ဒီဇင် ၉

The Kaladan Post

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်သို့ စစ်ဘေးရှောင်သူတွေကို စစ်ကော်မရှင်က ကြိုတင်မဲပေးသူများကို လူတစ်ဦးလျှင် ၃၀,၀၀၀ကျပ်ပေးမယ်ဟု စည်းရုံးကြပြီးကြိုတင်မဲပေးခိုင်းသော်လည်း တချို့မှာ ငွေးကြေးမရကြောင်း မြို့ပေါ်တွင်နေထိုင်သူ နာမည်ဖော်လိုတဲ့ပြည်သူတစ်ဦးက The Kaladan Post သို့ပြောဆိုသည်။ ယခုကြိုတင်မဲပေးသူတွေမှာ ကျွန်တော်သူငယ်ချင်းတွေပါတယ် သူတို့ထက်မှာ တချို့ရတယ် တချို့က အခုထိမရသေးဘူး ပေးမယ်ပြောပြီးအခုထိ မပေးကြသေးဘူးဗျ မျှော်လည်း မမျှော်ကြတော့ပါဘူး ပြီးတော့ ဒီငွေကြေးကိုဘယ်အဖွဲ့အစည်းက တာဝန်ယူတာလဲဆိုတာလည်း ငွေကြေးလက်ခံရရှိသူတို့ကိုယ်တိုင် မသိကြကြောင်း ဆက်လက်ပြောဆိုသည်။ ဟားခါးမြို့ပေါ်တွင် နေထိုင်ကြသော စစ်ရှောင်ပြည်သူများ၏ ကြိုတင်မဲပေးမှုနှင့် ပတ်သက်ပြီး ဒေသတွင်း သတင်းရင် မြစ်များက ယခုလိုကြိုတင်မဲပေးနေကြသူများသည် ကြံ့ဖွတ်ပါတီတွေက ငွေကြေး ၃၀,၀၀၀ကျပ်ဖြင့် စည်းရုံးကြသည့်အပြင် စစ်ရှောင်များအတွက် စစ်တပ်က လူတစ်ဦးလျှင် တစ်လ ၂၀,၀၀၀ကျပ် ထောက်ပံ့မှုများကို စစ်တပ်ထံတိုင်ကြားပြီး ဖျက်သိမ်းခြင်းခံရမည်ဟု ခြိမ်းခြောက် ထားတာကြောင့် မဲပေးရန်ဆန္ဒမရှိသူများပါ မဲပေးကြရခြင်းဖြစ်သည်ဟု ဆိုသည်။ ဒီဖြစ်စဥ်နှင့် ပတ်သက်ပြီး ချင်းပြည်နယ်ရှိတော်လှန်ရေးခေါင်းဆောင်တစ်ဦးက စစ်ကောင်စီတွေဟာ မဖြစ်ဖြစ်တဲ့နည်းနဲ့ သူတို့ထွက်ပေါက်ကိုရှာကြမှာပါ ခြိမ်းခြောက်မှုမျိုးစုံအသုံးပြုကြမှာဘဲဖြစ်ပါတယ် ဒါကိုပြည်သူတွေ အနေဖြင့် တော်လှန်ရေးအောင်မြင်သည်အထိကြောက်လန့်မှုမရှိဘဲ သတ္တိတွေမွေးပြီး သတိရှိစွာလှုပ် ရှားတတ်ဖို့က အရေးကြီးဆုံးဖြစ်ပါတယ် စစ်တပ်တွေခြောက်တိုင်းကြောက်လို့မဖြစ်သလို လိုက်မယောင်မိဖို့လည်း အရေးကြီးတယ်ပြီးတော့ ကျွန်တော့ အမြင်ကတော့ စစ်တပ်ရွေးကောက်ပွဲကို ကြောက်လို့မဲပေးခြင်းဖြစ်ဆိုပြီးအကြောင်းပြလို့မရပါဘူး ဒီလုပ်ရပ်ဟာ စစ်တပ်ကိုထောက်ခံ ကြိုဆိုကြောင်း ပြသတာဘဲဖြစ်ပါတယ်ဟု The Kaladan Post သို့ ပြောဆိုသည်။