပေါ့။ ပြောမယ်ဆိုရင် ဘာဖြစ်လို့လဲဆိုတော့ ကျောက်ဖြူမှ ဒီ တခြားနယ်ဖက်တွေကို ကျတော့ စစ်တပ်က သိပ်ထိန်းချုပ်တာ ထိန်းချုပ်လို့မရဘူး။ ဆိုတော့ စစ်တပ်ဘက်က ကျောက်ဖြူကို လုံးဝ ကာကွယ်ရေး ကျောက်ဖြူမြို့မကျရေး ဟို ဒီဘက်က ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့ ULA/AA ဘက်ကတော့ ကျောက်ဖြူကို ထိန်းချုပ်လို့ရရေးပေါ့နော်။ ထိန်းချုပ်လို့ရရေး၊ ရရှိရေးဆိုတော့ ပြဿနာက ဒီ ဒီ စစ်တပ်ဘက်ကလည်း သူ့ဗျူဟာနဲ့သူ ဆောင်ရွက်တာပေါ့။ ဥပမာ အဆင့်မြင့် drone တွေနဲ့သူ ကင်းထောက်တာတို့ ကင်းထောက်ပြီးရင် drone ထဲသူ ချတာတို့၊ ဗုံးတွေကြဲတာတို့ ရှိတယ်။ တစ်ဖက်မှာ ဟိုဘက်က ပင်လယ်ဘက်က ကျောက်ဖြူက ပင်လယ်ကမ်းနားမြို့ဆိုတော့ ပင်လယ်ဘက်ကလည်း စစ်တပ်ရဲ့ နယ်မြေရှိတယ်။ နယ်မြေကလည်း သူတို့မှာ ပိုက်ပူပေးထားတယ်နဲ့တူတယ်။ နောက်ပြီးတော့ လေကြောင်းလည်း ရှိသေးတယ်ဗျာ။ ပြီးရင် ဒီ ကုန်းလမ်းကြောင်းကိုလည်း ကျောက်ဖြူ ကနေပြီးတော့ သူက စစ်တပ်အင်အား နည်းနည်းအများကြီးချထားတယ်ဗျာ။ ဆိုတော့ ကုန်းလမ်းပိုင်းမှာလည်း သူတို့က လူအင်အားတွေ တိုးလာတယ်။ စစ်တပ်ဘက်မှာ။ ဆိုတော့ ဒီ ဒီလိုမျိုးအခြေအနေနဲ့ ရင်ဆိုင်နေရတယ်။ အခု တိုက်ပွဲက။ ကျွန်တော်တို့ စိုးရိမ်တာတစ်ခု ကတော့ စစ်တပ်သည် ၁၀၂၇ ရဲ့ operation မှာ သူ ဆုံးရှုံးခဲ့တဲ့ဟာတွေရှိတယ်။ နောက်ပိုင်းမှာ သူ နည်းနည်းပြင်ဆင်လာပုံပေါက်တယ်။ ရုရှားဆီက သူ ဒီ နည်းပညာယူတာ၊ ဝယ်ယူတာတို့၊ တရုတ်တို့ဘာတို့ ဟုတ်တယ်မလား။ ရုရှားက drone တွေ၊ သို့မဟုတ် တရုတ်၊ တရုတ်က drone တွေ နည်းပညာတွေ ထပ်ပြီးတော့ သူ စုလာတာတို့၊ ပြင်ဆင်ပြီးတော့ အခု ကျောက်ဖြူကို ကာကွယ်လုပ်တယ်။ ဆိုတဲ့သဘော။ တိုက်လည်း တိုက်ခိုက်တယ်။ တစ်ဖက်မှာ စစ်တွေကလည်း မြို့တော်ဆိုတော့ စစ်တွေကိုလည်း သူက အကုန်လုံးဝိုင်းထား တယ်။ စစ်တပ်က။ ဝိုင်းထားတယ်ဆိုတာက စစ်တွေက ဒီ စစ်တွေမြို့နယ်က ဟိုဘက် ကုန်းလမ်းကြောင်းလည်း ဆက်သွယ်နေတာ မရှိနေဘူး။ တစ်ဖက်မြို့နယ်တွေနဲ့လည်း။ ဆိုတော့ အကုန်လုံး ရေတွေပဲ။ ဆိုတော့ အဲ့ဒါကြောင့် စစ်တပ်က အဲ့ဒီ အကုန်လုံးဖက်မှာ သူက အကုန်လုံး နေရာယူထားတယ်။ စစ်ရေးအရ စစ်တပ်က ဘာလုပ်လဲဆိုရင် ရွာတွေမှာ ရခိုင် မရှိနေလို့မရဘူး။ သူက ရွာသားတွေရှိနေရင် သူ သူ့ရဲ့စိုးရိမ်ချက်က တော်လှန်ရေးတပ်ဖွဲ့ တွေနဲ့ပေါင်းပြီးတော့ သူ့ကို ဥပမာ သတင်းပေးတာတို့၊ ဟို စစ်တိုက်တဲ့အခါ သူတို့အကျဆုံး များတယ်ပေါ့ဗျာ။ ပြောမယ်ဆိုရင် စစ်တပ်မှာ ဒါ စိုးရိမ်ချက်ရှိတယ်။ အဲ့ဒါကြောင့် သူက အကုန်လုံးရွာတွေကို ထုတ်ပစ်လိုက်တာ။ စစ်တွေမြို့ရဲ့အပြင်အပက ရွာတွေ။ ဆိုတော့ အဲ့လိုမျိုးအခြေအနေရှိတယ်။ ဆိုတော့ IDP ဖြစ်နေကြတဲ့လူတွေက။ ဆိုတော့ အဲ့ဒါကို ဘယ် ကြေညာသလောက်ဆိုရင် လောလောဆယ် တော်တော်များများ ဒီ လူ့အခွင့်အရေးအဖွဲ့ ပြောပြော၊ humanitarian အဖွဲ့တွေပြောပြော၊ UN နိုင်ငံတကာပါမယ့်ပေါ့။ ဒီလို တော်တော် များများ concern ဖြစ်တဲ့ စိုးရိမ်တဲ့ press release သလုံမမဟုတ် အသံထွက်ပေးတာတော့ ကျွန်တော်တို့ သိပ်မတွေ့ရဘူးပေါ့။ နည်းတယ်လို့ ပြောလို့ရတယ်ပေါ့ အခြေအနေက။ အဲ့ဒါက ဒီ စစ်ရေးအခြေအနေ။ တစ်ဖက်မှာလည်း ဒီ ULA/AA က တပ်၊ ဒီ ရခိုင်နယ်စပ်ဖြစ်တဲ့ မကွေးတို့၊ ပဲခူးနယ်စပ်တို့၊ ဧရာဝတီနယ်စပ်ရှိတယ်ဗျာ။ ဆိုတော့ အဲ့ဒီဖက်မှာလည်း ရခိုင် ဒီ စခန်းတွေ တချို့ နေမြေထိန်းထားတာရှိတယ်လေ။ ထိန်းထားတာရှိတော့ အဲ့ဒီဖက်မှာလည်း စစ်တပ်ကလည်း သူ ခုနက ကျွန်တော်ပြောသလိုမျိုးပဲ သူက ပြင်ဆင်ပြီးတော့လာတဲ့အတွက် သူ ထိုးစစ်ဆင်မှုတွေ သူလုပ်တယ်။ ဆိုတော့ အဲ့ဒီမှာ ULA/AA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ ကျွန်တော်တို့ အဲ့ဒီဒေသမှာရှိတဲ့ local PDF ရှိတဲ့ အဖွဲ့တွေနဲ့ပေါင်းပြီးတော့ ဒီဒေသကို ခုခံပြီးတော့ စစ်ရေးအရ ပြင်ဆင်ဆောင်ရွက်နေတာရှိတယ်ပေါ့နော်။ ဆိုတော့ နိုင်ငံရေးအရပြောမယ်ဆိုရင်တော့ ဒီ စစ်အုပ်စုရွေးကောက်ပွဲလုပ်ဖို့ သူတို့ပြင်ဆင်နေတာကိုး။ အတုအယောင်ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတော့ အဲ့ဒီမှာ ရခိုင်ပါတီတချို့ အသစ်မှတ်ပုံတင်တဲ့ပါတီ ရှိသလို အရင်တုန်းက ရှိတဲ့ ဒေါက်တာအေးမောင်တို့ ပါတီ Arakan Front Party (AFP) အဲ့ဒီ AFP ပေါ့နော်။ ဆိုတော့ အဲ့ဒီပါတီတွေလည်း သူတို့ တခြားနောက် မြို့နွယ်စုပါတီပေါ့။ နောက် အဲ့လိုမျိုးပါတီတချို့ကတော့ စစ်အုပ်စုရွေးကောက်ပွဲကော်မရှင်နဲ့ ဆက်စပ်ပြီးတော့ လုပ်ဆောင်နေကြတာရှိတယ်လေ။ သူတို့ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေ ကြတာရှိတယ်။ ဆိုတော့ အဲ့ဒီမှာလည်း ရခိုင်လူထုကတော့ ဒါကိုလည်း ကြိုက်တာမဟုတ်ဘူး။ ဒီပါတီတွေ ဘာကို မျှော်မှန်းလို့ ရွေးကောက်ပွဲဝင်ပြိုင်ကြမှာလဲ။ ဟုတ်တယ်မလား။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ ကျွန်တော်တို့ ၂၀၁၀ ရွေးကောက်ပွဲသက်တမ်း၊ ၂၀၁၅၊ ၂၀၂၀ ပြီးရင် ဒီ ဒီ ဒီမိုကရေစီအကူးအပြောင်းကာလလို့ ဆိုတဲ့ကာလမှာလည်း ဒီလိုမျိုးရွေးကောက်ပွဲတွေ လုပ်ခဲ့ပြီးပြီ။ ဒါပေမဲ့ ဒေသမှာ ကျွန်တော်တို့ ရခိုင်နိုင်ငံရေးပါတီတွေက မဲအနိုင်ရပေမယ့်၊ ဟုတ်တယ်မလား။ ကိုယ့်ပြည်မှာ အစိုးရဖွဲ့ပိုင်ခွင့်မရှိဘူး။ မရှိခဲ့ဘူး။ ဆိုတော့ ကိုယ့် Self Determination ခေါ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ မရခဲ့ဘူး။ ဆိုတော့ ဒီ ဒီနှစ်ကျွန်တော်တို့ ရခိုင်က ဒါ ဒီအပေါ်မှာ စိတ်မဝင်စားကြဘူး။ တစ်ဖက်မှာကတော့ ULA/AA ကတော့ သူ့အုပ်ချုပ်ရေးကို သူလုပ်နေတာပဲလေ။ နိုင်ငံရေးအရ သူ့ဒေသမှာ။ အဲ့ဒီမှာတော့ ဟိုဟာပေါ့။ အုပ်ချုပ်ရေးမှာတော့ အားနည်းချက်၊ အားသာချက်တွေရော ရှိကြမှာပဲ။ ရှိကြတာပေါ့ ဒီတော်လှန်ရေးကာလဆိုတော့လည်း။ အခုကတော့ ဒီ ရခိုင်ပြည်ထောင်ဆိုတဲ့ Arakan Constitution ရှင်းလင်းပွဲတစ်ပွဲကို ဒီ ANPCC (Arakan National Policy Coordination Committee) ဆိုတဲ့ ကော်မတီတစ်ခုရှိတယ်။ အဲ့ဒီကော်မတီက ရွေးချယ်ထားတဲ့ ရခိုင်ပြည်ထောင်ဖွဲ့စည်းပုံမူကြမ်းရှိတယ်။ အဲ့ဒီဟာကို ဒီ ရှင်းလင်းပွဲတွေ လုပ်တာတော့ တွေ့တယ်။ ဆိုတော့ နိုင်ငံရေးအရပြောမယ်ဆိုရင်တော့ အဲ့ဒီဟာပဲ update ပေးလို့ရမယ်ပေါ့နော်။
ဆလိုင်းဒိုခါရ် – ဆိုတော့ တစ်နိုင်ငံလုံး အထူးသဖြင့် NUG ဦးဆောင်မှုဖြင့် တော်လှန်ရေးဆင်နွှဲ နေမှုအပေါ်မှာရော ဘယ်လိုမြင်သလဲ။ အခုလက်ရှိ ကျွန်တော်တို့ တစ်နိုင်ငံလုံး တော်လှန်ရေး အရွေ့ကို ဘယ်လိုသုံးသပ်မိသလဲခင်ဗျ။
Ko Ting Oo – ဆိုတော့ အခု အားရကျေနပ်မှုအပေါ်မှာပြောမယ်ဆိုရင်တော့ တော်လှန်ရေးအစိုးရ တော်လှန်ရေးကာလဆိုတော့ သူတို့လည်း သူတို့နိုင်သလောက် ကြိုးပမ်းဆောင်ရွက်နေလို့ ပြောရမယ်ပေါ့နော်။ တစ်ဖက်က ပြောမယ်ဆိုရင် သူတို့မှာလည်း သူတို့ ဟိုဟာ အောင်မြင်မှုတွေတချို့ရှိကောင်းရှိမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ပထမစားတော်လှန်ရေးအစိုးရအဖွဲ့တုန်းက သူတို့မှာ နယ်မြေမရှိဘူး။ အခုဆိုရင် သူတို့မှာ ဘယ်လိုဖြစ်ဖြစ် အဲ့ဒီ အညာဒေသတို့မှာ မြို့နယ်တွေ၊ သူတို့ PDF တွေ၊ တချို့ PDF က သူတို့ရဲ့ Chain of Command အောက်မှာ၊ MOD အောက်မှာရှိတော့ သူတို့မှာလည်း နယ်မြေတချို့ရှိနေတယ်။ ရှိနေတယ်လေ။ နယ်မြေထိန်း ချုပ်မှုတချို့လည်းရှိတယ်။ လို့ ကျွန်တော်တို့ ပြောလို့ရတယ်။ ဒါလည်း သူတို့အောင်မြင်မှု တစ်ခုလို့ ပြောလို့ရတာပဲ။ ဒါပေမဲ့ ဒီ လေးနှစ်တပ်ကာလမှာ ရနိုင်သလောက်၊ အောင်မြင်သင့် သလောက်တော့ ဟို မရတာကတော့ ဒါကတော့ သေချာတယ်လို့ ပြောရမယ်ပေါ့နော်။ ဆိုတော့ ဒီထက်အများကြီး လုပ် လုပ်လို့ရတယ်လို့ ကျွန်တော်တို့ မျှော်မှန်းခဲ့တယ်။ ဆိုတော့ အဲ့ဒါက သူရဲ့ ဒီ စစ်ရေးမြေပြင်ထိန်းချုပ်မှုအခြေအနေအရ ပြောတာ။ တစ်ဖက်မှာလည်း ဒီ ၂၀၂၁တော်လှန်ရေးနောက်ပိုင်းမှာ ပေါ်လာတဲ့ တော်လှန်ရေးအင်အားစုတွေ၊ အရင်တခါရှိခဲ့တဲ့ ဟုတ်တယ်မလား။ အမျိုးသားတော်လှန်ရေးတပ်ဖွဲ့၊ တော်လှန်ရေးအင်အားစုတွေ။ ဒီအဖွဲ့တွေ အားလုံးကြားမှာ ကောင်းမွန်တဲ့ Federal Democracy Federal ပြည်ထောင်စုကို ကိုယ်စားပြုနိုင်တဲ့၊ ကိုယ်စားပြုနိုင်လောက်တဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်အောင် သူတို့ ဒီ မလုပ်နိုင်ခဲ့ဘူး။ ဒီ ဒီ ဒီကာလမှာ ကျွန်တော်မြင်တာလေ။ တကယ်ဆိုရင်က လက်ရှိ NUG လို့ပြောတဲ့ဟာကျတော့ ဘာမဟုတ်တဲ့ တိုင်းရင်းသားဒေသက ကိုယ်အုပ်ချုပ်မှုရယ် ကိုယ်ရှိ နေတဲ့ တိုင်းရင်းသား ERO တွေက အကုန်လုံးကတော့ အဖွဲ့တိုင်း၊ ဒေသတိုင်းကတော့ NUG ကို ပြည်ထောင်စုအစိုးရတစ်ရပ်အဖြစ် အသိအမှတ်မပြုကြဘူးခင်ဗျ။ မရှုမြင်ကြဘူး။ လောလောဆယ်တော့ ဟုတ်တယ်။ ဒီ CRPH က ပေါ်လာတယ်ဆိုတဲ့ဟာ ဟုတ်တယ်။ လူထုက ဟိုမှာ ၂၀၂၀ ရွေးကောက်ပွဲက ပေါ်လာတဲ့ DeJury အဲ့ဒီလိုမျိုးပဲ မြင်ကြတယ်လေ။ တစ်နိုင်ငံလုံး ကိုယ်စားပြုတယ်လို့ မမြင်ကြဘူး။ ဆိုတော့ အဲ့ဒါကြောင့် NUG အနေဖြင့်တော့ ဒါကို အဖွဲ့အားလုံးကို ကိုယ်စားပြုပြီးတော့မှ Federal Democratic အစိုးရတစ်ရပ်အဖြစ် ကိုယ်စားပြုနိုင်တဲ့ အစိုးရတစ်ရပ်ကို ဒီ အားလုံးပေါင်းပြီးတော့ အစိုးရတစ်ရပ်ဖြစ်အောင် မစည်းရုံးနိုင်ခဲ့ဘူး။ ဆိုတော့ အဲ့ဒီမှာ အားနည်းချက်တွေများတယ်။ နောက်တစ်ခုက အရေးကြီးဆုံးအချက်က ဘာလဲဆိုရင် ကျွန်တော်မြင်လိုက်တာ ဖွဲ့စည်းပုံ Constitution တစ်ခုနဲ့ သူတို့ မလုပ်နိုင်ခဲ့ဘူး။ အစိုးရလို့ ပြောတယ်ဗျာ။ NUG အစိုးရကို သူတို့က သူတို့ Constitution ဘယ် Constitution နဲ့ အုပ်ချုပ်မလဲ၊ လေးစားမလဲ။ အဲ့ဒီဟာတွေ သူတို့မှာ မလုပ်နိုင်ခဲ့ဘူး။ ဆိုတော့ အစိုးရတစ်ရပ်သည် Constitution မရှိဘဲနဲ့ ဒီတိုင်းလုပ်နေရင် နိုင်ငံတကာကလည်း အသိအမှတ်ပြုမှာ မဟုတ်ဘူး။ မင်းတို့မှာ ဘယ် Constitution နဲ့လဲ။ ဘယ်လောက်လဲ၊ ဘာလဲ။ ဟုတ်တယ်မလား။ ဟို Constitution တစ်ခု