————————————————————————–
ဩဂုတ် ၁၆
The Kaladan Post
၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်၊ နေ့လယ် ၁၁:၃၀ မှ ၁၂:၀၀ အထိ မိနစ် ၃၀ ကြာ စုတည်ရွာနှင့် ရွာသစ်တောင်ကြားဘူတာရုံဟောင်းအနီးတွင် ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) နှင့် အကြမ်းဖက်ဖက်ဆစ်စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း People’s Democratic Army-PDA က ထုတ်ပြန်ထားပါသည်။ အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး Democratic Army-PDAတပ်ဖွဲ့ရဲ့တာဝန်ရှိသူ ရဲဘော်အုပ်စိုးက “ ကျွန်တော်တို့တပ်ဖွဲ့နဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားတဲ့ စစ်ကောင်စီစစ်ကြောင်းက အင်အားက ၁၀၀ခန့်ပါ သူတို့က ပထမ ကျွန်တော်တို့ မိုင်းဆွဲလို့မိထားတဲ့စစ်ကြောင်းဖြစ်ပြိး အဲ့တာနဲ့သူတို့ကအင်အားထပ်ဖြည့်ပြီး ရွာသစ်တောင်(ပျဥ်းတိုင်း)ကို ပြန်ဝင်တာ အဲ့ကနေ ဘုန်းတော် (တောင်ဇင်း)ရဲစခန်းကိုပြန်တာ အာ့ဒီမှာကြားဖြတ်တိုက်တာပါ ထိတွေ့ မှုဖြစ်တာက မီတာ၃၀ မီတာ၅၀လောက်မှာဖြစ်ခဲ့ပြီးတော့ ထိခိုက်ဒဏ်ရာလည်းများနိုင်တယ် အခု အင်အားထပ်ဖြည့်ပြီးဝင်လာတာက ၁၇၀လက်ရှိမယ်ဗျဟု “ The Kaladan Post သို့ပြောဆိုသည်။
၎င်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်သား ၁၅ ဦး မျက်မြင်သေဆုံးခဲ့ပြီး ထိခိုက် ဒဏ်ရာရသူ အများအပြားရှိနိုင်ကြောင်း သိရှိရသည်။ PDA ရဲဘော်များမှာ ထိခိုက်မှုမရှိခဲ့ပေ။ နယ်မြေရှင်းလင်းစဉ် လက်ပစ်ဗုံး ၁ လုံး၊ အင်နာဂါ ၁ လုံး၊ ၅.၅၆ မမ ကျည်တောင့် ၁၉ တောင့်နှင့် ၇.၆၂ မမ ကျည်တောင့် ၁၆ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့သည်။ အကြမ်းဖက်ဖက်ဆစ် စစ်ကောင်စီ သည် အထိနာသဖြင့် အင်အားပြန်လည်ဖြည့်တင်းကာ ယနေ့ညနေ ၅:၀၀ တွင် ရွာသစ်တောင် ကျေးရွာသို့ စစ်ကြောင်းထပ်မံထိုးနေသဖြင့် စစ်ကောင်စီတပ်ဖွဲ့တွေက ပြည်သူတွေဖမ်းဆီး သတ်ဖြတ်တာတွေ လုပ်လာနိုင်သောကြောင့် ပြည်သူလူထုအနေဖြင့် စစ်ရေးသတိရှိထားကြရန် Democratic Army-PDA တပ်ဖွဲ့ရဲ့တာဝန်ရှိသူ ရဲဘော်အုပ်စိုးက တိုက်တွန်းထားပါသည်။