မေးမြန်းသူ – RAIN
ဖြေဆိုသူ – Salai John Ahta Thintuep၊ တော်လှန်ရေးတက်ကြွလှုပ်ရှားလူငယ်
RAIN – အားလုံး ပဲ မင်္ဂလာပါရှင်။ The Kaladan Post ရဲ့ Youth and Women’s Affair Program ကနေပြီးတော့ ပြန်လည် ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ် interview အစီအစဉ်မှာတော့ မတူပီက တော်လှန်ရေး လူငယ်တစ်ဦးဖြစ်တဲ့ ဆလိုင်းဂျွန် အာထာန် ကို ဖိတ်ခေါ်ထားပါတယ်ရှင်။ မင်္ဂလာပါဆရာ။
Salai John Ahta Thintuep – မင်္ဂလာပါ ဆရာမ။
RAIN – ဟုတ်ကဲ့ပါ အခုလိုမျိုး ကျွန်မတို့ The Kaladan Post ကို အချိန်ပေးပြီး လာရောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။
Salai John Ahta Thintuep – ဟုတ်ကဲ့ပါ ကျွန်တော်လည်း အများကြီး ကျေးဇူးတင်ပါတယ်။ အခုလို ဖိတ်ကြားပေးတဲ့အတွက်။
RAIN – ဟုတ်ကဲ့ပါ ဆိုတော့ ပထမဦးဆုံးအနေနဲ့ ဒါ ကျွန်မတို့ interview လေး မသွားခင်မှာပေါ့နော် ဆရာ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်တဲ့အနေနဲ့ သော်လည်း ကောင်း ပြီးတော့ ဆရာ ဒီတော်လှန်ရေးမှာ ဘယ်လိုပုံစံနဲ့ ဝင်ရောက်လာသလဲ ပေါ့နော်။ တော်လှန်ရေးမတိုင်ခင်မှာ ဆရာ ဘယ်လို background တွေ ရှိခဲ့တယ်ဆိုတာရယ် လက်ရှိ မှာရော ဆရာ ဘယ်လို ကဏ္ဍတွေမှာ ပူးပေါင်းပါဝင်နေတယ်ဆိုတာလေးကို အရင်ဦးဆုံးအနေ နဲ့ မိတ်ဆက်ပေးပါဦးရှင်။
Salai John Ahta Thintuep – ဟုတ်ကဲ့ပါ ဒီနေ့ ကျွန်တော်တို့ ဒီ Kaladan Post ကနေ interview အစီအစဉ်မှာပေါ့နော်။ ဒီကျွန်တော့်ကို ဖိတ်ကြားပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်တယ် ဆိုတာကို ပထမဦးဆုံး ပြောချင်ပါတယ်။ ဒီနေ့ ကျွန်တော် ပထမဆုံး တောင်းပန်ချင်တာက ဒီကျွန်တော့်အနေနဲ့ပေါ့နော် ဒီ မည်သည့်အဖွဲ့အစည်းမှ ကိုယ်စားမပြုဘဲနဲ့ပေါ့နော်။ ကျွန်တော့် ရဲ့ ဒီ personal အမြင်ပေါ့နော် ကျွန်တော် တစ်ဦးတစ်ယောက်အနေနဲ့ ပြောရခြင်းဖြစ်ပါတယ် ဆိုတာကို ပထမဆုံး ပန်ကြားလိုပါတယ်။ ဒီကျွန်တော်တို့ ဒီ နွေဦးတော်လှန်ရေး မစခင်မှာပေါ့ နော် ကျွန်တော်တို့ ဘာတွေလုပ်ခဲ့သလဲဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်က ဆိုရင် ကျောင်းသားဖြစ်တယ်ပေါ့နော်။ ဒီ ရန်ကုန်မှာ ကျောင်းတက်နေတဲ့ တက္ကသိုလ် ကျောင်းသားတစ်ယောက် ဖြစ်တယ်။ သင်ယူနေတဲ့ ဘာသာကတော့ ကျွန်တော် ဥပဒေပညာ ဖြစ်ပါတယ်ပေါ့နော်။ ဒီဥပဒေပညာက ဒီ စတုတ္ထနှစ် ကျွန်တော် တက်ရောက်နေတာ ဖြစ်ပါ တယ်။ အာဏာမသိမ်းခင်မှာပေါ့နော် ကျွန်တော်တို့အနေနဲ့ ချင်းလူမှု အသိုင်းအဝိုင်းနဲ့ ကျွန်တော်တို့ ကျောင်းသားကျောင်းသူတွေအတွက်ပေါ့နော် တိုးတက်ရာ တိုးတက်ကြောင်း အများကြီး ကျွန်တော်တို့ လုပ်ခဲ့ကြတဲ့ activity တွေ အများကြီး ရှိခဲ့တယ်ပေါ့နော်။ ကျွန်တော် အမှတ်အရဆုံး activity ပြန်ပြောရရင်တော့ ကျွန်တော်တို့ ရန်ကုန်မှာ ကျွန်တော်တို့ ချင်းစာပေနဲ့ ယဉ်ကျေးမှု ကော်မတီမှာ Vice President ရာထူးကို ယူထားတာဖြစ်တယ် ပေါ့နော်။ ကျွန်တော်တို့ ဒီ ကျွန်တော် ရာထူးယူပြီးတော့ ဒီ covid ကာလရောက်သွားပြီးတော့ ကျွန်တော်တို့ အာဏာသိမ်းမှုရော နောက်ပြီးတော့ ဒီ နိုင်ငံရေး ဖြစ်ပျက်နေတဲ့ တောက်လျှောက်ပေါ့နော်။ အခုဆိုရင် ကျွန်တော်တို့ ၅ နှစ် ၆ နှစ်ထဲ ရှိလာပြီပေါ့နော်။ အခုလက်ရှိအချိန်ထိလည်း ကျွန်တော်တို့ ဒီရန်ကုန်ချင်းစာပေနဲ့ ယဉ်ကျေးမှု ကော်မတီ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဒီ ဒု-ဥက္ကဋ္ဌနဲ့ ဆက်လက်ရှိနေသေးတယ်ပေါ့နော်။ ကျွန်တော်တို့ ပြန်ပြီးတော့လည်း election လည်း မလုပ်နိုင်သေးတဲ့ အခြေအနေဖြစ်နေပါတယ်ဆိုတဲ့ ဟာလေး ပေါ့နော်။ ဒီနောက်ပြီးတော့ ကျွန်တော်တို့ ဒီ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒီ မတူပီမြို့နယ်ရဲ့ ဒီလူငယ် ဦးဆောင်တဲ့သူတစ်ယောက်အနေနဲ့ ကျွန်တော် ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒီ့အပြင် ကျွန်တော်တို့ ဒီလိုဖြစ်ပြီးတဲ့ နောက်ပိုင်း ၂၀၂၁ အာဏာမသိမ်းခင်လေးမှာပေါ့နော်။ အာဏာမသိမ်းခင်လေးမှာ ဒီ Camp Victoria ကိုသွားပြီး တော့ ကျွန်တော် စစ်ပညာကို သင်ယူခဲ့တာ ဖြစ်ပါတယ်ပေါ့နော်။ ဒီစစ်ပညာကို သင်ယူခဲ့ပြီး တော့ အဲ့မှာ လက်ဖြောင့်ဆုတောင်ရလိုက်ခဲ့တယ်။ နောက်ပြီးတော့ ဒီ အဲဒီမှာ တပ်စုမှူးအနေ နဲ့ပေါ့နော် သူတို့က ခန့်တာပေါ့နော်။ နောက်ပြီးတော့ ဒီ ကျွန်တော်တို့ အိပ်မက်တို့ ရည်မှန်းချက်တို့ပေါ့နော် ကျွန်တော်တို့ ဘာတွေ ရှိခဲ့သလဲပေါ့နော်။ ဘာတွေစိတ်ဝင်စားခဲ့သလဲ ဆိုတဲ့ ဟာလေး ကျွန်တော်တို့ ဒီ အာဏာမသိမ်းခင်မှာပေါ့နော်။ အိပ်မက်နဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ကျွန်တော် အိပ်မက်မက်ရတာ အရမ်းကြိုက်တယ်ပေါ့နော်။ တစ်နည်း အားဖြင့် စိတ်ကူးယဉ်တာ အရမ်းကြိုက်တယ်။ စိတ်ကူးလည်း အရမ်းယဉ်တယ်။ ဘာမှမ လုပ်ဘူး ငေးနေတယ်ပေါ့နော်။ ဒါပေမယ့် စိတ်ကူးထဲမှာတော့ အမျိုးမျိုးပဲ ဟိုရောက်လိုက် ဒီရောက်လိုက်ပေါ့နော်။ အများကြီးစိတ်ကူးရှိနေတယ်ပေါ့နော်။ အိပ်မက်တွေလည်း အများကြီးရှိတယ်။ ဒါပေမယ့် ကျွန်တော်အနေနဲ့ပေါ့နော် အလုပ်လုပ်ပြီးတော့ အိပ်မက်တွေကို အကောင်အထည်ဖော်ရတာကို ကျွန်တော် ပိုပြီးတော့ အယုံအကြည်ရှိတယ်ပေါ့နော်။ နောက်ပြီးတော့ ဒီ ကျွန်တော်တို့ ဒီ ဘာကို စိတ်ဝင်စားသလဲဆိုရင်တော့ ကျွန်တော်တို့ ဥပဒေ တက်နေတဲ့ ကာလအတောက်လျှောက်မှာရော နောက်ပြီးတော့ ဒီ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေ တဲ့ ကျွန်တော်တို့ရဲ့ လူမှုအသိုင်းအဝိုင်းတွေကို ကျွန်တော် ပြန်ကြည့်ပြီးတော့လေ ဒီ မြန်မာ နိုင်ငံမှာ ဒီ မတရားမှုတွေ အများကြီးရှိနေတယ်ပေါ့နော်။ corruption တို့ နောက်ပြီးတော့ ဒီ လူကို လူလိုမဆက်ဆံခံရတဲ့သူတွေ အများကြီးရှိတယ်။ ကျွန်တော်တို့ ဒီ တိုင်းရင်းသားတွေ ဆိုရင်လည်း အမျိုးမျိုးပဲပေါ့နော်။ ဒီ နှိမ်ခံရတဲ့ အဘဝတွေ အများကြီး ကျွန်တော် ကျော်ဖြတ် ခဲ့ရတယ်။ အဲ့တော့ ဒီ ကိစ္စတွေကြောင့်မို့လို့ပေါ့နော်။ ကျွန်တော် ဒီ နိုင်ငံရေးကို ကျွန်တော် နည်းနည်းပို စိတ်ဝင်စားတယ်။ တစ်ဖက်မှာ ကျွန်တော် ဥပဒေကိုလည်း စိတ်ဝင်စားတယ် ပေါ့နော်။ အထူးသဖြင့် ဒီ လူ့အခွင့်အရေးတို့ ပေါ့နော် ကျွန်တော်တို့ ဒီ minority တွေဆိုရင် တော့ အရမ်း အရမ်းကို သူတို့က နေရာပျောက်နေကြတဲ့ ခေတ်ကြီးမှာပေါ့နော်။ မတရားမှုတွေ အများကြီး ဖြစ်လာတယ်။ တစ်နည်းအားဖြင့် ဒီ တစ်ဖက်မှာ ဒီ စကစဘက်ကလည်း ဒါ အာဏာသိမ်းမှုတွေ ဖြစ်လာတဲ့အခါကျတော့ ဒါ ကျွန်တော်တို့ရဲ့ တကယ့် turning point ပေါ့နော်။ ကျွန်တော် တကယ်ပြန်စဉ်းစားရမယ့် ဟာရောက်လာတယ်ပေါ့နော်။ အဲ့ဒါလေးကို ကျွန်တော် ပထမဆုံးပေါ့နော် ဖြေချင်ပါတယ် ဆရာမ ပြောတဲ့ အခါ။
RAIN – ဟုတ် ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်။ ဆိုတော့ ဆရာ ကိုယ်တိုင် ကလည်း ဒါ အခုနက ပြောသွားတဲ့အတိုင်း ဆရာ့မှာ အများကြီးပေါ့နော်။ စိတ်ကူးယဉ် အိပ်မက်တွေ အများကြီးရှိတယ်ပေါ့လေ။ ဆိုတော့ ဒီ စကစရဲ့ အာဏာသိမ်းပိုင်းမှုကြောင့်မို့လို့ ဒီ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ဆရာ့ရဲ့ ဒီစိတ်ကူးယဉ် အိပ်မက်တွေသော်လည်းကောင်း ပြီးတော့ ဆရာ့ရဲ့ ပညာရေးပိုင်းဆိုင်ရာ ဆရာ့ရဲ့ အလုပ်အကိုင်တွေမှာပေါ့နော်။ ဒီအာဏာသိမ်း မှုက ဘယ်လိုတွေ သက်ရောက်မှုတွေ ရှိခဲ့လဲဆိုတာလေးလည်း ပြောပြပေးပါဦး။ ပြီးတော့မှ ဒီလို အခြေအနေမျိုးကိုရော ဆရာ့ရဲ့ ဘဝကိုပေါ့နော် ဒီအခြေအနေက ဘယ်လိုတွေ ပြောင်းလဲ ပစ်ခဲ့တယ်ဆိုတာလေးလည်း ပြောပြပေးပါဦးရှင်။
Salai John Ahta Thintuep – ဟုတ်ကဲ့ ဒီအာဏာသိမ်းပြီးတဲ့ နောက်မှာပေါ့နော်။ အရာအားလုံးက ပြောင်းလဲ သွားခဲ့တယ်ပေါ့နော်။ ကျွန်တော်တို့ ဒီ အာဏာသိမ်းတဲ့နေ့မှာပဲ လူငယ်တစ်ယောက်အနေနဲ့ ဒီ internet line တွေ အကုန်လုံးပိတ်တဲ့အခါကျတော့လေ ကျွန်တော်တို့ အဲ့မှာ ဘာလုပ်လုပ် ဘာလုပ်ရမှန်းမသိဘူး။ နဂိုကတည်းကလည်း သံသယများကြီးရှိတယ်ပေါ့နော်။ ဒီမြန်မာပြည် မှာ အဲ့လိုများ ဖြစ်လာမလားဆိုတဲ့ ဟာလေးပေါ့နော်။ အများကြီး သံသယဖြစ်တဲ့ ကြားထဲက နေပြီးတော့ ဒီအာဏာသိမ်းမှု ဖြစ်လာတဲ့အခါကျတော့ အရာအားလုံးက ပြောင်းလဲသွား တယ်ပေါ့နော်။ ကျွန်တော်တို့ရဲ့ ဖြစ်ချင်တဲ့ ဒီ ရည်မှန်းချက်တွေ အိပ်မက်တွေပေါ့နော် အကောင်အထည်မဖော်လိုက်ရတဲ့ ဟာတွေ အများကြီး ကျွန်တော်တို့ ချန်ခဲ့လိုက်ရတယ်။ သို့သော် ကျွန်တော်တို့အနေနဲ့ ဒီ ကျွန်တော့်ရဲ့ အနာဂတ်က လုံးဝမသေချာတော့ဘူးပေါ့နော်။ ကျွန်တော်တို့ရဲ့ ပညာရေးကလည်း လုံးဝ ပျောက်ဆုံးသွားခဲ့တယ်။ နောက်ပြီးတော့ ပိုဆိုး တာက ဒီ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာပေါ့နော် ကြောက်ရွံ့မှုတွေဟာဆိုရင် ကျွန်တော်တို့ရဲ့ ဘဝရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာတယ်ပေါ့နော်။ ကြောက်ရွံ့မှုဆိုတဲ့နေရာမှာ ကျွန်တော် ဒီ ပညာဆက်သင်လို့ရမှာ မဟုတ်တော့ဘူး။ ကျွန်တော် ဘာလုပ်ရတော့မလဲ ပေါ့နော်။ နောက်ပြီးတော့ ဒီ အမျိုးမျိုးပေါ့နော်။ အများကြီး သံသယတွေ ကိုယ့်ဟာကိုယ် ဝင်လာတယ် ပေါ့နော်။ နောက်ပြီးတော့ ကျွန်တော်တို့ ဖြစ်ချင်တဲ့ ဒီ ရည်မှန်းချက်တို့ အိပ်မက်တွေကို ကျွန်တော်တို့ စဉ်းစားရမယ့် အချိန်မှာ အကောင်အထည်ဖော်ရမယ့် အချိန်မှာပေါ့နော်။ ကျွန်တော်တို့အနေနဲ့ ဒီ ဘယ်လို လုံခြုံအောင်နေရမလဲ ပေါ့နော်။ နောက်ပြီးတော့ ဒီ မတရားမှု တွေ အများကြီးဖြစ်နေတဲ့ အချိန်မှာ ကျွန်တော်တို့အနေနဲ့ ဘယ်လို ကိုယ့်ဟာကိုယ် ကာကွယ်လို့ရမလဲဆိုတဲ့ ဟာလေးတွေပေါ့နော်။ နောက်ပြီးတော့ ဒီ ကျွန်တော်တို့ ဒီ တိုင်းပြည် လွတ်မြောက်ဖို့ရန်အတွက် ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ ဟာနဲ့ အချိန်ကုန်သွားကြ တယ်ပေါ့နော်။ ကျွန်တော်အပါအဝင်ပေါ့နော်။ ကျွန်တော်တို့ လူငယ်တော်တော်များများက အဲ့လိုဖြစ်သွားကြတာဖြစ်ပါတယ်ပေါ့နော်။ အရမ်းကိုလည်း ကျွန်တော်တို့ရဲ့ အစောနားပြော သလို ပြောင်းလဲသွားခဲ့တယ်ပေါ့နော်။ ကျွန်တော်တို့ရဲ့ ဦးတည်ချက်တွေ အကုန်လုံး ပြောင်းသွားခဲ့တယ်။ နောက်ပြီးတော့ ဒီ အထူးသဖြင့် ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာအနေနဲ့ ပြန်ပြောရမယ်ဆိုရင်တော့ပေါ့နော်။ အာဏာသိမ်းမှုကပေါ့နော် ကျွန်တော်တို့ကို သတိပေးတဲ့ အရာတစ်ခုရှိတယ်ပေါ့နော်။ အဲ့ဒါဘာလဲဆိုရင် ကျွန်တော်တို့ လူငယ်တွေအနေနဲ့ပေါ့နော်။ လုံးဝ ငြိမ်မနေသင့်တော့ဘူးပေါ့နော်။ ကျွန်တော်တို့တစ်ခုခု လုပ်ရတော့မယ်ဆိုတဲ့ဟာကို သူတို့ သတိပေးတယ်ပေါ့နော်။ အဲ့တော့ အစောနပြောတဲ့ မတရားမှုကြီးကပေါ့နော်။ ကျွန်တော်တို့ အားလုံးရဲ့ ပညာရေးကိုသော်လည်းကောင်း ကျွန်တော်တို့ရဲ့ အနာဂတ်ကိုသော် လည်းကောင်းပေါ့နော်။ သူက အကုန်လုံးကို ပြောင်းလဲပစ်ခဲ့တယ်ပေါ့နော်။ နောက်ပြီးတော့ အထူးသဖြင့် ကျွန်တော်တို့ လူငယ်တွေဟာဆိုရင် ကျွန်တော်တို့ရဲ့ ဘဝရှေ့ရေးအတွက် စဉ်းစားရမယ့် အစပေါ့နော်။ ကျွန်တော်တို့ ဒီ မြန်မာနိုင်ငံမှာရှိတဲ့ ကျွန်တော်တို့ လူငယ်တွေ အားလုံး Generation တွေအားလုံး တကယ်ကို စစ်မှန်တဲ့ လွတ်လပ်မှု ရရှိဖို့ရန်အတွက် ပေါ့နော် တိုက်ပွဲဝင်ကြရတဲ့ လုံးဝကို ခြေစုံပစ်ပြီးတော့ ဝင်သွားကြတယ်ပေါ့နော်။ တကယ်ကို လေးစားရတယ်။ ကျွန်တော်တို့ အသက်ပေးဆပ်တဲ့ သူတွေ အများကြီး ကျွန်တော် တွေ့တယ် ပေါ့နော်။ သူတို့ကလည်း အရမ်းလေးစားတယ်။ တချို့ဆိုရင် သူတို့ရဲ့ အသက်ကိုဘာ ကျွန်တော်တို့ စတေးတယ်။ အိမ်တွေ စတေးတယ်။ မိသားစုတွေတောင် စတေးကြတယ်။ နောက်ပြီးတော့ သူတို့ရဲ့ ဘဝကိုလည်း စတေးကြတယ်။ သူတို့ရဲ့ ပညာရေး အစရှိသဖြင့် ပေါ့နော်။ အကုန်လုံး စတေးပြီးတော့ ယုံကြည်ချက်နဲ့ပေါ့နော် ကျွန်တော်တို့ မျှော်လင့်ချက် အပြည့်နဲ့ ဒီနွေဦးတော်လှန်ရေးကို ကျွန်တော်တို့ ပါဝင်နေကြတာကို တွေ့တဲ့အခါမှာလည်း အရမ်းကို ကျွန်တော်အနေနဲ့ ဂုဏ်ယူတယ်ပေါ့နော်။
RAIN – ဟုတ်ကဲ့ပါ ဆိုတော့ လူငယ်တွေအနေနဲ့ ဆုံးရှုံးမှု လူငယ်အိပ်မက်တွေပေါ့နော် မြောက်များစွာ ဆုံးရှုံးပြီးတော့ ဒီတော်လှန်ရေးမှာ ပါဝင်လာကြတာကိုလည်း တွေ့ရတဲ့အခါမှာ ဒီလက်ရှိအချိန်မှာလည်း ဒီတော်လှန်ရေးမှာပေါ့လေ တက်တက်ကြွကြွနဲ့ ပါဝင်နေတဲ့ ဆရာ တို့လို လူငယ်တွေအနေနဲ့သော်လည်းကောင်း ပြီးတော့မှ ဒီကိုယ်တိုင်ကိုယ်ကျ မပါဝင်ရင် တောင်မှ ဒီတော်လှန်ရေးကို ထောက်ခံအားပေးနေတဲ့ လူငယ်တွေ အဓိက ရင်ဆိုင်နေရတဲ့ ဒီအကြီးမားဆုံး စိန်ခေါ်မှုတွေဆိုလို့ရှိရင် ဘာဖြစ်မလဲလို့ ဆရာအနေနဲ့ သုံးသပ်ပါလဲရှင်။
Salai John Ahta Thintuep – ကျွန်တော်တို့ ဒီလူငယ်တွေအနေနဲ့ပေါ့နော် ကျွန်တော်တို့ ကြုံရတဲ့ ဒီ ဟိုဟာ အများကြီးရှိနိုင်တယ်။ ကျွန်တော်ဆိုရင်လည်း အစောနပြောတဲ့ ကြုံရတဲ့ ပြဿနာတွေက ဆိုးရိမ်မှုတွေပေါ့နော်။ ကျွန်တော်တို့ ဒီ အနာဂတ်အတွက် တကယ်စိုးရိမ်မှုတွေ အများကြီး ရှိတယ်။ တစ်ခါတစ်လေ မထင်ရဘူး။ ကျွန်တော် ရဲဘော်တွေနဲ့လည်း ကျွန်တော် တွေ့ပြီး တော့ပေါ့နော်။ သူတို့ကို တစ်ခါတလေလေး ကျွန်တော့်ထက်ငယ် အရမ်းငယ်တဲ့သူတွေလည်း ကျွန်တော်တွေ့တာ။ သူဘာဖြစ်ချင်တာလဲပေါ့နော်။ သူတို့ကလေ အင်ဂျင်နီယာတို့ ဘာတို့ ဖြစ်ချင်ကြတယ်။ ဒါပေမယ့် သူတို့ရောက်နေတာက တက္ကသိုလ် မဟုတ်ဘဲနဲ့ တကယ်ရှေ့တန်း Post တွေမှာ ရောက်နေကြတယ်ပေါ့နော်။ internet line မရတဲ့နေရာတွေမှာ တကယ်ကို အဲ့လိုဖြစ်နေကြတယ်ပေါ့နော်။ အကယ်၍သာ နိုင်ငံက မကောင်းတော့ဘူးဆိုရင် သူတို့က သူတို့ရဲ့ အချိန်က လုံးဝကို သူတို့ရဲ့ အိပ်မက်တွေဆိုရင် အကုန်လုံး ထားခဲ့ရတော့မယ်။ နောက်ပြီးတော့ သူတို့က လုံးဝကို ထူးချွန်တဲ့ ကလေးတွေ ကျွန်တော် တွေ့ခဲ့တဲ့သူတွေ ကလည်း အရမ်းကို ဖြစ်နိုင်တဲ့ ကလေးတွေ အများကြီးပေါ့။ အလားအလာကောင်းတဲ့ လူငယ်တွေအများကြီးပဲ။ ဒါပေမယ့် သူတို့ရဲ့ အခြေအနေကပေါ့နော် တကယ့်ကို ဟာ ဖြစ်နေ တယ်ပေါ့နော်။ အဲ့တော့လေ ကျွန်တော်တို့အနေနဲ့ လူငယ်တွေရဲ့ အစောန ကျွန်တော် ပြောသလိုပဲ သူတို့က ကြုံနေရတဲ့ အဓိက ပြဿနာကလေ စိုးရိမ်မှုတွေ ဖြစ်နိုင်တယ်ပေါ့နော်။ နောက်ပြီးတော့ မသေချာမရေရာမှုတွေ များနေတယ်။ သူတို့ဘဝမှာလေ လုံးဝကို မသေချာမ ရေရာမှုတွေ တကယ်ကို ဖြစ်နေတယ်ပေါ့နော်။ နောက်ပြီးတော့ ဒီ လူငယ်တော်တော် များများက သူတို့ရဲ့ ပညာရေးတို့ နောက်ပြီးတော့ အလုပ်အကိုင်တို့ပေါ့နော်။ နောက်ပြီးတော့ သူတို့ရဲ့ ဘဝတို့ သူတို့ရဲ့ အိမ်တို့ပေါ့နော်။ အစရှိသဖြင့် နေ့တိုင်း နေ့တိုင်း ကျွန်တော်တို့ ကြားရ တဲ့အခါမှာ ဆုံးရှုံးနေကြရတယ်ပေါ့နော်။ ရတာ ဘာမှမရှိဘူးပေါ့နော်။ ပေးလိုက်ရတာကြီးပဲ ပေါ့နော်။ လူငယ်တွေအနေနဲ့ တကယ်ကို ပေးဆပ်မှုက တကယ်ကို အဆက်မပြတ်ပဲပေါ့နော်။ အဲ့တော့လေ ကျွန်တော်တို့အနေနဲ့ အခုဆိုရင် ကျွန်တော်တို့ ခေတ်နှစ်ခေတ်ကို ကျွန်တော်တို့ တစ်ပြိုင်တည်းထဲမှာ ကျွန်တော်တို့ သွားနေရတဲ့ ခေတ်ဖြစ်နေတယ်ပေါ့နော်။ ပထမဆုံးက အာဏာသိမ်းမှုက လုံးဝ တော်တော် နိုင်ငံတော်တော်များများမှာ မရှိနေတဲ့ အခါမှာ မြန်မာ နိုင်ငံမှာ ကျွန်တော်တို့အနေနဲ့ ကြုံနေရတဲ့ ဒီ ဒီဥစ္စာ ခေတ်ကြီးကိုပေါ့နော် ပြန်သွားနေရ တယ်ပေါ့နော်။ နောက်တစ်ခုက နည်းပညာခေတ်ကိုလည်း ကျွန်တော်တို့ တစ်ပြိုင်တည်း ထွက်ရောက်နေတယ်ပေါ့နော်။ အဲ့ဒီ ခေတ်နှစ်ခေတ်ကြားမှာ ကျွန်တော်တို့ လူငယ်တွေက တကယ်ကို အဲ့ဒီ အမြင့်ကိုမတက်နိုင်တော့ဘဲနဲ့ပေါ့နော်။ ဒီတကယ်ကို အောက်ခြေမှာပဲ ရုန်းကန်နေကြရတဲ့ ဟာတွေကို အများကြီး ရှိ တွေ့ရတယ်။ အဲ့တော့လေ လူငယ်တွေကို ကျွန်တော်တို့အနေနဲ့ ဖြစ်နိုင်မယ်ဆိုရင်တော့ပေါ့နော် ဒီလုပ်နိုင်တဲ့ သူတွေအနေနဲ့ လက်ကမ်း ပေးကြဖို့ အရမ်းအရေးကြီးတယ်။ အခုဆိုရင်တော့ ဘာလဲ ဒီ online ကနေ ပညာရေး ထောက်ပံ့တာရော နောက်ပြီးတော့ ဒီ လူငယ်တွေအတွက် ဖွံ့ဖြိုးတိုးတက်စေတာရော ပေါ့နော်။ အမျိုးမျိုး ရှိနိုင်တယ်ပေါ့နော်။ အဲ့ဒီနေရာတွေမှာ ဒီနွေဦးတော်လှန်ရေးမှာ အထူးသဖြင့် ပါဝင်နေတဲ့ ဒီ ရဲဘော် ရဲဖက်တွေကိုလည်း အမြဲတမ်း လက်တွဲခေါ်စေချင်တယ်။ နောက်ပြီးတော့ သူတို့အနေနဲ့လည်း ဒါကို တကယ်ကို တောင့်တနေကြတယ်ပေါ့နော်။ နောက်ပြီးတော့ ဒီကျွန်တော်တို့အနေနဲ့ ဒီ အစောနားပြောတဲ့ လူငယ်တော်တော်များများကို မေးတဲ့အခါမှာ မမဟုတ် စကားပြောတဲ့ အခါမှာလည်း သူတို့က သူတို့အမြဲတမ်း ပြောတဲ့ အရာက ပညာရေး ပညာရေးပဲပေါ့နော်။ သူတို့က ငွေရေးကြေးရေး တစ်ခါမှ မပြောဘူး ပေါ့နော်။ ဒီ နေရာ ရာထူး တစ်ခါမှ မပြောဘူး။ သူတို့က အမြဲတမ်း တောင်းတတဲ့အရာက ပညာရေးဖြစ်တယ်။ အဲ့တော့ ဒီကျွန်တော်တို့ ပညာရေးကို အမြန်ဆုံးရစေချင်တယ်။ ဒီတော်လှန်ရေးပြီးမှပဲ သူတို့ကလည်း ပညာကို ကောင်းကောင်းပြန်သင်လို့ရမှာ ဆိုတာလေ ဒါကြောင့်မို့ ကျွန်တော်အားလုံး ဒီဥစ္စာကို ကျွန်တော်တို့ တာဝန်ယူရမယ့် ကိစ္စရပ်အနေနဲ့ ကျွန်တော်တို့ တွေးတက်မယ်ဆိုရင်တော့လေ ကျွန်တော်တို့အားလုံး ပညာအနေနဲ့ ဒီအနာဂတ် အတွက်လည်း အရမ်းကို ကောင်းမယ်လို့ ကျွန်တော်မြင်တယ်။ ဒီပညာမတက်ဘဲနဲ့ ဒီအခြေအနေအတိုင်းပဲ ကျွန်တော်တို့ အမြဲတမ်းသွားနေမယ်ဆိုရင် ကျွန်တော်တို့ရဲ့ အနာဂတ် က လုံးဝ ဒီအတိုင်းပဲ တဝဲဝဲလည်နေတော့မှာပေါ့နော်။ ကျွန်တော်တို့ အဲ့ဒါကြောင့် ပညာရေး ဖြစ်နိုင်တယ်။ နောက်ပြီးတော့ သူတို့ရဲ့ စာပေနဲ့ ရေးရေးလည်း ဖြစ်နိုင်ပါတယ်။ အဲ့တော့ အမျိုးမျိုး ဖြစ်နိုင်တယ်လို့ ကျွန်တော် မြင်တယ်။ အထူးသဖြင့်တော့ ပညာရေးကို ကျွန်တော် မြင်တယ်။