တင်ပြခဲ့တာ ဘာမှ မရှိဘူးဖြစ်နေတယ်။ ဆိုတော့ အဲ့ဒီဟာတွေဘာမှ မရှိခဲ့တာ အဓိက အားနည်းချက် ကျွန်တော်မြင်တာက ဖွဲ့စည်းပုံတစ်ခုနဲ့ပေါ့။ အနည်းဆုံးဗျာ။ အဲ့ဒါ Permanent ဖွဲ့စည်းပုံ မဟုတ်ဘဲနဲ့ ယာယီသုံးစွဲတဲ့ ဖွဲ့စည်းပုံပေါ့။ တစ်ခုခုပေါ့။ အဲ့လိုမျိုး ဖွဲ့စည်းပုံနဲ့ အုပ်ချုပ်ခဲ့တာ မတွေ့ရဘူး။ ဆိုတော့ အဲ့ဒီဟာ ကျွန်တော် အားနည်းချက်လို့ မြင်ခဲ့တယ်။ ဆိုတော့ ချုပ်ပြီးတော့ ပြောမယ်ဆိုရင်တော့ ဒီ နယ်မြေထိန်းချုပ်မှုပိုင်းမှာ ရသင့်သလောက်၊ ဟုတ်တယ်မလား။ ပြီးရင် ဒီ PDF တွေကို ထိန်းနိုင်သလောက် မထိန်းနိုင်ဘူး။ ဒီ ပြောမယ်ဆိုရင် COC Chain of Command အားနည်းတယ်ပေါ့ဗျာ။ နည်းနည်းခဲ့တယ်။ နောက်တစ်ချက်ကတော့ ဒီ ပျံ့ကြဲနေတဲ့ ဒီ တော်လှန်ရေး၊ တော်လှန်ရေးအင်အားစုတွေ၊ နိုင်ငံရေးအင်အားစုတွေကို တစ်စုတစည်းတည်းနဲ့ အားလုံးကို ကိုယ်စားပြုနိုင်တဲ့ NUG က တစ်ဆင့်တက်ပြီးတော့မှ အစိုးရကောင်းတစ်ခုပေါ့။ Federal Democratic ဟုတ်တယ်မလား။ ဒီ interim အစိုးရတစ်ခု ပြောပြော။ အဲ့လိုမျိုးတစ်ခုကို မဖွဲ့ မဖွဲ့နိုင်ခဲ့ဘူး။ ဆိုတော့ အဲ့ဒါပဲ ကျွန်တော် ဒီ ချုံပြီးတော့ ပြောပြရစေ။
ဆလိုင်းဒိုခါရ် – ဟောက် အဲ့ဒီမှာလေ တစ်ခု ဒါ ကျွန်တော်တို့ NUG က ခေါင်းဆောင်တွေ ကိုယ်တိုင်က အခု တိုင်းရင်းသားလူမျိုးတွေက လိုတာထက်ပို တောင်းဆိုချက်တွေ များတယ် ဆိုတဲ့ဟာမျိုး သုံးနှုန်း ထွက်ဆိုလာတာရှိတယ်။ ဥပမာ ရခိုင်တွေလည်း Confederate လွတ်လပ်ရေး တိုင်းမပြောပေမဲ့ အခု ချင်းဆိုလည်း အဲ့ဒီဘက်နည်းနည်း ဦးတည်သလိုတော့ ဖြစ်တယ်။ ဒါပေမဲ့ အချင်းချင်း ယုံကြည်မှု တည်ဆောက်လာရင် Confederate ကနေ Federal ပြန်ဖြစ်တဲ့ တိုင်းပြည်အများကြီးရှိတာပဲ။ ပြီးတော့ ဘာခေါ်မလဲ။ အခု ကမ္ဘာမှာ Federal Structure နဲ့အုပ်ချုပ်ပေမဲ့ Confederate ဆိုတဲ့ အသုံးအနှုန်းသုံးနေသေးတဲ့ နိုင်ငံတချို့လည်း ရှိတာပဲ။ ဥပမာ ဆွစ်ဇာလန်ဟာမျိုးဆိုရင်လည်း အဲ့ဒါမျိုးအပိုင်းမှာ သူတို့ အဲ့လို blame လုပ်သင့်သလား။ သူတို့က ဘာ သူတို့က ဘာပြောင်းလဲသင့်သလဲ။ အကြံပြုပါဦး။ သူတို့အနေနဲ့ ဘယ်လိုမြင်သင့်သလဲပေါ့နော်။ တိုင်းရင်းသားတွေ၊ ရခိုင်တွေအပေါ်မှာလည်း ဘယ်လိုအမြင်ရှိသင့်လဲ။ သို့မဟုတ် ဒါ ဒီတော်လှန်ရေးအပေါ်မှာ NUG ကို ဒါ ကိုတင်ဦးအနေနဲ့ အကြံပြုလို့ရမယ်ဆိုတော့ ဘယ်လို ကဏ္ဍဟာမျိုးကိုတော့ နားလည်မှုထားသင့်သလဲ။ ဘယ်လိုပြင်ဆင်သင့်လဲဆိုတဲ့ဟာမျိုး အကြံပြု ဆွေးနွေးပေးပါ။
Ko Ting Oo – အော် ဟုတ်ကဲ့။ NUG က ဒီ တိုင်းရင်းသားအပေါ် မြင်တဲ့အမြင်ပေါ့။ ပြောမယ်ဆိုရင် သူတို့ ဒီ တိုင်းရင်းသားတွေမှာ တောင်းဆိုမှုတွေများတယ်ပေါ့။ များတယ်ပေါ့။ သူတို့ရဲ့ အဲ့လိုမျိုးလည်း မြင်ကောင်းမြင်မယ်။ သူတို့မြင်တာကတော့ ကျွန်တော်ထင်တယ် မမြင်သင့်ဘူး။ မမြင်သင့်ဘူးဆိုတာ သူတို့ နားလည်ရမယ်။ နားလည်ရမှာကဗျာ။ ကျွန်တော် တို့ ဗမာမဟုတ်တဲ့ တိုင်းရင်းသား ဒီ ERO တွေ၊ တော်လှန်ရေးလူတွေ လုပ်တာကတော့ Identity နိုင်ငံရေးလုပ်တာ။ ဟို ခေတ်အဆက်ဆက်နှစ်ပေါင်းများစွာ စစ်အုပ်စုရဲ့ စစ်တပ် ဗမာလူမျိုးကြီးဝါဒီနဲ့ ဗမာစစ်အုပ်စုရဲ့ ထိန်းချုပ်မှုအောက်မှာ ဟုတ်တယ်မလား။ အုပ်ချုပ်မှု အောက်မှာ နေခဲ့ရပြီးတော့မှ ကျွန်တော်တို့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ နိုင်ငံရေးအသံ၊ သူတို့ရဲ့ ဟိုဟာ ကျွန်တော်တို့ လိုလားချက်တွေ၊ ဟုတ်တယ်မလား။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ၊ နိုင်ငံရေးအာဏာတွေ ဘာမှမရှိခဲ့ဘူး။ စာပေ၊ ယဉ်ကျေးမှု၊ ဘာသာစကား စသည်ဖြင့်ပေါ့။ အစစအရာရာနစ်နာခဲ့တယ်။ ဆိုတော့ သူတို့က ဒီ ကိုယ် ၂၀၂၀ ရွေးကောက်ပွဲမှာကြည့်ရင်လည်း ဒီမိုကရေစီအများစုနဲ့ မှန်မှန်သွားတာပဲ ရှိတယ်ပေါ့။ ဆိုတော့ တိုင်းရင်းသားတွေကတော့ ဒါကို ကြောက်တယ်။ ဒီလိုမျိုးမခံချင်ဘူး။ ကိုယ့် Identity ကို အဓိက မြတ်နိုးတယ်။ မြတ်နိုးကြတယ်။ ဆိုတော့ အဲ့ဒါကြောင့် ဒီ ခေတ်အဆက်ဆက် ဒီလိုမျိုးခံနေခဲ့ရတဲ့အတွက် ဒီလိုမျိုး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေက Confederate တို့ Federal တို့ ပြောလာကြတာ။ ဒါကတော့ မ မမှားဘူး။ ဘာမှ မမှားဘူးဆိုတာက အကြောက်တရားရှိတယ်လေ။ အရင်တုန်းက ခံလာရခဲ့ပြီ။ အဲ့ဒါကြောင့် ငါတို့ ဒီ ငါတို့ကို ဒီအခွင့်အရေးပေးမှ ငါတို့ ဟို အဆင်ပြေမယ်။ မဟုတ်ဘူးဆိုရင် ငါတို့ ပျောက်ကွယ်သွားမယ်။ ငါတို့အခွင့်အရေး ဘာမှ ရမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် Federal မှာ တစ်ခါ ကျွန်တော်တို့ ဒီ Bottom Up Federalism ပြောဗျာ။ ပြောမယ်ဆိုရင် Coming Together Federal ပဲ။ ဆိုတော့ အဲ့ဒါကို အစောတုန်း၊ အစောပိုင်းမှာတော့ NUG CRPH တို့ သိပ် နားလည်မှုမရှိ သဘောမပေါက်ခဲ့ပေမဲ့ ယုံကြည်မှုမရှိခဲ့ပေမဲ့ အခုနောက်ပိုင်းတော့ ကျွန်တော်တို့ တွေ့တယ် လေ။ သူတို့ Bottom Up