—————————————————————————-
ဩဂုတ် ၂၂
The Kaladan Post
ချင်းပြည်နယ်၊ လောက်တူဒေသ၊ သီဆဲင်း(က) ကျေးရွာတွင် နေထိုင်သူ Salai Sang Khia သည် ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၂၀ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ ကြောင်း ဒေသတွင်းသတင်းဖော်ပြချက်များအရသိရသည်။ အဆိုပါသတင်းထုတ်ပြန်ချက်များနှင့် ပတ်သက်ပြီး သီဆင်း(က)ကျေးရွာတွင်နေထိုင်သူတစ်ဦးက “ Salai Sang Khia သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် ၎င်း၏အဒေါ်ဖြစ်သူ နေမကောင်းဖြစ်သဖြင့် ဟားခါးဆေးရုံသို့ ပို့ဆောင်ခဲ့တာပါ သူတို့ဆေးရုံပြီးမှ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့တွင် သူ့ရဲ့အဒေါ်အတွက် စားစရာဝယ်ယူရန် မြို့ထဲသို့ဆိုင်ကယ်ဖြင့် ထွက်ခွာခဲ့ရာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးတားမြစ်သည့်အတွက် သူဟာ စစ်ကောင်စီတွေဖမ်းဆီးမှာကို ကြောက်လန့်သဖြင့် ဆိုင်ကယ်အားမရပ်ဘဲ ဆက်လက် မောင်းနှင်သဖြင့် ယခုလိုကြုံတွေရခြင်းဖြစ်သည်ဟု” ၎င်းက The Kaladan Post သို့ပြောဆိုသည်။ Salai Sang Khia သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များပစ်ခတ်ခဲ့ရာတွင် ကျည်(၃)ချက်ထိမှန်သည့် အပြင် လည်းကျသည့်နေရာတွင် စစ်ကောင်စီတပ်များက ရိုက်နှိပ်ထိုးကြိတ်မှုများပါ ဆက်လက်လုပ် ဆောင်သဖြင့် နေရာတွင်ပင်သွေးထွက်လွန်ခဲ့ပြီဖြစ်ပြီး ဆေးရုံသို့ရောက်ရှိကာ ဆေးကုသမှုခံယူ ပေမယ့် ဒဏ်ရာပြင်းထန်သောကြောင့် ပြန်လည်သက်သာမှုမရှိဘဲ ဩဂုတ်လ ၂၁ရက်နေ့တွင် ဟားခါးဆေးရုံ၌ သေဆုံးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဩဂုတ်လ ၃ ရက်က ဘာသာရေးလူငယ်ခေါင်းဆောင်များ ဦး ဆောင်ကျင်းပခဲ့သည့် ချစ်ကြည်ရေးဝတ်ပြုပွဲအပြီး ဘုရားကျောင်းမှ ပြန်လာစဉ် စစ်ကောင်စီ တပ်ဖွဲ့ များက ကြိုတင်စောင့်ဆိုင်းကာ လူငယ်တွေကို အစုလိုက်ဖမ်းဆီးခြင်းဖြစ်ပေါ်ခဲ့သည်။ ထိုသို့ဖမ်းဆီးချိန်တွင်ပါဝင်သော လူငယ်များမှာ (၇)ယောက်ခန့်သာလွတ်မြောက်သေးကြောင်း ဒေသတွင်း သတင်းဖော်ပြချက်များအရသိရသည်။ ထို့ကြောင့် ဟားခါးမြို့ပေါ်တွင် နေထိုင်သူ လူငယ်တွေအနေနဲ့ စစ်ကောင်စီရဲ့ဖမ်းဆီးမှုများမခံရလေအောင် အသွားအလာဆင်ခြင်ရန်လို အပ်ကြောင်း ဤဖြစ်စဥ်ကပြသထားသည်။