RAIN – ဟုတ်ကဲ့ပါ ဆိုတော့ ဒီ ကာလထဲမှာ ခက်ခဲတွေ မြောက်များစွာပေါ့နော်။ ခက်ခဲတွေ မြောက်များစွာကြားထဲမှာ ဒီရင်ဆိုင်နေရတဲ့ လူငယ်တွေအနေနဲ့ ဒီစိန်ခေါ်မှုတွေနဲ့ အတူပေါ့လေ ဒီကာလအတွင်းမှာပဲ လူငယ်တွေ စုပေါင်းပြီးတော့မှ ဒီပညာရေး ကျန်းမာရေး ဒါမှမဟုတ်လည်း ဒီအခြားသော လူမှုရေးကိစ္စတွေမှာ ကိုယ်ပိုင်အစီအစဉ်တွေနဲ့ ကြိုးပမ်း ဆောင်ရွက်နေကြတာကိုလည်း ကျွန်မတို့ တွေ့ရတယ်ပေါ့နော်။ ဆိုတော့ ဒီလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီးတော့ ဆရာ့ရဲ့ အမြင်နဲ့ သူတို့ရဲ့ အခန်းကဏ္ဍကိုရော ဘယ်လိုမြင်လဲဆိုတာလေး ပြောပြပေးပါဦးရှင်။
Salai John Ahta Thintuep – ဟုတ်ကဲ့ ဒီကျွန်တော်အနေနဲ့ပေါ့နော် ဒီလူငယ်တွေစုပေါင်းပြီးတော့လေ အဲ့လို Movement လေးတွေပေါ့နော် လုပ်ထားတာတွေရော ကျွန်တော်အများကြီး တွေ့ရတယ်ပေါ့ နော်။ ဒါက တကယ့်ကို ဘာလဲ အရမ်းကို လှပတဲ့ ဟာ မျိုးလေးပေါ့နော်။ ကျွန်တော် တကယ်ကိုလည်း Powerful ဖြစ်တယ်။ အဲ့ဒီဟာတွေကလေ ဒီနွေဦးတော်လှန်ရေးမှာ တကယ်ကို Support ဖြစ်တယ်။ အရမ်းလည်း ဒါ နွေဦးတော်လှန်ရေးရဲ့ ပြောင်းလဲမှု တစ်ခုလို့ လည်း ကျွန်တော်တို့အနေနဲ့ မြင်တယ်ပေါ့နော်။ နောက်ပြီးတော့ ဒီလူငယ်တွေဟာဆိုရင် သူတို့ရဲ့ ဒီ တီထွင်ဖန်တီးမှုကို ဘယ်သူ့ရဲ့ ခွင့်ပြုချက်တွေ စောင့်မနေတော့ဘူးပေါ့နော်။ တယောက်ယောက်ဆီကနေ မျှော်လင့်မနေတော့ဘူးပေါ့နော်။ သူတို့ကိုယ်တိုင်က အဲ့ဒီအခွင့် အရေးတွေကို သူတို့ဖန်တီးနေတယ်ဆိုတာကို ကျွန်တော်တွေ့ရတယ်ပေါ့နော်။ အရမ်းလည်း ဒါကို ချီးကျူးတယ်ပေါ့နော်။ ကျွန်တော်တို့ဆိုရင်လည်း အဲ့လိုပဲပေါ့နော်။ မတူပီမှာဆိုရင်လည်း ကျွန်တော်တို့ လူငယ်တွေ တော်တော်များများက ဒီလူကြီးအနေနဲ့လည်း ပေါင်းတယ်။ တစ်ဖက်မှာ ကျွန်တော်တို့အနေနဲ့ လုပ်နိုင်တဲ့ အစွမ်းအစရှိသမျှတော့ အကုန်လုံး လုပ်နေကြတယ်ပေါ့နော်။ ဘယ်သူ့ဆီက ခွင့်ပြုချက် မလိုတော့ဘူးပေါ့နော်။ ဒါမှန်တယ်။ ဒါလုပ်သင့်တယ်လို့ မြင်နေရင် ကျွန်တော်တို့က အဖြေကို ကျွန်တော်တို့ ချက်ချင်းရှာပါတယ်။ ကျွန်တော်တို့ ရှာကြတယ်ပေါ့နော်။ အဲ့ဒီဟာလေးတွေက အရမ်းကို ဒီလူငယ်တွေမှာရှိတဲ့ အစွမ်းအစလို့ ကျွန်တော်မြင်တယ်ပေါ့နော်။ နောက်ပြီးတော့ ဒီကျွန်တော်တို့ လူငယ်တွေဟာ ဆိုရင်တော့ပေါ့နော် ဦးဆောင်မှု အပိုင်းတွေမှာရောဖြစ်ဖြစ် နောက်ပြီးတော့ ဒီ တီထွင်ကြံဆမှု အပိုင်းမှာရောဖြစ်ဖြစ်ပေါ့နော်။ တကယ်ကို ကောင်းတာ ကျွန်တော်တွေ့ရတယ်ပေါ့နော်။ နောက်ပြီးတော့ ကျွန်တော် ကောင်းတယ်ဆိုတဲ့ ယုံကြည်ချက်တစ်ခုပေါ့နော်။ ဘာလဲဆိုရင် ကျွန်တော်တို့ လုပ်နေတဲ့အရာအားလုံးကပေါ့နော်။ ဒီနွေဦးတော်လှန်ရေးအတွက် ဖြစ်ဖြစ် ဒီလိုကြံဆတဲ့အရာအားလုံးက ကျွန်တော်တို့ က ဒါ ယာယီအတွက်မဟုတ်ဘူးပေါ့နော်။ ယာယီ အတွက်မဟုတ်ဘူး။ ဒါက ကျွန်တော်တို့ အနာဂတ် ပြည်ထောင်စုပေါ့နော်။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် တကယ်ကို foundation ဖြစ်မယ့်ဟာတွေဖြစ်တယ်ပေါ့နော်။ ဒီစုပေါင်း ပြီးတော့ လုပ်တဲ့ဟာလေးတွေကိုလည်း လေ ကျွန်တော် ချင်းပြည်နယ်မှ များများ များများရှိ စေချင်တယ်ပေါ့နော်။ ဥပမာ ကျွန်တော်တို့ အရင်က ကျွန်တော်တို့ တွေ့ဖူးတယ်ပေါ့နော်။ အရင်တုန်းဆိုရင်တော့ ဒီမင်းတပ် မင်းတပ်ဘက်တွေ ဘာတွေမှာဆိုရင် ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားတွေက ဒီပညာရေးကို ဖော်ဆောင်ကြတာတို့ ဘာတို့ တွေ့ရတယ် လေ။ ဒီလိုမျိုးဆိုရင်လည်း အရမ်းကောင်းတယ်ပေါ့နော်။ ဒီကျွန်တော်တို့ ဒီမလုပ်နိုင်တဲ့ ဒေသတွေလည်း အများကြီးရှိသေးတယ်ပေါ့နော်။ အဲ့လို ကျွန်တော်တို့ စုပေါင်းပြီးတော့ လုပ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ လုပ်နိုင်တဲ့ဟာတွေက တော်တော်များများရှိတယ်။ အဓိက ကျွန်တော်တို့ မညီညွတ်သေးတာပဲပေါ့နော်။ ညီညွတ်ရင်တော့ အရမ်းကို ကျွန်တော်တို့ လုပ်နိုင်တဲ့ဟာတွေ အများကြီးရှိတယ်။ အဲ့လိုမြင်တယ်ပေါ့နော်။ အဲ့ဒါ တကယ်ကို ချီးကျူး ပါတယ် လူငယ်တွေကိုလည်း ကျွန်တော်အပါအဝင်ပေါ့နော်။ ကျွန်တော်လည်း အဲ့လို အဲ့လိုမျိုး တွေဆို အရမ်း စိတ်ဝင်စားတယ်ပေါ့နော်။ အရမ်းပူးပေါင်းချင်တဲ့ လူငယ်တစ်ယောက် ဖြစ်တယ်ပေါ့နော်။
RAIN – ဟုတ်ကဲ့ပါ ဆိုတော့ ဒီကျွန်မတို့ ဒီတော်လှန်ရေးအလွန်မှာပေါ့လေ။ တော်လှန်ရေးအလွန် ကျွန်မတို့ မျှော်လင့်ထားတဲ့ Federal Democracy နိုင်ငံတော်သစ်မှာ ဆိုလို့ရှိရင် ဒီလူငယ်တွေရဲ့ အခန်းကဏ္ဍကို ဘယ်လောက်ထိ အရေးကြီးတယ်လို့ ဆရာအနေနဲ့ ယူဆထားလဲပေါ့နော်။ ဒီအနာဂတ်မှာ လူငယ်တွေကိုရော ဘယ်လိုမျိုးအခွင့်အလန်းတွေ ရသင့်တယ်လို့ ထင်မြင်ယူဆထားလဲရှင်။
