စက်တင် ၂၅

The Kaladan Post

ကရင်နီပြည်နယ်၊ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ လမ်းမကြီးတစ်လျှောက် စစ်ကောင်စီ တပ်များ စစ်ကြောင်းထိုးနေသဖြင့် ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း Karenni Nationlities Defence Force ကသတင်းထုတ်ပြန်ထားပါသည်။ အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး KNDF၏ တာဝန်ရှိသူတစ်ဦးက “ ဒီကျွန်တော်တို့ ယာယီပိတ်ပင်ထားတဲ့နယ်မြေဘက်ကို စစ်ကောင်စီတပ်က ဩဂုတ်လကတည်းကနေ စစ်ကြောင်းထိုးလာတာဖြစ်ပါတယ် ။ လွိုင်ကော်- ဒီမော်ဆို လမ်းမကြီး တစ်လျှောက်ကို စစ်ရေးလှုပ်ရှားပြီးတော့မှ ဒီဒီးမော့ဆိုမြို့ထဲကို စစ်တပ်တွေဝင်လာတာဖြစ်ပါတယ် ဒီစက်တင်ဘာလမှ စစ်ကောင်စီယာဥ်တန်း တစ်ချို့ရရှိခဲ့တာရှိပါတယ်။  ပြီးတော့ ဒီးမော့ဆိုမှာ စကစတွေက ရိက္ခာတွေ ခဲယမ်းတွေဖြည့်ပြီးတော့မှ ဖရူဆိုဘက် လမ်းမကြီးတစ်လျှောက်ကို စစ်‌ရေးလှုပ်ရှာနေတာဖြစ်တယ်  စစ်ကြောင်းထိုးတာတွေကတော့မရှိသေးဘူးဗျ ဒီ စစ်ကောင်စီတွေ  ဘောလခဲဘက်ကို ဦးတည်နေပါတယ် အခုကတော့ ဒီးမော့ဆိုအနီးရှိ ကျေးရွာတွေကို စစ်ကြောင်း ထိုးတာရှိတယ် ကျွန်တော်တို့နှင့် နှစ်ကြိမ်ထိတွေ့မှုရှိပြီဗျ အဲ့ဒါကြောင့် စစ်ရေးအခြေအနေအရ လုံခြုံမှုမရှိသဖြင့် ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားခြင်းဖြစ်ပါတယ်’ ဟု The Kaladan Post သို့ ပြောဆိုသည်။ အဆိုပါစစ်ကြောင်းသည် ၂၀၂၅ ခုနှစ် ၊ သြဂုတ်လမှစ၍ စစ်ကောင်စီ၏ စစ်ကြောင်း များသည် ဒီးမော့ဆိုမှ ဖရူဆိုမြို့သို့ လမ်းမကြီးတစ်လျှောက် ထိုးစစ်ဆင်လာ၍ စက်တင်ဘာလအထိ တိုက်ပွဲများ  ဖြစ်ပွားခဲ့ကြောင်းသိသည်။ ထို့အတူ စက်တင်ဘာလအတွင်း စစ်ကောင်စီ၏ စစ်ယဉ် တန်းအချို့မှာ ဖရူဆိုမြို့အတွင်းသို့ ဝင်ရောက်နိုင်ခဲ့ပြီး ဖရူဆိုမြို့နယ်ရှိ စစ်ကောင်စီ စစ်ကြောင်း အချို့မှာ ရိက္ခာ ၊ ခဲယမ်း ၊ လူအင်အား ဖြည့်တင်း၍ စက်တင်ဘာလ (၂၀) ရက်နေ့မှစ၍ ဘောလခဲ လမ်းမကြီးဖက်သို့ ဦးတည်၍ စစ်ရေးလှုပ်ရှားမှုများ ရှိလာကာ မိမိတို့တပ်များနှင့်လည်း ထိတွေ့မှု အချို့ ရှိခဲ့သည်။ ထိုသို့ စစ်ရေးလှုပ်ရှားမှုများရှိနေသဖြင့် ပြည်သူများအနေဖြင့် အန္တရာယ်ကို သတိ ကြီးကြီးထားကာ မလိုလားအပ်သော ထိခိုက်မှုများမဖြစ်ပေါာစေရန် အတွက် အဆိုပါလမ်းမကြီး အား ယာယီပိတ်ပင်ထားခြင်းဖြစ်ပြီး အရေးပေါ်ကိစ္စရပ်များရှိပါက သတင်းအချက်အလက် ခိုင်မာ စွာပေးနိုင်သော တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့များထံ နယ်မြေအခြေအနေကို မေးမြန်းပြီးမှသာ ပြုလုပ်ကြရန် ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။