Federalism ကို သဘောတူတယ်။ ဟိုမှာ တည်ဆောက်မယ်ပေါ့။ ဖက်ဒရယ်ကို။ အဲ့ဒါတွေထုတ်တာတော့ တွေ့တယ်ဗျာ။ အဲ့ဒီဘာလဲ။ K3C လား။ ကရင်နီတို့၊ ကချင်တို့၊ ကရင်တို့ ပေါင်းပြီးတော့ ဒီ NUG တို့ ထုတ်တာတော့ တွေ့တယ်လေ။ Bottom Up Federalism ကို တည်ဆောက်မယ်တို့ ဘာတို့ဆိုလို့ရှိရင် ဒါကဗျာ။ နားလည်သဘော ပေါက်တယ်။ ဆိုတော့ ဒီ တိုင်းပြည်ကို ဘယ်လိုမျိုးဖက်ဒရယ်ကို တည်ဆောက်မလဲဆိုတဲ့ အယူအဆတွေကို အာဏာသိမ်းပြီး နောက်ပိုင်းမှာဖြစ်လာတဲ့ ဒီ ဆွေးနွေးပြောလာကြတဲ့ အချင်းချင်းကြားမှာပြောလာတဲ့အပေါ်မှာ နားလည်မှု တစ်စုံတစ်ရာရတာလို့ ပြောလို့ရ တာပေါ့။ ဒါပေမဲ့ ဒါ NUG သာ ဒါကို သဘောပေါက်တယ်ဆိုပါစို့။ ဗမာအများစုကရော။ အထူးသဖြင့် ဒီ NLD ပါတီပေါ့။ NLD ပါတီက ဗမာပြည်မှာ အများဆုံး ထောက်ခံမှု အကောင်း ဆုံးပါတီ။ ဆိုတော့ ဒီပါတီက ခေါင်းဆောင်တွေရော နားလည်လာပြီဆိုလို့ရှိရင်တာက ဒီလိုမျိုး ဖက်ဒရယ်ကို တည်ဆောက်ချင်သလား။ ဆိုတော့ အဲ့ဒီဟာက မေးခွန်းထုတ်စရာဖြစ်တယ်။ NUG က ဒီ Bottom Up Federalism ကို တည်ဆောက်ဖို့အတွက် လက်ခံတဲ့ သဘောတူတယ် ဆိုလိုက်တာသည် ဗမာတစ်ပြည်လုံးက ပြောမယ်ဆိုရင် NLD ပါတီတစ်ခုလုံးက ဒါ ထောက်ခံတယ်လို့ ပြောလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က သီးသန့်ကွဲနေကြတာ။ NLD မှာ ခေါင်းဆောင်မှုမရှိနေဘူး ဒီကာလမှာ။ NUG မှာပါတဲ့သူတွေက NLD အဖွဲ့ဝင်မဟုတ် ပေမဲ့ သူတို့ကတော့ သူတို့ဟာသူတို့ Individually သူတို့ ဒီ CRPH ကနေ တစ်ဆင့်သော်လည်းကောင်း၊ Individually ပါနေကြတာ။ ကျွန်တော်တို့ အဲ့ဒါကို ကွဲပြီးတော့ မြင်ရမယ်။ ဆိုတော့ NUG မှားတိုင်းလည်း NLD မှားတယ်လို့ ကျွန်တော်တို့ မပြောလို့မရဘူး။ ဆွဲစိလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကာလမှာ အဲ့လိုမျိုးဖြစ်နေတာ။ ဆိုတော့ NUG က သဘောတူလိုက်တိုင်း NLD သဘောတူပြီဆိုတာကိုလည်း ကျွန်တော်တို့ မှတ်ယူလို့မရဘူး။ ကျွန်တော်တို့ ပညာပေးမှုတွေ အများကြီးလိုတယ်။ ဆိုတော့ အကြံပြုပြောလိုတာကတော့ ပထမတစ်ချက်ကတော့ NUG အနေဖြင့် NUG မှာတော့ ဗမာအများစုပါတာပေါ့။ ဟုတ်တယ်မလား။ ဒီ Bottom Up Federalism ကျွန်တော်တို့ အရင်တုန်းက ပြောခဲ့တဲ့ Coming Together Federalism ပေါ့ဗျာ။ ပြောမယ်ဆိုရင်။ ဒါနဲ့ အတူတူပါပဲ။ ဒီဟာကို Concept ကို လက်ခံပြီးတော့မှ လက်ခံတယ်ဆိုတာကို Welcome လုပ်ရမယ်။ ကျွန်တော်တို့ ကြိုဆိုရမယ်။ တစ်ဆက်တည်းမှာပဲ ဒီလို လက်ခံသလို လက်တွေ့လည်း ကျင့်သုံးဖို့လိုတယ်။ လက်တွေ့လည်း ဒီ ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးနေတဲ့ ဒေသတွေမှာ ကိုယ့်တော် လှန်ရေးတပ်ဖွဲ့တွေက ကိုယ့်ဒေသကို အုပ်ချုပ်နေရင် ဒါ ကိုယ့်ယန္တရားနဲ့ရှိနေတဲ့ဟာမှာ NUG အနေဖြင့် ငါကလုံးဝ Federal အစိုးရပါ။ ဝင်ရောက်စွက်ဖက်မယ်။ ဥပမာ အစိုးရတစ်နိုင်ငံလုံး အစိုးရ ဝင်ရောက်စွက်ဖက်တာတို့ ဘာတို့ ဟို မလုပ်ဖို့လိုတယ်။ မလုပ်မိဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ Bottom Up Federalism ကို ကျွန်တော်တို့ ပြောတိုင်းပြောတိုင်းတော့ ဒီ Federal Unit တွေရဲ့ အုပ်ချုပ်ရေး၊ ဒီသူတို့ တရားစီရင်ရေး စသည်ဖြင့်ပေါ့။ ဒီဟာတွေမှာ ဝင်ရောက်စွက်ဖက်မှုက နည်းတယ်။ အဲ့ဒါကြောင့် လက်တွေ့ကျင့်သုံး၊ Practice လည်း လုပ်စေချင်တယ်။ တစ်ဖက် တစ်ဆက်တည်းမှာပဲ ဒီ Bottom Up Federalism ဆိုတဲ့ Concept တွေကို ပြီးရင် Federalism ဘာလို့ လိုအပ်သလဲ။ ဟုတ်တယ်မလား။ ဘာလို့ ဒီ Coming Together Federal ဖြစ်သင့်သလဲ။ စသည်ဖြင့်ကို NUG အနေဖြင့် သူ့ကို ထောက်ပံ့နေတဲ့ ဗမာအများစု ပြည်သူ ပြည်သားတွေကို သူ အသိပညာပေးသင့်တယ်။ စည်းရုံးဟောပြောသင့် တယ်။ အမြဲတမ်း ဒါကို ဟောပြောနေဖို့လိုတယ်လို့ ကျွန်တော်မြင်တယ်။ အဲ့ဒီမှသာလျှင် ကိုယ်တိုလည်း Concept ပြောင်းသလို ပြည်သူလူထုကလည်း ကိုယ်နဲ့ အတူတူ လိုက်ပြီးတော့ Concept တွေ ပြောင်းလာတယ်ပေါ့ဗျာ။ နိုင်ငံရေးအရ သိမြင်ပြောင်းလာတယ်။ ဆိုတော့ အဲ့လိုမျိုးဆိုရင် ကျွန်တော်တို့ ဒီ စစ်အုပ်စုကို ကျွန်တော်တို့ နိုင်ငံရေးနိုင်ပြီးတဲ့ နောက်ပိုင်းမှာ အဲ့ဒီဒီ Federalism Building ကျွန်တော်တို့ တိုင်းပြည်တည်ဆောက်ရေး ဘယ်လို တည်ဆောက်မလဲဆိုတဲ့ အပေါ်မှာတော့ အငြင်းအများကြီး ငြင်းပွားစရာမရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေလည်း လက်ခံကြမယ်။ နားလည်ကြမယ်။ ဆိုတော့ သဘောပေါက်ကြတာပေါ့ဗျာ။ သဘောပေါက်တယ်ဆိုရင် ကျွန်တော်တို့ အများကြီး ဒီ ငြင်းနေစရာမရှိဘဲနဲ့ ဟို ငြိမ်းချမ်းစွာနဲ့တော့ တည်ဆောက်နိုင်မယ်လို့ ထင်တယ်။