Salai John Ahta Thintuep – ကျွန်တော်တို့ လူငယ်တွေဟာဆိုရင်တော့ပေါ့နော် ကျွန်တော်တို့ ခုတိုက်ပွဲ ဝင်နေတဲ့ အရာက ဦးတည်ချက်က Freedom ပေါ့နော်။ တစ်နည်းအားဖြင့် Federal Democracy အတွက် ဖြစ်တယ်ပေါ့နော်။ အဲ့ဒီ Federal Democracy တိုက်ပွဲဝင်တဲ့ အချိန်မှာ လူငယ်တွေသာမပါဘူးဆိုရင် လုံးဝအောင်နိုင်မှာမဟုတ်ဘူး သေချာတယ်။ အဲ့တော့ လူငယ် တွေက ဘာနဲ့တူသလဲဆိုရင်တော့ The Heart beat ဒါဘာလဲ နှလုံးခုန်သံနဲ့တူတယ်ပေါ့နော်။ လူတစ်ယောက်က နှလုံးရှိတယ်။ ဒါပေမယ့် အဲ့ဒီ နှလုံးက မခုန်တော့ဘူးဆိုရင် အသက်မရှင်တော့ဘူး။ မရှင်နိုင်တော့ဘူးပေါ့နော်။ အဲ့လိုပဲ လူငယ်တွေက နိုးကြားတယ်။ တက်ကြွတယ်။ သူတို့က နှလုံးခုန်သံနဲ့ တူတူပဲ။ အဲ့တော့လေ ကျွန်တော်တို့ လူငယ်တွေက အနာဂတ်ကို ကျွန်တော်တို့ ဦးဆောင်နိုင်ရမယ်။ ဦးလည်း ဦးဆောင်သင့်တယ်။ ဦးလည်း ဦးဆောင်ရမယ်။ ဒီ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာရောဖြစ်ဖြစ် ကျွန်တော်တို့ ဒီအုပ်ချုပ်ရေး အပိုင်းမှာ ဖြစ်ဖြစ်ပေါ့နော်။ ဒီ ကျန်တဲ့ ဒီ ကဏ္ဍအသီးသီးမှာ လူငယ်တွေက တကယ်လုပ်နိုင် တယ်ဆိုတာကိုလည်း ကျွန်တော်တို့ အများကြီး တွေ့ပြီးပြီပေါ့နော်။ တွေ့နေရတယ်ပေါ့နော်။ အဲ့တော့ ကျွန်တော်တို့အနေနဲ့ Freedom ဆိုတဲ့ဟာ လွတ်လပ်ခြင်းရဲ့ တန်ဖိုးကိုလည်း ကျွန်တော်တို့သိတယ်။ ဒီ Federal Democracy ဆိုတာ ဘာလဲဆိုတာကိုလည်း ကျွန်တော်တို့ ကောင်းကောင်းသိတယ်။ ကျွန်တော်တို့ အဲ့ဒါကို ကျွန်တော်တို့ သွားဖို့ရန်အတွက်လည်း ကျွန်တော်တို့ နည်းလမ်းတွေ ကျွန်တော်တို့ ရှာနေကြတယ်ပေါ့နော်။ အဲ့လို နည်းလမ်းတွေ ရှာတဲ့နေရာမှာ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် တစ်စုနဲ့တစ်စု တစ်ဖွဲ့နဲ့တစ်ဖွဲ့က စည်းလုံးညီညွတ်မှုကလည်း အရမ်း အရေးကြီးတယ်ပေါ့နော်။ ကျွန်တော်တို့ ဒီ မစည်းလုံး မညီညွတ်ဘူးဆိုရင် ကျွန်တော်တို့ ရောက်ချင်တဲ့ ပန်းတိုင်က ဝေးနိုင်တယ်ပေါ့နော်။ အဲ့တော့ ကျွန်တော်တို့ ပိုနီးဖို့ဆိုရင် ကျွန်တော်တို့ စည်းလုံးဖို့လည်း အရမ်းအရေးကြီးတယ်။ အဲ့လို စည်းလုံးမယ်ဆိုတဲ့နေရာမှာလည်း ကျွန်တော်တို့ အမြဲတမ်းအဆင်ပြေနေမှာ မဟုတ်ဘူးပေါ့ နော်။ ခက်ခဲတွေကတော့ အများကြီးရှိမယ်။ ဒါပေမယ့် ဒီ အခက်အခဲတွေကလည်း ဒီ တချို့လူတွေကတော့ ဒီအခက်အခဲတွေကို အခွင့်ကောင်းယူပြီးတော့လေ သူတို့ရဲ့ တိုးတက်ရာ တိုးတက်ကြောင်း လုပ်နိုင်သေးတာတွေပေါ့နော်။ ကျွန်တော်တို့ရဲ့ အခက်အခဲတွေ အားလုံးကို ကျွန်တော်တို့ သင်ခန်းစာယူလို့ရတယ်ပေါ့နော်။ ကျွန်တော်တို့ အမြဲတမ်း မမှားဘူးလို့ ပြောလို့ မရဘူးလေ။ အမြဲ မှားနိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ အဲ့ဒါကို ကျွန်တော်တို့ အမြဲတမ်း သင်ခန်းစာယူပြီး ကောင်းဆုံး ကျွန်တော်တို့ လုပ်နိုင်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ အဲ့တော့ ကျွန်တော်တို့ ဒီမြန်မာနိုင်ငံ အသစ်ကြီးပေါ့နော်။ ကျွန်တော်တို့ လုပ်တဲ့နေရာမှာ လူငယ်တွေအနေနဲ့ ပါဝင်ဖို့အထဲမဟုတ်ဘဲနဲ့ပေါ့နော်။ ဦးဆောင်ရမယ်လို့ ကျွန်တော် မြင်နေ တာပေါ့နော်။ လူငယ်တွေကိုယ်တိုင်က ဦးဆောင်ရမယ်ဆိုရင် ဒါက အရမ်းကို ပိုပြီးတော့ ထိရောက်နိုင်တယ်လို့ မြင်တယ်ပေါ့နော်။ အဲ့တော့ ကျွန်တော်တို့ လူငယ်တွေနဲ့ လုပ်ရမယ့် ဟာက ဒီမှာပဲ ရပ်မနေဘဲနဲ့ပေါ့နော် ကျွန်တော်တို့ ဆက်သွားဖို့လိုမယ်။ ကျွန်တော်တို့ ဆက်သွားကြမယ်။ ကျွန်တော်တို့ ဒီတိုင်းငြိမ်မခံဘူးပေါ့နော်။ ကျွန်တော်တို့ လုပ်နိုင်သမျှ ကျွန်တော်တို့ လုပ်မယ်ဆိုတဲ့ ဟာလေးကို ကျွန်တော်တို့ ပြောချင်တယ်။ နောက်ပြီးတော့ ကျွန်တော် အရမ်း သဘောကျတဲ့ဟာလေး ရှိတယ်ပေါ့နော်။ ဒီမာလာလာဆိုရင် ကျွန်တော်တို့ အသက်ငယ်ငယ်လေးနဲ့ နိုဘယ်ဆုရတယ်လေ ပေါ့နော်။ သူပြောတဲ့ဟာထဲမှာ ဘာရှိလဲဆိုရင် သူ့ကိုပေါ့နော် ဒီ တာလီဘန်တွေက ဒီ ကလေးသူငယ်အခွင့်အရေးတို့ အမျိုးသမီးအခွင့် အရေးတို့ ပြောင်းမနေနဲ့။ ငြိမ်ပါဆိုပြီးတော့ သူ့ကိုသေနတ်နဲ့ထောက်တယ်။ ဒါပေမယ့် သူ သူပြောတဲ့ဟာက သူ့မှာ ရွေးချယ်စရာ နှစ်ခုပဲရှိပါတယ်ပေါ့နော်။ ပထမဆုံးတစ်ခုက သူတို့ပြောသမျှ သူတို့ ခိုင်းသမျှကို ကျွန်တော်တို့ ငြိမ်ခံပြီးတော့ အသေခံမလားတဲ့။ နောက်ပြီး တော့ သူတို့လုပ်သမျှ သူတို့ မတရားမှု အားလုံးကို ဖီဆန်ပြီးတော့ နောက်ဆုံး