စက်တင် ၂၀

The Kaladan Post

၂၀၂၅ ခုနှစ် သြဂုတ်လမှ စက်တင်ဘာလအတွင်း သက်န်းတုံးနှင့် ဝကုန်းကျေးရွာအနီးတွင် စကစ၏ ယာဉ်တန်းပါ စစ်ကြောင်းများနှင့် KNLA တပ်ရင်း-၁၂၊ တပ်ခွဲ-၄ (အရှေ့ပိုင်းကာကွယ်ရေးတပ်ဖွဲ့-EDF) နှင့် ပူးပေါင်းအဖွဲ့များအကြား အကြိမ်များစွာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောာင်း Eastern Defense Force – EDF မှ သတင်းထုတ်ပြန်ထားပါသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး – EDF တပ်ဖွဲ့ရဲတာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့ တိုက်ခိုက်ခဲတဲ့ စစ်ကောင်စီ ရိက္ခာပို့တဲ့ အင်အား (၁၅၀)ခန့်ပါ စစ်ကြောင်းက မေတ္တာကိုရောက်သွားပြီး လိုအပ်တဲ့ရိက္ခာပို့ပြီးတာနဲ့ စက်တင်ဘာလ ၁၇ရက်နေ့မှာ ပြန်လည်ရောက်ရှိသွားပါပြီဗျ ရန်သူ နဲ့ တိုက်ပွဲ ဖြစ်နေတဲ့ အချိန်မှာ သတင်းထုတ် ပြန်တာက ကိုယ့်ရဲ့ လုပ်ကိုင်တဲ့ဗျူဟာပေါ့ဗျာ အဲတာကြောင့် နောက်ကြပြီးမှ သတင်းထုတ်ပြန်တာပါ ဟု The Kaladan Post သို့ ပြောဆိုသည်။  ဤတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၂၇ ဦး သေဆုံး ခဲ့ပြီး ၁၄ ဦးခန့် ဒဏ်ရာရရှိကာ စစ်သုံ့ပန်း ၃ ဦးကို ဖမ်းဆည်းနိုင်ခဲ့သည်။ စစ်ကား ၃ စီးကို မီးရှို့ ဖျက်ဆီးနိုင်ခဲ့ပြီး MA-1 သေနတ် ၅ လက်၊ G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခုနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၂ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ပြီး ၂ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့သည်။ သြဂုတ်လ ၁၈ ရက် နေ့လည် ၁၂ နာရီဝန်းကျင်တွင် ဗဲ့မဲ့တပ်တောင် အနီး၌ စစ်ကောင်စီ၏ ယာဉ်တန်း ၁၀ စီး (အင်အား ၁၅၀ ခန့်) နှင့် KNLA တပ်ရင်း-၁၂၊ တပ်ခွဲ-၄ (EDF) နှင့် ပူးပေါင်းအဖွဲ့များအကြား ၃၀ မိနစ်ခန့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။ MA-1 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခုနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။ သြဂုတ်လ ၁၉ ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် သက်န်းတုံးကျေးရွာတွင် ၇ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်သား ၇ ဦး သေဆုံး ပြီး စစ်သုံ့ပန်း ၃ ဦးကို ဖမ်းဆည်းနိုင်ခဲ့သည်။ စစ်ကား ၃ စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး MA-1 သေနတ် ၄ လက်၊ G3 သေနတ် ၁ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့သည်။သြဂုတ်လ ၂၁ ရက် နံနက် ၁၀:၂၅ မှ နေ့လည် ၁:၁၀ ထိ သက်န်းတုံးကျေးရွာ ဘုရားတောင်အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့သည်။ နံနက် ၉:၅၀ ဝန်းကျင်တွင် ဝကုန်းကျေးရွာ ဘုရားတောင်အနီးတွင် ၁ နာရီခန့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီ တပ်သား ၁၀ ဦး သေဆုံးပြီး ထိခိုက်မှုများ ရှိခဲ့သည်။ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးပြီး ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိ ခဲ့သည်။ နေ့လည် ၁၂:၄၀ ဝန်းကျင်တွင် ဝကုန်းကျေး ရွာ (၂၃ မိုင်-၂၄ မိုင်အကြား) တွင် ၃၀ မိနစ်ခန့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ် သား ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်။ ဤတိုက်ပွဲများကို KNLA တပ်ရင်း-၁၂၊ တပ်ခွဲ-၄ (EDF)၊ တပ်ခွဲ-၅၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DNLA – ဒူရကစစ်ကြောင်း)၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (TPLF)၊ သံမဏိပျောက်ကြား (နဘယံ)၊ ဒေါနတပ်ခွဲ-၇၊ ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်း (T5)၊ ထားဝယ်အရှေ့တောတပ်ဖွဲ့ (DEF)၊ ဗထူးအာမီ (B.H.A) နှင့် ဒေါင်းညီနောင်စစ်ကြောင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်။