ဆလိုင်းဒိုခါရ် – ဟုတ်။ တစ်ဆက်တည်းမှာပဲ ကိုတင်ဦးတို့ ဒါ အရင်က မိခင်အဖွဲ့အစည်းဆိုရင် ဒါ နိုင်ငံတကာ advocacy လုပ်ငန်းဟာမျိုး တက်ကြွလှုပ်ရှားမှု လုပ်ငန်းဟာမျိုးမှာ ပုံမှန်လှုပ်ရှား တဲ့ အဖွဲ့ဖြစ်တာ။ ကိုတင်ဦးအနေနဲ့လည်း ဒါ ဒီလို နိုင်ငံတကာ Advocacy လုပ်ငန်းတချို့မှာ ပါဝင်နေမှန်း ကျွန်တော် သိလိုက်တယ်ပေါ့နော်။ ဆိုတော့ မေးချင်တာက အခုလက်ရှိ မြန်မာ့အရေးပေါ်မှာ စောနက ကျွန်တော်တို့ တော်လှန်ရေးအင်အားစု အားနည်းချက်တွေကိုပဲ အကြောင်းပြုပြီးတော့မှ တခြားအားသာချက်ကို မမြင်တော့ဘဲနဲ့ မြန်မာနိုင်ငံအရေးကို စစ်ကောင်စီဘက်ကို အမှတ် အသာပေးတဲ့ပုံစံမျိုး ရပ်တည်ချက်ရှိနေတယ်ဆိုတဲ့ သုံးသပ်ချက် တွေ ရှိတယ်။ အခု အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာ့အရေးပေါ် ရပ်တည်ချက်၊ အာဆီယံအနေနဲ့ မြန်မာ့အရေးပေါ် ရပ်တည်ချက် ဒါတွေကို ဘယ်လိုမြင်သလဲ။ အားရကျေနပ် မှုရှိသလား။ ဒီထက်မက ကျွန်တော်တို့ ပြည်သူတွေ တော်လှန်မှု အောင်မြင်ဖို့အတွက် ဘယ်လို အပြုသဘောဆောင်ပြီးတော့ ပိုပံ့ပိုးသင့်သလဲ။ အဲ့ဒါ အဲ့ဒီကဏ္ဍလေး ဆွေးနွေးပေးပါ။
Ko Ting Oo – ကျွန်တော်တို့ နိုင်ငံတကာအတွေ့အကြုံအရဗျာ။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ဒီ နွေဦးတော်လှန်ရေးမတိုင်ခင်လည်း ကျွန်တော်တို့ အများကြီး နိုင်ငံတကာတွေကိုလည်း ပြောရတယ်။ ဥပမာ ရခိုင်ပြည်မှာ လူ့အခွင့်အရေးချိုးဖောက်မှု၊ လက်နက်ကိုင်ပဋိပက္ခမှာ လူ့အခွင့်အရေးချိုးဖောက်မှု ခံရတယ်။ အဲ့ဒီကိစ္စတွေလည်း ကျွန်တော်တို့ ပြောရတယ်။ အားကိုးတယ်၊ ပြောတယ်ပေါ့နော်။ ဆွေးနွေးတင်ပြတာပေါ့။ ဆိုတော့ နိုင်ငံတကာကလည်း သူတို့ စိုးရိမ်ချက်တွေပြောတယ်။ သူတို့ လုပ်နိုင်တဲ့ဟာတွေ လုပ်ပေးတယ်။ ဒီ အခု နွေဦးတော်လှန်ရေးနောက်ပိုင်း ပြည်သူလူထုက နိုင်ငံတကာကိုလည်း အားကိုးနေကြတာတွေ့ တယ်။ နိုင်ငံတကာရဲ့အခန်းကဏ္ဍကိုလည်း ကျွန်တော်တို့ ဒီ ဟိုဟာ မေ့ပစ်လို့မရဘူး။ ဆိုတော့ တော်လှန်ရေးအောင်မြင်ဖို့အတွက်။ ဆိုတော့ လက်ရှိမှာ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အပြုအမူတွေ ကျွန်တော်တို့ ကြည့်မယ်ဆိုရင်ပေါ့ဗျာ။ ဥပမာ တရုတ်ကနေစ၊ ဥပမာ အိန္ဒိယကနေစကြည့်မယ်ဆိုရင် တရုတ်ကတော့ ပထမ အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ သူကတော့ ကြည့်မယ်ဆိုရင် ကြားနေသလို နေတယ်လို့ ကျွန်တော်တို့ မြင်တယ်။ အခုနောက် ပိုင်းကျတော့ တော်လှန်ရေးအင်အားစုတွေရဲ့ အခြေအနေတွေကိုလည်း သူ သုံးသပ်ပုံပေါက် တယ်။ သုံးသပ်တော့ အခြေအနေတစ်ခု သူ့ဟာသူတော့ သူ တစ်မျိုးမြင်တာဖြစ်မယ်။ အဲ့ဒါကျ သူအခုကြည့်ရသလောက်ဆိုရင် စစ်အုပ်စုကို အများကြီး သူ လုံးဝ ပေါ်ပေါ်တင်တင် Directly Support လုပ်နေပြီပေါ့နော်။ ကူညီထောက်ပံ့ပေးနေတာတွေ့တယ်။ သူ့နိုင်ငံမှာလုပ်တဲ့ ဒီ Conference တွေ၊ ညီလာခံတွေလုပ်ရင်၊ ဆွေးနွေးလုပ်ရင် သူ မင်းအောင်လှိုင်ကို ဖိတ်တယ်။ မင်းအောင်လှိုင်နဲ့လည်း တွေ့တယ်။ သူတို့ နိုင်ငံခြားရေးဝန်ကြီးတွေလည်း မင်းအောင်လှိုင် လည်း ဒီ ရန်ကုန်ကို လာတယ်။ တစ်ဖက်မှာလည်း သူ မင်းအောင်လှိုင်ကို စစ်ရေးဆိုင်ရာ လက်နက်တွေလည်း ထောက်ပံ့တာလည်း ရောင်းတာရှိတယ်။ ရွေးကောက်ပွဲလုပ်ဖို့အတွက် သူက ဒီ မင်းအောင်လှိုင်ကို တွန်းအားပေးတယ်။ သူပြောတာက အဓိက အကြံပေးတယ်လို့ ပြောရမလား။ တွန်းအားပေးတယ်လို့ ဝင်ရောက်စွက်ဖက်တာပေါ့။ မင်းရွေးကောက်ပွဲလုပ်။ ရွေးကောက်ပွဲလုပ်ပြီးရင် ဒါ အရင်တုန်းကလိုမျိုးပေါ့။ ၂၀၁၀ တုန်းက ပုံစံမျိုး USDP ပါတီက အစိုးရဖြစ်လာတယ်ဗျာ။ အဲ့တုန်းက။ ဆိုတော့ အခုလည်း ထုံးစံအတိုင်း အဲ့လိုမျိုး သူက သူတို့က တရုတ်က မြင်ထားပုံပေါက်တယ်။ ဒါပေမဲ့ ပြည်သူကတော့ ဒီဟာကို အရင်တုန်းက ဟာနဲ့ မတူတော့ဘူး။ ၂၀၁၀ နဲ့ မတူတော့ဘဲနဲ့ ပြည်သူလက်ခံမှာ မဟုတ်ဘူး။ အများကြီး တော်လှန်နေတဲ့အရှိန်။ နောက် တရုတ်ကတော့ ဒီလိုမြင်နေတာပေါ့နော်။ ဒီ ရွေးကောက်ပွဲ လုပ်ရင် ဒါ ဒီနေသွားမယ်။ တစ်ဖက်က အဲ့လိုမျိုးရှိသလို တစ်ဖက်ကလည်း မင်းအောင်လှိုင် ကိုပဲ သူက ကိုင်မှဖြစ်မယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ အကျိုးစီးပွားတွေက တော်တော် များများ ကာကွယ်ပေးနိုင်မယ့်အင်အားစုကတော့ မင်းအောင်လှိုင်လို့ပဲ မြင်တယ်။ သူက စစ်တပ်ပဲ ကာကွယ်ပေးနိုင်မယ်လို့ သူတို့ မျှော်မှန်းပုံပေါက်တယ်။ အဲ့ဒါကြောင့် သူက စစ်တပ်ကို ထပ်ပြီးတော့ ကူညီပေးတယ်။ အဲ့ဒါက တော်တော် ပြည်သူလူထုအတွက်ကတော့ တော်တော် အန္တရာယ်ကြီးတယ်ပေါ့ဗျာ။ ဒါစိုးရိမ်စရာ။ တစ်ဖက်မှာ အိန္ဒိယကို ကြည့်လိုက် ရင်လည်း သူကတော့ အိန္ဒိယကတော့ဗျာ။ သူတို့ စစ်အုပ်စုကို အစိုးရပုံစံမျိုး ဆက်ဆံတယ်။ ပြီးရင် ရွေးကောက်ပွဲလုပ်ဖို့အတွက် သူက ဒီ EVM ဆိုတဲ့ Electronic Voting Machine နည်းပညာကို သူပေးတယ်။ ထောက်ပံ့တယ်။ နောက်ပြီးရင် ဒီ စစ်လက်နက်တွေ ရောင်း တယ်။ ဆိုတော့ ပြောမယ်ဆိုရင် ပုံမှန်လုံးဝ အစိုးရတစ်ရပ်ပုံစံမျိုး အိန္ဒိယက အသိအမှတ်ပြု ပြီးတော့ ဆက်ဆံနေတယ်။ ဒါပေမဲ့ တစ်ဖက်က ကျွန်တော်တို့ ပြောမယ်ဆိုရင် အိန္ဒိယတို့က ဒီတိုင်းလွှတ်ထားရင် ဒီကောင် တရုတ်တပည့်လုံးစုံ ဖြစ်သွားမယ်ပေါ့ဗျာ။ အဲ့လိုမျိုးစိုးရိမ် တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ အိန္ဒိယကလည်း သူ့ရဲ့ ပထဝီနိုင်ငံရေးအရ သူလည်း ဒီ စစ်တပ်ကို သူက ကိုင်ထားချင်တယ်။ တပည့်မဟုတ်ရင်တောင် အနည်းဆုံး သူငယ်ချင်း မိတ်ဆွေအနေဖြင့် သူက ကိုင်ထားချင်တယ်။ ကျွန်တော်တို့ ရခိုင်ပြည်မှာ စီမံကိန်းတွေ ရှိတယ်။ တရုတ်မှာလည်း စီမံကိန်းရှိတယ်။ ဆိုတော့ ရခိုင်၊ ပြောမယ်ဆိုရင် ရခိုင်ပြည်မြောက် ပိုင်းနဲ့ တောင်ပိုင်းကို မြောက်ပိုင်းကို အိန္ဒိယက လွှမ်းမိုးမှုယူဖို့ ကြိုးစားတယ်။ တောင်ပိုင်း ကိုကျတော့ တရုတ်က လွှမ်းမိုးမှုယူဖို့ ကြိုးစားတယ်။ ယူလည်းယူနေပြီ။ တရုတ်ကကျတော့။ တရုတ်စီမံကိန်းကျတော့ အကောင်ထည်ဖော်နေတာရှိနေပြီ။ အိန္ဒိယစီမံကိန်းကျတော့ သူက ကလက်တန်စီမံကိန်းကျတော့ သူ ဒီ Infrastructure ပိုင်း တည်ဆောက်မှုတွေ စစ်တွေမှာ ဆိပ်ကမ်းတွေ၊ ပလက်ဝမှာလည်း ဆိပ်ကမ်းတွေ ပြီးပြီ။ အဓိက ဟို ကုန်သွယ်မှု ကယ်လ်ကတ္တားနဲ့ စစ်တွေနဲ့ ပြီးရင် မီဇိုရမ်နဲ့ ကုန်သွယ်မှု မလုပ်တဲ့ဟာ ကာကွယ်ရှိပြီးတော့ ရှိတယ်ပေါ့နော်။ ဆိုတော့ ဘယ်လိုဖြစ်ဖြစ် သူကတော့ သူ့အကျိုးစီးပွားရှိနေတဲ့ ပုံတန်းကျွန်းမှာလည်း သူက Industrial Zone တစ်ခုလုပ်ဖို့ စဉ်းစားခဲ့တာရှိတယ်။ ဆိုတော့ အိန္ဒိယကတော့ ဘယ်လိုဖြစ်ဖြစ် သူ တက်လာတဲ့အစိုးရကို သူက ဒီလိုအစိုးရပုံစံမျိုး သူက ဆက်ဆံတယ်။ စစ်တပ်ကိုလည်း အဲ့လိုမျိုးဆက်ဆံတယ်။ စစ်တပ်နေရာမှာ တခြားတစ် ယောက်ရောက်ရင်လည်း သူက အဲ့လိုမျိုး ဆက်ဆံမှာပဲ။ ဆိုတော့ တရုတ်နဲ့ အိန္ဒိယကို ကြည့်လိုက်မယ်ဆိုရင် မင်းအောင်လှိုင်ကို ထောက်ပံ့ပေးနေတယ်။ ကူညီပေးနေတယ်။ အသိအမှတ်ပြုနေတယ်။ ဆိုတော့ အဲ့ဒီမှာ မင်းအောင်လှိုင်က သူ့ နိုင်ငံရေးအရ သူ အားရကျေနပ်မှုရှိနေတယ်။ တစ်ဖက်မှာ အာဆီယံ ခုနကပြောတဲ့ ကျွန်တော်တို့ မြင်တာက အာဆီယံကဗျာ။ ပထမတစ်ချက်က ကျွန်တော်တို့ အားရကျေနပ်မှုရှိခဲ့တာကတော့ အဲ့ဒီ NUG အစိုးရဖွဲ့ပြီးတဲ့ နောက်ပိုင်းမှာပေါ့ဗျာ။ ဒီ ၂၀၂၁ ခုနှစ်မှာ အဲ့ဒီ အာဆီယံထိပ်သီးအစည်းအဝေး မတိုင်ခင် NUG အစိုးရဖွဲ့တာပေါ့။ ဖွဲ့တော့ ကျွန်တော်တို့ အဲ့ဒီမှာ အဓိက ဒီ အာဆီယံကို ကျွန်တော်တို့ Lobby တွေ လုပ်ခဲ့တယ်လေ။ Advocacy အများကြီး လုပ်ခဲ့တယ်။ စစ်တပ်ကို အာဆီယံထိပ်သီးအစည်းအဝေးကို မဖိတ်ဖို့ပေါ့။ တကယ်လည်း မင်းအောင်လှိုင် မတက်ခဲ့ရ ဘူး။ သူ့ရဲ့ နိုင်ငံရေးနဲ့ ဘာလဲ။ ဟို ရာထူးငယ်တဲ့၊ မဆိုင်တဲ့ ထိပ်ပိုင်းခေါင်းဆောင်မဟုတ်တဲ့ ရာထူးငယ်တဲ့တစ်ယောက်ပဲ တက်ရတယ်။ ဆိုတော့ အဲ့ဒီတုန်းကဆိုရင် အာဆီယံကို ကျွန်တော်တို့ စည်းရုံးလှုံ့ဆော်တာ အောင်မြင်ခဲ့တယ်။ အခုထိလည်း မင်းအောင်လှိုင်က အဲ့ဒီ အာဆီယံထိပ်သီးအစည်းအဝေးကို သွားတက်ခွင့်မရှိနေဘူး။ ဒါပေမဲ့ တခြားအာဆီယံအစည်း အဝေးတွေကျတော့ တခြားဌာနတွေအစည်းအဝေးတွေကျတော့ သွားတက်ခွင့်ရတယ်။ နောက်ပြီးတော့ 5 Point Consensus ဆိုပြီးတော့ သူတို့ ဆုံဖြတ်လိုက်တော့။ 5 Point Consensus လည်း တကယ်ဆိုရင် အာဆီယံရဲ့ အာဆီယံကတော့ ကိုယ့်ရပ်တည်ချက်နဲ့ 5 Point Consensus ကို ဆုံးဖြတ်လိုက်ပေမဲ့ အဲ့ဒါက ပြည်သူတွေ အများကြီးလိုလားနေတဲ့ ဗမာပြည်သူတွေလိုလားနေတာနဲ့ မကိုက်ညီနေဘူး။ ကိုက်ညီတာတောင် ဒါ စစ်တပ်အဲ့ဒီ 5 Point Consensus ကိုလည်း မခံဘူး။ အကောင်အထည်မဖော်ဘူး။ ဆိုတော့ အာဆီယံ အနေဖြင့် စဉ်းစားသင့်တာက ဒီ 5 Point Consensus နဲ့ မရတော့ဘူး။ အဲ့ဒီ 5 Point Consensus အပြင် လုပ်ရမယ့် ဘာတွေလုပ်ရမလဲဆိုတာကို ဖောက်ထွက်ပြီးတော့ စဉ်းစား ရမယ်။ နောက်ပြီးတော့ အာဆီယံနဲ့ ပြောမယ်ဆိုရင် အာဆီယံမှာ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ အကျိုးစီးပွားမတူနေတော့ ဆုံးဖြတ်ချက်တွေကလည်း ကျွန်တော်တို့ ပြည်သူတွေ၊ လူထု၊ ဗမာပြည်သူလူထု၊ တော်လှန်ရေးအင်အားစုတွေ၊ နိုင်ငံရေးအင်အားစုတွေ လိုလားတဲ့ ရလဒ်တွေကတော့ ထွက်လာမှာ မဟုတ်ဘူး။ မမျှော်လင့်ဘူးပေါ့နော်။ ကျွန်တော်တို့။ ဒါပေမဲ့ နိုင်သလောက်ရသလောက်ကိုတော့ ကျွန်တော်တို့ ပြောရမယ်။ စည်းရုံးရမယ်။ အသိအမှတ် မပြုဖို့ ဆိုတာကို။ ဆိုတော့ အဲ့လိုမျိုး ပြောလောသာ လောလောဆယ် ဒီလောက် အခြေအနေမှာ ရှိနေပြီပေါ့။ မပြောရင်တော့ အများကြီး သူတို့ ဒီထက်ဆိုးနေပြီပေါ့နော်။
ဆလိုင်းဒိုခါရ် – ဆိုတော့ ဒါ အခု ဒီ တရုတ်ဆိုရင် သူ့ရဲ့အကျိုးစီးပွားကိုကြည့်ပြီးတော့မှ စစ်ကောင်စီကို ပူပေါင်းတယ်။ အိန္ဒိယဆိုလည်း အဲ့လိုပုံစံမျိုး ဖြစ်တယ်။ သို့သော်လည်း တစ်ဖက်မှာလည်း အိန္ဒိယက Federal နိုင်ငံတစ်ခုဖြစ်တယ်။ ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်တယ်။ ဆိုတော့ ဒါ မြန်မာနိုင်ငံမှာ တရုတ်လွှမ်းမိုးတဲ့ ရုပ်သေးရုပ်အစိုးရဟာမျိုး၊ စစ်ကောင်စီအစိုးရ ဟာမျိုးရှိနေတဲ့ဟာက သူတို့အတွက် အန္တရာယ် ပိုမကြီးဘူးလား။ ဒါ တော်လှန်ရေး အင်အားစုတွေက အနိုင်ရပြီးမှ တကယ့်ကို တရုတ်နဲ့ အိန္ဒိယကြားမှာ ဘက်မလိုက်တဲ့ နိုင်ငံရေးမှု ကိုင်တဲ့ တကယ့် အားကောင်းတဲ့ ပြည်သူ့အစိုးရဟာမျိုးရှိလာဖို့က ပိုပြီးတော့မှ အိန္ဒိယအကျိုးစီးပွားကို ကာကွယ်ပေးနိုင်မှာမဟုတ်ဘူးလား။ အထူးသဖြင့် တရုတ်ကတော့ ထားလိုက်တော့။ အိန္ဒိယကို အိန္ဒိယအနေနဲ့ မြန်မာ့အရေးမှာ ဘယ်လိုရပ်တည်သင့်သလဲ။ ဘယ်လို မြန်မာ့တော်လှန်ရေးကို ကူညီပံ့ပိုးသင့်တယ်လို့ မြင်သလဲ။ ဆွေးနွေးပေးပါဦး။