သူတို့ သူ့ကို သတ်ပြီးတော့ အသေခံမလားဆိုတဲ့ ဟာ နှစ်ချက်ရှိတယ်တဲ့။ ဒါပေမယ့် သူက နံပါတ်နှစ်ကို သူရွေးပါတယ်တဲ့။ ပြောချင်တာက ကျွန်တော်တို့ မတရားမှုအားလုံးကို သူငြိမ်မခံဘူး။ Speak out လုပ်မယ်။ နောက်ဆုံး သူတို့ သူ့ကို သတ်ချင်သတ်ပါစေ။ ဒါတန်တယ်။ သူတို့ဖြစ် ရရင်ပေါ့နော်။ ကျွန်တော်တို့ ဒီစနစ်ပြောင်းတယ်ဆိုတဲ့နေရာမှာပေါ့နော်။ တချို့လူတွေက ဟန်ပြပေါ့နော်။ ကျွန်တော်တို့ တကယ် စိတ်မပါဘူး။ သူတို့ရဲ့ ဒီ ကိုယ်ကျိုးအတွက်ဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ အကျိုးစီးပွားတွေအတွက်ပေါ့။ အများကြီး လာနေတဲ့ တချို့ ဟာတွေလည်း အများကြီး တွေ့ရတယ်။ ဒီတော်လှန်ရေးမှာပေါ့နော်။ ဒါပေမယ့် အဲ့လိုလူတွေကြောင့် ကိုယ်တွေက စိတ်မပျက်ဖို့ အရမ်းအရေးကြီးတယ်။ ကိုယ်တို့ ကိုယ် ကျွန်တော်တို့ ယုံကြည်တဲ့ ဟာကို တစိုက်မတ်မတ်သွားဖို့ အရမ်းအရေးကြီးတယ်ပေါ့နော်။ အဲ့ဒါလေးကို ကျွန်တော် ပြောချင်တယ်။ အဲ့တော့ ကျွန်တော်တို့ လူငယ်တွေပေါ့နော်။ ကျွန်တော်တို့ ဒီတိုင်းမငြိမ်ဘဲနဲ့ ကျွန်တော်တို့ လုပ်ရအောင်။ ကျွန်တော်တို့ ဒီတိုင်းနေရင်တော့ ဘာမှဖြစ်လာမှာမဟုတ်တော့ ဘူးပေါ့နော်။ ကျွန်တော်တို့ တစ်ခုခု လုပ်ရအောင်။ ကျွန်တော်တို့ တစ်ခုခုလုပ်မှပဲ တစ်ခုခုဖြစ်မှာပဲ။ ကောင်းတာဖြစ်ဖြစ် ကောင်းတာဆိုးတာ ကျွန်တော်တို့မသိဘူး။ ဒါပေမယ့် ကျွန်တော်တို့ အမှန်တရားအတိုင်း ကျွန်တော်တို့ စုစည်းပြီး စုစည်း စုစည်းလေးနဲ့ပေါ့နော်။ ကျွန်တော်တို့ လုပ်မယ်ဆိုရင် ကောင်းတာလေးတွေတော့ အဖြေလေးတွေတော့ ကျွန်တော်တို့ ထွက်လာနိုင်မယ်လို့ ကျွန်တော်မြင်တယ်။ ကျွန်တော်တို့လိုချင်တဲ့ ပန်းတိုင်ကလည်း ပိုနီးလာ မယ်လို့ ကျွန်တော်ယုံကြည်တယ်။
RAIN – ဟုတ်ကဲ့ပါ နောက်ဆုံးအနေနဲ့ ဒီအမှန်တရားအတွက်ပေါ့လေ။ ဒီလက်ရှိ တော်လှန်ရေးမှာ တိုက်ပွဲဝင်နေကြတဲ့ ဆရာတို့လိုမျိုး ဒီလူငယ်မောင်မယ်တွေအတွက် ဆရာအနေနဲ့ ဘယ်လို တိုက်တွန်းအားပေးစကားများ ပြောကြားလိုပါလဲရှင်။
Salai John Ahta Thintuep – ဒီ ကျွန်တော်တို့ လူငယ်တွေအနေနဲ့ ဒီမြန်မာနိုင်ငံမှာပေါ့နော်။ ပြည်သူတွေက မျှော်လင့်ချက်တွေမဲ့နေကြတယ်။ ကျွန်တော်တို့ ချင်းပြည်နယ်မှာ ချင်းပြည်နယ်မှာရော ပေါ့နော် ကျွန်တော်တို့ ဒီ ဒီဒေသအသီးသီးမှာရော ဖြစ်နိုင်တယ်။ မျှော်လင့်ချက်တွေ တော် တော်မဲ့နိုင်တယ်။ အဲ့လို မျှော်လင့်ချက်မဲ့နေတဲ့ အချိန်တွေမှာလေ အရမ်းကို မှောင်မိုက်နေတဲ့ အချိန်တွေမှာပေါ့နော်။ တကယ့်ကို ကျွန်တော်တို့ လမ်းမမြင်နိုင်တဲ့ အချိန်တွေမှာ ကျွန်တော်တို့ ခွန်အားရှိဖို့လိုတယ်။ ကျွန်တော်တို့ အားရင် ရှိဖို့လိုတယ်။ ကျွန်တော်တို့ ရင်ဆိုင် နိုင်ဖို့ သတ္တိလည်းလိုတယ်ပေါ့နော်။ အဲ့ဒါရယ် နောက်ပြီးတော့ ဒီအထူးသဖြင့် လူငယ်တွေ ပေါ့နော်။ ကျွန်တော်တို့ ယုံကြည်တာ ဘာလဲဆိုတာ ကျွန်တော် ကောင်းကောင်းသိဖို့လိုတယ်။ ကျွန်တော်တို့ ယုံကြည်တဲ့ဟာကို ကျွန်တော်တို့ အဆုံးထိ အဲ့ဒါကို ဆွဲကိုင်ထားဖို့လိုတယ်။ နောက်ပြီးတော့ ကျွန်တော်တို့မှာ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်မှာ ဒါ အစွမ်းအစရှိတယ် ပေါ့နော်။ ကျွန်တော်တို့ ယုံကြည်ဖို့ပဲလိုတယ်။ ကျွန်တော်တို့ ယုံကြည်တာကို ကျွန်တော်တို့ တကယ်လည်း လက်တွေ့အကောင်အထည်လုပ်မယ်ဆိုရင် ကျွန်တော်တို့ဖြစ်ချင်တဲ့ ရည်မှန်းချက်တွေ အိပ်မက်တွေ တကယ်ဖြစ်လာမယ်လို့ ကျွန်တော်ယုံကြည်တယ်ပေါ့နော်။ အဲ့တော့ ကျွန်တော်တို့ရဲ့ လုပ်သမျှ အပြုအမူတွေ ကျွန်တော်တို့ ပြောသမျှပြောဆိုတွေ ပေါ့နော်။ ကျွန်တော်တို့ လုပ်ခဲ့သမျှ ပေးဆပ်မှုတွေ ကျွန်တော်တို့ ထားခဲ့တဲ့ မေတ္တာတွေ တရားတွေပေါ့နော်။ အားလုံးက ဒီနွေဦးတော်လှန်ရေး အောင်မြင်ဖို့ရန်အတွက် ပိုပြီး ပိုပြီး နီးစပ်စေတဲ့ အချက်တွေဖြစ်တယ်ပေါ့နော်။ အဲ့တော့ အဲ့ဒီ ကောင်းတဲ့အချက်လေးတွေကို ကျွန်တော်တို့ ဒီတိုင်းမရပ်ဘဲနဲ့ ကျွန်တော်တို့ ဆက်လုပ်ရအောင်ပေါ့နော်။ ကျွန်တော်တို့ ဘေးနားမှာရှိတဲ့သူတွေလည်း ကျွန်တော်တို့ တိုက်တွန်းရအောင် ဆိုတာ ပြောချင်တယ်။ နောက်ဆုံးအနေနဲ့ပေါ့နော် ဒီ လောကမှာပေါ့နော် ဒီ ဒီကမ္ဘာကြီးမှာ ဒီ မိခင်တစ်ယောက်က သူ့ရဲ့ ဝမ်းဗိုက်ထဲမှာရှိတဲ့ သူ့ကလေးကိုတောင် သူ သတ်သေးတာပဲပေါ့နော်။ အဲ့တော့ ဒီလောကကြီးမှာ အမြဲငြိမ်းချမ်းမယ်ဆိုတာလည်း မျှော်လင့်လို့မရဘူးပေါ့နော်။ မိခင်ကတောင် သူ့ကလေးကို သတ်သေးတယ်။ အဲ့တော့ ကျွန်တော်တို့ ဒီလောကကြီးမှာ ဒီငြိမ်းချမ်း မယ်ဆိုတာ ဘယ်တော့မှ ရှိလာမှာမဟုတ်ဘူး။ အဲ့တော့ ကျွန်တော်တို့ ဒီငြိမ်းချမ်းဖို့ကို အမြဲတမ်း ကျွန်တော်တို့ ထိန်းသိမ်းရမယ်။ ဒီဥစ္စာကိုလေ ထိန်းသိမ်းဖို့လိုတယ်။ နောက်ပြီး တော့ ဒီမတရားမှုတွေကို ကျွန်တော်တို့ တတ်နိုင်ဆုံး ဆန့်ကျင်ရမယ်။ Justice ကို ကျွန်တော် တို့ ဖော်ဆောင်ရရင်ပေါ့နော်။ အဲ့တော့ နောက်ဆုံးအနေနဲ့ ကျွန်တော်တို့ ခရစ်ယာန်ဆိုတော့ လေ ဒီလိုကျမ်းစာမှာတောင် ရှိတယ်။ ဒီဘုရားက ဒီ အစ္စရေးလူမျိုးတွေကို သူတို့က ပညတ်တော်ပေးတယ်ပေါ့နော်။ ပညတ်တော်ပေးခဲ့တာ။ အဲ့ဒီ ပညတ်တော်ပေးတဲ့ အချိန်မှာ ဘုရားက အဲ့ဒီ ပညတ်တော်ကို ကရုဏာပလ္လင်ဆိုတဲ့ ဒီ Cherubin နှစ်ပါးရဲ့ ပလ္လင်အောက်မှာ ထားခိုင်းတယ်။ အဲ့ဒီ ပညတ်တော်ပေါ့နော်။ ဒီကျမ်းစာ တစ်အုပ်လုံးမှာ ဒီပညတ်တော်က အမြင့်ဆုံးဖြစ်တယ်။ ဒါပေမယ့် ဘုရားက အဲ့ဒီ အမြင့်ဆုံး ဥပဒေကို ကရုဏာပလ္လင်ရဲ့ အောက်မှာထားခိုင်းတယ်ဆိုတာ အများကြီး ဘုရားသခင်ဆီမှာ ဒါ ရည်ရွယ်ချက်ရှိတယ်။ အဲ့တော့လေ ကျွန်တော်တို့ ဒီလောကမှာ ဒါမလုပ်ရဘူး။ ဒါဖြစ်ရမယ် ဘာညာပေါ့နော်။ ကျွန်တော်တို့ အများကြီးရှိပါတယ်။ ဒါပေမယ့် နောက်ဆုံး ဒီမေတ္တာကသာ အားလုံးကို အနိုင်ယူနိုင်တာဖြစ်တယ်။ တစ်ယောက်နဲ့တစ်ယောက် တစ်စုနဲ့တစ်စု တစ်ဖွဲ့နဲ့တစ်ဖွဲ့ နားလည်မှုလေးတွေ အရမ်းအရေးကြီးတယ်။ နောက်ပြီးတော့ ဒီလေးစားမှုတွေလည်း အရမ်းအရေးကြီးတယ်ပေါ့နော်။ ကျွန်တော်တို့ တစ်ဦးတစ်ယောက်ချင်းအနေနဲ့ရော အရမ်း အရေးကြီးတယ်။ အဲ့တော့ ဒီဟာလေးတွေ ကျွန်တော် များများ ထားနိုင်ဖို့လည်း လိုအပ်တယ် လို့ ကျွန်တော်မြင်တယ်။ နောက်ဆုံးပြောရမယ်ဆိုရင် ကရုဏာဆိုတဲ့နေရာဟာလည်း တစ်နည်းအားဖြင့် အဓိပ္ပာယ် ပြန် ပြန်ရရင်တော့ ကျေအေးခြင်းလို့ အဓိပ္ပာယ်ရတယ်ပေါ့နော်။ အမြဲတမ်း ကျွန်တော်တို့ တစ်ဖက်က ရန်သူရှိတယ်။ ဒီ ကိုယ့်အတွင်းထဲမှာလည်း မစည်းလုံး ဘူးဆိုရင်တော့ ဒီရန်သူနဲ့ ရန်သူဆိုရင်တော့ ပိုပြီးတော့ အားရှိလာနိုင်တယ်ပေါ့နော်။ အဲ့တော့ ကျွန်တော်တို့ဘက်က စည်းလုံးဖို့ အရမ်းအရေးကြီးတယ်။ အရမ်း စည်းလုံးဖို့ လိုအပ်တယ်။ စည်းလုံးရမယ်လို့ ကျွန်တော်တို့ ပါးစပ်နဲ့ပြောနေပေမယ့် တစ်ဖက်မှာ ကျွန်တော်တို့ ကိုယ်တိုင် ကိုယ်က မစည်းမလုံးဖြစ်နေနိုင်တယ်။ အဲ့တော့ ကျွန်တော်တို့ ဘာလုပ်သင့်လဲဆိုရင် ကျွန်တော်တို့ မိတ်ဿဟာရများများ ဖွဲ့သင့်နေပြီပေါ့နော်။ ကျွန်တော်တို့ ဒီနွေဦးတော်လှန် ရေးမှာ ပါဝင်တဲ့ လူငယ်တွေဖြစ်ဖြစ် ကျွန်တော်တို့ အဖွဲ့အစည်းအဖွဲ့အသီးသီးဖြစ်ဖြစ် ကျွန်တော်တို့ မိတ်ဿဟာရများများ ဖွဲ့ဖို့လိုတယ်။ အဲ့ဒီ မိတ်ဿဟာရများများဖွဲ့ခြင်းအားဖြင့် ကျွန်တော်တို့ ရင်းနှီးမှုတွေ ရလာမယ်ပေါ့နော်။ တစ်စုနဲ့တစ်စု တစ်ဖွဲ့နဲ့တစ်ဖွဲ့ သူနဲ့သူ ရင်းနှီးမှု တွေ များများရလာမယ်။ ရင်းနှီးမှုတွေ များများရလာရင် ကျွန်တော်တို့ ရင်ဖွင့်လို့ရမယ် ပေါ့နော်။ တစ်ယောက်နဲ့တစ်ယောက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ ရင်ဖွင့်လို့ရမယ်။ ရင်ဖွင့်လို့ရတဲ့အခါ ကျတော့ တစ်ဖက်က အားနည်းချက်က ဘာရှိလဲ။ ကျွန်တော်တို့ဖက်မှာ ဘာအားနည်းနေလဲ။ တစ်ဖက်နဲ့တစ်ဖက် နားလည်မှုတွေ ပိုရှိလာမယ်။ နားလည်မှုတွေ ပိုရှိလာတော့ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးတော့ ဖေးမလာမယ်။ ပိုပြီးတော့ ကူညီလာမယ်။ အဲ့တော့ ကျွန်တော်တို့ အင်အားရှိလေလေ ရန်သူဘက်က ရှုံးဖို့ ရာခိုင်နှုန်း ပိုများလေလေပဲ။ အဲ့တော့ ညီညီညွတ်ညွတ်ရှိဖို့လိုတယ်။ ဆိုတဲ့ဟာလေးပေါ့နော်။ ကျွန်တော်တို့ ရည်မှန်းချက်တွေ ကျွန်တော်တို့ သွားတဲ့နေရာမှာလည်း အခက်အခဲတွေ အများကြီး ကျွန်တော်တို့ ကြုံ တွေ့ရတဲ့ အခါမှာ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်လေး ပေါ့နော်။ မပျောက်သွားဖို့ရန်အတွက် ကျွန်တော် အနေနဲ့ တိုက်တွန်းချင်တယ်။ ကျွန်တော်က အမြဲတမ်း ပန်းတိုင်ကို အဆုံးထိသွားမယ်ဆိုတဲ့ ခံယူချက်နဲ့ပေါ့နော်။ တကယ် အဆုံးထိသွားကြမယ်လို့ ကျွန်တော်အနေနဲ့ အားပေးချင်တယ် ပေါ့နော်။
RAIN – ဟုတ်ကဲ့ပါ အခုလိုမျိုး ပါဝင်ပြီး ဖြေကြားပေးတဲ့အတွက် ဆရာ့ကို အများကြီးပဲ ကျေးဇူးတင်ပါတယ်ရှင်။
Salai John Ahta Thintuep – ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်ခင်ဗျာ။