—————————————————————————
စက်တင် ၆
The Kaladan Post
၂၀၂၅ ခုနှစ်၊ ၂၉ ဩဂုတ်ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်တွင် သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ဗိုလ်ရုံ တန်းရပ်ကွက်ရှိ ကြံ့ခိုင်ရေးပါတီ (USDP) ရုံးဝင်ပေါက် အနီးတွင် မိုင်းခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည့် အပြင် ၃စက်တင်ဘာလ ၂၀၂၅ ရက်၊ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် သာယာဝတီခရိုင်၊ အုတ်မြို့နယ် အတွင်း စဉ့်ကူးချောင်းဂေါင်းဆည် ကာဘောင်ပေါ်တွင် အကြမ်းဖက်စစ်တပ်၏ ရှေ့ပြေးယာဉ်တန်း များကိုပါ တိုက်ခိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင် ကျော်ဝင်းစိန်သေဆုံးခဲ့ပြီး ကျန်ပျူစောထီးများ ထွက်ပြေးသွားခဲ့ပြီး ဆိုင်ကယ် ၁ စီးကို သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက် ကျားတပ်ဖွဲ့ (အုတ်ဖို) မှ သတင်းထုတ်ပြန်ထားပါသည်။ အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျား တပ်ဖွဲရဲ့ တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့ တိုက်ခိုက်ခဲ့တဲ့ ကြံ့ခိုင်ရေးရုံးတွင် စစ်ကောင်စီတပ်ဖွဲ့ ၇ယောက်လောက် ညကင်းစောင့်တယ်လို့ သိရပါတယ်ဗျ ဒါကြောင့်သွားတိုက်တာ အခုစစ်ကောင်စီ ဘက်ကနေ ကျင့်ပမဲ့ရွေးကောက်ပွဲကိုလည်း ကျွန်တော်တို့အနေဖြင့် တရာမဝင်ဘူးလိုသတ်မှတ်ပါ တယ် သူတို့‌ရွေးကောက်ပွဲ အောင်မြင် ရင်လည်း မြန်မာနိုင်ငံရေးက ထူးထူးခြားခြား အပြောင်းအလဲ ရှိလာမှာ မဟုတ်ဘူး အဲ့ဒါကြောင့် ကျွန်တော်တို့ကတော့ ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ “ပြောဆိုသည်။ ရွေးကောက်ပွဲကို တာမြစ်ဖို့အတွက် တော်လှန်ရေးတပ်ဖွဲ့တိုင်းရဲ့တာ၀န်ဖြစ်ပါတယ် နည်းမျိုးဆုံနဲ့ တားမြစ်ရပါမယ်ဗျ။ ပြည်သူတွေအနေနဲ့ တရားမ၀င်ရွေးကောက်ပွဲကိုမပါ၀င်ကြဖို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲရဲ့ တာဝန်ရှိသူက တိုက်တွန်းထားပါသည်။ ထို့အပြင် ပဲခူရိုးမပေါ်သို့ စစ်ကြောင်းထိုးနိုင်ရန် စစ်ကောင်စီတပ်ဖွဲဝင်များ သည် တပ်အင်အား၁၅၀ခန့်ဖြင့်ပြင်ဆင်လျက်ရှိကြောင်း တပ်ဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောဆိုသည်။
ဤတိုက်ခိုက်မှုသည် အကြမ်းဖက်စစ်တပ်၏ တရားမဝင်ရွေးကောက်ပွဲပြုလုပ်ရန် ကြံစည်မှုကို လက်မခံကြောင်း သတိပေးရန်ဖြစ်ပြီး၊ တိုက်ခိုက်မှုအတွင်း ရုံးစောင့်စစ်သားအချို့ ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။ ယခုတိုက်ခိုက်မှုများသည် အကြမ်းဖက်စစ်တပ်နှင့် ၎င်းတို့ကို ထောက်ခံကူ ညီသူများအား ပြင်းထန်စွာ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သတိပေးချက်အဖြစ် ပြုလုပ်ခြင်းဖြစ် သည်။ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများနှင့် ဆက်နွှယ်နေထိုင်ခြင်း မပြုလုပ်ရန်နှင့် တရားမဝင်ရွေးကောက်ပွဲတွင် ပါဝင်ခြင်း သို့မဟုတ် ထောက်ခံအားပေးခြင်း မပြုလုပ်ရန် သာယာဝတီခရိုင် မြေအောက်ပြောက်ကျားတပ်ဖွဲ့မှ အသိပေးထားသည်။