Ko Ting Oo – ဆိုတော့ အိန္ဒိယကလည်း စဉ်းစားဖို့လိုတာက အိန္ဒိယအစိုးရအနေဖြင့် ငါတို့သည် Proud ဖြစ်ရမယ်။ ကိုယ့်ဟာကို။ ငါတို့သည် တကယ်လည်း အိန္ဒိယနိုင်ငံကလည်း အမြဲတမ်း သူတို့ပြောတယ်။ ငါတို့သည် ဒီကမ္ဘာမှာ ဒီမိုကရေစီရဲ့ နိုင်ငံအကြီးဆုံးနိုင်ငံဖြစ်တယ် ဆိုတာကိုလည်း တကယ် သူတို့ကိုယ်တိုင်လည်း ဂုဏ်ယူကြတယ်။ အဲ့လိုမျိုးဂုဏ်ယူသလို တစ်ဖက်မှာ ဒီမှာ ဒီမိုကရေစီ ထွန်းကားဖို့အတွက်၊ ဒီမိုကရေစီ ပြန်ပြီးတော့ မြန်မာပြည်မှာ Restore လိုက်အောင် လုပ်နိုင်ဖို့အတွက်ကိုလည်း အိန္ဒိယအနေဖြင့်လည်း စဉ်းစားပေးသင့် တယ်။ ကူညီပေးသင့်တယ်လို့ထင်တယ်။ အခု ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းသွားတာသည် ဒါ ဒီမိုကရေစီ ရွေးကောက်ပွဲက နိုင်လာတဲ့ အစိုးရကို သူတို့က ဖမ်းဆီး ထောင်ချပြီးတော့မှ အစိုးရတက်လာတာ။ စစ်တပ်က အစိုးရဆိုပြီးတော့ ယူလာတာ။ ဆိုတော့ မတရားအာဏာ သိမ်းတာပဲ။ အဲ့ဒါကို အိန္ဒိယအစိုးရအနေဖြင့် နားလည်ဖို့လိုတယ်။ လူထုကလည်း လမ်းမှာ ထွက်ပြီးတော့ တစ်နိုင်ငံလုံးမှာ ဆန္ဒပြ ဆန္ဒပြကြတယ်။ တောင်းဆိုကြတယ်။ အဲ့ဒါကို အိန္ဒိယအစိုးရလည်း မြင်ပြီးသားပဲ။ အိန္ဒိယနိုင်ငံအစိုးရလည်း မသိတာမဟုတ်ဘူး။ သိတယ်။ ဆိုတော့ ဟို ကျွန်တော်တို့ အနေဖြင့် အိန္ဒိယကို ပြောချင်တာကတော့ တောင်းဆိုချင်တာ ကတော့ အိန္ဒိယအစိုးရကို။ လူထုနဲ့ ရပ်တည်ပေးစေချင်တာပေါ့။ မြန်မာပြည်မှာ ဒီမိုကရေစီကို လိုလားတဲ့ ပြည်သူလူထု ဆန္ဒပြတယ်၊ တောင်းဆိုတယ်။ လက်ရှိ အာဏာသိမ်းထားတဲ့ တရားမဝင်တဲ့ မင်းအောင်လှိုင် စစ်အုပ်စုကို ဖြုတ်ချစေချင်တယ်။ ပိတ်ဆို့မှုတွေ အများကြီး လုပ်စေချင်တယ်။ သူတို့ကို ဖိအားပေးစေချင်တယ်။ နိုင်ငံတကာကို မြန်မာပြည်သူလူထုက အားကိုးတာက အဲ့ဒါပဲ။ တရားဝင်အစိုးရဖြစ် အသိအမှတ်မပြုဖို့ကို လူထုက လိုလားတယ်။ နောက်တစ်ခုက မင်းအောင်လှိုင် နေ့စဉ်နဲ့အမျှ ဒီပြည်သူလူထုကို ဒုက္ခပေးနေတဲ့ လေကြောင်း နဲ့ ဗုံးကြဲနေတာတို့၊ လက်နက်ကြီးနဲ့ပစ်နေတာတို့ ဒါ ပြည်သူလူထုကို နေ့တိုင်း လူ့အခွင့်အရေးချိုးဖောက်နေတာတို့ ကို အဲ့ဒါသည် ဒီ ဆိုတော့ အိန္ဒိယအစိုးရအနေဖြင့် ဒီ စစ်အုပ်စုကို ရောင်းချပေးနေတဲ့ ဒီ စစ်တပ် ဒီ စစ်လက်နက်တွေကို ရောင်းချမှုကို ရပ်တန့်ပေးဖို့ မရောင်း မရောင်းပေးနဲ့ပေါ့နော်။ ရပ်တန့်ပေးဖို့။ တကယ်လို့ အိန္ဒိယနဲ့ မြန်မာနဲ့ ပြီးခဲ့တဲ့ ဒီမိုကရေစီအစိုးရကာလတုန်းမှာ စစ်လက်နက်တွေ အရောင်းအဝယ်လုပ်ဖို့အတွက် သဘောတူညီမှုရှိခဲ့ရင်တောင် အိန္ဒိယအစိုးရအနေဖြင့် ဒါကို စဉ်းစားပြီးတော့မှ အဲ့တုန်း ကတော့ ဒီမိုကရေစီအစိုးရ။ ဒါပေမဲ့ လက်ရှိကတော့ ဒီမိုကရေစီအစိုးရမဟုတ်တော့ဘူး။ ငါတို့ ဒီ ငါတို့ရောင်းလိုက်တဲ့ လက်နက်သည် ပြည်သူလူထုကို ဒုက္ခပေးတယ်။ အိန္ဒိယအစိုးရက အဲ့လိုမျိုး ကိုယ့်နိုင်ငံမှာလည်း အိန္ဒိယအစိုးရသည် ပြည်သူလူထုကို ဒုက္ခမပေးဘူး။ အဲ့လိုမျိုး အိန္ဒိယစစ်တပ်က တစ်ခါမှ ကိုယ့်ပြည်သူ ဒုက္ခမပေးဘူး။ ဆိုတော့ အဲ့ဒါကြောင့် ဒီ မင်းအောင်လှိုင်ကို အိန္ဒိယအစိုးရအနေဖြင့် လက်နက်အရောင်းအဝယ်မှုကို ပိတ်ပစ် ပိတ်ပင်ရမယ်။ ပြီးရင် ဒီ မင်းအောင်လှိုင်နဲ့ တရားဝင်ကုန်သွယ်မှု၊ ဒီ Trade မှာ မင်းအောင်လှိုင် ကို ဒေါ်လာတွေ ပေးနေတဲ့ကိစ္စတွေရှိတယ်ဆိုရင်လည်း ဒါ ရပ်၊ အိန္ဒိယအစိုးရအနေဖြင့် ဒါကို ရပ်တန့် ရပ်တန့်သင့်တယ်ပေါ့နော်။ မပေးသင့်ဘူး။ ချုပ်ပြီးတော့ ပြောမယ်ဆိုရင် တိတိကျကျက မင်းအောင်လှိုင်သည် ဒီမိုကရေစီနဲ့ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရ တစ်ရပ်ကို မတရားအာဏာသိမ်းပြီးတော့မှ သူသည် လောလောဆယ် အာဏာ အစိုးရပါ ဆိုပြီးတော့ ယူထားတာဖြစ်တယ်။ အဲ့ဒါကြောင့် အိန္ဒိယအစိုးရအနေဖြင့် အသိအမှတ်မပြု သင့်ဘူး။ ညီလာခံတို့ ဘာတို့မှာ ဖိတ်တာတွေဘာတွေ မလုပ်ဖို့။ ပြီးရင် ဒီလိုမျိုး လက်နက် အရောင်းအဝယ်မှုတွေ ပိတ်ပင်ဖို့။ ဟုတ်တယ်မလား။ အဲ့ဒီဟာတွေ ပူးပေါင်းဆောင်ရွက်မှု မလုပ်ဖို့ကို ပြည်သူလူထုက လိုလားပါတယ်။ အဲ့ဒါတစ်ချက်ပေါ့။ နောက်တစ်ချက်ကတော့ ဒီ နယ်စပ်မှာ ကျွန်တော်တို့ အိန္ဒိယနဲ့ မြန်မာနဲ့ နယ်စပ်မျဉ်းကြောင်းအများကြီး အရှည်ကြီး ရှိတယ်။ ဆိုတော့ အဲ့ဒီမှာ လက်ရှိ နယ်စပ်ကို ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်။ အဲ့ဒီမှာ အိန္ဒိယနဲ့ နယ်စပ်မြို့တွေရှိတယ်။ နယ်စပ်မှာ ရှိတဲ့ပြည်သူတွေ၊ တိုင်းရင်းသားတွေ Cross-Border