အောက်တို ၁၂

The Kaladan Post

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာရှိ အကြမ်းဖက်စစ်တပ်၏ ခမရ ၅၉၁ တပ်ရင်းကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့ ည ၉ နာရီခန့်တွင် ၆၀ မမ လက်နက်ကြီးများဖြင့် အနီးကပ်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ရေးဘီလူးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ရေးဘီလူးတပ်ဖွဲ့ တပ်ရင်းမှူးက “ ကျွန်တော်တို့ ကျောင်းရွာမှာ အကြမ်းဖက် စစ်ကောင်စီစခန်းနှစ်ခုရှိတယ် ခမရ ၅၉၁ နှင့် ၅၈၃ ဆိုပြီးတော့နှစ်ခု ရှိတယ် ဒီစခန်းနှစ်ခုစလုံးမှာ စခ အင်အား ၁၀၀ကျော်ရှိပါတယ်ခင်ဗျ။ အဲ့ဒီနှစ်ခုထည့်မှာ ၅၉၁ကို ကျွန်တော်တို့က အနီးကပ်နဲ့ လက်နက်ကြီးဖြင့် သွားပစ်တာ ပစ်မှတ်တော့ထိတယ် ဒါပေမယ့် ရန်သူ့ ထိခိုက်မှုကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။ ကျွန်‌တော်တို့ပစ်ခတ်တာ ည ၀၉း၀၀မှာ ပစ်တာသူတို့ ဖက်က ချက်ချင်းပြန်လည်ဖြစ်ခတ်တာမလုပ်ဘဲ ည ၁၂ နာရီခွဲလောက်မှာ ပြန်လည်ပစ်ခတ် တယ် ဒါပေမယ့် ကျွန်တော်တို့ဘက်မှာ အတိအခိုက်မရှိပါဘူးဗျ နောက်ဆုံးအနေဖြင့် ကျွန်တော်ပြောလို တာက ကျေးရွာဒေသတွေ ခြံ ဥယာဥ်တွေမှာနေထိုင်တဲ့သူတွေအနေဖြင့် စစ်ရေးအထူး ခရုစိုက်ကြဖို့ ပါ ပြောခြင်တာက အကြမ်းဖက် စစ်ကောင်စီတွေဖက်ကနေ အချိန်အရွေး စစ်ကြောင်း ထိုးနိုင်သလို အချိန်မရွေး တိုက်ပွဲတွေ ဖြစ်ပွားနိုင်တာကြောင့် ပြည်သူတွေအနေဖြင့် သွားလာလှုပ်ရှားမှု တိုင်းတွင် အထူးခရုစိုက်နေထိုင်သွားလာတတ်ဖို့လိုအပ်ပါတယ် ဟု The Kaladan Post သို့ ပြောဆိုသည်။ အဆိုပါတိုက်ခိုက်မှုကို  မနေ့ည ၉ နာရီခန့်တွင် ခမရ ၅၉၁ တပ်ရင်းကို ၆၀ မမ စိန်ပြောင်း လက်နက် ကြီးဖြင့် မီတာ ၁၀၀၀ အကွာအဝေးမှ လေးချက်ပစ်ခတ်ခဲ့ရာ နှစ်ချက်ထိမှန်ပေါက်ကွဲခဲ့ပြီး ရန်သူ့ စစ်တပ်ဘက်မှ ထိခိုက်မှုများရှိခဲ့သော်လည်း အတိအကျအချက်အလက်များကို ဆက်လက်စုံစမ်း နေဆဲဖြစ်သည်။ ထို့နောက် အကြမ်းဖက်စစ်တပ်က ယင်းနေ့ည ၁၂ နာရီခန့်တွင် လက်နက်ကြီးဖြင့် နှစ်ချက်ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်တွင် ထိခိုက်မှုမရှိခဲ့ ကြောင်း သိရသည်။ ဤတိုက်ခိုက်မှုသည် ရေးဘီလူးတပ်ဖွဲ့၏ အကြမ်းဖက်စစ်တပ်ကို ဆန့်ကျင် တိုက်ခိုက်မှုများထဲမှ တစ်ခုဖြစ်ပြီး ဒေသခံပြည်သူများ၏ ခုခံတော်လှန်ရေးစိတ်ဓာတ်ကို ထင်ရှားစေသည့် ဖြစ်ရပ်တစ်ခုဖြစ်သည်။