ဟားခါးမြို့တွင် စစ်သားတစ်ဦးဖမ်းဆီးခံရ၊ စစ်သားနှစ်ဦးနှင့်ရဲတစ်ဦး CDF-Hakha ထံ လက်နက်ဖြင့်အလင်းဝင်

မေ ၁၈
The Kaladan Post

 

မေ ၁၈ The Kaladan Post ၂၀၂၅ ခုနှစ်၊ မေလ ၁၅ နှင့် ၁၇ ရက်တို့တွင် ဟားခါးမြို့၌ စစ်ကောင်စီစစ်သားတစ်ဦးကို CDF-Hakha က ဖမ်းဆီးခဲ့ပြီးနောက် စစ်သားနှစ်ဦးနှင့် ရဲတစ်ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ စစ်ကောင်စီကို ဆန့်ကျင်ကာ CDF-Hakha ထံ အလင်းဝင်လာခဲ့သည်။ CDF-Hakha က အလင်းဝင်သူများကို နွေးထွေးစွာကြိုဆိုပြီး ငွေသားဆုကြေးများ ချီးမြှင့်ကာ လုံခြုံသောနေရာသို့ တာဝန်ယူပို့ဆောင်ပေးမည်ဖြစ်ကြောင်း၊ ပြည်သူ့ရင်ခွင်သို့ ပြောင်းလာလိုသူများကို အမြဲကြိုဆိုမည်ဖြစ်ကြောင်း မေလ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာသည်။