မှာရှိတဲ့ အကူးအပြောင်းတွေ ရှိနေကြတယ်။ တစ်ဖက်မှာလည်း မင်းအောင်လှိုင်က အကုန်လုံး ပြည်မဘက်က အကုန်လုံးပိတ်ဆို့ထားတော့ အိန္ဒိယနဲ့ပဲ လူထုက ကုန်သွယ်မှုလုပ်ရမယ်။ အိန္ဒိယကိုပဲ အားကိုးရမယ်။ အဲ့ဒါကြောင့် အိန္ဒိယအစိုးရအနေဖြင့် နယ်စပ်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေ တွေမှာ မြို့တွေ၊ နယ်စပ်မြို့တွေကို ကူးသန်းရောင်းဝယ်ရေးတွေ၊ သွားလာရေးတွေက ပိတ်ဆို့မှုတွေ မလုပ်ဖို့ပေါ့နော်။ လက်ရှိအနေအထားမှာကတော့ အိန္ဒိယအစိုးရအနေဖြင့် နားလည်မှုပေးပြီးတော့ ကူးသန်းသွားလာမှုတွေ ရှိနေတယ်။ ဖွင့်ပေးထားတယ်ပေါ့နော်။ အဲ့ဒါကို ကျွန်တော်တို့ကတော့ အသိအမှတ်ပြုပါတယ်ပေါ့။ Welcome ပါ။ ကျေးဇူးလည်း တင်တယ်။ အိန္ဒိယအစိုးရကို။ အနာဂတ်မှာလည်း ဒီထက် ဒီလိုမျိုး ဟာတွေ ဆက်ပြီးတော့ ထားစေချင်တယ်ပေါ့။ ပိတ်ပင်မှုမလုပ်စေချင်ဘူးနော်။ ဘာဖြစ်လို့လဲဆိုတော့ ဒါ လူသားချင်း စာနာမှုအရလည်း အိန္ဒိယအနေဖြင့် တော်တော်။ အဲ့ဒါကြောင့် အိန္ဒိယအနေဖြင့် ဒါကို နားလည်ပေးဖို့ ဆက်ပြီးတော့ ဒီလိုမျိုးပဲ။ လူသားချင်းစာနာချင်းစာနာမှုကို ထောက်ထား စွာဖြင့် ဆက်ပြီးတော့ ဖွင့်ထားပေးဖို့ တောင်းဆိုလိုတယ်ပေါ့နော်။ ဆိုတော့ နောက်တစ်ခု ကတော့ အိန္ဒိယကို ကျွန်တော်တို့ ရခိုင်ကသော်လည်းကောင်း၊ ချင်းကသော်လည်းကောင်း ဒီ အိန္ဒိယနိုင်ငံဘက်ကို ဝင်သွားကြတာ။ ဝင်သွားတော့ ထွက်ပြေးကြတာပေါ့နော်။ ဒီဘက်မှာ တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတယ်။ War Refugee ပေါ့နော်။ Conflict Refugee။ ပဋိပက္ခမှာဖြစ်လာတဲ့၊ တိုက်ပွဲဖြစ်တဲ့အတွက်၊ ပြည်တွင်းစစ်ဖြစ်နေတဲ့အတွက် ထွက်ပြေးကြတာ။ အဲ့ဒါကြောင့် အိန္ဒိယကို ရောက်လာတယ်ဆိုရင် UNHCR နဲ့ အိန္ဒိယအစိုးရအနေဖြင့် ပူးပေါင်းဆောင်ရွက်ပြီးတော့ ဒီလူတွေကို မြန်မာပြည်က ထွက်လာတဲ့ ဒုက္ခသည်တွေကို အသိအမှတ်ပြုစေချင်တယ်။ Refugee အနေဖြင့် အသိအမှတ်ပြုစေ ချင်တယ်။ လူသားချင်းစာနာထောက်ထားမှုအရ ကူညီပေးစေချင်တယ်။ ဘာကြောင့်လဲဆိုရင် မြန်မာပြည်က ထွက်ပြေးတဲ့ Refugee တွေက Economic Refugee မဟုတ်ဘူး။ အဲ့ဒါကြောင့် အိန္ဒိယအစိုးရအနေဖြင့် ဒါကို ဒုက္ခသည် Refugee အနေဖြင့် မြင်စေချင်တယ်။ အသိအမှတ် လည်းပြုစေချင်တယ်။
ဆလိုင်းဒိုခါရ် – နောက်ဆုံးပိတ်အနေနဲ့ ဒီ စောနက ကျွန်တော်မေးတဲ့ထဲမှာ မပါဘဲ ဆွေးနွေး လိုတဲ့ဟာ အထူးသဖြင့် ပြည်သူတွေကိုလည်း ခွန်အားပေးချင်တဲ့ဟာရှိရင် နောက်ဆုံး ဆွေးနွေးပေးပါဦး။
Ko Ting Oo – ပထမဆုံးအနေဖြင့်ကတော့ဗျာ။ ကျွန်တော် ပြည်သူ ဒီ ဒီ ဒီအားရ ကျေနပ်မှုတစ်ခုရှိတာကတော့ နွေဦးတော်လှန်ရေးနောက်ပိုင်း ဖြစ်လာတဲ့ နိုင်ငံရေးအရေးမှာ ပြည်သူတွေ တော်တော်များများ ဗမာတိုင်းရင်းသားတွေပေါ့။ ပြည်သူတွေ တော်တော် များများတော့ ဒီ Federal ပြည်ထောင်စုဆိုတဲ့ Federal Democracy အဲ့ဒါတွေ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေကတော့ နှစ်ပေါင်းများစွာ တောင်းဆိုလာတဲ့ နိုင်ငံရေးစနစ်နော်။ အဲ့ဒီဟာကို တောင်း တောင်းဆိုလာတာ။ အဲ့တုန်းကဆိုရင် သဘောမတူ မတူကြဘူး။ တော်တော်များများ ဗမာလူမျိုး ပြည်သူတွေမှာ လက်မခံကြဘူးလေ။ အခုကျတော့ နားလည်သွားတယ်။ ဒီ နွေဦးတော်လှန်ရေးနောက်ပိုင်း။ အဲ့ဒါကြောင့် အဲ့ဒါကို ပြည်သူတွေကို ကျွန်တော် ဝမ်းသာတယ်ပေါ့နော်။ ကျေးဇူးလည်းတင်တယ်။ ဆက်ပြီးတော့ ဒီ တော်လှန်ရေးမှာ ကိုယ့်အားကိုယ်ကိုးပြီးတော့မှ အခု လေးနှစ်တာကာလ ကျော်ပြီးတော့ လေးနှစ်ကျော် ဖြတ်သန်းလာပြီလေ။ ဆိုတော့ ဆက်ပြီးတော့ ဒီ တော်လှန်ရေးကို ဆက်လျှောက်ဖို့၊ ဒီ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထပ်ပြီးတော့ ပါပေးဖို့၊ ရပ်တည်ပေးပြီးတော့မှ တော်လှန်ရေး အဖွဲ့တွေလည်း ပြည်သူတွေနဲ့ ရပ်တည်ရင် ဆိုတော့ ပြည်သူတွေက မထောက်ပံ့ရင် ဒီ တော်လှန်ရေးအဖွဲ့တွေ အောင်မြင်မှာ မဟုတ်ဘူး။ ဆိုတော့ အဲ့ဒါကြောင့် ပြည်သူတွေ၊ ပြည်သူတွေကို လေးစားတယ်။ ဆက်ပြီးတော့လည်း ကြံ့ခိုင်နေတဲ့ ဒီ Resilience ကို ထပ်ပြီးတော့ ဒီ Resist လုပ်ဖို့၊ နိုင်တဲ့ကဏ္ဍ၊ အခန်းကဏ္ဍက ပါဝင်နေဖို့။ တော်လှန်ရေးဆိုတာ ဒီ တစ်နေ့တစ်ရက်နဲ့ ပြီးတာ၊ ပြီးတဲ့တော်လှန်ရေးက မဟုတ်ဘူး။ Expectation ကတော့ ရှိပေမဲ့ ပြည်သူတွေမှာကတော့ မြန်မြန်ဆန်ဆန်ပြီးချင်တယ်ပေါ့နော် တော်လှန်ရေးကို။ ဒါပေမဲ့ တော်လှန်ရေးက အဲ့လိုမျိုးတော့ မဟုတ်ပါဘူး။ တော်လှန်ရေးအခြေအနေအပေါ်မှာ မူတည်တယ်ပေါ့။ အဲ့ဒါကြောင့် ဆက်ပြီးတော့ သည်းခံပြီးတော့မှ ဒီ တော်လှန်ရေးမှာ ဒီ အင်အားစုတွေနဲ့ ပါဝင်ပေးဖို့၊ ထောက်ခံပေးဖို့ကိုပဲ ပြည်သူတွေကို မေတ္တာရပ်ခံချင်ပါတယ်။ တိုက်တွန်းလိုပါတယ်။
ဆလိုင်းဒိုခါရ် – ဟုတ်ကဲ့။ အခုလို ကျွန်တော်တို့ကို အချိန်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် ကိုတင်ဦးရေ။
Ko Ting Oo – ကျေးဇူးတင်ပါတယ် ခင်ဗျ။