——————————————————————–
ဩဂုတ် ၂၄
The Kaladan Post
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ပဲခူးရိုးမ တနေရာ၌ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂ မှ ရဲဘော်များ၏ အပတ်စဉ် (၇) အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂၏ ထုတ်ပြန်ချက် အရသိရသည်။ အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂၏ တာဝန်ရှိသူတစ်ဦးက “ ယခုကျွန်တော်တို့ဖွင့်လျှစ်ခဲ့တဲ့သင်တန်းမှာသင်တန်းသား (၇၀) တက်ရောက် ခဲ့ပါတယ် ဒီအခြေခံစစ်ပညာသင်တန်းကို (၄) တိတိသင်တန်းပေးခဲ့တာဖြစ်ပြီး ၎င်းသင်တန်းအတွင်း မှာ စစ်ဘက်ဆိုင်ရာကျွမ်းကျင်မှုများ၊ စစ်ဘက်ဆိုင်မဟာဗျူဟာများ အပြင်စိတ်ဓာတ်မြှင့်တင်‌ရေး နှင့် ဒီတော်လှန်‌ရေးဆိုင်ရာ ရှေ့ဆက်ရမည့်လမ်းစဥ်များကိုပါ ပူးတွဲ့သင်ကြားပေးခဲ့တယ်လို့” The Kaladan Post သို့ပြောဆိုသည်။ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂အနေဖြင့် အခြေခံစစ် ပညာသင်တန်းကို ဒီတော်လှန်‌ရေးကာလ ရှိနေသရွေ့ ဆက်လက်ခေါ်ယူသွားမည်ဖြစ်ပြီး စိတ်ဓာတ်ခွန်အားတွေနဲ့ ခံယူချက်အပြည့်အဝရှိတဲ့ ရဲဘော်စစ်သည်တွေ ဆက်လက်ပြီးမွေးထုတ် ပေးသွားမည်လို့ ဆက်လက်ပြောဆိုသည်။
ထို့အပြင် အဆိုပါထုတ်ပြန်ချက်တွင် နံနက် ၉ နာရီတွင် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းရဲဘော်များသည် စစ်ရေးပြစစ်ကြောင်း ဝင်ရောက်လာခဲ့ကာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ရင်းမှူး ဗိုလ်သက်အောင် (ယာယီ) နှင့် တပ်ခွဲ ၂ တပ်ခွဲမှူး ဗိုလ်တိမ်တိုက် အပါအဝင် တာဝန်ရှိသူများက အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။ ထို့နောက် သင်တန်းဆင်းရဲဘော်များအား သစ္စာရေသောက်ကျမ်းပြုပြီး စစ်ရေးပြစစ်ကြောင်း ပြန်လည် ထွက်ခွာခဲ့သည်။ နောက်ဆုံးတွင် အခမ်းအနားကို ပိတ်သိမ်းကြောင်း ကြေညာခဲ့ပြီး၊ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ဖော်ပြထားပါသည်။