ဒီဇင် ၃၀
The Kaladan Post
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ အောင်ချမ်းသာကျေးရွာတွင် စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲ လုံခြုံရေးအတွက် အထိုင်ချတပ်စွဲထားသည့် စစ်တပ်သားများကို ဒီဇင်ဘာလ ၂၈ရက် ရွေးကောက်ပွဲ့ကျင့်ပသည့်နေ့ နေ့လည် ၁:၁၅ နာရီခန့်တွင်တိုက်ခိုက်ခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း (၃၅၀၄)က ထုတ်ပြန်သည်။
အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း (၃၅၀၄)၏ တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့ တိုက်ခိုက်ခဲ့တဲ့ စစ်တပ်အထိုင်ချစခန်းဟာ အင်အား ၃၀ ခန့်ရှိပါတယ် တိုက်ပွဲဟာ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး ရန်သူ့ထိခိုက်ကျဆုံးမှုကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ် တိုက်ပွဲဖြစ်စဥ်အတွင်း စစ်တပ်ဖက်မှ စစ်ကူးပို့ခဲ့တယ် ဒီစစ်ကူလာတဲ့သူတွေကို တပ်သားများကို တခွဲကြဲကျေးရွာအနီးတွင် ကျွန်တော်တို့ဖက်က ကြိုတင်စောင့်ဆိုင်း၍ ထပ်မံတိုက်ခိုက်ခဲ့ရာ စကခ တပ်သား ၄ ဦးသေဆုံး ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ကျန်အင်အား ၆၀ခန့်ဟာ မှန်စီကျေးရွာသို့ ပြန်ဆုတ်ခွာကြပါတယ် ထို့အပြင် လက်ရှိအချိန်ထိ နှစ်ဖက်စစ်ဆိုင်ထားတဲ့ အခြေအနေမှာဘဲ ရှိနေသေးတယ်ဟု’ The Kaladan Post သို့ပြောဆိုသည်။ စစ်ကောင်စီတပ်ဘက်မှ ပွိုင့်ဖိုက် စက်လက်ပစ်ကူနှင့် လက်နက်ကြီးများဖြင့် မနားတမ်း ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ ကြိုတင်ပြင်ဆင်မှုကြောင့် စကခ တပ်သားများ အထိနာဆုတ်ခွာခဲ့ကြပြီး တော်လှန်ရေးရဲဘော်များဘက်မှ ထိခိုက်မှုမရှိကြောင်း သိရသည်။အဆိုပါတိုက်ပွဲ စကခ တပ်ဘက်မှ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ အမျိုးသမီး ၁ ဦး သေဆုံးကာ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့သည်။ ၎င်းတိုက်ပွဲများကို တပ်ရင်း (၃၅၀၄)၊ ရေတာရှည်မြို့နယ်ပကဖ၊ နေပြည်တော်တပ်ရင်း (၈၀၈၊ ၈၀၆၊ ၈၀၇) တို့က ပူးပေါင်းကူညီတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ရေတာရှည်မြို့နယ်အခြေစိုက် တပ်ရင်း (၃၅၀၄)၏ တာဝန်ရှိသူတစ်ဦးက စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် တားဆီးတိုက်ဖျက်သွားမည်ဖြစ်သောကြောင့် စစ်ဆင်ရေးနယ်မြေအတွင်း မဲရုံများနှင့် စစ်ကောင်စီတပ်များ ရှိရာနေရာများတွင် ပြည်သူများ သွားလာခြင်းမပြုလုပ်ကြရန် အသိပေးပြောဆိုသည်။